အခန်း (၉၇)
Vol. 7 Ch. 97
" ဘော့စ်လင် ကျွန်တော်က ပညာမတတ်ဘူး။ ပြီးတော့ သန့်ရှင်းရေးအလုပ်ကိုလည်း တစ်သက်လုံး မလုပ်နိုင်ဘူး။ ဘော့စ်လင်က ငွေရေးကြေးရေးရင်းနှီးမြှုပ်နှံမှုမှာ ဩချရလောက်အောင် တော်တယ်လို့ ကျွန်တော်ကြားမိတယ်။ ဒါကြောင့် ဘော့စ်လင် စီကနေ ကျွန်တော်သင်ယူချင်ပါတယ်။ " ဟု ဝူကောက ပြောလိုက်သည်။
ဒါက ဖြစ်နိုင်ပါ့မလား …...?
ထိုအရာက သူ့စိတ်ထဲတွင် ချက်ချင်းပေါ်လာသည့် အကြောင်းပြချက်ပဲ ဖြစ်သည်။
ထိုနည်းလမ်းကပဲ သူသည် လင်ပေ့ဖန်နှင့် နီးနီးကပ်ကပ်နေနိုင်ပြီး အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်အမျိုးမျိုးကို သူ့စီကနေ ရရှိနိုင်လိမ့်မည်ဖြစ်သည်။
အခုအချိန်၌ သူသည် လင်ပေ့ဖန်၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိနေခဲ့တာကြောင့် သူ တောင်းဆိုတာကို လင်ပေ့ဖန်လက်ခံမည်မှာ အသေအချာပဲဖြစ်သည်။
အရာရာတိုင်းက သူမျှော်လင့်ထားသည့်အတိုင်းပဲ ဖြစ်လာခဲ့သည်။
ထို့နောက် လင်ပေ့ဖန် ခေါင်းညိတ်ပြီး ပြောတာကို သူမြင်ခဲ့သည်။
" မင်းပြောတာ သွေးထွက်အောင် မှန်တယ်။ မင်းလို ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်က သန့်ရှင်းရေးအလုပ်ကို အမြဲတမ်းမလုပ်နိုင်ဘူး။ မင်း အဲ့လိုလုပ်ဖို့ဆန္ဒရှိရင်တောင် ငါကတော့ သဘောမတူဘူး။ ကောင်းပြီ ၊ မင်း ငါ့ဆီကနေငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းပညာတွေကို သင်ယူချင်တယ်ဆိုတော့ ငါ မင်းကို သင်ပေးမယ်။ ဒါပေမဲ့ မင်း သင်ယူနိုင်လား ၊မသင်ယူနိုင်ဘူးလားဆိုတာကတော့ မင်း အပေါ်မှာပဲ မူတည်တယ်။ "
ဝူကောသည် အလွန် ပျော်ရွှင်သွားခဲ့သည်။သူ့အစီအစဉ်က တကယ်အောင်မြင်သွားခဲ့ပြီဖြစ်သည်။
သူဆုံးရှုံးခဲ့တဲ့ ဘီလီယံပေါင်းများစွာကလည်း အချည်းအနှီးမဖြစ်ခဲ့ပေ။
" ဒါပေမဲ့ ဘဏ္ဍာရေးကို လေ့လာရတာက မလွယ်ကူဘူး။ ဒါက အလုပ်ကြိုးစားရုံနဲ့ မရဘူး။ မင်းမှာ အရည်အချင်းလည်း ရှိရမယ်။ ဒီနယ်ပယ်မှာ မင်းရဲ့စွမ်းရည်ကို ငါ အရင် စမ်းသပ်ကြည့်မယ်။ "
" ဘော့စ်လင် ၊ကျေးဇူးပြုပြီး ကျွန်တော့်ကို စမ်းသပ်ပေးပါ " ဟု ပြောပြီးနောက် ဝူကောက ခါးကိုမတ်မတ်ထား၍ ထိုင်ခဲ့သည်။
" ဘဏ္ဍာရေးက စီးပွားရေးနဲ့ အတော်လေးကို နီးနီးစပ်စပ် ဆက်စပ်နေတယ်။ အကယ်၍ မင်းက စီးပွားရေးရဲ့ ရွှေ့ကွက်ကို နားလည်ရင် ဘဏ္ဍာရေးကိုလည်း ကောင်းကောင်းနားလည်လိမ့်မယ်။ ငါတို့ကုမ္ပဏီက real industry (က ဘာလဲဗျသိတဲ့လူတွေ ပြောပြပေးပါဦးဗျ ) ကို ဝင်ရောက်ဖို့အတွက် ပြင်ဆင်နေတယ်။ ဒါကြောင့် အစ်ကိုဝူ ငါ မင်းကို မေးမယ် ။ မင်းမှာ ငွေအမြောက်အမြားရှိရင် ၊ ဘယ်လုပ်ငန်းကို ရင်းနှီးမြှုပ်နှံသင့်တယ်လို့ မင်းထင်လဲ ? ။ " ဟု လင်ပေ့ဖန်က ဝူကောကို မေးလိုက်သည်။
ထိုအရာက သူ့အတွက်တော့ အခွင့်အရေးတစ်ရပ်ပဲဖြစ်သည်။သူသည် ထိုအခွင့်အရေးကို အသုံးချ၍ သူ့ရဲ့ စွမ်းရည်များကို ပြသနိုင်သည်။ထို့ပြင် ဒီအခွင့်အရေးက သူ့အတွက်တော့ လင်ပေ့ဖန်ကို ရှုံးနှိမ့်မှုဆီသို့ ဦးတည်စေနိုင်သည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။
ဝူကောသည် တက်ကြွလာခဲ့သည်။
" ကျွန်တော်ဆိုရင်တော့ ပညာရေးလုပ်ငန်းကို အရင်ဆုံး ရွေးချယ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မိဘတွေက သူတို့ ဘယ်လောက်ပဲ ဆင်းရဲပြီးတော့ ခက်ခဲပင်ပန်းပါစေ သူတို့ရဲ့ သားသမီးတွေကိုတော့ သူတို့လို မခံစားစေချင်ဘူး။ ဒါကြောင့် အခုခေတ်မိဘတွေက သူတို့သားသမီးတွေရဲ့ ပညာရေးကို အရမ်းပဲ တန်ဖိုးထားတယ်။ "
ထို့နောက် ဝူကောသည် စတင်ပြီး ပလာတာဖုတ်တော့သည်။
လင်ပေ့ဖန်သည် ဝူကောရှင်းပြတဲ့ စကားတွေကို ပိုပြီးတော့ ရင်းနှီးလာခဲ့သည်။
ထိုစကားတွေက အရင်တုန်းက စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန် သူ့ကို ဂျင်းထည့်ခဲ့သည့် တူညီသော စကားတွေ မဟုတ်ပါလော …?
ထို့ပြင် သူတို့ပြောသည့် စကားကလည်း တစ်လုံးတောင် မပြောင်းလဲခဲ့ပေ။
" ဒါအမှန်ပဲ "
ထို့နောက် လင်ပေ့ဖန်သည် အပြုံးတစ်ပွင့်ဖြင့် မေးမြန်းခဲ့သည်။
" တစ်ခြား ရှိသေးလား ? "
" တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းကလည်း ကောင်းတယ်။ "
လင်ပေ့ဖန် : …
ဝူကောသည် ဆက်လက်ပြီး ပလာတာဖုတ်နေခဲ့သည်။
" တစ်ခြား ရှိသေးလား ? "
" ဂိမ်းမင်း လုပ်ငန်းတွေကလည်း အလားအလာကောင်းတယ်။ ပြီးတော့ မင်း အဲ့ဒီလုပ်ငန်းကနေ skinတွေလည်း ရောင်းလို့ရတယ်။ "
ထို့နောက် ဝူကောသည် ဆက်လက်ပြီး လေပစ်ခဲ့သည်။
လင်ပေ့ဖန်သည် ဝူကောပြောတာကို ပိုပြီးတော့ နားထောင်လေလေ ၊ ပိုပြီးတော့ စကားမပြောနိုင်လေလေဖြစ်သည်။
ထိုလုပ်ငန်းများက ဒီမတိုင်ခင် ရဲ့ရှင်းချန် သူ့ကို အကြံပြုခဲ့သည့် လုပ်ငန်းများ ဖြစ်သည်။
ထိုလုပ်ငန်းများတွင် တူညီသော လက္ခဏာရပ်တစ်ရပ်ရှိသည်။ ၎င်းတို့သည် အခုချိန်၌ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပုံရသော်လည်း မူဝါဒဆိုင်ရာ အကြောင်းပြချက်များကြောင့် ၎င်းလုပ်ငန်းများက အနာဂတ်မှာ ရုတ်တရက် ပြိုလဲသွားလိမ့်မည်ဖြစ်သည်။
မင်းတို့ ဇာတ်လိုက်တွေက ငါ့ကို လှည့်စားဖို့အတွက်တစ်ခြားကွဲပြားခြားနားတဲ့ လှည့်ကွက်တွေကို မသုံးနိုင်ဘူးလား …?
တီထွင်ဖန်တီးနိုင်စွမ်း လုံးဝ မရှိဘူး။
လင်ပေ့ဖန်သည် စိတ်လှုပ်ရှားစွာဖြင့် နားထောင်ပြီး ပြောလိုက်သည်။
" အစ်ကိုဝူ ၊ မင်းက တကယ့်ကို အံ့ဩစရာကောင်းတယ်။ မင်းရဲ့အမြင်က ငါ့သူငယ်ချင်း ရဲ့ရှင်းချန်ရဲ့ အမြင်နဲ့ တူညီလုနီးပါးဘဲ။ အခုတော့ သူက ငါတို့ကုမ္ပဏီမှာ ထိပ်တန်း ကုန်သည်တစ်ယောက် ဖြစ်နေပြီ။ ဒါကြောင့် ဒီနယ်ပယ်မှာ မင်းရဲ့အရည်အချင်းက သူ့လိုပဲ ထက်မြက်ကြောင်း ပြသနေတယ်။ "
ဝူကောသည် ကျိုးနွံစွာဖြင့် သူ့ခေါင်းအနောက်ဘက်ကို ကုတ်ပြီး ပြောလိုက်သည်။
" ဘော့စ်လင် ၊ မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီအတိုင်းပဲ ပြောလိုက်တာပါ။ ကျွန်တော် ၊မန်နေဂျာ ရဲ့ နဲ့ နှိုင်းယှဉ်ဖို့က အဝေးကြီးလိုပါသေးတယ်။ "
သူသည် အပေါ်ယံတွင် နှိမ့်ချပုံ ပေါ်နေပေမဲ့လည်း သူ့ရဲ့ စိတ်ထဲမှာတော့ အထင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ရဲ့ရှင်းချန် မင်းက ဒီထောင်ချောက်ထဲကို ကျသွားတယ်ပေါ့လေ..။
ကြည့်ရတာ မင်းက သိပ်အထင်ကြီးစရာ မကောင်းတဲ့ပုံဘဲ…။
အများဆုံး မင်းက ကိုယ်ခံပညာရှင်တစ်ယောက်သာသာပါဘဲ ….
လင်ပေ့ဖန်သည် သူ့ခေါင်းကို ခါရမ်းပြီး အပြုံးဖြင့် ပြောလိုက်သည်။
" အစ်ကိုဝူ ၊ မင်း နှိမ့်ချဖို့ မလိုပါဘူး။ မင်းက ဒီနယ်ပယ်မှာ တကယ်အရည်အချင်းရှိတယ်။ မင်း ငါ့ကို ရတနာတွေ ကူရှာပေးကတည်းက ငါ မြင်ခဲ့တာ။ "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် အရမ်း ပျော်ရွှင်သွားခဲ့သည်။
" ဘော့စ်လင် ၊ ကျွန်တော် အခု မင်းဆီကနေ သင်ယူလို့ ရပြီလား ? "
လင်ပေ့ဖန်သည် ခေါင်းခါပြီး ပြောလိုက်သည်။
" ဒီနေ့ မဟုတ်ဘူး။ ငါ ဒီနေ့ ဆေးရုံကိုသွားပြီးတော့ အစ်ကိုရဲ့ကို သွားတွေ့ရဦးမယ်။ "
ဝူကော၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။
" ဘော့စ်လင် ၊ ကျွန်တော်လည်း မင်းနဲ့ အတူတူလိုက်မယ်။ "
….....
နာရီဝက်အကြာတွင် သူတို့နှစ်ယောက်သည် ဆေးရုံသို့ ရောက်ရှိခဲ့သည်။ထို့နောက် သူတို့သည် အရေးပေါ်စောင့်ကြည့်ရေး လူနာဆောင်ထဲသို့ ဝင်သွားခဲ့သည်။
ဝူကောသည် နောက်ဆုံးမှာတော့ ဒဏ္ဍာရီလာစစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်ကို မြင်ပြီးနောက် ချက်ချင်းဘဲ ထိတ်လန့်သွားခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူ့ရှေ့က စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်သည် သူ့အတိတ်ဘဝတုန်းက မြင်ခဲ့ဖူးသည့် စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်နှင့် သိသိသာသာ ကွဲပြားနေတာကြောင့်ဖြစ်သည်။
သူ့အတိတ်ဘဝတုန်းက စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်သည် လင်ပေ့ဖန်၏ ဖြိုခွဲခြင်းကို ခံရတာတောင်မှ သူသည် ဒီလို ပုံစံမျိုးမဖြစ်လာခဲ့ပေ။
အရမ်းပဲ သနားစရာကောင်းသည်။
သူ့ရှေ့က စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်၏ မျက်နှာသည် ဖြူဖျော့ပြီး မျက်တွင်းများက ဟောက်ပတ်ဖြစ်၍ ခန္ဓာကိုယ်ကလည်း ပိန်လှီးနေခဲ့သည်။ထို့ပြင် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ပတ်တီးများဖြင့် ပြည့်နေပြီး မံမီတစ်ယောက်နှင့် ဆင်နေခဲ့သည်။သူ့လက်နှစ်ဖက်စလုံးတွင်လည်း ဆေးပုလင်းများချိတ်ဆွဲထားခဲ့သည်။
သူ့ကို ကြည့်ရတာက အချိန်မရွေးအသက် ထွက်သွားမလိုမျိုး ပုံ ပေါက်နေခဲ့သည်။
ဝူကော၏ ရင်ထဲတွင် ကျေနပ်မှုများဖြင့် ပြည့်နေခဲ့သည်။
ဒါက မင်းနဲ့ ထိုက်တန်တယ်…။
ဒါက မင်း လင်ပေ့ဖန်ကို ကူညီတဲ့ ရလဒ်ပဲ….
အကယ်၍ မင်းကို ကောင်းကင်ဘုံက အပြစ်မပေးရင်တောင် ငါကတော့ မင်းကို သေတဲ့အထိ ရိုက်သတ်ချင်တယ်….
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ လက်ကို ကိုင်ပြီး စိုးရိမ်သောအမူအရာဖြင့် မေးမြန်းခဲ့သည်။
" အစ်ကိုရဲ့ ၊ မင်း အခု ဘယ်လိုနေလဲ ? ။ မင်း သက်သာလား ? "
" ငါ အခု အရင်ကထက် အများကြီး သက်သာနေပြီ။ ဘော့စ်လင် ၊မင်းရဲ့ စိုးရိမ်မှုအတွက် ငါ ကျေးဇူးတင်ပါတယ်။ " ဟု ရဲ့ရှင်းချန်က အားနည်းစွာဖြင့် ပြန်ပြောခဲ့သည်။
နိုးနိုးခြင်း သူ့ရန်သူရဲ့ မျက်နှာကို မြင်ရတာက အမှန်တကယ်ကို စိတ်ရှုပ်စရာကောင်းသည်။
မင်း ငါ့ဆီ မကြာခဏ မလာပဲနဲ့ နေလို့မရဘူးလား?…...
အဲ့ဒါက ငါ့ရဲ့ စိတ်ခံစားချက်နဲ့ ကုသမှုဖြစ်စဉ်ကို ထိခိုက်စေလိမ့်မယ်ဟ….
ထိုအချိန်တွင် သူသည် လင်ပေ့ဖန်၏ ဘေးနားမှာရပ်နေတဲ့ ဝူကောကို သတိထားမိခဲ့သည်။သူ့ရဲ့ မျက်လုံးများက ခဏကျုံ့သွားပြီးနောက် လျင်မြန်စွာဖြင့် ပုံမှန်အတိုင်း ပြန်ပြောင်းသွားခဲ့သည်။ထို့နောက် သူသည် မသိဟန်ဆောင်ပြီး သိချင်စိတ်ဖြင့် မေးမြန်းခဲ့သည်။
" ဘော့စ်လင် ၊ သူက ဘယ်သူလဲ ? "
" အစ်ကိုရဲ့ ၊ ငါမင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ "
လင်ပေ့ဖန်သည် အပြုံးတစ်ပွင့်ဖြင့် ဝူကောကို အရှေ့သို့ တွန်းပြီး ပြောလိုက်သည်။
" သူက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှ ငါသိထားတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ။ သူ့ရဲ့ နာမည်ကတော့ ဝူကောလို့ခေါ်တယ်။သူက ငါတို့ရဲ့ကုမ္ပဏီမှာ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လုပ်နေတယ်။ "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ရဲ့ရှင်းချန်သည် အံ့အားသင့်သွားခဲ့သည်။
" သူက သန့်ရှင်းရေးအလုပ်လုပ်နေတာလား ? "
မင်းက စူပါ ဂူသင်္ချိုင်းဖောက်သူတစ်ယောက်လေ။
ဒါကို မင်းက ဂူသင်္ချိုင်း မဖောက်ပဲနဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် ဖြစ်လာတယ်ပေါ့လေ …?
မင်း ငါ့ကို နောက်နေတာလား …?
ဒါမှမဟုတ် တစ်ခြားတစ်ခုခုကြောင့်လား …?
" သူ့ပုံစံက မတူဘူးမလား ? "
ထို့နောက် လင်ပေ့ဖန်သည် ကျယ်လောင်စွာဖြင့် ရယ်မောပြီး ပြောလိုက်သည်။
" ငါလည်း အစတုန်းက မမှန်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ငါ နားလည်ခဲ့တယ်။လူတွေက ငါ့ဆီကို အလုပ်လုပ်ဖို့ပဲ လာတာမဟုတ်ဘူး။ အချစ်အတွက်လည်း ငါ့ဆီမှာ အလုပ်လာလုပ်ကြတယ်။ "
" အချစ်လား? "ဟု ရဲ့ရှင်းချန်က မေးမြန်းလိုက်သည်။
လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို တိုးတိုးလေးပြောခဲ့သည်။
" ဒါက အန်တီလျူအတွက်ပဲ "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ရဲ့ရှင်းချန်သည် ချောင်းဆိုးသွားခဲ့သည်။
* အဟွတ် …အဟွတ် *
သူသည် သန့်ရှင်းရေးဝန်ထမ်း အန်တီလျူကို အရင်တုန်းက မြင်ဖူးသည်။သူမ၏ ခန္ဓာကိုယ်က ကြံ့ခိုင် တောင့်တင်းပြီး သူမ၏ ရုပ်ရည်ကလည်း စင်ဒရဲလား ကားထဲက စုန်းမကြီးလိုမျိုး အတော်လေးကို နန်းဆန်နေခဲ့သည်။
မင်းလို စူပါဂူသင်္ချိုင်းဖောက်သူတစ်ယောက်က အဲ့လိုမိန်းမအတွက်နဲ့ တကယ် ပဲ ကျရှုံးခဲ့တယ်ပေါ့ေလ…။
မင်း ဂူသင်္ချိုင်းထဲမှာ ကောက်ညှင်းဖက်ထုပ်တွေစားတာကြာပြီးတော့ မင်းရဲ့ အကြိုက်က ပြောင်းလဲသွားတာ ဖြစ်နိုင်မလား …?
" ဒါက အမှန်ဖြစ်နိုင်ပါ့မလား ? "ဟု ရဲ့ရှင်းချန်က
လင်ပေ့ဖန်ကို မယုံနိုင်စွာဖြင့် မေးလိုက်သည်။
" ဒါက လုံးဝအမှန်ဘဲ။ " ဟု လင်ပေ့ဖန်က လေးလေးနက်နက် ခေါင်းညိတ်ခဲ့သည်။
ထို့နောက်သူသည် အရင်ရက်တွေတုန်းက ဖြစ်ပျက်ခဲ့သမျှကို ကွက်ကွက်ကွင်းကွင်း၊ ပြတ်ပြတ်သားသား ရှင်းပြခဲ့သည်။
ရဲ့ရှင်းချန်သည် နားထောင်ပြီးနောက် ပျို့အန်ချင်သလို ခံစားရတာကြောင့် သူ့စားထားသမျှကို အကြိမ်အနည်းငယ်လောက် အန်ထုတ်ခဲ့သည်။
သူ့၏ မျက်နှာကလည်း အမည်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။
" ဘော့စ်လင် ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ။ကျွန်တော့် ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီ ဆိုပေမဲ့ ကျွန်တော် ပါးစပ်ပျက်နေသေးတယ်။ ဒါကြောင့်အဲ့လို နှိုးဆွမှုမျိုးကို ကျွန်တော် မခံစားနိုင်သေးဘူး။ "
ဝူကောသည်လည်း မည်းမှောင်သောအမူအရာဖြင့် လင်ပေ့ဖန်ကို ပြောလိုက်သည်။
" ဘော့စ်လင် ၊ ဒါက လုံလောက်ပြီ။ ကျေးဇူးပြုပြီး အဲ့အကြောင်းကို ထပ်မပြောပါနဲ့တော့။ "
" ကောင်းပြီ ၊ ငါ ဒီကိစ္စကို ထပ်မပြောတော့ဘူး။ ပြီးတော့ ဒါက မင်းရဲ့ ပုဂ္ဂိုလ်ရေးကိစ္စပဲလေ။ "
ထို့နောက် လင်ပေ့ဖန်သည် အပြုံးတစ်ပွင့်ဖြင့် ရဲ့ရှင်းချန်ကို ပြောလိုက်သည်။
" အစ်ကိုရဲ့ ၊ သူက အသက်ငယ်ပေမဲ့ အရမ်းကို အရည်အချင်းရှိတယ်။ "
" အို့ ? သူ့မှာ ဘယ်လိုအရည်အချင်းရှိလို့လဲ ? " ဟု ရဲ့ရှင်းချန်က သိချင်စိတ်ဖြင့် မေးမြန်းခဲ့သည်။
သူက ဂူသင်္ချိုင်းဖောက်သူတစ်ယောက်ပဲ မဟုတ်ဘူးလား …?
သူ့မှာ ဘယ်လို အရည်အချင်းတွေ ရှိနိုင်ဦးမှာလဲ …?