မြေအောက် သွေးသန့်စင်ခန်း
Vol. 11 Ch. 127
သွေးရနံ့သည် ပျင်းပြလွန်းသဖြင့် ချက်ချင်းပြန်လှည့်ချင်စိတ် ပေါ်လာတော့သည်။ ၎င်းအတွင်း ဆီး၊ မစင်၊သွေးနှင့် အပုတ်ရနံ့များ ရောထွေးနေ၏။
ချင်းဖန်တစ်ယောက် အံကြိတ်လျက် အသက်ရှူအောင့်ကာ လိုဏ်ခေါင်းထဲ လှမ်းဝင် လိုက်သည်နှင့် နံရံများတွင် မီးရှူးတိုင်များ ချိတ်ဆွဲထားသည်ကို မြင်လိုက်ရ၏။
မီးတောက်သည် ပြင်းပြခြင်းမရှိဘဲ အဆီများလောင်မြိုက်နေသည့် ညှော်ရနံ့များ ထုံမွှန်းနေသည်။ ညှီစို့စို့ ရနံ့သည်လည်း ပို၍ ပြင်းပြလာ၏။
ရုတ်တရက် အတွင်းမှ စကားပြောသံ ကြားလိုက်ရသဖြင့် အမှောင်ရိပ်ထဲ ပြေးကပ် လိုက်သည်။
“ ဘယ်တော့များမှ ဒီငရဲကနေ လွတ်မြောက်နိုင်မှာလဲ ဒီလိုတိရစ္ဆာန်တွေနဲ့ တစ်ရက်တောင် မနေချင်ဘူး။”
“ သည်းခံပါ ... ငါတို့ တာဝန်ချိန်ကုန်တော့မယ် မင်းလာကူဦး ဒီမှာ နောက်ထပ် တိရစ္ဆာန်အချို့ သေကုန်ပြီ ဆွဲထုတ်ရအောင်။ ”
“ လာပြီ ... ။ ”
“ ဟေး၊ ခဏလေးနေကြဦး ... ငါတို့ကိုသွားခွင့်ပြုဖို့၊ ဟမ် ... ငါမင်းကို ဘယ်လို ကူညီရမလဲ။ ”
“ ဟေ့ ... ဒီလိုတော့ မဖြစ်နိုင်ဘူး ... မင်းကိုထွက်သွားဖို့ ခွင့်ပြုလိုက်ရင် ... ငါ့ကို သတ်လိမ့်မယ် မင်းအဲဒီမှာပဲနေပါ။ ”
“ ..... ။ ”
ချင်းဖန်တစ်ယောက် ထိတ်လန့်သွားကာ ချင်ချင်းဆုတ်ခွာလိုက်၏။ သို့သော် နာရီဝက်ခန့် ကြာသည့်တိုင် မည်သူမျှ ထွက်မလာချေ။
အခြားတစ်ဖက်တွင် လမ်းရှိပုံရ၏။ သတိထားကာ ရှေ့ဆက်သည်။ များမကြာခင် အကျယ်အဝန်း အတော်အသင့်ရှိသော အခန်းတစ်ခန်းကို တွေ့လိုက်ရ၏။
အခန်းအတွင်း လူ(၁၂)ယောက်ရှိသည်။ အချို့သည် စားပွဲတွင်ထိုင်ကာ ငိုက်မျဉ်းနေပြီး အချို့သည် ကုတင်ပေါ်တွင် အိပ်ပျော်နေ၏။
အခန်းတစ်ဖက်တွင် ဥမင်လမ်းကြောင်းများစွာရှိသည်။ ထိုဥမင်များ အနက် တစ်ခုသည် သွေးစွန်းကွက်များ ရှိနေ၏။
( ဘာဆက်လုပ်သင့်လဲ။ )
ချင်းဖန်က မျက်မှောင်ကြုတ်ပြီး စဉ်းစားသည်။ ဤနေရာ၌ အခြားထွက်ပေါက် ရှိ၊ မရှိ မသေချာချေ။
အခန်းအပြင်သို့ ပြန်ဆုတ်ကာ အဖြူရောင်အမှုန့်များ ထုတ်ယူပြီး ပက်ကျဲလျက် အဝေးသို့ ဆုတ်ခွာလိုက်၏။
( အလုပ်ဖြစ်မလား ကြည့်ရအောင်။ )
နာရီဝက်ခန့် စောင့်ကြည့်ပြီးနောက် အခန်းအတွင်း ပြန်လျှောက်လှမ်းသွားသည်။ စားပွဲတွင် ထိုင်သောက်နေသော လူတိုင်းမှာ အိပ်ပျော်ကုန်ပြီဖြစ်၏။
စီနီယာအစ်ကို၏ ဆေးမှုန့်များသည် အဂ္ဂိရတ်ပညာရပ်မှ သာမန်ထုတ်ကုန်တစ်ခု ဖြစ်သည်။
ကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း ယွမ်ဖူနယ်ပယ်အောက် မည်သူမဆို အိပ်မွေ့ချခံရမည်ဖြစ်၏။
“ ..... ။ ”
ချင်းဖန်တစ်ယောက် အခန်းဝတွင် ခဏရပ်ကာ လက်ခုပ်တီးကြည့်လိုက်လေသည်။ တုံ့ပြန်ခြင်းမရှိသဖြင့် အခန်းအတွင်း လှမ်းဝင်ပြီး စားပွဲပေါ်ခေါင်းစိုက်ကာ အိပ်ပျော်နေသူကို ကြမ်းပြင်ပေါ် တွန်းချလိုက်သည်။
“ ဝုန်း ... ။ ”
“ ဟမ့် ... ဒီလောက်တောင် အိပ်ပျော်ကုန်ကြတာလား ... မယုံနိုင်စရာပဲ စီနီယာအစ်ကိုသာ သူခိုးတစ်ယောက်ဖြစ်ချင်ရင် တကယ်မလွယ်ဘူး ... ။ ”
ချင်းဖန်က ပြုံးလျက် ရေရွတ်ပြီး ဓားမြှောင်ထုတ်ယူကာ လူတိုင်းကို သတ်ပစ် လိုက်တော့သည်။
ထို့နောက် သွေးအများဆုံးပေကျံနေသော လမ်းသို့ ဦးတည်လိုက်၏။ ဥမင်လမ်းကြောင်းမှာ သိပ်မရှည်လှချေ။ ခဏအကြာတွင် သူ့ရှေ့၌ အလင်းရောင်များ ရုတ်တရက်မြင်လာရ၏။
တစ်ဆက်တည်းမှာပင် ငါးညှီရနံ့များ ရရှိလာကာ အပူလှိုင်းများက အဆက်မပြတ် မှုတ်ထုတ်လာနေ၏။
( ဘာတွေဖြစ်နေတာလဲ ... ။ )
အတွေးဖြင့် တုန်လှုပ်လာ၏။ သွေးရနံ့၊ သွေးစွန်းလမ်းနှင့် လေထုအငွေ့အသက်အရ ရှေ့၌ ငရဲခန်းဖြစ်မည်ကို မှန်းဆနိုင်သည်။
( ဒီအထိ ရောက်လာပြီမှ ငါတို့ ဆက်သွားသင့်တယ်။)
တဆက်ဆက် တုန်ခါလျက် ရှေ့မတိုးလိုသော ခြေထောက်ထံငုံ့ကြည့်ကာ နှစ်သိမ့်လိုက်သည်။
ထိုနောက် အသက်ပြင်းပြင်းရှူကာ သူ့ရှေ့ရှိဝင်ပေါက်ကို မော့ကြည့်လိုက်တော့၏။ အဆုံးတွင် တည်ငြိမ်သောအမူအရာဖြင့် လှမ်းဝင်လိုက်သည်။
အခန်းအတွင်း တောက်ပနေသော အလင်းရောင်ကြောင့် အမြင်အာရုံများ ခဏမျှ မှုန်ဝါးသွားလေသည်။ ထိုစဉ် နာကျင်စွာ ညည်းညူသံများ ကြားလာရ၏။
အမြင်အာရုံ ပြန်ကောင်းလာချိန်၌ မီတာသုံးဆယ်ခန့်မြင့်သော မျက်နှာကျက်နှင့် အခန်းကျယ်ကြီးတစ်ခုကို မြင်လိုက်ရ၏။
ကျောက်နံရံများတွင် မီးရှူးတိုင်များဖြင့် အခန်းကို အလင်းပေးသည်။ ကြမ်းပြင်ပေါ်တွင် လက်ဝါးကပ်တိုင်များ စိုက်ထူထားသည်။
ထိုလက်ဝါးကပ်တိုင်များသည် သင်္ချိုင်းအတွင်း အစုလိုက်အပြုံလိုက် မြှပ်နှံ ထားသည့် မှတ်တိုင်များကဲ့သို့ ပူးကပ်နေ၏။
လက်ဝါးကပ်တိုင်တစ်ခုစီတွင် လူတစ်ယောက်စီကို ချိတ်ဆွဲထားသည်။ သို့တိုင် လက်ဝါးကပ်တိုင်များမှာ များပြားသောကြောင့် အလွတ်များစွာ ကျန်ရှိနေသေး၏။
ထိုမြင်ကွင်းက ချက်ချင်း အသက်ရှူ ကြပ်လာစေသည်။ မျက်လုံးများပြူးကျယ်လျက် သည်းမခံနိုင်လောက်အောင် ဒေါသများ ထွက်လာတော့၏။
“ သတ်ပါ ကျေးဇူးပြုပြီး ငါ့ကိုသတ်ပေးပါ။ ”
“ ငါသေပါရစေ ... ငါသေပါရစေ။ ”
“ သတ်ကြပါ ... လူယုတ်မာတွေ ငါသေမှာမကြောက်ဘူး ငါ့ကို သတ်လိုက်။ ”
“ ..... ။ ”
ညည်းတွားသံတိုင်း သေခြင်းကို တောင်းတနေသည့် နာကျင်ဖွယ်အသံများပင် ဖြစ်နေချေပြီ။
“ ပလောက် ... ပလောက် ... ။ ”
ရုတ်တရက် သွေးစီးကျသံများ ကြားလိုက်ရသဖြင့် ချင်းဖန်မှ ညာဘက်သို့ လှည့်ကြည့်၏။
ဘယ်ဘက်လက်မှ သွေးများသည် လက်ဝါးကပ်တိုင်အောက်ရှိ ကျောက်တွင်းထဲသို့ တစ်စက်ခြင်းစီးကျနေသည်။
“ ဒီကောင်တွေက သာမန်လူတွေကို ခေါ်လာပြီး သွေးအနှစ်သာရတွေ စုဆောင်းဖို့ ဒီမှာတိရစ္ဆာန်လို ပိတ်လှောင်ထားတာပဲ။ ”
ဤသည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ သွေးအနှစ်သာရကို ထုတ်ယူသည့် သန့်စင်ခန်း ဖြစ်နေပေသည်။ လူမဆန်သော ထိုအမှုမျိုးကို အကြိမ်မည်မျှ ကျူးလွန်နေမှန်း မသိနိုင်ချေ။
“ ဟမ့် ... ဟိုမှာ လူတစ်ယောက် ရောက်နေတယ် အပြင်ကကောင်တွေ တကယ် အသုံးမကျလိုက်တာ ... ဒီလူမိုက်ကို ဖမ်းပြီးမှ အဲဒီကောင်တွေကို ပါးရိုက်ရမယ်။ ”
ရုတ်တရက် အနောက်ဘက်မှ ကျိန်ဆဲသံကြောင့် ချင်းဖန်မှ လှည့်ကြည့်လိုက် လေသည်။
သူနှင့် မနီးမဝေးတွင် လူတစ်ယောက် (crossbow)ကိုင်လျက် ထိုးချိန်ကာ ချက်ချင်း ပစ်ချလာတော့၏။
“ ဝှစ် ... ။ ”
“ ဝိညာဉ်ရေးလက်နက် ... ။ ”
လေးကြိုးတုန်ခါလျက် လေခွင်းသံများ ဖြစ်ပေါ်လာစဉ် ချင်းဖန်ခမျာ ထိတ်လန့်စွာဖြင့် ချက်ချင်း ရှောင်တိမ်းတော့သည်။
သို့သော် တစ်ဖက်လူ၏ မျက်နှာ၌ လှောင်ပြုံးတစ်ပွင့် ပေါ်လာပြီး၊
“ ဒီမြှားကို မင်းရှောင်လို့ မလွတ်နိုင်ပါဘူး တိရစ္ဆာန်ကောင် ... ။ ”
-ဟု အော်ဟစ်လိုက်၏။
“ ဟမ့် ... ရှောင်လို့ မရဘူးလား။ ”
“ ဝုန်း ... ။ ”
ချင်းဖန်က ရှောင်တိမ်းရန်ကြိုးစားနေရာမှ ရပ်လိုက်ကာ (crossbow)ကိုင်ထားသော ရန်သူ ထံသို့ ပြောင်းလဲပြေးဝင်လိုက်၏။
သူပြေးနေစဉ် ခန္ဓာကိုယ်တဝိုက် ဝိညာဉ်ရေးအကာအကွယ်အလွှာ ဖြစ်ပေါ် လာပြီး မြှားတံကို ခံယူလေသည်။
(crossbow)ကိုင်ထားသော သွေးဝိညာဉ်အစောင့်ခမျာ မျက်နှာရှိအပြုံးများ ပျောက်ကွယ်လျက် မျက်လုံးပြူးကာ၊
“ ကာကွယ်ရေးအဆောင် ... ။ ”
-ဟု အော်ဟစ်လိုက်တော့၏။
***