← Chapters

ကျေးဇူးပြုပြီး သတ်ပါ ...

Vol. 11 Ch. 128

ကျေးဇူးပြုပြီး သတ်ပါ ...

Vol. 11 Ch. 128

အဆုံး၌ (crossbow) ကိုင်ထားသော သွေးဝိညာဉ်ဂိုဏ်း၏ အစောင့်မျက်နှာသည် သိသိသာသာပြောင်းလဲလျက် ချက်ချင်း လှည့်ပြေးလေသည်။

သို့သော် ချင်းဖန်မှ ခွင့်မပြုချေ။ ကာကွယ်ရေးအဆောင် ထွက်ပေါ်မလာမီ တည်းကပင် ထိုသူကို သတ်ရန်ဖြစ်၏။

ဆိုလိုသည်မှာ သူ့တွင် ထိုသို့သော ဝိညာဉ်ရေးဒိုင်းတစ်ခု ရှိနေမှန်း သတိရလာကာ ရန်သူထံ တိုးဝင်လိုက်ခြင်းပေပင်။

“ ရွှပ် ... ။ ”

သွေးဝိညာဉ်ဂိုဏ်းအစောင့်မှ လည်ပြန်လှည့်ကြည့်ကာ (crossbow) ဖြင့် အနီးကပ် ပစ်ခတ်လိုက်သည်။

“ ဟမ့် ... ။ ”

ချင်းဖန်မှ ညာဘက်သို့ စောင်းချလိုက်ပြီး ဝိညာဉ်ရေးမျှားကို ဓားမြှောင်ဖြင့် ခုတ်လိုက်၏။ မျှားတံခမျာ တို့ဟူးတစ်တုံးကဲ့သို့ ပြတ်ကျ သွားတော့သည်။

“ ဒါ ... ။ ”

သွေးဝိညာဉ်ဂိုဏ်းအစောင့်ခမျာ အံ့ဩသွားသည်။ ဤသည်မှာ မည်သို့သော ဓားမည်နည်း။ ထက်ရှလွန်းချေ၏။

ဝိညာဉ်ရေးလက်နက်တစ်ခုကို ဖြတ်တောက်ရန် အနိမ့်ဆုံး ထိုထက်ပို၍ မြင့်သော အဆင့်၌ ရှိရပေမည်။

ကူချန်မှ လှောင်ပြုံး ပြုံး၏။ ဤဓားမြှောင်သည် စီနီယာအစ်ကိုမှ သူ့အတွက် ရည်ရွယ်ကာ သွန်းလုပ်ပေးထားသည့် ဝိညာဉ်ရေးလက်နက်ပေပင်။

ချန်ယွင်၏ လှံနက်ကဲ့သို့ တံဆိပ်သုံးခုရှိ၏။ လက်ရှိခွန်အားဖြင့် ဝိညာဉ်ရေးလက်နက်များကို ထိန်းချုပ်နိုင်စွမ်း မရှိသေးသော်လည်း ဤသို့ ခုတ်ပိုင်းမှုများတွင် များစွာထိရောက်သည်။

“ မင်းသေလိုက်တော့ ... ။ ”

ချင်းဖန်တစ်ယောက် မကြုံစဖူး လူသတ်လိုသောဆန္ဒများ ပွက်ပွက်ဆူလာသည်။ ဤမျှလူမဆန်သော နတ်ဆိုးများကမ္ဘာပေါ်တွင် ရှိမနေသင့်ချေ။

ယနေ့အဖြစ်ပျက်များကို မျက်မြင်တွေ့ရှိ ပြီးနောက် ဒေါသတရားသည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ဖြစ်ပေါ်စေ၏။

သူဟူသည် ကြင်နာတတ်သော်လည်း သူရဲဘောကြောင်သူတစ်ယောက် မဟုတ်ချေ။ သာမန်လူများအပေါ် သားကောင်များအဖြစ် မှတ်ယူနေသည့် မြင်ကွင်းသည် သူ့နှလုံးသားကို လောင်မြိုက်စေ၏။

ဤသည်မှာ လူသားတစ်ယောက်၏ နှလုံးသားဖြင့် လုပ်ဆောင်ဝံ့သော ရက်စက်မှုမျိုး မဟုတ်ချေ။ လူ့မိစ္ဆာများပေပင်။

သွေးဝိညာဉ်အစောင့်ခမျာ ချင်းဖန်၏ ဓားမြှောင်ကို ချက်ချင်း ရှောင်တိမ်းသော်လည်း နောက်ကျနေသေးသည်။

လေးလံသော တောင်ကြီးတစ်လုံးဖြင့် ဖိခံထားရသကဲ့သို့ သတ်ဖြတ်ခြင်းအငွေ့အသက် အောက်တွင်ပိတ်မိကာ လည်ပင်အတွင်း အေးခနဲခံစားလိုက်ရ၏။

“ ဖောက် ... ။ ”

အဆုံးတွင် မယုံကြည်နိုင်စွာဖြင့် ပြန်ကြည့်နေစဉ် ချင်းဖန်မှဓားမြှောင်ကိုဆွဲထုတ် လိုက်ပြီးဖြစ်ရာ သွေးများပန်းထွက်သွားသည်။

“ မင်းမှာ အတွေ့အကြုံမရှိဘူး။ ”

ချင်းဖန်က ရက်စက်ကြမ်းကြုတ်သော ဇာတ်ကောင်တစ်ဦးကဲ့သို့ မှတ်ချက်ပေးခဲ့ကာ တစ်ဖက်လူကို ကန်လှဲချလိုက်၏။

ဤလူသည် အုတ်မြစ်သည်လည်း အားနည်းနေကာ သန့်ရှင်းသော သွေးဆေးပြား သောက်သုံးပြီး လက်ရှိအဆင့်သို့ ရောက်ရှိလာပုံရ၏။

သွေးဝိညာဉ်ဂိုဏ်းတွင် ဂိုဏ်းဝင်များကို ဆွဲဆောင်ရန် ကျော်ကြားသော ဆေးပြားနှစ်မျိုး ရှိသည်။

၎င်းကိုအသုံးပြုခြင်းဖြင့် ချီနှင့် သွေးသားစွမ်းအင်များ မြင့်တက်လာကာ ချီစုစည်းခြင်းနယ်ပယ်ကို လွယ်ကူစွာ ရောက်နိုင်၏။

သို့သော် ထိုဆေးပြားများသည် အန္တရာယ်များလှကာ တောင့်တသော ဆန္ဒများ ဖြစ်ပေါ်လာစေသည်။ အချိန်အတိုင်းတစ်ခုအထိ ထိုဆေးများကို မသုံးစွဲဘဲနေသော် နတ်ဆိုးများ နှိပ်စက်သကဲ့သို့ ပြင်းစွာနာကျင်ရ၏။

တစ်ဖက်လူသည် ချီစုစည်းခြင်းနယ်ပယ်သို့ ထိုနည်းဖြင့် ရောက်ရှိထားပုံရ၏။ မဟုတ်သော် ချီစုစည်းခြင်းနယ်ပယ်မှ ထွက်ပြေးလိုသော် အရိပ်ပင် သူ မြင်လိုက်ရမည် မဟုတ်ချေ။

ထို့နောက် ချင်းဖန်က အခန်းအတွင်း လိုက်လံကြည့်ရှု၏။ လူတိုင်း၏ လက်များတွင် သွေးများစွန်းနေပြီး အဆက်မပြတ် စီးကျနေသည်။

ထိုသွေးများသည် ကျောက်တွင်းထဲ စုစည်းလျက် အခန်းတစ်ခုထဲသို့ ပိုက်လိုင်းမှ တဆင့် ဖြတ်စီးဆင်းသွား၏။

ချင်းဖန်က ပိုက်လိုင်းအတိုင်း လိုက်ဝင်သွားရာ သွေးကန်များပြည့်နေသော အခန်းတစ်ခုအတွင်း ရောက်ရှိလာသည်။

ထိုသွေးကန်များကို ကြမ်းပြင်တွင် အစီရင်တစ်ခု ရေးထွင်းကာ တောက်ပသော အလင်းများဖြင့် ဖုံးအုပ်ထား၏။

သူသည် အစီရင်များအကြောင်း နားမလည်သဖြင့် အခန်းထဲမှ ထွက်ခွာရန် ဆုတ်ခွာလိုက်၏။

မြေအောက်ဥမင်သည် ကြီးမားလှသော စိုက်ခင်းတစ်ခုပေပင်။ လက်ဝါးကပ်တိုင်များရှိ ဤလူများသည် အချိန်မရွေး ရိတ်သိမ်းခြင်း ခံရနိုင်သော ကောက်ပဲသီးနှံများဖြစ်၏။

ထိုခံစားချက်သည် ချင်းဖန်ကို တုန်လှုပ်သွားစေသည်။

“ ဦးလေးဟွမ်လား ... ။ ”

ရုတ်တရက် သူနှင့် ရင်းနှီးနေသော မျက်နှာကြောင့် ချင်းဖန်တစ်ယောက် ချက်ချင်း လှမ်းတက်သွား၏။ ဆံပင်များ ဖြူဆွတ်နေသော အဘိုးအိုတစ်ဦးပေပင်။

အဘိုးအိုမျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး အချိန်မရွေး သေဆုံးနိုင်ချေရှိ၏။ ဤအဘိုအိုးသည် ထိုစဉ်က ရှားဟဲကျေးရွာတွင် နေထိုင်ရန် သူနှင့်အတူလာခဲ့သူဖြစ်သည်။

ရှားဟဲရွာရှိ တစ်ကောင်တည်းသော အဝါရောင်ခွေးအိုကြီး၏ ပိုင်ရှင်လည်းဖြစ်ချေ၏။ ဤသို့ဆိုသော် ထိုအဝါရောင် ခွေးအိုကြီးသည် အသက်ရှင်နေသေးသည်လော။

ဦးလေးဟွမ်က ဖျော့တော့သော မျက်လုံးများဖွင့်ကြည့်လျက် ချင်းဖန်ကိုမြင်ချိန် အံ့ဩသွားကာ၊

“ ထွက်သွား၊ မြန်မြန် ဒီကနေထွက်သွား။ ”

-ဟု သတိပေးသည်။

“ ဦးလေးဟွမ် ... ငါမင်းကိုကယ်မယ် ငါတို့အတူတူ ထွက်သွားကြမယ်။ ”

“ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါ ... ငါထွက်သွားဖို့ မဖြစ်နိုင်ဘူး ဒီမှာရှိတဲ့ လူတိုင်းလည်း မဖြစ်နိုင်ဘူး ...

... ငါတို့ကို မင်းကယ်တင်ချင်ရင်တောင် အသုံးမဝင်ဘူး မင်းအခုထွက်သွား ဘယ်တော့မှ ပြန်မလာနဲ့ ... ။ ”

“ ဦးလေးဟွမ် ... ။ ”

ချင်းဖန်မှ အံကြိတ်လျက် တိတ်ဆိတ်သွား၏။ အဖိုးအိုကအသက်ပြင်းပြင်း ရှူရှိုူက်လိုက်ကာ အနည်းငယ် မောပန်းလာပြီး။

“ ဟဲရှလမ်းတစ်ခုလုံးကို သွေးဝိညာဉ်ဂိုဏ်းက သားရဲတွင်းကြီးအဖြစ် ပြောင်းလဲလိုက်ပြီ ... ငါ့ကိုသတ်လိုက်ပါ ... ပြီးရင် မင်းဒီကနေ ထွက်သွားရမယ်။ ”

-ဟု ပြောကြားလိုက်သည်။

စကားဆုံးသည်နှင့် သူ့မျက်ဝန်းများ၌ မျက်ရည်များ စီးကျလာချေပြီ။ မည်မျှခံစားနေရ သည်ကို မည်သူမဆို မြင်နိုင်၏။

“ ငါတို့ကိုလည်း သတ်ပေးပါ ... တောင်းပန်ပါတယ် ဒီမှာ တိရစ္ဆာန်တွေလို မနေပါရစေနဲ့ ... ။ ”

“ ငါ့ကို သတ်ပါ ... ကျေးဇူးပြုပြီး။ ”

တစ်စုံတစ်ယောက် ရောက်ရှိနေမှန်း ခံစားမိလာကြကာ တိုးဖျော့သော လေသံများ တောင်းဆိုသံများ ညံလာတော့သည်။

ချင်းဖန်တစ်ယောက် တွန့်ဆုတ်နေပြီး အခြားသောလူတစ်ယောက်ကို လှည့်ကြည့်ကာ၊

“ မင်းဒီမှာ အဖမ်းခံရတာ ဘယ်လောက်ကြာပြီလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

တစ်ဖက်လူ၏ မျက်လုံးများသည် မျှော်လင့်ချက်မရှိတော့ဘဲ အသက်ကင်းမဲ့နေ၏။ ချင်းဖန်မေးခွန်းကြောင့် အိမ်မက်ထဲ လွင့်မျောနေသကဲ့သို့၊

“ ခြောက်လ ... ငါဒီမှာ ခြောက်လရှိနေပြီ။ ”

-ဟု ပြန်ဖြေသည်။

“ ငါတို့ကို ဒီမှာတိရိစ္ဆာန်တွေလို ချုပ်နှောင်ထားတယ် ... ဆေးဝါးအချို့ကျွေးပြီး သွေးအနှစ်သာရကို ထုတ်ယူတယ် ... ငါတို့ကို မင်းကယ်ထုတ်သွားလို့ မရဘူး ... မင်းကို မတွေ့ခင် ဒီကနေထွက်သွားပါ။ ”

ချင်းဖန်တစ်ယောက် နှုတ်ဆိတ်သွားပြီး သနားစရာကောင်းလှသော ဦးလေးဟွမ်ထံသို့ ပြန်ကြည့်သည်။

ဦးလေးဟွမ်က သူ့ကို ကြည့်နေကာ စကားပြောရန် ခွန်အားမရှိတော့ သကဲ့သို့ တိတ်ဆိတ်နေ၏။

“ ငါတို့ကို သတ်လိုက်ပါ ... ။ ”

“ ကျေးဇူးပြုပြီး ငါတို့ကိုသတ်ပါ။ ”

ဤမျှများပြားလှသော လူများသည် သူတို့ကိုသတ်ပေးရန် တောင်းဆိုနေသံများမှာ ချင်းဖန်ကို ကူကယ်ရာမဲ့စေ၏။

ထိုအချိန်တွင် တစ်ကိုယ်တည်း ညည်းညူသံနှင့်အတူ သွေးဝိညာဉ်ဂိုဏ်းသား တစ်ယောက် မြေအောက်ခန်းအတွင်း လှမ်းဝင်လာသည်။

“ ဝိုး ... ရာသီဥတုက အခုတလော ပိုအေးလာပြီ ငါဘယ်တော့များ နဝမအဆင့်ကို တက်လှမ်းနိုင်မှာလဲ ... ဟမ့် ... ။ ”

ထိုသူမှ ခန်းမအတွင်း ပြန့်ကျဲစွာ သေဆုံးနေသော အလောင်း(၁၂)လောင်းကို မြင်ချိန်တွင် ချက်ချင်း စကားရပ်သွား၏။

ထို့နောက် အသက်အောင့်ထားပြီး ရှေ့သို့မျှော်ကြည့်လျက် မဆိုင်းမတွအခန်းထဲမှ ပြန်လှည့်ပြေးသွားတော့သည်။

***

All Chapters