← Chapters

အခန်း (၉၀)

Vol. 6 Ch. 90

အခန်း (၉၀)

Vol. 6 Ch. 90

"ဒီလက်ရေးလှပန်းချီကားချပ်က ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ ပါးလွှာတဲ့ရွှေ လက်ရေးလှရေးနည်းပုံစံအစစ်ပဲ "

ထို့ပြင်လက်ရေးလှပန်းချီကားချပ်က အတော်လေးကို မှတ်မိရလွယ်ကူသည်။

ဘာကြောင့်လဲဆိုတော့ ပန်းချီကားအစစ်က ပန်းချီကားအတုနှင့် ချွတ်ဆွတ်နီးပါး တူညီနေတာကြောင့်ဖြစ်သည်။

သို့သော်လည်းပဲ ဒီလက်ရေးလှပန်းချီကားချပ်ထဲမှာရှိတဲ့ စကားလုံးများက ပိုပြီးတော့ လှပ၊ပြေပြစ်၍ ကျက်သရေရှိတဲ့အပြင် စကားလုံးများက အားမာန်ပြည့်ဝပြီး စုတ်ချက်များကလည်း ပိုပြီးတော့ နည်းစနစ်ကျသည်။

ထိုလက်ရေးလှပန်းချီကားချပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘယ်ဟာက အတုလဲ ၊ဘယ်ဟာက အစစ်လဲ ဆိုတာကို ခွဲခြားသိရှိလိမ့်မည်ဖြစ်သည်။

" လက်ရေးလှပန်းချီကားအစစ်က ဒီလက်ရေးလှပန်းချီကားအတုထဲမှာ နှစ်ပေါင်းရာနဲ့ချီ ဖုန်းကွယ်ထားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ "

" ဒါက အမှန်တကယ်ကို ချီးကျူးစရာကောင်းတယ်။ ပြီးတော့ ရှေးခေတ် အနုပညာရှင်တွေက တကယ့်ကို ပညာရှိတွေဘဲ။ "

" ဒါဆိုရင် ဒီလက်ရေးလှပန်းချီကားချပ်က အရမ်းတန်ဖိုးရှိတယ်လို့ ဆိုလိုချင်တာလား ? "

" ဟုတ်တယ် ၊ဒီလက်ရေးလှပန်းချီကားအစစ်က ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ ပါးလွှာတဲ့ရွှေ လက်ရေးလှရေးနီးပုံစံအစစ်ပဲ။ မင်း အဲ့ဒါရဲ့ တန်ဖိုးကို စိတ်ကူးကြည့်လို့ ရတယ်မလား ? "

လူတိုင်းသည် စိတ်လှုပ်ရှားပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

သို့သော်လည်းပဲ ထိုလက်ရေးလှပန်းချီကားချပ်ရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ လူနှစ်ယောက်ကတော့ အံ့အားသင့်သွားခဲ့သည်။

" ပန်းချီကားတစ်ချပ်ပေါ်မှာ နောက်ပန်းချီကားတစ်ချပ်ကို တကယ်ရေးဆွဲထားတာဘဲ။ ပြီးတော့ ဒီလက်ရေးလှပန်းချီကားချပ်က အစစ်ဘဲ။ "

လောင်စွန်းသည် လက်ရေးလှပန်းချီကားအစစ်ကို နောက်တစ်ကြိမ်ကြည့်ပြီး တုန်ယင်နေသောအသံဖြင့် ပြောခဲ့သည်။

" ဒါက တကယ့်ပန်းချီကားအစစ်ပဲ။ ဧကရာဇ်ဆောင်ဟွေ့ကျုံသာ ဒီလို အသက်ဝင်ပြီး သေးသွယ် ကျက်သရေရှိတဲ့စကားလုံးတွေကို ဖန်တီးနိုင်လိမ့်မယ်။ " ( ပါးလွှာတာနဲ့ ၊သေးသွယ်တာကို သင့်တော်သလို သုံးသွားပါမယ်ဗျ)

" ဒါ့အပြင် ဒီစကားလုံးတွေက အရမ်းသက်တမ်းကြာနေပြီ။ ဒီလက်ရေးလှပန်းချီကားက ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ နှောင်းပိုင်း ဖန်တီးခဲ့တဲ့ လက်ရာဆိုတာ အသေအချာဘဲ။ စဉ်းစားကြည့်ရင် ဒီလက်ရေးပန်းချီကားချက်က အပြစ်အနာစာကင်းတဲ့ အဆင့်မှာ ရှိတယ်။ ဒါကြောင့် ဒီလက်ရေးလှပန်းချီကားချပ်ရဲ့ တန်ဖိုးက ပိုပြီးတောင် မြင့်မားသွားရတာဘဲ။ "

" ဒီလက်ရေးလှ ပန်းချီကားချပ်ရဲ့ တန်ဖိုးကလည်း တိုင်းတာလို့မရဘူး။ "ဟု လောင်စွန်းက ပြောခဲ့သည်။

ဝမ်ပန်ဇီသည် အသံတုန်တုန်ဖြင့် မေးမြန်းခဲ့သည်။

" လောင်စွန်း ၊ ဒီလက်ရေးလှပန်းချီကားချပ်ရဲ့ တန်ဖိုးက တိုင်းတာလို့မရဘူးလို မင်းပြောတယ်နော်။ ဒါပေမဲ့ ဘယ်အနုပညာလက်ရာပဲဖြစ်ဖြစ် တန်ကြေးတစ်ခုတော့ ရှိသင့်တယ်မလား ? ။ ဒီလက်ရေးလှပန်းချီကားချပ်က ဘယ်လောက်ထိုက်တန်လဲဆိုတာကို မင်း ခန့်မှန်းပြပေးနိုင်မလား ? "

" မင်းလည်း ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ် ယောက်ပဲလေ။ ဒါကြောင့် ဈေးနှုန်းကို ဘာလို့ မင်းအရင် မခန့်မှန်းတာလဲ ? ။ " ဟု လောင်စွန်းက ပြောလိုက်သည်။

ဝမ်ပန်ဇီသည် တုန်ယင်စွာဖြင့် လက်တစ်ချောင်းထောင်ပြပြီး ပြောလိုက်သည်။

" ယွမ်သန်းတစ်ရာ "

" ယွမ်သန်းတစ်ရာပဲလား?။ "

လောင်စွန်းသည် ခေါင်းခါပြီး ပြောလိုက်သည်။

" အရမ်းနည်းလွန်းတယ်။ အရင်တစ်ခေါက် ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ ပါးလွှာတဲ့ ရွှေ လက်ရေးလှရေးနည်းပုံစံဖြစ်တဲ့ လက်ရေးလှပန်းချီကားချပ်ကို လေလံပွဲတစ်ခုမှာ ရောင်းချတုန်းကတောင် ယွမ်သန်း၂၅၀နဲ့ရောင်းချနိုင်ခဲ့တယ်။ "

" ငါ အဲ့ဒီလက်ရေးလှပန်းချီကားချပ်ကို မြင်ဖူးတယ်။ အဲ့ဒါက ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ အစောပိုင်းလက်ရာပဲ။ ပြီးတော့ သူ့ရဲ့ စုတ်ချက်တွေက အပြည့်အဝ အပြစ်အနာစာမကင်းသေးဘူး။ ဒါ့အပြင် အဲ့ဒီ လက်ရေးလှပန်းချီကားချပ်ကလည်း နည်းနည်းထိခိုက်ထားတဲ့အတွက် ဈေးနည်းသွားရတာပဲ။ ဒါတောင် အဲ့ဒီလက်ရေးလှပန်းချီကားချပ်ရဲ့ဈေးနှုန်းကို ယွမ်သန်း၂၅၀ဆိုတဲ့ မြင့်မားတဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်ခဲ့တယ်။ "

" ဒီလက်ရေးလှပန်းချီကားချပ်ကတော့ ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ နှောင်းပိုင်းလက်ရာတွေထဲကပဲ။ သူ့ရဲ့ စုတ်ချက်တွေကလည်း လုံးဝ သေသပ်ပြီးတော့ ပြိုင်ဘက်ကင်းတယ်။ဒါ့အပြင် ဒီလက်ရေးလှပန်းချီကားချပ်က ငါပြောခဲ့တဲ့ လက်ရေးလှပန်းချီကားချပ်ထက် ပိုကြီးတယ်။ ပြီးတော့ ဒီလက်ရေးလှပန်းချီကားချပ်က အပြစ်အနာစာ ကင်းတဲ့ အခြေအနေမျိုးမှာရှိတယ်။ ဒါဆိုရင် ငါ့ကိုပြောပြ ၊ဒီလက်ရေးလှပန်းချီကားချပ်က ဘယ်လောက်တန်ကြေးရှိလောက်မလဲ ?"

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝမ်ပန်ဇီ၏ ခြေထောက်များက အားနည်းသွားပြီး သူသည် လဲကျသွားခဲ့သည်။

ဝူကောသည်လည်း အချိန်မရွေးပြုတ်ကျလုနီးပါး ဖြစ်၍ မူးနောက်သွားသလို ခံစားခဲ့ရသည်။

အရင်တစ်ခေါက် ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားချပ်ကို ယွမ်သန်း၂၅၀နဲ့ ရောင်းချနိုင်ခဲ့တယ်ဆိုတော့ အဲ့ဒါထက်ပိုကောင်းတဲ့ ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ နှောင်းပိုင်းလက်ရာတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီလက်ရေးလှ ပန်းချီကားချပ်က ပိုပြီးတော့အဖိုးထိုက်တန်မှာ မဟုတ်ဘူးလား …?

အဲ့လောက်အဖိုးတန်တဲ့ လက်ရေးလှပန်းချီကားချပ်ကို ငါတို့က နှစ်သန်း ၊သုံးသန်းနဲ့ ရောင်းချခဲ့တယ်လား ……?

ထိုအကြောင်းကို တွေးပြီး ဝူကောနှင့် ဝမ်ပန်ဇီ၏ မျက်နှာများက ဖျော့တော့သွားခဲ့သည်။

သူတို့ ထိုအကြောင်းကို ပိုပြီးတော့ တွေးလေလေ သူတို့ ပိုပြီးတော့တောင်မှ နောင်တရလာခဲ့သည်။

ဒါပေမဲ့လည်း အဲ့ဒီအချိန်တွင် ဘယ်သူကမှ သူတို့နှစ်ယောက်ကို ဂရုမစိုက်ကြပေ။လူတိုင်းက ထိုလက်ရေးလှပန်းချီကားချပ်အပေါ်တွင်သာ အာရုံစိတ်နေကြသည်။

" ငါ ဒီလက်ရေးလှပန်းချီကားချပ်ကို အမှန်တကယ်ကြိုက်တယ်။ စကားလုံးတိုင်းက အနုပညာလက်ရာမြောက်တယ်။ စုတ်ချက်တိုင်းကလည်း အရမ်းကို ပြည့်စုံပြီးတော့ သဘာဝအတိုင်းပဲ လက်ရာမြောက်လွန်းတယ်။ ဧကရာဇ်ဆောင်ဟွေ့ကျုံသာ ဒီလိုလှပတဲ့ ပါးလွှာတဲ့ရွှေ လက်ရေးလှရေးနည်းကို တီထွင်နိုင်လိမ့်မယ်။ " ဟု လောင်စွန်းက ချီးကျူးခဲ့သည်။

ထို့နောက်သူသည် မျှော်လင့်တောင့်တနေသောအမူအရာဖြင့် လင်ပေ့ဖန်ကို ကြည့်ပြီး ပြောလိုက်သည်။

" လူငယ်လေး ၊ ဒီလက်ရေးလှပန်းချီကားချပ်ကို ငါ တကယ်ပဲ မြတ်နိုးတယ်။ မင်း ငါ့ကို ရောင်းပေးနိုင်မလား ? ။ငါ ဒါကို ယွမ်သန်း၂၅၀ပေးပြီးတော့ ဝယ်မယ်။"

ဝမ်ပန်ဇီသည် မတ်တပ်ရပ်ပြီး နောက်တစ်ကြိမ်လဲကျသွားခဲ့သည်။

လင်ပေ့ဖန်သည် ခေါင်းခါပြီး ငြင်းလိုက်သည်။

လောင်စွန်းသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပြန်သည်။

" ယွမ်သန်း၂၅၀က နည်းနည်းတော့ နည်းတယ်။ ပြီးတော့ ဒီဈေးကလည်း ဒီလက်ရေးလှပန်းချီကားကို ဝယ်ယူဖို့ မထိုက်တန်သေးဘူး။ ဒါဆိုရင် ငါ ဒီလက်ရေးလှပန်းချီးကားကို ယွမ်သန်းသုံးရာပေးမယ်၊ ဘယ်လိုလဲ?။ မင်း ငါလူအိုကြီးရဲ့ မျက်နှာကို ထောက်ပြီး ရောင်းပေးမယ်လို့ ငါ မျှော်လင့်ပါတယ်။"

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် မတ်တပ်ရပ်လာခဲ့တဲ့ ဝမ်ပန်ဇီသည် နောက်တစ်ကြိမ် ထပ်မံပြီးလဲကျသွားခဲ့သည်။

လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကို ခါရမ်းခဲ့သည်။

" ဒါဆိုရင် သန်း၃၂၀ဆိုရင်ရော ဘယ်လိုလဲ ? "

ထိုအချိန်တွင် ဝမ်ပန်ဇီ၏ ခြေထောက်များက လုံးဝ ပျော့ခွေသွားခဲ့သည်။

" သန်း၃၅၀ပေးမယ် "

ဝမ်ပန်ဇီသည် သူ့၏ ခန္ဓာကိုယ်ကို ထောက်ပံ့ရန်အတွက် သူ့၏ လက်များဖြင့် စားပွဲခုံကို ကိုင်ထားခဲ့ရသည်။

" လူငယ်လေး ၊ မင်း ဘာလို့ ဈေးနှုန်းကို တိုက်ရိုက်မတောင်းတာလဲ ? ။ မင်း ဒီလက်ရေးလှပန်းချီကားချပ်ကို ဈေးနှုန်းဘယ်လောက်တောင်းချင်လဲ ? ။ မင်းတောင်းတဲ့ ဈေးနှုန်းက အရမ်းမများရင် ငါ စဉ်းစားပေးမယ်။ " ဟု လောင်စွန်းက စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် စားပွဲခုံကို အားပြုထားတဲ့ ဝမ်ပန်ဇီ၏ လက်များက အားပျော့သွားခဲ့ပြီး သူသည် နောက်တစ်ဖန် လဲကျသွားခဲ့သည်။

ဝူကောသည်လည်း ကြက်သေသေနေခဲ့သည်။

ငါလေးက သန်း၃၅၀တောင် ထိုက်တန်တဲ့ ဒီလက်ရေးလှပန်းချီကားချပ်ကို အလကားပေးပစ်မိခဲ့တာလား …?

ဝူကောသည် သူ့၏ စိတ် နှင့် ကိုယ်က ထုံထိုင်းသွားသလို ခံစားခဲ့ရသည် ။

လောင်စွန်း၏ မျှော်လင့်နေတဲ့ အကြည့်အောက်တွင်

လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ခါပြီးပြောလိုက်သည်။

" လောင်စွန်း ၊ ဒါက ပိုက်ဆံကြောင့်မဟုတ်ပါဘူး။ ဒါက ကျွန်တော်ဒီလက်ရေးလှပန်းချီကားချပ်ကို အမှန်တကယ် ကြိုက်လို့ ရောင်းဖို့ အစီအစဉ်မရှိတာပါ။ ကျွန်တော် ဒီလက်ရေးလှပန်းချီကားချပ်ကို ကျွန်တော့်ရဲ့ စုဆောင်းမှုတွေထဲမှာ သိမ်းထားချင်တယ်။ "

အကယ်၍ ဒါကသာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို စတင်ချိန်တုန်းကဆိုရင် သူသည် ဒီလက်ရေးလှပန်းချီကားချပ်ကို သန်းရာဂဏန်း အနည်းငယ်လောက်ဖြင့် ရောင်းချမိလိမ့်မည်ဖြစ်သည်။

ဒါပေမဲ့လည်း အခုချိန်မှာတော့ သူသည် ငွေအရမ်း မလိုအပ်ပေ။

ထို့ပြင် အဖိုးတန်တဲ့ ပစ္စည်းကောင်းတွေကိုလည်း သူ ပေးပစ်စရာ မလိုတော့ပေ။

သူသည် ထိုလက်ရေးလှပန်းချီကားချပ်ကို သူ့လက်ထဲတွင် သိမ်းထား၍ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးသော လူတစ်ယောက်အဖြစ် ဟန်ဆောင်နိုင်သည်။

ထိုအရာက တစ်စုံတစ်ယောက် ပြန်လာရန်အတွက် နည်းလမ်းတစ်ခုဖြစ်သည်။

ဟီး …ဟီး…

လောင်စွန်းက နောက်တစ်ကြိမ် မေးမြန်းခဲ့သည်။

" မင်း တကယ်ပဲ မရောင်းချင်တာ သေချာလား ? "

လင်ပေ့ဖန်က သူ့ရဲ့ ဦးခေါင်းကို ခါပြီး ပြောလိုက်သည်။

" ဒါကို ကျွန်တော် မရောင်းဘူး။ "

လောင်စွန်းသည် စိတ်ပျက်သောအမူအရာဖြင့် ပြောလိုက်သည်။

" ကောင်းပြီ ၊ ငါ့လို လူကြီးလူကောင်းတစ်ယောက်က သူများ မရောင်းချင်တာကို အတင်းမရောင်းခိုင်းဘူး။

ဒါပေမဲ့ မင်း ဒီလက်ရေးလှပန်းချီကားချပ်ကို အချိန်နည်းနည်းကြာကြာ ငါ့ကို ပေးကြည့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ "

" ရတာပေါ့ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို လှည့်ပြီး ဝူကောကို စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်ခဲ့သည်။

" အစ်ကိုဝူ ၊ ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အဖိုးတန်တဲ့ လက်ရေးလှပန်းချီကားချပ်ကို မင်းငါ့ကို ကူညီပြီး ရွေးချယ်ပေးခဲ့တယ်။ "

" သန်း၃၀၀ကျော်တန်ကြေးရှိတဲ့ ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ ပါးလွှာတဲ့ ရွှေ လက်ရေးလှရေးနည်းနဲ့ ရေးထားတဲ့ လက်ရေးလှပန်းချီကားအစစ်ကို ငါ ယွမ်သုံးသန်းကို အသုံးပြုပြီးတော့ ရရှိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ ဟား…ဟား "

" ပြီးတော့ တစ်ခါတည်း ဝယ်ရုံနဲ့ ဒီလောက်ငွေအများကြီးကို ရှာနိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ "

" ငွေပြန်ရတဲ့နှုန်းကလည်း အဆတစ်ရာတောင် ။

ငါ စတော့ဈေးကွက်မှာ အရောင်းအဝယ်လုပ်တုန်းကတောင် တစ်ရက်ထဲနဲ့ ဒီလောက်ငွေအများကြီးကို ဘယ်တုန်းကမှ မရှာနိုင်ခဲ့ဖူးဘူး။ "

" အစ်ကိုဝူ ၊ မင်းက အမှန်တကယ်ကို အရမ်းတော်တယ်။ "

" မင်းက ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်တစ်ပွင့်ဘဲ။ မင်းက ငါ့ရဲ့ ချမ်းသာခြင်း နတ်ဘုရားဘဲ။ "

" ငါတို့ကုမ္ပဏီကိုပြန်ရောက်ရင် ငါမင်းကိုသေချာပေါက် ရက်ရက်ရောရောဆုချမယ်။ "

" ဟားဟားဟားဟား……"

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကော၏ ပါးစပ်ထောင့်က တွန့်သွားခဲ့ပြီး သူ့ရင်ဘတ်က တင်းကျပ်သွားခဲ့သည်။

လင်ပေ့ဖန် ပြောလိုက်တဲ့ စကားတစ်ခွန်းဆီက သူ့ရဲ့ဒဏ်ရာများကို ဆားဖြင့် ဖြူးနေသလို ခံစားခဲ့ရသည်။

ဒါက အရမ်း နာကျင်သည်…။

ဒါက အရမ်းပဲ နာကျင်လွန်းသည်….။

ဒါက သူမက သူ့ကို ပစ်သွားသလိုဘဲ အရမ်း ဝမ်းနည်းစရာကောင်းသည်… ။

တစ်ဖက်တွင် ဝမ်ပန်ဇီသည်လည်း သူ့ရဲ့ ရင်ဘတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး သွေးတက်နေခဲ့သည်။

ငါ ဆုံးရှုံးခဲ့တဲ့ ငွေပမဏက ယွမ်သန်း၃၅၀တောင်လား…… ?

သူသည် အရမ်း နာကျင်တာကြောင့် အသက်တောင် ကောင်းကောင်းမရှု နိုင်တော့ပေ။

ဝူကောသည် အတော်လေး စိတ်လှုပ်ရှားနေတဲ့ လင်ပေ့ဖန်ကို မျက်နှာချင်းဆိုင်၍ နောက်ဆုံးမှာတော့ အားတင်းပြီး ပြုံး၍ ပြောလိုက်သည်။

" ဘော့စ်လင် ၊ ဒါက ပြောစရာမလိုပါဘူး။ ဒါက ကျွန်တော် လုပ်သင့်တာပဲလေ။ အကယ်၍ ဘော့စ်လင် ပိုက်ဆံရှာနိုင်ခဲ့တယ်ဆိုရင် ကျွန်တော်က ပျော်ရွှင်ရမှာ မဟုတ်ဘူးလား ? "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လင်ပေ့ဖန်သည် ကျယ်လောင်စွာ ရယ်မောခဲ့သည်။

" မှန်တယ် ၊ အကယ်၍ ငါ ပိုက်ဆံရှာနိုင်ရင် ၊ငါမင်းကို မတရား ဆက်ဆံမှာမဟုတ်ဘူး။ အစ်ကိုဝူ ၊ ဒါက ပျော်စရာကောင်းတဲ့ အချိန်လေ ။ ဘာလို့ မင်းက မပြုံးတာလဲ ? ။ ငါ့ကို ပြုံးပြပါဦး ။ "

ဝူကောသည် ငိုမဲ့မဲ့အမူအရာဖြင့် ရီပြလိုက်သည်။

" ဟီး…ဟီး … ဟူး…ဟူး။ "

" မင်းရီတဲ့ပုံစံက ဘာလို့ ငိုတဲ့ ပုံစံပေါက်နေတာလဲ ?"

တစ်ဖက်တွင် ဝမ်ပန်ဇီသည် ထိုဖြစ်ရပ်ကို မခံစားနိုင်တာကြောင့် မျက်ရည်ပေါက်ပေါက်ကျ၍ ကျယ်လောင်စွာဖြင့် အော်ငိုခဲ့သည်။

…..

လူတိုင်းက ပျော်ရွှင်စွာ ရယ်မောပြီးတဲ့နောက်တွင်

လင်ပေ့ဖန်သည် ဝူကော၏ ပုခုံးကို ရင်းနှီးစွာဖြင့် ပုတ်ပြီး ပြောလိုက်သည်။

" အစ်ကိုဝူ ၊ နောက်ထပ်ပစ္စည်းတွေကိုလည်း မင်းစိတ်ကြိုက်ရွေးနိုင်တယ်။အကယ်၍ မင်း ငါ့ကို နောက်ထပ် အဖိုးတန်တဲ့ ရတနာတစ်ခု ရှာပေးနိုင်ခဲ့ရင် အနီရောင်စာအိတ်အကြီးကြီးတစ်လုံးနဲ နောက်မှ ငါမင်းကို ရက်ရက်ရောရောဆုချပေးမယ်။"

" ဟုတ်ကဲ့ ၊ ဘော့စ်လင် ။ ဒါပေမဲ့ ကျွန်တော်အခု သေးပေါက်ချင်တယ်။ ဒါကြောင့် ကျွန်တော် သန့်စင်ခန်းကို အရင်သွားဦးမယ်။ " ဟု ဝူကောက ပြောလိုက်သည်။

ဝူကောသည် သန့်စင်ခန်းသို့ သွား၍ မျက်နှာသစ်ပြီးနောက် သူ့ရဲ့ စိတ်လေးတွေ တည်ငြိမ်သွားလိမ့်မယ်လို့ တွေးထင်နေခဲ့သည် ။

လင်ပေ့ဖန်က သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

" သွား ၊ မင်း မြန်မြန်သွား ပြီးတော့ မြန်မြန်ပြန်လာခဲ့။ "

" ငါ့ ဆိုင်မှာ သန့်စင်ခန်းရှိတယ်။ ငါ သူ့ကို လိုက်ပို့ပေးလိုက်မယ်။ " ဟု ပြောပြီးနောက် ဝမ်ပန်ဇီသည် သူ့ရဲ့ရင်ဘတ်ကို ဆုပ်ကိုင်၍ ဝူကောနောက်သို့ လိုက်သွားခဲ့သည်။

All Chapters