← Chapters

ထွက်ပြေးခြင်း ...

Vol. 11 Ch. 129

ထွက်ပြေးခြင်း ...

Vol. 11 Ch. 129

လူပေါင်းများစွာ၏ တောင်းဆိုမှုကြောင့် ချင်းဖန်တစ်ယောက် လက်ဖျားများ တုန်ယင် လာတော့၏။ မည်သူမဆို သူ့ကို သတ်ပေးရန် တောင်းပန်နေချေပြီ။

လူသားတစ်ယောက်အနေဖြင့် ရှင်သန်ရန်အတွက် ရုန်းကန်သည်မှာ သဘာဝ ပေပင်။ ဆိုလိုသည်မှာ ရွေးချယ်စရာ ရှိသော် မည်သူမဆို သေချင်မည် မဟုတ်ချေ။

မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် အချို့သော လူများသည် အရိုးနှင့် အရေခွံမျှသာ ကျန်ရှိတော့သည်။ ၎င်းတို့မျက်ဝန်းများတွင် သေခြင်းတရားအတွက် မျှော်လင့်နေ၏။

“ ကောင်းပြီ ... ။ ”

အဆုံးတွင် ချင်းဖန်တစ်ယောက် လက်သီးဆုပ်ထားသည်ကို ဖြေလျော့လျက် ခေါင်းညိတ်လိုက်သည်။ သို့မှသာ လူတိုင်း သက်ပြင်းချလိုက်ကြ၏။

အဆုံးတွင် ဤငရဲမှ လွတ်မြောက်ခွင့် ရရှိချေပြီ။ ချင်းဖန်မှ ဓားမြှောက်ကိုဆွဲထုတ်စဉ် ဦးလေးဟွမ်မှ ပြုံးတော့၏။

“ ကျေးဇူးတင်ပါတယ် ... ငါ့တို့ကို မြန်မြန်ကူညီပြီး ... မင်းဒီကနေ ထွက်သွားပါ ပိုဝေးလေ ... ကောင်းလေပဲ ... ။ ”

“ စွပ် ... ။ ”

နှလုံးသားအတွင်း အေးစက်သော ခံစားချက်များဝင်ရောက်လာပြီး ဦးလေးဟွမ်မှာ ချက်ချင်းခေါင်းစိုက်ကျသွားသည်။

ချင်းဖန်မှ ပြန်မကြည့်ဘဲ အခြားတစ်ယောက်ထံသို့ ရွေ့လျားကာ လှုပ်ရှား လိုက်ပြန်၏။

“ နှစ် ... ။ ”

“ သုံး ... ။ ”

“ လေး ... ။ ”

ခေါင်းငုံ့လျက် စိတ်ထဲမှ နံပါတ်စဉ် ရေရွတ်ကာ ဆက်တိုက် လှုပ်ရှားလိုက်သည်။ သူ့ လက်ဖဝါး၌ စေးကပ်နေသော ခံစားချက်များပင် ရရှိလာ၏။

“ တစ်ရာ ... ၊ နှစ်ရာ ... ၊ သုံးရာ ... ။ ”

လက်ဝါးကပ်တိုင်ပေါ်တွင် မည်သူ ဖြစ်မည်ကိုပင် မော့မကြည့်တော့ချေ။ အဆုံး၌ သူ့ဓားသည် လေထဲထိုးမိသွားချိန်မှသာ ရပ်တန့်လိုက်၏။

“ (၄၀၄) ယောက် ... ။ ”

ချင်းဖန်မှ နောက်ဆုံးနံပါတ်စဉ်ကို တိုးဖွဖွ ရေရွတ်လျက် အသက်ပြင်းပြင်းရှူ လိုက်သည်။ ဤမတိုင်မီ လူမည်မျှ သေခဲ့မှန်း မသိနိုင်ချေ။ ဟဲရှလမ်းတွင် လှောင်အိမ်မည်မျှ ရှိမည်နည်း။

ရှားဟဲရွာသည်ပင် သွေးဝိညာဉ်ဂိုဏ်း၏ အကိုင်းအခက်တစ်ခုသာဖြစ်၏။ ဆိုလိုသည်မှာ လက်ရှိ သူမြင်နေသမျှသည် ရေခဲတောင်၏ ထိပ်ဖျားသာပေပင်။

ရုတ်တရက် ခြေသံများ ကြားလာရပြီး ချင်းဖန်၏ အမူအရာ ပြောင်းလဲသွားလေသည်။ စဉ်းစားရန် အချိန်မရှိတော့ဘဲ သူနှင့်နီးစပ်ရာ လမ်းကြောင်းအတွင်း လှမ်းဝင်လိုက်၏။

ထိုစဉ် အခန်းအတွင်းသို့ လူတစ်စု အပြေးဝင်လာကာ လက်ဝါးကပ်တိုင်များဆီ ချက်ချင်းစစ်ဆေးတော့သည်။

“ သေပြီ ... ။ ”

“ သေပြီ ... ။ ”

“ အားလုံး သေကုန်ပြီ။ ”

“ ဟိုမှာ ... လူရှိနေတယ် မြန်မြန်လိုက် သူထွက်ပြေးပြီ။ ”

ထိုစဉ် အစောင့်တစ်ယောက်သည် အခြားလမ်းကြောင်းအတွင်း ပြေးလွှားနေသော ချင်းဖန်ကိုမြင်ကာ အော်ဟစ်လိုက်၏။

လူတိုင်း ဒေါသတကြီးဖြင့် အပြေး လိုက်ပါလာသည်။ မစ်ရှင်အတွက် လိုအပ်သော လူအရေအတွက် ပြည့်မီခဲ့သော်လည်း အားလုံး ပျက်စီးသွားခဲ့ရပြီဖြစ်၏။

မြောက်များစွာသော ဆုလာဘ်များ ဆုံးရှုံးသွားသည်သာမက အကျိုးဆက်အနေဖြင့် နောင်နှစ်အတွင်း ရရှိနိုင်မည့် ဆေးပြားများ ထက်ဝက်ခန့် လျော့ကျသွားနိုင်မည်။

သန့်ရှင်းသော သွေးဆေးပြားများသည် သူတို့၏ ကျင့်ကြံမှုတွင် အထောက်အပံ့ပေပင်။ ၎င်းဆေးပြားများကို သုံးစွဲခွင့်မရသော် ‘သွေးဆာခြင်း’ကြောင့် မချိမဆန့် နာကျင်ရပေလိမ့်မည်။

“ ဒီကောင် တကယ် ပြန်လာတာပဲ။ ”

လူအုပ်အတွင်းမှ ပိုင်ရှန်းက ချင်းဖန်ကိုကြည့်ကာ အံကြိတ်လျက် ရေရွတ် လိုက်လေသည်။

“ ဘယ်သူလဲ ... ။ ”

သူ့ဘေးမှ တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြန်မေး၏။ ပိုင်ရှန်းမှ ချင်းဖန်အကြောင်း ပြောပြလိုက်သည်။

လူအုပ်ထဲတွင် ပိုင်ရှန်းအပါအဝင် သွေးလုလင်လေးဦး ပါရှိ၏။ သွေးဝိညာဉ်ဂိုဏ်း၌ သွေးလုလင်များသည် ချီစုစည်းခြင်း နှောင်းပိုင်း အဆင့်တွင် ရှိနေရပေမည်။

ယခုသေဆုံးသွားသော (crossbow) သမားသည် သွေးလုလင်တစ်ယောက်ဖြစ်ကာ သူတို့နှင့် တူညီသောကျင့်ကြံမှုရှိ၏။

ထိုမျှငယ်ရွယ်သော ဤလူငယ်သည် ချီစုစည်းခြင်း နယ်ပယ်မှ တစ်စုံတစ်ယောက်ကို သတ်နိုင်မည်လော။

“ မင်းဘာလို့ သူ့ကိုလွှတ်ပေးလိုက်တာလဲ။ ”

အခြားသော သွေးလုလင်တစ်ဦးမှ ပိုင်ရှန်းကိုမေးသည်။

“ သူ တစ်ခုခုကိုမြင်ပြီး ... ထွက်ပြေးသွားတယ်လို့ပဲ ငါထင်ခဲ့တာ ဒီလို ပြန်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ...

... ပြီးတော့ သူက တစ်ယောက်တည်း လူတစ်ယောက်တိုးလာတာ ဒါမှမဟုတ် လျော့ သွားတာကို ဂရုမစိုက်တာ သဘာဝပါပဲ။ ”

သူ့စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားလေသည်။ ဤသည်မှာ ပိုင်ရှန်း အလွန်မဟုတ်ချေ။ တည်ဆောက်ခြင်းအဆင့် တစ်စုံတစ်ယောက်သည် သည်မျှ အစွမ်းထက် နေမည်ဟု မည်သူထင်မည်နည်း။

ဤသည်မှာ ဉာဏ်ကြီးရှင်တစ်ပါး ဖြစ်ကြောင်း သံသယဝင်နေစရာ မရှိတော့ချေ။ အနာဂါတ်တွင် သေချာပေါက် ရှန်ရှင်းနယ်ပယ် ရောက်ရှိနေနိုင်သည်။

“ ကောင်းပြီ ... ဒီအကြောင်း နောက်မှ ဆက်ပြောရအောင် အဲဒီကောင်လေးကို အရင် ဖြေရှင်းရအောင် ... သူ့ကိုဒီနေ့မသတ်ရရင် ငါအဆင်မပြေဘူး။ ”

“ ဒါပေမယ့် ဒီကလေးက အရမ်း ထက်မြက်တယ် သူ့နောက်မှာ အားကောင်းတဲ့ ဂိုဏ်းကြီးတွေ ရှိနေနိုင်မလား။ ”

“ ဘာကို ကြောက်နေတာလဲ။ ”

“ ဖူစုနိုင်ငံမှာ တာအိုဘုံကျောင်းတွေ အများကြီးရှိတယ် ဘုံ‌ကျောင်းတချို့မှာ ရှန်ရှင်း နယ်ပယ် ကျွမ်းကျင်သူတွေရှိကြသလို ... ငါတို့ သွေးဝိညာဉ်ဂိုဏ်းမှာလဲ ရှိနေတာပဲ ...။ ”

လေးယောက်သား ဆွေးနွေးလျက် ပြေးလိုက်နေစဉ် ချင်းဖန်သည်လည်း အချိန်မီ ပြေးလွှားနေရသည်။

ကံကောင်းထောက်မစွာဖြင့် စီနီယာအစ်ကို၏ စမ်းသပ်ရေးသားပစ်ထားသော အမှိုက်များကို ကောက်ယူထားခဲ့ခြင်းသည် သူ့အတွက် အလုပ်ဖြစ်လာစေ၏။

လွတ်မြောက်အဆောင်များသည် အမြန်နှုန်းအပေါ် (၃၀%)တိုးလာစေသော်လည်း အချိန်အကန့်အသတ်ရှိ၏။

ထိုအချိန်တွင် သူ့ကျင့်ကြံမှုအဆင့်ဖြင့် ချီစုစည်းခြင်းနယ်ပယ်မှ ရန်သူများကို မျက်ခြေ ဖြတ်ရန် မဖြစ်နိုင်တော့ချေ။

“ ဝှစ် ... ။ ”

ယင်းကြောင့်ပင် ခဏမျှသော်မှ တုန့်ဆိုင်းဝံ့ခြင်းမရှိဘဲ လမ်းကြောင်းအတိုင်း အလျင်အမြန် ရွေ့လျားနေခြင်းဖြစ်၏။

များမကြာခင် အဝေးမှ အလင်းရောင်ပျပျလေးကို မြင်လိုက်ရသည်။ အရှိန်မြှင့်တင်ကာ ချက်ချင်းခုန်ထွက်လိုက်၏။

“ ဟမ့် ... ။ ”

လရောင်အောက်တွင် မြေပုံများ အစီအရီရှိနေသော တောအုပ်အတွင်း ရောက်ရှိ နေသည်ကို သတိထားမိလာသည်။

အချို့နေရာများတွင် မြေမြှုပ်ရန်ပင် နေရာမရှိတော့သဖြင့် အလောင်းနှင့် အရိုးများ စုပုံနေချေပြီ။

အလောင်းအဆီများစွာ မြေပြင်ပေါ် စီးကျလျက် ဆိုးရွားသော အနံ့အသက်များက လေအဝှေ့တွင် ပျံ့နှံ့လာ၏။

“ ဒါ ... ။ ”

ဤမြင်ကွင်းနှင့် အပုတ်ရနံ့များကြောင့် ချက်ချင်းရပ်တန့်လိုက်ကာ ပျို့အန်ချင်စိတ်များ ဝင်ရောက်လာသည်။

“ ရွှပ် ... ။ ”

“ ဝှစ် ... ။ ”

ထိုစဉ် အန္တရာယ် အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် ဘေးဘက်သို့ မဆိုင်းမတွ ရွေ့လျားလိုက်ရ၏။

“ ဘန်း ... ။ ”

အလင်းတစ်လက် မူလသူရပ်နေသော မြေပြင်ပေါ်သို့ထိမှန်သွားကာ ကျောက်သားများ ဖွာလန်ကျဲသွားချေပြီ။

***

All Chapters