အခန်း (၉၁)
Vol. 7 Ch. 91
ထိုသို့ဖြင့် ဂူသင်္ချိုင်းဖောက်သူနှစ်ယောက်သည် သန့်စင်ခန်းသို့ ရောက်ရှိခဲ့ကြသည်။
ထို့နောက် ဝမ်ပန်ဇီသည် ကျယ်လောင်သောအသံကြီးဖြင့် ဝူကောကို နံရံထောင့်သို့ တွန်းပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် ။
" ဝူကော မင်းသိလား ?။ ငါတို့ ယွမ်သန်း၃၀၀ တန်ကြေးရှိတဲ့ ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားချပ်ကို လက်လွှတ်ခဲ့ရတာဘဲ…။ "
" နောက်ဆုံးမှာ ငါတို့က ယွမ်သုံးသန်းပဲ ရရှိအောင် လုပ်နိုင်ခဲ့တယ်။ဒါပေမဲ့ အဲ့လောက်ပိုက်ဆံပမာဏက ဒီလက်ရေးလှပန်းချီကားချပ်ရဲ့ တန်ဖိုးကို မကာမိသေးဘူး။ "
" ငါ့ရဲ့ ရင်ထဲမှာ အရမ်းပဲ နာကျင်နေတယ်။ မင်းသိလား ?"
" အဲ့ဒါကို မင်းသိလား ? "
ဝူကောသည် ထုံထိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။
" အဲ့လို မပြောနဲ့။ အခု ငါ ရင်ထဲမှာလည်း မင်းလိုပဲ နာကျင်နေတယ်။ "
ဝမ်ပန်ဇီသည် သူ့၏ရင်ဘတ်ကို ဆုပ်ကိုင်၍ အသံဗျဲကြီးဖြင့် အော်ငိုပြီး ပြောလိုက်သည်။
" ငါအခု အဲ့ဒီအကြောင်းကို စဉ်းစားမိတယ်။ ငါက အရမ်းအဖိုးတန်တဲ့ ရတနာတစ်ခုကို ငါလက်နဲ့ ငါကိုယ်တိုင်အပ်ခဲ့မိတယ်။ ဒါက အရမ်းနာကျင်စရာ
ကောင်းတယ်။ ပြီးတော့ အသက်ေတာင် မရှုနိုင်တော့လောက်အောင်ကို ငါ နာကျင်ရတယ်။ "
" ငါတို့ရဲ့ရတနာသိုလှောင်ခန်းမှာတောင် ဒီပစ္စည်းနဲ့ တန်ဖိုးချင်းယှဉ်နိုင်တဲ့ ပစ္စည်းအနည်းငယ်ပဲရှိတယ်။ငါတို့ ဂူသင်္ချိုင်းဘယ်လောက်များများကို ဖောက်ခဲ့ရလဲ ?။ ပြီးတော့ ဒီလိုပစ္စည်းကောင်းမျိုးကို ရှာတွေ့ဖိုအတွက် ငါတို့ ဂူသင်္ချိုင်း ဘယ်လောက်များများကို တူးဖော်ခဲ့ရလဲ ?"
" ဒါပေမဲ့ ငါက ဒီအတိုင်းပဲ လွှဲပေးခဲ့မိတယ်။ဒါက တစ်ယောက်ယောက်က ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေကို ဖောက်ထုတ်နေသလိုဘဲ။"
" ငါ့ရဲ့ ခံစားချက်ကို မင်း နားလည်လား ? "
ဝူကောသည် ထုံထိုင်းသောအမူအရာဖြင့် ခေါင်းညိတ်ပြခဲ့သည်။
" အဲ့ခံစားချက်ကို ငါလည်း ကောင်းကောင်း နားလည်တယ်။"
ဝမ်ပန်ဇီသည် နောက်ထပ်ကျယ်လောင်သောအသံကြီးဖြင့် ဝူကောကို နံရံထောင့်သို့ ထပ်မံ၍ တွန်းပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ဝူကော ၊ မင်းမှာ အဲ့ဒီလက်ရေးလှပန်းချီကားချပ်ကို ပြန်ယူနိုင်မယ့် နည်းလမ်းရှိလား ? ။ အကယ်၍ မင်း ပိုက်ဆံနည်းနည်းဆုံးရှုံးရရင်တောင် ကြိုးစားကြည့်ပါလား ? "
" မင်းမှာ လင်ပေ့ဖန်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ရှိပုံရတယ်။ မင်း ပြောတဲ့စကားကို သူ နားထောင်ရင် နားထောင်လိမ့်မယ်။ "
" ဝူကော ၊မင်း ငါပြောတာကို နည်းနည်းတောင် မတုံ့ပြန်ဘူးလား ? "
" ငါပြောတဲ့စကားက မဖြစ်နိုင်လို့လား ? "
" ဝူကော ကျေးဇူးပြုပြီး၊ငါ မင်းကို တောင်းဆိုနေတာပါ။ "
ဝူကောသည် ဝမ်ပန်ဇီကို ထုံထိုင်းသောအမူအဖြင့် ကြည့်ပြီး ပြောလိုက်သည်။
" ဘာကြောင့်လဲ ?။ ဒါက ရောင်းပြီးသွားပြီလေ။ အကယ်၍ သူ့နေရာမှာ မင်းဆိုရင်ရော ၊ အဲ့ပစ္စည်းကို ပြန်ပေးဖို့ ဆန္ဒရှိမှာလား ? "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝမ်ပန်ဇီသည် သူ့၏ လက်များဖြင့် နံရံကို ထုလိုက်သည်။ထို့နောက် အတော်လေး နောင်တရပြီး နာကျင်သောအမူအရာဖြင့် နောက်တစ်ကြိမ် ကျယ်လောင်စွာအော်ငိုခဲ့ပြန်သည်။
" ငါတို့က ငါတို့ရဲ့ ပစ္စည်းတစ်ခုထဲကို ဆုံးရှုံးခဲ့ရတာမဟုတ်ဘူး။ ငါတို့ရဲ့ ပိုက်ဆံအများကြီးကိုလည်း ဆုံးရှုံးခဲ့ရတယ်။ပြီးတော့ ဒါက ယွမ်သန်း၃၀၀ကျော်တောင်…။ အဲ့လောက်ပိုက်ဆံအများကြီးကို ငါဘဝမှာ ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ရဖူးဘူး။ ဒါကြောင့် ငါ ဒီကိစ္စကို ဒီအတိုင်းမထားပေးနိုင်ဘူး။ "
" ငါ အခု တကယ့်ကို သေချင်တယ်။ ငါ တကယ်ပဲ သေချင်တယ်။ "
ဝူကောသည် သက်ပြင်းချပြီး အားနည်းသောအမူအရာဖြင့် နှစ်သိမ့်ခဲ့သည်။
" အရမ်းမတွေးနဲ့ ။ ဒီပစ္စည်းက ငါတို့က လက်ထဲမှာ အချိန်အကြာကြီး ရှိနေတာကို ငါတို့ မသိခဲ့ဘူးမလား ?။ ဒါကြောင့် ဒီပစ္စည်းက ငါတို့နဲ့ ကံမပါတာ ဖြစ်နိုင်တယ်။ ဒီပစ္စည်းကို ငါတို့ ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်ကြရအောင် ။ "
" ဒါပေမဲ့ ငါတို့ တစ်ကြိမ်ပိုင်ဆိုင်ခဲ့တယ်လေ။ " ဟု ဝမ်ပန်ဇီက သွားကြိတ်ပြီး ရှုံ့မဲ့သောအမူအရာဖြင့် ပြောလိုက်သည်။
ဝူကောသည် သတ်ပြင်းချပြီး ဝမ်ပန်ဇီကို ပြောလိုက်ပြန်သည်။
" ပန်ဇီ ၊ ဒီအကြောင်းမတွေးနဲ့တော့။ ဒါကကိစ္စကြီးတခုမဟုတ်ဘူး။ ငါတို့အနာဂတ်မှာ ဂူသင်္ချိုင်းတွေကို ပိုပြီးတော့ဖောက်လိုက်ရင် နောက်ဆုံးမှာ ပစ္စည်းကောင်းတစ်ခုခုကို ရှာတွေ့မှာသေချာဘဲ။"
ဝမ်ပန်ဇီက မှောင်မှိုင်းသောအမူအရာဖြင့် ပြန်ပြောလိုက်သည်။
" ကောင်းပြီ ၊ ငါတို့ရဲ့ဆုံးရှုံးမှုအတွက် မင်းငါ့ကိုကူညီပြီး ဂူသင်္ချိုင်းဆယ်လုံးကို ဖောက်ပေးရမယ်။ မင်းဒါကို သဘောမတူဘူးဆိုရင် ငါမင်းကို ဒီအတိုင်းလွှတ် ပေးမှာမဟုတ်ဘူး။ အကယ်၍ ငါသရဲဖြစ်သွားရင်တောင် ငါမင်းကို နေ့တိုင်း ခြောက်နေမယ်။ "
ဝူကောက ဟာသတစ်ဝက်နှော၍ ပြန်ပြောလိုက်သည်။
" မင်း သရဲ ဖြစ်မယ့်အစား ၊ဘာလို့ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်မဖြစ်လာတာလဲ ? "
" အန်တီလျူလို့လား ? " ဟု ဝမ်ပန်ဇီက ဝူကောကို ပြန်စခဲ့သည်။
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကော၏ မျက်နှာသည် ချက်ချင်းပဲ မည်းမှောင်သွားခဲ့သည်။
" ထွက်သွား "
ထို့နောက် သူတို့နှစ်ယောက်သည် သူတို့၏ မျက်နှာများကို သစ်ပြီးနောက် သူတို့ရဲ့ စိတ်အခြေအနေက အနည်းငယ် တိုးတက်လာခဲ့သည်။
ဒါပေမဲ့လည်း သူတို့ လင်ပေ့ဖန်နှင့် တွေ့ဆုံခဲ့ချိန်၌ ထပ်ပြီးတော့ စိတ်ဒဏ်ရာရခဲ့သည်။
" အစ်ကိုဝူ ဒီကိုလာ ၊ငါမင်းကို ပြောစရာတစ်ခုရှိတယ်။ "
" ဘော့စ်လင် ၊ ဘာကိစ္စလဲ ? ။ " ဟု ဝူကောသည် တည်ငြိမ်သောအမူအရာဖြင့် လမ်းလျှောက်လာပြီး လင်ပေ့ဖန်ကို မေးလိုက်သည်။
လင်ပေ့ဖန်သည် ပြုံးပြလိုက်ပြီး ဝူကောရဲ့ နား နားကပ်၍ ပြောလိုက်သည်။
" အစ်ကိုဝူ ၊ မင်းသိလား ? ။ အခုလေးတင်ပဲ မင်းတို့ ဒီနေရာမှာမရှိတုန်း လောင်စွန်းက ဈေးနှုန်းကို ထပ်တိုးမြင့်ပေးခဲ့တယ်။ သူက ယွမ်သန်းလေးရာတောင် တိုးမြင့်ပေးခဲ့တာ…။ ဒါက အမှန်တကယ်ကို မြင့်မားတဲ့ စျေးနှုန်းတစ်ခုပဲ။ "
" အ……"
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဂူသင်္ချိုင်းဖောက်သူနှစ်ယောက်သည် သူတို့ရဲ့ ရင်ဘတ်ကို ပြိုင်တူဆုပ်ကိုင်ခဲ့သည်။
သူတို့နှစ်ယောက်သည် သူတို့ရဲ့ ဒဏ်ရာတွေ ပြန်ပွင့်လာသလို ခံစားခဲ့ရသည်။
" ဒါပေမဲ့ ငါသူ့ကို မရောင်းခဲ့ဘူး။ "
ထို့နောက် လင်ပေ့ဖန်သည် မာန်တက်သောအမူအရာဖြင့် ပြောလိုက်သည်။
" ဒီဧကရာဇ် ဆောင်ဟွေကျုံရဲ့ သေးသွယ်တဲ့ရွှေလက်ရေးလှရေးနည်းနဲ့ ရေးထားတဲ့ လက်ရေးလှက အမှန်တကယ်ကို အဖိုးတန်တယ်။ ဒါက ပြည့်စုံတဲ့ အခြေအနေမျိုးမှာ ထိန်းသိမ်းထားတဲ့ ၊ကမ္ဘာပေါ်မှာတစ်ခုတည်းရှိတဲ့ လက်ရေးလှ ပန်းချီကားချပ်အစစ်ပဲ။ ဒါ့အပြင် ဒီလက်ရေးလှပန်းချီကားချပ်ရဲ့ တန်ဖိုးက မတိုင်းတာနိုင်ဘူး။ ပြီးတော့ ဒါကို အစ်ကိုဝူကိုယ်တိုင် ငါ့ကို ရွေးပေးခဲ့တာလေ။ ဒါကြောင့် ဒီလက်ရေးလှပန်းချီကားကို ငါ ပိုပြီးတောင် တန်ဖိုးထားသင့်တယ်လို့ မင်းရော ထင်တယ်မလား ? "
" အ….."
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဂူသင်္ချိုင်း ဖောက်သူနှစ်ယောက်သည် သူတို့ရဲ့ ရင်ဘတ်ကို တင်းကျပ်စွာဖြင့် နောက်တစ်ကြိမ် ဆုပ်ကိုင်ခဲ့သည်။
ထိုအရာက သူတို့ရဲ့ ရင်ဘတ်ထဲကနေ သွေးတွေ ထွက်လာနေသလိုမျိုး ခံစားခဲ့ရသည်။
လောင်စွန်းသည် ထိုလက်ရေးလှပန်းချီကားချပ်ကို မြတ်နိုးစွာဖြင့် ကြည့်ပြီး နောင်တကြီးစွာရသော အမူအရာဖြင့် ပြောလိုက်သည်။
" အကယ်၍ ငါသာ ကြိုသိခဲ့ရင် ငါ ဒီဆိုင်ကို အစောကြီးကတည်းက လာခဲ့မှာ။ ဒါဆိုရင် ဒီလက်ရေးလှပန်းချီကားချပ်က မင်းလက်ထဲကို ရောက်သွားမှာ မဟုတ်တော့ဘူး။ "
" ဒါတွေအားလုံးက ဒီမှာရှိတဲ့ ငါ့အစ်ကိုဝူရဲ့ ကျေးဇူးေတွကြောင့်ပဲ။"
ထို့နောက် လင်ပေ့ဖန်သည် စိတ်လှုပ်ရှားစွာဖြင့် ဝူကော၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
" ဒါကို သူက ကျွန်တော့်ကို ဝယ်ခိုင်းခဲ့တာ ။ ပြီးတော့ ဒီလက်ရေးလှပန်းချီကားချပ်ကို ကျွန်တော်ဝယ်ရင် အရှုံးပေါ်မှာ မဟုတ်ဘူးလို့ သူ ကျွန်တော့်ကို ပြောခဲ့တယ်။ အခုတော့ ကျွန်တော်တို့ ပိုက်ဆံမဆုံးရှုံးတဲ့အပြင် ပိုက်ဆံ သန်းရာဂဏန်းလောက်ကိုတောင် ကျွန်တော်တို့ ရှာနိုင်ခဲ့သေးတယ်။ သူက ကျွန်တော့်ရဲ့ ကံကောင်းစေတဲ့ ကြယ်တစ်ပွင့်ပဲ ။ ဟား…ဟား ။ "
" အ …... "
ဂူသင်္ချိုင်းဖောက်သူနှစ်ယောက်သည် သူတို့၏ ရင်ဘတ်ကို တတိယအကြိမ်ဆုပ်ကိုင်ခဲ့သည်။
ထိုခံစားမှုက သူတို့၏ နှလုံးသားတောင် အေးစက်သွားသလို ခံစားခဲ့ရသည်။
ထိုအေးစက်မှုက ဂူသင်္ချိုင်းထဲအတွင်းရှိ အေးစိမ့်စိမ့်အပူချိန်ထက်တောင်မှ ပိုပြီးတော့ အေးစက်နေသေးသည်။
ထို့ကြောင့် ဝူကောသည် နာကျင်သောအမူအရာဖြင့် ပြောလိုက်သည်။
" မစ္စတာလင် ၊ ကျွန်တော် သန့်စင်ခန်းသွားချင်တယ်။ "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လင်ပေ့ဖန်သည် ပဟေဠိဖြစ်သွားခဲ့သည်။
" မင်း ခုနကပဲ သန့်စင်ခန်းကနေ ပြန်လာခဲ့တာမဟုတ်ဘူးလား ?။ ဘာလို့ မင်းနောက်တစ်ခေါက် ထပ်သွားချင်ရတာလဲ ? "
" ငါ ခဏ ငိုချင်လို့ပါ "
" အာ? "
ဝူကောသည် ချက်ချင်းပဲ ပြန်ပြောင်းပြောလိုက်သည်။
" ခုနက ကျွန်တော့့်ကိစ္စကို ပြီးအောင်မရှင်းရသေးဘူး။ ဒါကြောင့် သန့်စင်ခန်းကို ကျွန်တော်ထပ်သွားရတာဘဲ။ "
လင်ပေ့ဖန်သည် သူ့၏ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
" သွားပါ "
ထို့နောက် ဝူကောသည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်၍ နာကျင်သောအမူအရာဖြင့် ထွက်ခွာသွားခဲ့သည်။
ဝမ်ပန်ဇီသည်လည်း သူ့၏ ရင်ဘတ်ကို ဆုပ်ကိုင်ပြီး ဝူကောနောက်ကို ပြေးလိုက်၍ ပြောလိုက်သည် ။
" ငါလည်း မပြီးသေးဘူး။ ငါ မင်းနဲ့ အတူတူလိုက်မယ်။ "
ခဏကြာငိုပြီးနောက်တွင် သူတို့နှစ်ယောက်သည် ပုံမှန်ဖြစ်သော အမူအရာဖြင့် ပြန်လာခဲ့သည်။
ထိုအချိန်တွင် လောင်စွန်းသည်လည်း လက်ရေးလှပန်းချီကားချပ်ကို စစ်ဆေးပြီးခဲ့သည်။ထို့နောက်သူသည် လက်ရေးလှပန်းချီကားချပ်ကိုသေတ္တာထဲသို့ ပြန်ထဲလိုက်ပြီး လင်ပေ့ဖန်ကို တုံ့ဆိုင်းစွာဖြင့် ပြန်ပေးခဲ့သည်။
ထိုအခါမှာ ဝူကောနှင့် ဝမ်ပန်ဇီတို့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီး အသက်ကောင်းကောင်းရှုနိုင်ခဲ့သည်။
ဒါက နောက်ဆုံးတော့ ပြီသွားပြီပဲ…….။
" အစ်ကိုဝူ ၊ မင်းပြန်လာပြီလား ? ။ ဒါဆိုရင် ငါတို့ ရတနာတွေကို ဆက်ရွေးလိုက်ကြရအောင်။ ငါတို့ ပစ္စည်းကောင်းတစ်ခုခုကို ရှာတွေ့လိမ့်မယ်လို့ ငါစိတ်ထဲမှာ ခံစားနေရတယ်။ "
ဝူကောသည် ခေါင်းညိတ်ပြီး သဘောတူခဲ့သည်။
ထို့နောက် လင်ပေ့ဖန်သည် အော်ပြောလိုက်သည်။
" သူဌေး ၊မင်းဆိုင်မှာ ရှိတဲ့ ပစ္စည်းကောင်လေးတွေ ယူထုတ်လာပေးပါ။ "
" ကောင်းပြီ ၊ ငါ မင်းတို့ကို နောက်ထပ်ပစ္စည်းကောင်းလေးတွေ ပြမယ်။ "
ထို့နောက် ဝမ်ပန်ဇီသည် ကြီးမားတဲ့သေတ္တာတစ်ခုကိုယူထုတ်လာခဲ့ပြီး ဖွင့်ခဲ့သည်။အထဲတွင် ကြေးနီဖြင့် ပြုလုပ်ထားပုံရသည့် အရမ်းရှေးကျပြီး ခမ်းနားထည်ဝါတဲ့ ခွက်ပုံစံနှင့် တူသည့် ပစ္စည်း၉ခုရှိနေခဲ့သည်။
" ဒါကဘာလဲ ? "
လောင်စွန်းက ရှင်းပြခဲ့သည်။
"ဒါက ချန်ဇုံဘဲ "
လူတိုင်းက ပိုပြီးတော့တောင်မှ ပဟေဠိဖြစ်သွားခဲ့သည်။
" အဲ့ဒါက ဘာကို ဆိုလိုတာလဲ ? "
" တကယ်တော့ ဝိုင်ခွက်တွေကို ဆိုလိုတာဘဲ။ အထူးသဖြင့် ဇုံက ဝိုင်ခွက်တွေကို ရည်ညွှန်းတယ်။ ချန်ကတော့ ဘုရင် နဲ့ ဝန်ကြီးအဆင့်တွေအတွက် အရက်သောက်ရာမှာ အသုံးပြုခဲ့တဲ့ ခွက်တွေကို ဆိုလိုတာဘဲ။ ဒီ စကားလုံးနှစ်လုံးကို ပေါင်းစပ်လိုက်ရင် ၊ဒါက ရှေးခေတ် သောက်စရာထည့်တဲ့ ခွက်အစုံကို ရည်ညွှန်းတာဖြစ်သွားတယ်။ "ဟု လောင်စွန်းက ပြောလိုက်သည်။
ထို့နောက် လောင်စွန်းက အသေးစိတ် ရှင်းပြခဲ့သည်။
" တောင်ပိုင်း နဲ့ မြောက်ပိုင်း မင်းဆက်တွေ ကြားမှာ တိုတောင်းတဲ့ မင်းဆက်တစ်ခုရှိခဲ့သေးတယ်။ အဲ့ဒီမင်းဆက်ရဲ့ ဘုရင်က အရက်သောက်ခြင်း နဲ့ ပျော်ပွဲရွှင်ပွဲကို အရမ်းပဲ နှစ်သက်ခဲ့တယ်။ ဒါကြောင့် သူ့အရက်သောက်ဖို့အတွက် ရွှေနဲ့ ဝိုင်ခွက်တစ်စုံကို ပြုလုပ်ခိုင်းခဲ့တယ်။ ခွက်စုစုပေါင်းကတော့ ငါးခွက်ရှိတယ်။ သူက အဲ့ဒီခွက်တွေကို ဝမ်ဇုံလို့ အမည်ပေးခဲ့တယ်။ "
" ပြီးတော့ သူက သူ့ရဲ့ဝန်ကြီးတွေကို အနိုင်ယူဖို့အတွက် ကြေးနီဖြင့် ဝိုင်ခွက် ၉၅ခွက်ကိုလည်း ပြုလုပ်ခိုင်းခဲ့တယ်။ သူက သူ့အပေါ် သစ္စာအရှိဆုံးလက်ေအာက်ငယ်သားတွေကို အဲ့ဒီဝိုင်ခွက် တွေဆုချခဲ့တယ်။ အဲ့ဒီကြေးနီဝိုင်းခွက်အစုံကိုတော့ ချန်ဇုံလို့ ခေါ်တယ်။ "
" ဒါပေမဲ့ မကြာခင်မှာဘဲ အဲ့ဒီမင်းဆက်က မြန်မြန်ဆန်ဆန်ပဲ ပျက်သုန်းခဲ့ရတယ်။ အဲ့ဒီဝမ်ဇုံ နဲ့ ချန်ဇုံ လို့ခေါ်တဲ့ ဝိုင်ခွက်တွေကတော့ စစ်ပွဲဒဏ်ကြောင့် အချို့ခွက်ေတွက ထိခိုက်ပြီးတော့ အချို့ခွက်တွေက ပျောက်ဆုံးသွားခဲ့တယ်။ အခုခေတ်မှာ အဲ့ဒီဝိုင်ခွက်တွေက နည်းနည်းပဲကျန်တော့တယ်။ ဒီနေ့ ချန်ဇုံငါးခုကို မြင်တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ "
ဝမ်ပန်ဇီသည် လောင်စွန်းကို လက်မထောင်ပြပြီး ပြောလိုက်သည်။
" လောင်စွန်း ၊မင်းမှာ အမြင်ကောင်းရှိတာဘဲ။ "
" ဒါဆိုရင် ဒီခွက်တွေက အရမ်းပဲ အဖိုးတန်တာလား ? “