← Chapters

မိုးကုပ်စက်ဝိုင်းထံမှ ...

Vol. 11 Ch. 131

မိုးကုပ်စက်ဝိုင်းထံမှ ...

Vol. 11 Ch. 131

ချင်းဖန်ကို မြင်နေရပြီဖြစ်သဖြင့် ပိုင်ရှန်းနှင့်အဖွဲ့မှာ ခဏရပ်ကာ အသက်ဝဝ ရှူလိုက်ကြ၏။

ဤတိရစ္ဆာန်နောက်သို့ လိုက်ရာတွင် လုံးဝအသက်ရှူရန် အချိန်မရခဲ့ချေ။ ချင်းဖန်မှာ လျှင်မြန်လွန်း၏။ ထို့ကြောင့် နာရီဝက်နီးပါး ပြေးလွှားလိုက်ပါခဲ့ရသည်။

လက်ရှိအချိန်၌ တစ်ဖက်လူနှင့် ဆယ်ပေမျှသာ ဝေးကွာခဲ့သဖြင့် အသက်ရှူရန် သတိရလာကြခြင်းဖြစ်သည်။

ရုတ်ချည်း တောအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။ အသက်ရှူသံများ မှတပါး သစ်ရွက်များ တဖျပ်ဖျပ်ခတ်နေသံများသာ ကြားနေရသည်။

တောက်ပသော လရောင်သည် တောအုပ်ပေါ်ဖြန့်ကျက်လျက် ထောင့်တိုင်းကို လင်းစေသည်။ ချင်းဖန်မှ ဆက်မပြေးတော့ဘဲ သစ်ပင်ကြီးတစ်ပင်ကို ကျောကပ်ပြီး ရပ်၏။

လက်မောင်းမှ သွေးများ စီးကျလျက် များစွာအားနည်းနေကြောင်း လူတိုင်းမြင်သည်။ သို့သော် မည်သူမျှ အနားမကပ်ရဲသေးချေ။

သူတို့အားလုံးသည် ချီစုစည်းခြင်း အထွတ်အထိပ်တွင်ဖြစ်ပြီး အရေအတွက်အရ (၆)ဦးတိတိရှိသည်။

တစ်ဖက်လူသည် ကျင့်ကြံမှုအဆင့် နိမ့်ပါးကာ တစ်ဦးတည်းဖြစ်နေသော်ငြားလည်း အဆောင်ရတနာများကို တစ်လမ်းလုံး သုံးပြသွား၏။

ထို့ကြောင့် သူ့တွင် မည်မျှ ကျန်ရှိနေဦးမည်ကို မသိနိုင်သဖြင့် မည်သူမျှ အမြှောက်စာ မဖြစ်လိုချေ။

“ အညံ့ခံပါ ... ငါတို့မင်းကို အမြန်သတ်ပေးမယ်။ ”

ပိုင်းရှန်းမှ လှမ်းတက်ကာ ပြောလိုက်သည်။

“ မယုံဘူး ... ။ ”

ချင်းဖန်မှ အေးစက်စွာ တုန့်ပြန်လျက် ချက်ချင်းထရပ်၏။

“ မင်းငါ့ကို ထပ်ပြီး လှည့်စားချင်နေတာလား။ ”

စကားပြောနေစဉ် သိုလှောင်လက်စွပ်မှ အဆောင်ကို မည်သူမျှ သတိ မထားမိလာစေရန် ဖြည်းညှင်းစွာ ထုတ်ယူပြီး၊

“ ငါ့ရဲ့ စီနီယာအစ်ကိုက ... အရမ်း ထက်မြက်တဲ့သူပဲ ... သူ့ရဲ့ ကျင့်ကြံမှုအရှိန်က မယုံနိုင်လောက်အောင် မြင့်မားပြီး ...

... လက်နက်သန့်စင်ခြင်း၊ ဆေးပြား သန့်စင်ခြင်းနဲ့ အဆောင်ရတနာရေးသားခြင်းမှာ အထူးကျွမ်းကျင်တယ် ... ။ ”

-ဟု ပြောကြားလိုက်သည်။

ပိုင်ရှန်းနှင့် သွေးလုလင်များမှာ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကို ကြည့်နေကြသည်။ ဤကလေးစကားများမှာ မည်သည့်အဓိပ္ပါယ်ကို ဆိုလိုချင်သနည်း။

ထိုစဉ် ပိုင်လျန်းတစ်ယောက် တစ်စုံတစ်ရာကို သဘောပေါက်ကာ မျက်ခုံးပင့် လိုက်သည်။

အဂ္ဂိရတ်ပညာနှင့် လက်နက် သန့်စင်ခြင်းတို့ဟူသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ လုပ်ဆောင်နိုင်သော အရာဖြစ်၏။

“ အရေးကြီးဆုံးက ... လူအများစုက စီနီယာအစ်ကိုကို ငါ့ထက်ပိုချောတယ် မြင်တယ် သူတို့က ဘယ်အရာတွေကို ဘယ်လိုမျိုး တန်ဖိုးထားရမှန်းမသိတဲ့ လူတွေပဲ။ ”

ချင်းဖန်မှ မကျေမနပ်ဖြင့် ဆက်၍ပြောကြားနေသည်။

“ မင်းရူးနေတာလား။ ”

သွေးလုလင် လူ(၆)ဦးသည် နားမလည်နိုင်စွာဖြင့် ချင်းဖန်ထံပြန်ကြည့်ခဲ့၏။ တစ်ဖက်တွင် ချင်းဖန်သည်လည်း စကားပြော လိုက်ရသဖြင့် အသက်ရှူခွင့် ရသွားသည်။

“ ဒါပေမယ့် ... စီနီယာအစ်ကိုက တကယ်တော်ပါတယ် သူ့အမှိုက်တွေအများကြီး ပစ်ထည့်ထားတဲ့ အခန်းထဲဝင်ပြီး ... ငါယူလို့ ရမလားလို့မေးမယ် ...

... စီနီယာအစ်ကိုက ... သူ့အတွက် အသုံးမဝင်လို့ ကိစ္စမရှိဘူး မကောင်းတာလုပ်ဖို့ မသုံးဘူးဆိုရင် မင်းယူသွားလို့ ခွင့်ပေးတယ် ... ။ ”

ထိုနေရာအရောက်တွင် ပိုင်လျန်းသည် မျက်နှာပျက်ယွင်းသွား၏။ ချင်းဖန်ဆိုလိုသော အမှိုက်ဟူသည် မှော်ရတနာကိုရည်ရွယ်ခြင်း ဖြစ်ကြောင်း သူမ သိသည်။

“ ဒါကြောင့် ... ငါအမှိုက်တွေအများကြီး ယူလာတယ် အမှိုက်ဆိုပေမယ့် ရှန်ရှင်းနယ်ပယ် အောက်က ဘယ်သူ့ကိုမဆို ... ထိရောက်တယ် အရေးအကြီးဆုံးက စီနီယာအစ်ကိုရဲ့ စိတ်လိုလက်ရ ပေးခဲ့တာတွေပဲ ...

... အဲဒီထဲမှာမှ ဒီအဆောင်ကို အနီရောင်မီးပင်လယ်လို့ခေါ်တယ် အရမ်း အစွမ်းထက်လွန်းတယ်။ ”

ချင်းဖန်မှ တောက်ပစွာပြုံးလျက် သူထုတ်ယူထားသော စာရွက်တစ်ရွက်ကို ချက်ချင်း မြှောက်ကာယမ်းပြလိုက်၏။

“ စီနီယာ အစ်ကိုက ... မလိုအပ်ရင် မသုံးဖို့သတိပေးခဲ့တယ် ဘာလို့လဲဆိုတော့ ငါ့ခွန်အားနဲ့ ဒါကို မထိန်းချုပ်နိုင်ဘူး ...

... သူ့ကို အသက်သွင်းလိုက်ရင် မီးပင်လယ်ကြီးက သေချာပေါက် ဝါးမြိုလိမ့်မယ် ငါ့အပါအဝင် လူတိုင်း မလွတ်မြောက်နိုင်ဘူး ... သူ့အဆင့်က အဌမတန်း ... ။”

“ အဌမတန်း မှော်ရတနာလား ... ။ ”

လူတိုင်း ထိတ်လန့်ကုန်၏။ ဤသည်မှာ ရှားပါးအဆင့် ရတနာပေပင်။ ထိုမျှသောရတနာ အပေါ် တစ်စုံတစ်ဦးသည် ကိုင်ဆောင် နိုင်သည်လော။

“ ဒီကောင် ဘယ်သူလဲ။ ”

ပိုင်လျန်းမှ မျက်မှောင်ကြုတ်လိုက်၏။ အခြားသူများနှင့်နှိုင်းယှဉ်မည်ဆိုသော် သူမသည် မှော်ရတနာများအကြောင်း ပိုသိသည်။

အဌမတန်း မှော်ရတနာဟူသည် ယွမ်ဖူနယ်ပယ်ကိုပင် ဆိုးရွားစွာ သတ်ပစ်နိုင်၏။ ချင်းဖန်က လူတိုင်း၏ အမူအရာကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ၊

“ စီနီယာအစ်ကို၊ ဆရာနဲ့ မင်ယွဲ့ ငါတို့ထပ်ပြီး တွေ့ဆုံခွင့် ရှိချင်ပါသေးတယ် ... ။ ”

-ဟု ညည်းတွားလျက် ကောင်းကင်ပေါ် မော့ကြည့်ကာ အသက်သွင်းရန် ဆုံးဖြတ်လိုက် တော့သည်။

သို့သော် ချင်းဖန်အမူအရာသည် မသေချာမရေရာဟန်ဖြင့် ကောင်းကင်ကြီးထံ စိုက်ကြည့်နေကာ အဆုံးတွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။

ထိုအမူအရာကြောင့် လူတိုင်း ကောင်းကင်ပေါ် ချက်ချင်းမော့ကြည့်လေသည်။ မိုးကုပ်စက်ဝိုင်းမှ အနီရောင်အစက်တစ်စက် မြင့်တက်လာနေသည်ကို မြင်လိုက်ရ၏။

“ ဒါဘာလဲ ... ။ ”

ယင်းသည် ပိုးစုန်းကြူးတစ်ကောင်နှင့် တူသည်။ သို့သော် များမကြာခင် ခန္ဓာကိုယ်အနှံ့ မီးများတောက်လောင်နေသကဲ့သို့ ရဲရဲနီနေသော ငှက်တစ်ကောင်ဖြစ်နေချေ၏။

သွေးလုလင်များသည် မီးစာငှက်ကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်းဖြစ်လေရာ မှင်သပ်ကုန်ကြသည်။

“ ဖွီး ... ။ ”

ထိုစဉ် မီးစာငှက်သည် အဝေးမှနေ၍ ပါးစပ်ကိုဖွင့်ကာ မီးတောက်များဖြင့် မှုတ်ကာ ပြာချပစ်လိုက်သည်။

မီးစာငှက်သည် ရှန်ရှင်းနယ်ပယ် သားရဲဖြစ်သောကြောင့် ချီစုစည်းခြင်းနယ်ပယ် သခင်(၁၀)ယောက်ကို တစ်ချက်တည်း သတ်နိုင်၏။

“ ကျီး ... ။ ”

မီးစာငှက်က ခေါင်းကိုမော့လျက် စူးရှစွာဟစ်ကျွေးသည်။ ချင်းဖန်တစ်ယောက် စိတ်သက်သာရာ ရသွား၏။ ရွှင်မြူးစွာဖြင့် နှုတ်ဆက်ရန်ပြင်စဉ် လဲကျသွားသည်။

ထို့ကြောင့် ပြန်ထရန် မကြိုးစားတော့ဘဲ ထိုင်လျက်ဖြင့် ကောင်းကင်ပေါ် မျှော်ကြည့်ပြီး၊

“ စီနီယာ အစ်ကို ... ။ ”

-ဟု အော်ဟစ်လိုက်တော့၏။

“ စီနီယာ အစ်ကို ... ။ ”

တိတ်ဆိတ်သော ညယံအတွင်း ထိုအသံသည် ဖြည်းဖြည်းခြင်း ပဲ့တင်သံထပ်ကာ တောအုပ်အတွင်းမှသည် တောင်တန်းများ အပေါ် ပဲ့တင်ကျန်ရစ်သည်။

“ ကျီး ... ။ ”

မီးစာငှက်မှ ထပ်မံအော်မြည်၏။ ချင်းဖန်တစ်‌ယောက် မီးစာငှက်၏ မျက်ဝန်းများ အတွင်းရှိ မထီမဲ့မြင်အငွေ့အသက်များအပေါ် ခံစားမိကာ မျက်နှာပျက်ယွင်းလျက်၊

“ စီနီယာအစ်ကို မလာဘူးလို့ မင်းပြောနေတာလား။ ”

-ဟု မေးလိုက်သည်။

“ ကျီး ... ။ ”

မီးစာငှက်မှ အော်ဟစ်ကာ ခေါင်းညိတ်ပြသည်။ ချင်းဖန်တစ်ယောက် စိတ်ဓာတ်ကျသွား၏။ သို့သော် ချက်ချင်း တစ်စုံတစ်ရာ သတိရလာကာ၊

“ ကံကောင်းတယ် ... စီနီယာအစ်ကိုသာ လိုက်လာရင် ဒီလိုအဖြစ်နဲ့ရင်ဆိုင်ရမှာ တကယ် ရှက်စရာကောင်းတယ် ... ဟမ့် နေဦး မင်းဆီက ရောင်ဝါတိုးလာတာကို ငါခံစားမိတယ် ...

... မင်းတကယ်တော်တဲ့ ကောင်လေးပဲ အရင်က မင်းဒီလောက်အရည်အချင်းရှိလိမ့်မယ် မထင်ခဲ့မိဘူး ... ။ ”

“ ဖရူး ... ဖရူး ... ။ ”

ထိုစဉ်က ပြုတ်စားရန် အတွေးများပင် ရှိခဲ့လေသည်။ မီးစာငှက်က သူ့စကားကြားချိန်၌ ဒေါသအရိပ်အမြွက်များပြသပြီး အတောင်ပံကို တဖြတ်ဖြတ် ခတ်လာသည်။

လေပြင်းများ ချင်းဖန်မျက်နှာကို ဖြတ်တိုက်သွားလေသည်။ ချင်းဖန်သည်သာ သစ်ပင်ကြီးကို ကျောထောက်နောက်ခံ မပြုထားပါက လွင့်စဉ်သွားနိုင်၏။

“ အိုက်ရား ... ငှက်ပေါက်ကလေး မင်းတကယ်ပဲ ယွမ်ဖူနယ်ပယ်အထိ ကြီးပြင်း လာပြီလား။ ”

ချင်းဖန်မှ ရုတ်တရက် သတိထားမိကာ အံ့အားသင့်သွား၏။ မီးစာငှက်က ဝံ့ကြွားစွာဖြင့် ခေါင်းကို မော့ထားချေပြီ။

“ ဟားဟားဟား ... ။ ”

ချင်းဖန်မှ ရယ်လျက် မီးစာငှက်ခေါင်းကို ပွတ်သပ်ကာ၊

“ ဒါဆို စီနီယာအစ်ကို ပြောတာ ... မှန်တာပေါ့ မင်းကြီးထွားတာ အရမ်းမြန်တယ် အဲဒီတုန်းက ငါဗိုက်ထဲ မရောက်တာ ကံကောင်းတယ်။ ”

-ဟု ဆိုလျက် မြေပြင်ရှိ ပြာမှုန်များထံ ငဲ့ကြည့်လိုက်သည်။

မြေပြင်၌ ပြာမှုန်အကြွင်းအကျန် ငါးပုံရှိနေသည်။ ထိုမြင်ကွင်းကြောင့် ချင်းဖန်မှ မျက်မှောင်ကြုတ်သွား၏။

“ တစ်ယောက် ဘယ်ရောက်သွားလဲ။ ”

ဤအရပ်တွင် သွေးလုလင် ငါးဦး၏ ပြာပုံများရှိ၏။ သူ့ နောက်လိုက်လာသူများ အားလုံး (၆)ယောက်ရှိသည်။

“ ဘယ်သူ လွတ်သွားတာလဲ။ ”

ရုတ်တရက် ထက်မြက်လွန်းသော ပိုင်လျန်းအသွင်က အတွေးထဲ ပေါ်လာခဲ့ပြီး မျက်ခုံးပင့်လိုက်တော့၏။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်ကမ္ဘာငယ်အတွင်းရှိ ကျောက်စိမ်းသစ်ခွ ဘေးတွင် တင်ပျဉ်ခွေထိုင်နေသော ကူချန်သည် မျက်လုံးများ ဖြည်းညှင်းစွာဖွင့်လိုက်သည်။

လက်ချောင်းများကို ဖိကပ်လျက် ကောင်းကင်တာအို ပေါင်းစည်းခြင်းနည်းဖြင့် တွက်ချက်ကြည့်၏။

“ ဒီကလေး ဘာဖြစ်သွားတာလဲ။ ”

ထို့နောက် ခေါင်းယမ်းလိုက်ပြီး မျက်လုံးများပြန်မှိတ်ကာ တရားထိုင်လေသည်။ ကျောက်စိမ်းသစ်ခွ၏ မူလကို မသိသော်လည်း ၎င်းဘေးတွင်ကျင့်ကြံခြင်းသည် ကျင့်ကြံမှု အရှိန်က များစွာတိုးစေ၏။

လက်ရှိတွင် သူ့ကျင့်ကြံမှုသည် ယွမ်ဖူနယ်ပယ်တွင် ပြီးပြည့်စုံမှုသို့ ခြေတစ်လှမ်း ဝင်နေပြီဖြစ်သည်။ ခရမ်းရောင် နေမင်းနယ်ပယ် တက်လှမ်းနိုင်ရန် မျှော်လင့်ထားသည်ထက် များစွာစောနိုင်ပေမည်။

***

All Chapters