အစ်ကိုချင်းဖန် ဒီကိုဘယ်တော့မှ ပြန်မလာနဲ့ ...
Vol. 11 Ch. 130
ချင်းဖန် လျင်မြန်စွာ ရှောင်တိမ်းလျက် ပြန်မော့ကြည့်လိုက်၏။ တစ်ဖက်လူသည်လည်း အံ့သြသောအမူအရာဖြင့် သူ့ထံပြန်ကြည့်သည်။
“ အစ်ကို ချင်းဖန် ... ။ ”
ဤသည်မှာ ပိုင်လျန်းဖြစ်၏။ ချင်ဖန် တစ်ယောက် နားမလည်နိုင်စွာဖြင့် ပိုင်လျန်းကို စိုက်ကြည့်နေလေသည်။
ပိုင်လျန်းမှ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီး လခြမ်းပုံသဏ္ဍာန်ဓားကို သူမ၏ ခါးသို့ပြန်သိမ်းလျက်၊
“ ထွက်သွား ... ဟဲရှလမ်းကို နောက်တစ်ခါဘယ်တော့မှ မလာနဲ့ ... ။ ”
-ဟု ပြောလိုက်သည်။
ချင်းဖန်မှ သူမကို လေးလေးနက်နက် တစ်ချက်ကြည့်၏။ သူ့တွင် မေးခွန်းများစွာ ရှိနေ သော်လည်း အခြေအနေအရ မေးမြန်းရန် အချိန်မရှိတော့ချေ။
“ ခဏလေး ... ။ ”
သို့သော် လှည့်ထွက်ခါနီးတွင် ပိုင်လျန်းတစ်ယောက် ရုတ်တရက် သူ့ကို ဟန့်တားလာပြန်၏။
ချင်းဖန်မှ ပြန်လှည့်ကြည့်လိုက်ရာ ပိုင်လျန်းက ခါးမှအရုပ်နှင့်တူသော အရာတစ်ခု ထုတ်ယူပြီး ကမ်းပေးလိုက်သည်။
ယင်းသည် ကောက်ရိုးများဖြင့် ပြုလုပ်ထားသော အရုပ်သဏ္ဍန်ပုံကြမ်းတစ်ခု ဖြစ်၏။ ထို့နောက် ပိုင်လျန်း၏ မျက်ဝန်းများ တောက်ပလျက်၊
“ ဒါကို ငါပေးချင်နေတာကြာပြီ အချိန်မရခဲ့ဘူး။ ”
-ဟု ရှက်ရွံ့စွာပြောသည်။
ချင်းဖန်တစ်ယောက် အတွေးများဖြင့် ရှုပ်ထွေးလာစဉ် နောက်ပါးထံမှ များပြားလှသော ခြေသံများ ကြားလိုက်ရသည်။
ထို့ကြောင့်ပင် တွေးတောရန် အချိန်မရှိတော့ဘဲ ပိုင်လျန်းလက်မှ ကောက်ရိုး ရုပ်သေးကိုလှမ်းယူပြီ ပြန်လှည့်ပြေးတော့၏။
“ ဝှစ် ... ။ ”
ဆယ်ပေခန့် ပြေးလွှားပြီးတောက် ကောက်ရိုးအရုပ်ကို ကိုင်ထားသောလက်သည် စူးရှသောနာကျင်မှုများ ရုတ်တရက် ခံစားလိုက်ရသဖြင့် ပစ်ချလိုက်သည်။
“ ဟမ့် ... ။ ”
မျက်မှောင်ကြုတ်လျက် လက်ဖဝါးကို ပြန်ငုံ့ကြည့်လိုက်ရာ သွေးစွန်းရာများ ဖြစ်ပေါ် နေတော့သည်။
တစ်ချိန်တည်းမှာပင် လက်ဖဝါးထံမှ ထုံကျင်လျက် လက်မောင်းတစ်လျှောက်ဆီသို့ လျင်မြန်စွာ ကူးစက်လာ၏။
ကောက်ရိုးအရုပ်ထံ ပြန်ကြည့်လိုက်ရာ အရုပ်ပေါ်တွင် ငွေရောင်အပ်များစွာ ထွက်ပေါ် နေသည်ကို မြင်လိုက်ရ၏။ အပ်ထိပ်ဖျားတွင် ပြာလဲ့လဲ့အလင်းများ တောက်ပနေချေပြီ။
“ အဆိပ် ... ။ ”
“ ဝှစ် ... ။ ”
ထိုဝေါဟာရက ချင်းဖန်အတွေးထဲ လှိုင်းလုံးတစ်ခုလို ရိုက်ခတ်လာသဖြင့် ချက်ချင်း ဓားထုတ်ကာ ခုတ်ချပစ်၏။
“ ဒီကောင် ... ။ ”
ထိုမြင်ကွင်းက ဓားဖြင့် အငိုက်ဖမ်း ခုတ်ပိုင်းလာသော ပိုင်လျန်းခမျာ အံ့အားသင့် သွားစေတော့သည်။ ဤလူငယ်သည် ပြတ်သားလွန်း ချေပြီ။
“ ထန် ... ထန် ... ။ ”
ချင်းဖန်တစ်ယောက် နာကျင်မှုကို အံကြိတ်လျက် ပြန်လှည့်ကြည့်ပြီး ပိုင်လျန်း၏ ဓားဖြင့် ခုတ်ပိုင်းလာမှုထံ ပိတ်ဆို့တော့၏။
လက်နက်အချင်းချင်း ထိပ်တိုက်တွေ့ကာ ပိုင်လျန်းလက်ထဲရှိ ဓားရှည်ကြီးထက်ပိုင်းပြတ် သွားလေသည်။
“ ဝိညာဉ်ရေး လက်နက် ... ။ ”
နှစ်ယောက်သား အချင်းချင်း ပြန်ကြည့်လိုက်မိ၏။ ချင်းဖန်မျက်နှာ၌ ချွေးများ အဆက်မပြတ် စီးထွက်လာနေသည်။ ဓားကိုင် လက်သည်ပင် တုန်ခါနေ၏။
ဘယ်လက်မောင်းတစ်လျှောက် ဒဏ်ရာမှသွေးများ စီးကျလျက် မျက်နှာဖြူဖျော့ လာတော့သည်။
ပိုင်လျန်းသည်လည်း ဓားကျိုးကို ဆုပ်ကိုင်လျက် အံအားသင့်စွာဖြင့် ခြေလှမ်း အနည်းငယ် ပြန်ဆုတ်သွား၏။
ချင်းဖန်တစ်ယောက် သိုလှောင်လက်စွပ် အတွင်းမှ နောက်ထပ် အစီရင်စာရွက်တစ်ရွက် အမြန်ထုတ်ယူလျက် အသက်သွင်းကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။
“ ဝုန်း ... ။ ”
မြေပြင်၌ ပေ(၃၀၀)ခန့် မြင့်များသော မီးလျှံတံတိုင်းကြီးတစ်ခု ထွက်ပေါ်လာချေပြီ။ တခဏအတွင်းမှာပင် ချင်းဖန်တစ်ယောက် ပျောက်ကွယ်သွားတော့၏။
နောက်ပါးဆီမှ လိုက်လာသော လူတစ်စုက ရုတ်တရက် မီးလျှံတံတိုင်းကြီးကြောင့် ချက်ချင်း ရပ်တန့်သွားသည်။
“ ဘာဖြစ်တာလဲ ... ။ ”
ပိုင်ရှန်းက ပိုင်လျန်းကို မေးမြန်းလိုက်၏။
“ အဆောင်ရတနာ ... ။ ”
ပိုင်လျန်းမှ ပြန်ဖြေ၏။ လူတိုင်း ထိတ်လန့်သွားသည်။ ပိုင်ရှန်းက မျက်ခုံးပင့်ကာ၊
“ သူ့နောက်မှာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူရှိနိုင်သလား။ ”
-ဟု ခန့်မှန်းရေရွတ်၏။
“ ဖြစ်နိုင်တယ် ... ပြီးတော့ သူ့မှာ ဝိညာဉ်ရေးလက်နက်လည်း ရှိနေတယ်။ ”
“ ဝိညာဉ်ရေး လက်နက်။ ”
ပိုင်ရှန်းနှင့် သွေးလုလင်များမှာ အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။
“ ဒါပေမယ့် စိတ်မပူနဲ့ ... သူ့လက်မောင်း တစ်ဖက် ပြတ်သွားပြီ ... ဒဏ်ရာသွေးမတိတ်ရင် အဝေးကိုပြေးနိုင်တော့မှာ မဟုတ်ဘူး။ ”
“ ဒါဆို လိုက်ကြရအောင် ... ။ ”
ထို့နောက် သွေးလူလင်(၃)ဦး၊ ပိုင်ရှန်းနှင့် ပိုင်လျန်းသည် မီးလျှံတံတိုင်းကို ကွေ့ပတ်လျက် ပြေးလိုက်တော့သည်။
ညသည် အုံ့မှိုင်းပြီး လမင်းကြီးမှာ ကောင်းကင်အထက်၌ မြင့်မားစွာ တွဲလျောင်း ကျနေ၏။
ချင်းဖန်တစ်ယောက် အံကြိတ်ပြီး ဆက်လက် ပြေးလွှားနေသည်။ သူ့လက်မောင်းရှိ ဒဏ်ရာထံ တစ်ချက်ပြန်ကြည့်ကာ ကျောက်စိမ်းပုလင်း တစ်လုံး ထုတ်ယူလိုက်၏။
ထို့နောက် ပုလင်းဖော့စို့ကို သွားဖြင့် ကိုက်ထုတ်လျက်ဒဏ်ရာပေါ် လောင်းချသည်။ အဖြူရောင်အမှုန့်များ ဖုံးလွှမ်းသွား၏။
“ အား ... ။ ”
များမကြာခင် အမှုန့်များဒဏ်ရာထဲ စိမ့်ဝင်သွားပြီး နာကျင်မှုကြောင့် မူးဝေလဲကျ လုနီးပါး ဖြစ်သွားသည်။
“ ဒီနေ့အတွက် တကယ့် သင်ခန်းစာပါပဲ။ ”
ဤမိန်းကလေးသည် သရုပ်ဆောင် ကောင်းလွန်းချေပြီ။ ယခုအချိန်ထိ တွေးမိတိုင်း ကျောရိုးတစ်လျှောက် အေးစက်နေဆဲဖြစ်၏။
ထိုစဉ်က အကယ်၍သာ ပိုင်းရှန်းတို့သည် သူ့ကိုသတ်ရန် ကြံရွယ်ခဲ့မည်ဆိုလျှင်လွန်ခဲ့သော ကာလကပင် သေဆုံးသွားနိုင်မည်။
“ ဟမ့် ... ။ ”
ရုတ်တရက် လမ်းကြောင်းပေါ်၌ အနားယူနေသော လူအုပ်ကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ပြေးသွားမိသည်။
“ သေစမ်း ... ။ ”
သို့သော် ပေပေါင်းများစွာ အကွာတွင် သွေးလုလင်တစ်ယောက် မတ်တပ်ထရပ်ကာ သူ့ထံစိုက်ကြည့်လာသည်ကို သတိထားမိသဖြင့် ချက်ချင်း ဘေးသို့ ရှောင်ပြေးလိုက်ရ၏။
“ လှောင်အိမ်ကွဲသွားပြီ မြန်မြန် သူ့ကိုဖမ်း။ ”
နောက်ပါးမှ လိုက်လာသော ပိုင်ရှန်းက ထိုသွေးလုလင်ထံ အော်ဟစ်ကာ ပြောကြား လိုက်လေသည်။
“ ဝှီး ... ။ ”
သွေးလုလင်က သတိဝင်လာပြီး ကျောက်ခဲအနည်းငယ်ကို ကောက်ယူလျက် ချင်းဖန်ကျောပြင်ထံ ပစ်ခတ်လိုက်၏။
ချင်းဖန်တစ်ယောက် လေတိုးသံကြောင့် ဦးရေပြားများ ယားယံလာကာ အဆောင်ရတနာ တစ်ခုထုတ်ယူပြီး အသက်သွင်းလိုက်၏။
“ ဘန်း ... ။ ”
ဝိညာဉ်ရေးအကာအကွယ် ချက်ချင်း ထွက်ပေါ်လာကာ ကျောက်တုံးကို ဟန့်တားပေး တော့သည်။
“ မင်း လွတ်မြောက်မယ်ထင်လား။ ”
ထိုမျှသော တုန့်ဆိုင်းသွားသည့် အချိန်လေးမှာပင် ပိုင်ရှန်းတို့သည်လည်း လိုက်မီ လာတော့၏။ တစ်ဖက်တွင် ကျောက်တုံးဖြင့် ပတ်ခတ်သော သွေးလုလင်က ကျောက်တုံးများ ထပ်မံကောက်ယူကာ ပစ်ခတ်လာပြန်၏။
“ ဒီကောင့်ကို မလွတ်စေနဲ့ ... ။ ”
“ ဝှီး ... ဝှီး ... ။ ”
ချင်းဖန်တစ်ယောက် ထူးထူးခြားခြား ငြိမ်သက်သွားသည်။ ဘယ်ဘက်လက်မောင်းရှိ ဒဏ်ရာသည် သွေးထွက်လွန်နေသောကြောင့် အားနည်းလာပြီဖြစ်၏။
ဆိုလိုသည်မှာ ဤလူများ လက်မှ လွတ်မြောက်သွားလျှင်ပင် သွေးထွက်လွန်ကာ သေဆုံးနိုင်ချေရှိသည်။ ထို့ကြောင့် အဆိုးဆုံး အခြေအနေ၌ လူအချို့ကို ခေါ်သွားရန် ဆုံးဖြတ်လိုက်၏။
“ ငါတို့ အတူတူသေရအောင်။ ”
“ ဝှီး ... ဝှီး ... ဝှီး ... ။ ”
အံကြိတ်လျက် ရေရွတ်လိုက်စဉ် ဝိညာဉ်ရေးဒိုင်းသည် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သောကြောင့် ကျောက်တုံးများ ရောက်ရှိလာခဲ့သည်။
“ ဟမ့် ... ။ ”
ချင်းဖန်က ယိမ်းနွဲ့ပြီးရှောင်တိမ်းသည်။ သို့တိုင်ကျောက်တုံးအချို့မှာ သူ့ခြေထောက်ကို ထိမှန်လာသေး၏။
“ ဘုတ် ... ။ ”
“ အား ... ။ ”
ဟန်ချက်ပျက်သွားကာ ယိမ်းယိုင် ပြုတ်ကျသွားသည်။ ထိုစဉ် ပိုင်ရှန်းနှင့်အဖွဲ့မှာ လိုက်မီလာပြီဖြစ်၏။
“ မလွတ်စေနဲ့ ... ။ ”
***