← Chapters

အခန်း (၈၉)

Vol. 6 Ch. 89

အခန်း (၈၉)

Vol. 6 Ch. 89

[ ငါ ဆုတစ်ခုတောင်းမယ် စနစ် : ငါ ရွေးချယ်လိုက်တဲ့ ရှေးဟောင်းလက်ရေးလှပန်းချီးကားချပ်ရဲ့ ဈေးနှုန်းက အဆတစ်ရာတိုးလာပါစေ။ ]

[ ဒင် ! ပိုင်ရှင်၏ ဆုတောင်းက မအောင်မြင်နိုင်ပါ]

[ ဒါဆိုရင် ပန်းချီကားချပ်ရဲ့ ဈေးနှုန်းက အဆ၉၀တိုးလာပါစေ။ ]

[ ဒင် ! ပိုင်ရှင်၏ ဆုတောင်းက မအောင်မြင်နိုင်ပါ။ ]

[ ဒါဆိုရင် ပန်းချီကားချပ်ရဲ့ ဈေးနှုန်းက အဆ၅၀တိုးလာပါစေ။ ]

[ ဒင် ! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စည်းပေးလိုက်ပါသည်။ ]

အဆ၅၀မှ အောင်မြင်တာလား …?

လင်ပေ့ဖန်သည် အတော်လေးကို အံ့အားသင့်သွားခဲ့သည်။

အရင်က ကျောက်စိမ်းအရိုင်းကို သူဝယ်ခဲ့ချိန်တုန်းက စနစ်သည် ကျောက်စိမ်းအရိုင်း၏ဈေးနှုန်းကို အဆနှစ်ဆယ်သာလျှင် တိုးမြှင့်ပေးခဲ့တာကို သိထားသင့်သည်။

ယခုအချိန်မှာတော့ စနစ်သည် မမျှော်လင့်စွာနဲ့ ၎င်းကို အဆ၅၀တိုးမြင့်ပေးခဲ့သည်။

ထိုအရာက ပြဿနာတစ်ခုကို ညွှန်ပြနေခဲ့သည်။

ရှေးဟောင်းလက်ရေးလှပန်းချီကားချပ်များ၏ အမြင့်ဆုံး ကန့်သတ်ချက်က ကျောက်ရိုင်း၏ ကန့်သတ်ချက်ထက် ပိုမြင့်နေ တာေကြာင့်ဖြစ်သည်။

လင်ပေ့ဖန်သည် ဒီနေ့က သူ့အတွက်တော့ ကံကောင်းတဲ့နေ့တစ်နေ့လို့ ခံစားခဲ့ရသည်။ထို့ကြောင့် သူသည် ဝူကောကို အပြုံးတစ်ပွင့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"အစ်ကိုဝူ ၊ ဒါက မင်းငါ့ကို ကူညီပြီး ရွေးချယ်ပေးခဲ့တဲ့ ရှေးဟောင်းလက်ရေးလှပန်းချီကားချပ်ဆိုတာ သေချာလား ? "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် လင်ပေ့ဖန်ကို ချက်ချင်းပဲ အကြံပေးခဲ့သည်။

" ဘော့စ်လင် ၊ သွားဝယ်လိုက်ပါ။ မင်း ဒါတွေကို ဝယ်လိုက်ရင် မင်းဝယ်လိုက်တဲ့ ပိုက်ဆံက ဘယ်တော့မှဆုံးရှုံးမှာမဟုတ်ဘူး။ ငါ့ကို ယုံပါ….။ "

" အစ်ကိုဝူ ၊ မင်းစကားကြောင့် ငါစိတ်ချသွားပြီ။ "ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် သူ့ရဲ့ဘဏ်ကဒ်ကို ထုတ်ပြီး ငွေပေးချေခဲ့သည်။

ထိုနည်းဖြင့် ရှေးဟောင်းလက်ရေးလှပန်းချီကားချပ်က လင်ပေ့ဖန်၏ အပိုင်ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ဆံပင်ဖြူနေသော်လည်း စိတ်ဓာတ်တက်ကြွသော အဖိုးအိုတစ်ယောက်သည် လူအနည်းငယ်၏ ထောက်ပံ့ပေးမှုဖြင့် ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

ဝမ်ပန်ဇီသည် ထိုအဖိုးအိုကို မြင်လိုက်ပြီး ပျော်ရွှင်စွာဖြင့် အော်ပြောခဲ့သည်။

" လောင်စွန်း ၊ မင်း လာပြီပေါ့။ "

" မင်းလိုဖက်တီးက ဒီနေ့ ပစ္စည်းကောင်းတစ်ခုခုကို ယူထုတ်ဖို့ ဆန္ဒရှိတယ်ပေါ့။ " ဟု လောင်စွန်းက ဝမ်ပန်ဇီကို စနောက်ခဲ့သည်။

" ဟာ ၊ဒါက ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူးလား?။ " ဟု ဝမ်ပန်ဇီက ရယ်မောပြီး ပြောလိုက်သည်။

ဆောင်းယုချင်းက ဝမ်ပန်ဇီကို မေးမြန်းခဲ့သည်။

" ဒီအကြီးကဲက ဘယ်သူလဲ? "

ဝမ်ပန်ဇီက ချက်ချင်းဘဲ မိတ်ဆက်ပေးခဲ့သည်။

" သူ့နာမည်က စွန်းကျိုလို့ ခေါ်တယ်။ လူတိုင်းကတော့ သူ့ကို လောင်စွန်းလို့ပဲ ခေါ်ကြတယ်။ သူက ဘီလီယံဆယ်ချီ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူက နာမည်ကြီးအရမ်းတဲ့ ရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ယောက်လည်းဖြစ်တယ်။ ဒါ့အပြင် သူ့အိမ်မှာစုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေကလည်း အတော်လေးကို များတယ်။ "

ထို့နောက် ဝမ်ပန်ဇီက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

" လောင်စွန်း ၊ ဒီမှာကြည့်။ အကယ်၍ မင်းကြိုက်တာတစ်ခုခုတွေ့ရင် ငါ့ကို အသိပေးပါ။ "

ထိုအချိန်တွင် ဝမ်ပန်ဇီသည် အမှန်တကယ်ကို ပျော်ရွှင်နေခဲ့သည်။

ဒီမတိုင်ခင် သူ့အချစ်ဆုံးသူငယ်ချင်းက လင်ပေ့ဖန်စီသို့ ပစ္စည်းတစ်ခုကို အရှုံးခံပြီး သူ့ကို ရောင်းခိုင်းခဲ့တာကြောင့် သူသည် မပျော်ရွှင်ခဲ့ပေ။

အကယ်၍ ပိုက်ဆံတစ်ကျပ်လောက်ဆုံးရှုံးခဲ့ရင်တောင် သူသည် သူ့နှလုံးသားထဲကို တစ်စုံတစ်ခုဖြင့် တူးဆွနေသလိုမျိုး အရမ်းပဲ နာကျင်ခံစားရသည်။

ယခုအချိန်မှာတော့ လောင်စွန်းသည် သူ့ဆိုင်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ လောင်စွန်းသာ တစ်ခုခုကို စိတ်ဝင်စားခဲ့ပြီး လင်ပေ့ဖန်နှင့်အတူတူ ဈေးပြိုင်ပေးပါက သူဆုံးရှုံးသွားတဲ့ ငွေပမာဏက အရင်ကထက်တောင် နည်းသွားလိမ့်မည်ဖြစ်သည်။

ဒါမှမဟုတ် သူ အမြတ်ရတာတောင် ဖြစ်နိုင်သေးသည်။

လောင်စွန်းသည် ဝမ်ပန်ဇီကို ထပ်ပြီး ဂရုမစိုက်တော့ပဲနဲ့ အဲ့ဒီအစား သူသည် သူ့၏ ဦးခေါင်းကို လှည့်၍ လင်ပေ့ဖန်ရဲ့ လက်ထဲက လက်ရေးလှပန်းချီကားချပ်ကို ကြည့်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" လူငယ်လေး ၊ မင်းဘာကို ဝယ်ခဲ့တာလဲ?။ မင်းငါ့ကိုတစ်ချက်လောက်ပြကြည့်နိုင်မလား?။ "

" ရတာပေါ့ ၊ ပြဿနာမရှိပါဘူး။ " ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် သူ့လက်ထဲက လက်ရေးလှပန်းချီကားချပ်ကို လောင်စွန်းစီသို့ ပေးလိုက်သည်။

လောင်စွန်းသည် ထိုနယ်ပယ်၌ အတော်လေးကို ကျွမ်းကျင်သည်။ပထမဆုံးသူသည် ရွှေရောင်မျက်မှန်တစ်လက်ကို ထုတ်ပြီး တပ်လိုက်ပြီးနောက် သူသည် တစ်ခါသုံးလက်အိတ်တစ်စုံကို ထုတ်၍ ဝတ်ဆင်ခဲ့သည်။ထိုကဲ့သို့ ပြင်ဆင်ပြီးမှသာလျှင် သူသည် လင်ပေ့ဖန်လက်ထဲက လက်ရေးလှပန်းချီကားချပ်ကို ယူလိုက်ပြီး အလင်းရောင်အောက်တွင် ဂရုတစိုက်စစ်ဆေးခဲ့သည် ။

" ဟမ် ! ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ ပါးလွှာတဲ့ရွှေ လက်ရေးလှရေးနည်းပုံစံပေါ့။ ကံဆိုးချင်တော့ ဒါက အတုတစ်ခုဘဲ။ " ဟု လောင်စွန်းသည် ခေါင်းခါပြီး ပြောလိုက်သည်။

ထို့နောက် လောင်စွန်းသည် လင်ပေ့ဖန်ကို ထပ်မံပြီး မေးမြန်းခဲ့သည်။

" လူငယ်လေး ၊ မင်းဒီလက်ရေးလှပန်းချီကားချပ်ကိုပိုက်ဆံဘယ်လောက်နဲ့ဝယ်ယူခဲ့တာလဲ?။ "

လင်ပေ့ဖန်က လက်သုံးချောင်းထောင်ပြီး ပြောလိုက်သည်။

" ကျွန်တော် ဒီလက်ရေးလှပန်းချီကားချပ်ကို ယွမ်သုံးသန်းနဲ့ပဲ ဝယ်ယူခဲ့တာ။ "

" သုံးသန်းပဲလား ?။ ဟားဟား… မင်း အမြတ်တစ်ခုတော့ ရသွားပြီ။ " ဟု လောင်စွန်းက ရယ်မောပြီး ပြောလိုက်သည်။

" ဒီလက်ရေးလှပန်းချီကားချပ်က အတုတစ်ခုဖြစ်ပေမယ့် ဒီလက်ရေးလှပန်းချီကားကို မစ္စတာတုံလင်လို့ ခေါ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်က အတုပြုလုပ်ခဲ့တဲ့ လက်ရာတစ်ခုဘဲ။ သူက နာမည်ကျော် လက်ရေးလှပညာရှင်တွေရဲ့ လက်ရာကို အတုပြုလုပ်ရာမှာ အတော်ဆုံးဖြစ်တယ်။ ပြီးတော့ သူ အတုပြုလုပ်ထားတဲ့ လက်ရာတွေက အတုနဲ့ အစစ်ကို ခွဲခြားဖို့ခက်ခဲတဲ့အတွက် စုဆောင်းရေးနယ်ပယ်မှာ အရမ်း နာမည်ကြီးတယ်။အကယ်၍ မင်းသာ ဒီလက်ရေးလှပန်းချီကားချပ်ကို ပြန်ရောင်းမယ်ဆိုရင် အနည်းဆုံးယွမ် နှစ်သန်း၊ သုံးသန်းလောက်တော့ မင်း အမြတ်ရလိမ့်မယ်။ "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လင်ပေ့ဖန်နှင့် တခြားသူများသည် ချက်ချင်းပဲ စိတ်လှုပ်ရှားလာခဲ့သည်။

" ပြန်ရောင်းရုံနဲ့ နှစ်သန်း ၊သုံးသန်းလောက် အမြတ်ရတာက အံ့ဩစရာကောင်းတယ်။ "

" ငွေရှာရတာ အရမ်း မြန်တယ်။ "

လင်ပေ့ဖန်တစ်ယောက်ထဲသာလျှင် ဘာအမူအရာမှ မပြောင်းလဲဘဲနဲ့ အေးအေးဆေးဆေး ဆက်ရှိနေခဲ့သည်။

လောင်စွန်း၏ မျက်လုံးများက စူးရှသွားခဲ့သည်။

" လူငယ်လေး ၊ မင်းကို ကြည့်ရတာ အရမ်းတည်ငြိမ်နေသလိုဘဲ။ ဒါကို အစောကြီးကတည်းက မင်း ကြိုသိနေခဲ့တာလား ? "

လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကို ခါပြီး ဝူကောကို လက်ဟန်ပြ၍ ပြောလိုက်သည်။

" အဲ့ဒါကို ရှာတွေ့ခဲ့တဲ့လူက ကျွန်တော်မဟုတ်ဘူး။ အစ်ကိုဝူက ရှာတွေ့ခဲ့တာပဲ။ ပြီးတော့သူက ဒီလက်ရေးလှပန်းချီကားချပ်က အတုဆိုတာကို ရှာဖွေတွေ့ရှိခဲ့တာ ကြာနေပြီ။ ဒါက မစ္စတာတုံလင်ရဲ့ လက်ရာဖြစ်တယ်ဆိုတာကိုလည်း လောင်စွန်းရဲ့အမြင်အတိုင်းပဲ သူမြင်ခဲ့တယ်။ "

လောင်စွန်းသည် ဝူကောကို အံ့အားသင့်စွာဖြင့် ကြည့်ပြီး ချီးကျူးခဲ့သည်။

" ဒီလက်ရေးလှပန်းချီကားချက်က အတုဖြစ်တယ်ဆိုတာကို မင်းလို လူငယ်လေးက သိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ တကယ့်ကို မယုံနိုင်စရာဘဲ။ "

လင်ပေ့ဖန်ကလည်းပဲ ဝူကောကို ချီးကျူးခဲ့သည်။

" တကယ့်ကို မယုံနိုင်စရာကောင်းတယ်။ အစ်ကိုဝူက အရည်အချင်း ရှိတဲ့အပြင် အကျင့်စရိုက်လည်းကောင်းတယ်။ ပြီးတော့ ကျွန်တော့်အပေါ်မှာလည်း အရမ်းပဲ သစ္စာရှိတယ်။ ဒါ့အပြင် သူက ကျွန်တော်အယုံကြည်ရဆုံးလူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တယ်။ "

" မစ္စတာလင် မင်းငါ့ကို အရမ်းပဲချီးကျူးလွန်းနေပါပြီ။ "ဟု ဝူကောက ပြောလိုက်သည်။

ဝူကောသည် အလွန်ပျော်ရွှင်သွားခဲ့သည်။သူသည် ဒီနေ့ပြုလုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် လင်ပေ့ဖန်၏

ချီကျူးခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။

ထို့အပြင် ဒီတစ်ခါ ပိုက်ဆံနှစ်သန်း ဆုံးရှုံးရတာက အမှန်တကယ်ကို ထိုက်တန်သည်။

ထိုအချိန်တွင် လောင်စွန်းသည် သူ့ရဲ့ ဦးခေါင်းကို လှည့်ပြီး ဝမ်ပန်ဇီကို ကြည့်၍ ပြောလိုက်သည်။

" မင်းလိုမျိုးပါးနပ်တဲ့ ဖက်တီးက ဒီလိုမျိုး အမှားတစ်ခုကို ပြုလုပ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ "

ဝမ်ပန်ဇီသည် အားတင်းပြီး ပြုံး၍ ပြောလိုက်သည်။

" ဘဝတစ်ခုလုံးမှာ တစ်ခါမှ မချော်လဲဘူးလို့ ဘယ်သူက အာမခံနိုင်မှာမို့လို့လဲ? "

" မင်းပြောတာ အမှန်ဘဲ။ "ဟု လောင်စွန်းက ထောက်ခံခဲ့သည်။

ထို့နောက် လောင်စွန်းသည် ဆက်လက်၍ လက်ရေးလှပန်းချီကားချပ်ကို အကဲဖြတ်ခဲ့သည်။

" ခဏ! ဒါက ဘာလဲ? "

သူသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရပြီး အနီးကပ်ကြည့်ရန်အတွက် ခါးအနည်းငယ်ကုန်းလိုက်သည်။

အချိန်ခဏကြာပြီးနောက် လောင်စွန်းသည် စိတ်လှုပ်ရှားသောအသံဖြင့် အော်ပြောခဲ့သည်။

" ဒါက …ဒါက အပေါ်ယံအလွှာတစ်ခုပဲ။ ဒီလက်ရေးလှပန်းချီကားချပ်မှာ အပေါ်ယံအလွှာတစ်ခုရှိတယ်။ "

" လောင်စွန်း ၊ မင်းဘာပြောနေတာလဲ ? "

" လောင်စွန်း ၊ မင်း တစ်ခုခုကို ရှာတွေ့ခဲ့တာလား ? "

" လူတိုင်း ဒီကို ကြည့်လိုက်။ "

လောင်စွန်းသည် လက်ရေးလှပန်းချီကားချပ်ရဲ့ အစက်တစ်စက် ပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် ညွှန်ပြခဲ့သည်။

" ခုနက ငါ အဲ့ဒီနေရာအပေါ်ကို ဓာတ်မီးနဲ့ ထိုးလိုက်တုန်းက အဲ့ဒီနေရာမှာ အရိပ်အချို့နဲ့ ကောက်ကြောင်းအနည်းငယ် ပေါ်လာခဲ့တယ်။ ငါ့ရဲ့ နှစ်ပေါင်းများစွာရှိတဲ့ အတွေ့အကြုံေတွအပေါ် အခြေခံပြီးပြောရရင် ဒီပန်းချီကားချပ်က ပန်းချီကားနှစ်ခု ရောစပ်ထားတာဘဲ။ "

" ပြီးတော့ အပေါ်ယံအလွှာတစ်ခုလည်း ပါရှိတယ်။ ဒါက ဒီပန်းချီကားအပေါ်မှာ နောက်ပန်းချီကားတစ်ချပ်ကို ထပ်ဆွဲထားတယ်လို့ ဆိုလိုတယ်။ "

" ပန်းချီကား ထပ်ဆွဲခြင်း ဆိုတာက ဘာလဲ ? "

လူတိုင်းသည် ပဟေဠိဖြစ်သွားခဲ့သည်။

လောင်စွန်းက ရှင်းပြခဲ့သည်။

" ရှေးခေတ်တုန်းက စစ်ပွဲတွေ မကြာခဏဖြစ်ပွားတဲ့အတွက် လူတွေက အိုးမဲ့၊အိမ်မဲ့ဖြစ်ခဲ့ရပြီးေတာ့ အဖိုးတန်တဲ့ လက်ရေးလှပန်းချီကားချပ်တွေကလည်း အလွယ်တကူ ပျောက်ဆုံးခဲ့ကြတယ်။ ဒါကြောင့် စာပေပညာရှင်များနှင့် ပန်းချီဆရာတွေက သူတို့ရေးဆွဲထားတဲ့ အနုပညာလက်ရာများကို ကာကွယ်ရန်အတွက် နည်းလမ်းတစ်ခုကို တီထွင်ခဲ့တယ်။ အဲ့ဒီနည်းလမ်းကို ပန်းချီကားထပ်ဆွဲခြင်းလို့ ခေါ်တယ်။ "

" သူတို့က ပန်းချီကားအစစ်တွေကို ဖုန်းကွယ်ရန်အတွက် ပန်းချီကားအတုတစ်ချပ်ကို ဖုန်းအုပ်ပြီးတော့ အပေါ်ယံအလွှာမှာ ရေးဆွဲခဲ့ကြတယ်။ ဒီနည်းလမ်းက ပန်းချီကားအစစ်တွေကို အလွယ်တကူ မပျောက်စေနိုင်တော့ဘူးလေ။ ပြီးတော့ ပန်းချီကားအတုတွေနဲ့ ကာကွယ်ထားခြင်းက ပန်းချီကအစစ်တွေကို ပိုပြီးတော့ လွယ်ကူစွာ ထိန်းသိမ်းထားနိုင်တယ်။ "

လူတိုင်းသည် ထိုရှင်းပြချက်ကြောင့် နားလည်သွားခဲ့သည်။

" တနည်းအားဖြင့် ပြောရရင်တော့ ဒီလက်ရေးလှပန်းချီကားချပ်ရဲ့ အပြင်ဘက်က အတုကြီးပဲ။ ဒါပေမဲ့ လက်ရေးလှပန်းချီကားအစစ်က အတုရဲ့ အောက်မှာ ဖုန်းကွယ်ထားတာဖြစ်နိုင်တယ်။ "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝမ်ပန်ဇီနှင့် ဝူကောသည် ရုတ်တရက် သူတို့ရင်ထဲတွင် ဆိုးရွားတဲ့ ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။

ထို့နောက် လောင်စွန်းသည် စိတ်လှုပ်ရှားစွာဖြင့် လင်ပေ့ဖန်ကို ပြောလိုက်သည်။

" လူငယ်လေး ၊ ငါက ပန်းချီကားထပ်ဆွဲတဲ့ နည်းလမ်းတွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ခဲ့တယ်။ ငါ့မှာ ဒီလက်ေရးလှပန်းချီကားချပ်ထဲက ပန်းချီကားအစစ်ကို လုံးဝနဂိုအတိုင်းထုတ်ယူနိုင်တဲ့ နည်းလမ်းရှိတယ်။ လူငယ်လေး မင်း ငါ့ကို ကြိုးစားခွင့်ပေးဖို့ ဆန္ဒရှိလား ? ။ မင်း အထဲက အရာကိုရော မြင်ချင်လား ? "

" လောင်စွန်း ၊ ကျေးဇူးပြုပြီးတော့ လုပ်ပါ။ ငါလည်း အထဲမှာ ဘာပါလဲဆိုတာကို မြင်ချင်တယ်။ "ဟု လင်ပေ့ဖန်က ပြုံးပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ ငါ အခုပဲ အလုပ်စလုပ်လိုက်မယ်။ " ဟု ပြောပြီးနောက် လောင်စွန်းသည် စိတ်အားထက်သန်စွာဖြင့် လူတစ်ယောက်ကို လိုအပ်တဲ့ ပစ္စည်းကိရိယာများကို သွားပြန်ယူခိုင်းခဲ့သည်။

ဆယ့်ငါးမိနစ်အကြာတွင် ထိုလူက ပစ္စည်းကိရိယာများနှင့် အတူ ပြန်လာခဲ့သည်။

လောင်စွန်းသည် ထိုပစ္စည်းများကို အသုံးပြုပြီး ပန်းချီကားချပ်နှစ်ချပ်ကို ဂရုတစိုက်ဖြင့် ဆွဲထုတ်ခဲ့သည်။မိနစ်နှစ်ဆယ်ကြာပြီးနောက်တွင်

ပန်းချီကားနှစ်ချပ်က ဖြေးညှင်းစွာဖြင့် ကွဲကွာသွား

ခဲ့သည်။

ထို့နောက်လူတိုင်းက ထိုပန်းချီကားအစစ်ကို မြင်လိုက်ပြီး ထိတ်လန့်သွားခဲ့ကြသည်။

" ဒါက …........”

All Chapters