အခန်း (၉၈)
Vol. 7 Ch. 98
" အစ်ကိုရဲ့ မင်း ဆေးရုံတင်ထားရတုန်းမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်။ "
ထို့နောက် လင်ပေ့ဖန်သည် ဝမ်းနည်းသောအသံဖြင့် ပြောလိုက်သည်။
" ပြင်ပကုမ္ပဏီတချို့က ငါတို့ ကုမ္ပဏီရဲ့ အတွင်းပိုင်း ရင်းနှီးမြှုပ်နှံမှု အချက်အလက်တွေကို ခိုးယူဖို့အတွက် ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် သူတို့က ငါတို့ကုမ္ပဏီရဲ့ လူတွေကို ဝယ်ယူဖို့အတွက် ပိုက်ဆံပမာဏအများကြီးကို သုံးခဲ့တယ်။ သူတို့က သာမှန်ဝန်ထမ်းတွေ နှင့် အလယ်အလတ်ရာထူးရှိတဲ့ မန်နေဂျာတွေကို ငွေနဲ့ ဝယ်ယူခဲ့တယ်။ စုစုပေါင်းကတော့ ၁၆ယောက်ရှိတယ်။ "
" ငါ သူတို့ကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပေမဲ့ သူတို့ကတော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးပြီးတော့ သစ္စာဖောက်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ငါ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ခဲ့ရလဲဆိုတာကို မင်းသိလား ? "
" နောက်တော့ ဘာဖြစ်သွားခဲ့လဲ ? " ဟု ရဲ့ရှင်းချန်က စိတ်အားထက်သန်စွာဖြင့် မေးမြန်းခဲ့သည်။
အဲ့ဒီကနေ ပိုက်ဆံဘီလီယံအနည်းငယ် ၊ဒါမှမဟုတ် ၁၀၀ဘီလီယံကျော်ကျော်လောက် ဆုံးရှုံးသွားရင် အကောင်းဆုံးဖြစ်လိမ့်မယ်…။
ဒါမှ ငါဒီနေရာမှာ အချိန်အကြာကြီး လှဲလျောင်းနေရတာ အချည်းနှီးမဖြစ်မှာ …။
" နောက်တော့ ….."
လင်ပေ့ဖန်သည် ဝူကော၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
" ဒါကို အဲ့ဒီမှာ သန့်ရှင်းရေးအလုပ်လုပ်နေတဲ့ ငါတို့ရဲ့ အစ်ကိုဝူက ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါ့အပြင် ငါတို့ရဲ့ အစ်ကိုဝူက လိမ္မာပါးနပ်ရုံသာမကဘူး ဇွဲလည်းရှိတယ်။ သူက အဲ့ဒီလူတွေကို ဖော်ထုတ်ပြီးတော့ ငါတို့ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေ ဆုံးရှုံးမဲ့ အရေးကနေ ကယ်တင်ပေးခဲ့တယ်။ "
လင်ပေ့ဖန်သည် စိတ်ထိခိုက်သောအမူအရာဖြင့် ခေါင်းခါပြီး ပြောလိုက်သည်။
" အကယ်၍ သူငါ့ကို ပြောပြတာကြောင့်သာမဟုတ်ရင် ကုမ္ပဏီက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတောင် မတွေးရဲတော့ဘူး။ ဝူကောက ပညာမတတ်ပေမဲ့ ငါတို့ကုမ္ပဏီကိုတော့ အတော်လေးကို သစ္စာရှိတယ်။ ဒါကြောင့် ငါသူ့ကို ချက်ချင်းပဲ ရာထူးတိုးပေးခဲ့တယ်။ အစ်ကိုရဲ့ ၊ မင်းရော ငါလုပ်တာ မှန်တယ်လို့ ထင်လား ? "
" မှန်တယ် ၊ လုံးဝမှန်တယ်။ " ဟု ပြောပြီးနောက် ရဲ့ရှင်းချန်သည် ဒေါသတကြီးအံကြိတ်လိုက်ပြီး သူ့ရဲ့ ဒဏ်ရာတွေက အရင်ကထက် ပိုဆိုးလာသလို ခံစားခဲ့ရသည်။
အကယ်၍ သူတို့က အကျိုးအမြတ်တွေကို ခိုးယူချင်တယ်ဆိုရင် သူတို့ကို ပေးခိုးလိုက်…။
အကယ်၍ သူတို့က ကုမ္ပဏီကို ဖျက်ဆီးချင်တယ်ဆိုရင် သူတို့ကို ပေးဖျက်ဆီးခိုင်းလိုက်…။
မင်းလို ဂူသင်္ချိုင်းဖောက်တဲ့သူက ဘာလို့ ဂူသင်္ချိုင်းမဖောက်ပဲနဲ့ သူများကိစ္စတွေကို လိုက်နှောက်ယှက်နေရတာလဲ …?။
ဟေး … အကယ်၍ မင်း အရမ်းပျင်းပြီးေတာ့ အားယားနေတယ်ဆိုရင်လည်း ဘာလို့ အန်တီလျူကို သွား မလိုက်တာလဲ …? ။
မင်းကို ဘယ်သူမှ မတားနေဘူး…။
မင်း ဘာလို့ အကျိုးရှိရှိ အသုံးမချတာလဲ …?။
ဝူကောမင်းက လုံးဝသုံးစားလို့ မရတဲ့ လူတစ်ယောက်ပဲ…။
" ဒါ့အပြင် ငါတို့အစ်ကိုဝူက ရတနာတွေကို အကဲဖြတ်တဲ့နေရာမှာလည်း အတော်လေးကို ကျွမ်းကျင်မှုရှိတယ်။ "
ထို့နောက် လင်ပေ့ဖန်သည် ရယ်မောပြီး ပြောလိုက်သည်။
" လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရှေးဟောင်းပစ္စည်းတွေ ဝယ်ယူရာမှာ အကဲဖြတ်ဖို့အတွက် သူက ငါ့ကို သူ့ကို ခေါ်သွားစေချင်ခဲ့တယ်။ ဒါ့အပြင် ငါတို့ရဲ့အစ်ကိုဝူက ရတနာတွေကို ရှာဖွေရာမှာ သူ့ရဲ့ကျွမ်းကျင်မှုကို သုံးပြီးတော့ ထူးခြားတဲ့ရတနာနှစ်ခု ငါ့ကို ကူရှာပေးခဲ့တယ်။တစ်ခုက ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားချပ်အစစ်ပဲ။အခြားတစ်ခုကတော့ စုစုပေါင်း ယွမ်၃ဘီလီယံကျော်တန်ဖိုးရှိတဲ့ ၊ ဝမ်ဇုံခွက်လို့ခေါ်တဲ့ ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းရတနာတစ်ခုပဲ။ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်၏ မျက်နှာသည် အမည်းရောင်သို့ ပြောင်းသွားခဲ့သည်။
ဝူကော ၊ မင်းက လူယုတ်မာဘဲ…မင်းက လင်ပေ့ဖန်ကို တကယ်ပဲ ပိုက်ဆံကူရှာပေးခဲ့တာလား …? ။
သူ့ရဲ့ တိုးတက်မှုဖြစ်စဉ်က မြန်နေတာကို မင်း မတွေ့ဘူးလား …?။
မင်းက လင်ပေ့ဖန်ကို တကယ်ပဲ ကူညီပြီးတော့ ပိုက်ဆံရှာပေးခဲ့တယ်ပေါ့လေ…?။
ထိုအချိန်တွင် ဝူကောသည် သူ့ရင်ဘတ်ကို ထိပြီး ပြန်နာကျင်လာသလို ခံစားခဲ့ရသည်။
" အစ်ကိုရဲ့ ၊ ကျွန်တော် အဲ့ဒီရတနာနှစ်ခု ဝယ်ယူဖို့ကို ပိုက်ဆံဘယ်လောက်များများ သုံးစွဲခဲ့ရလဲဆိုတာကို ခန့်မှန်းကြည့်ပါလား ? " ဟု လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို မေးလိုက်သည်။
" အဲ့ဒီရှေးဟောင်းပစ္စည်းနှစ်ခုက စုစုပေါင်း ယွမ်သုံးဘီလီယံကျော်ထိုက်တန်တယ်ဆိုတော့ အဲ့ဒီရတနာနှစ်ခု ဝယ်ယူဖို့ကို ဘီလီယံအနည်းငယ်လောက်တော့ သုံးစွဲခဲ့ရမယ် ၊ မှန်ကယ်မလား ? "ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
" မှားတယ် "
လင်ပေ့ဖန်သည် ခေါင်းခါပြီး လက်နှစ်ချောင်းထောင်၍ မာန်တက်ေန သောအမူအရာဖြင့်ပြောလိုက်သည်။
" ငါ အဲ့ဒီရတနာနှစ်ခုကို ရဖို့အတွက် ယွမ်သန်းနှစ်ဆယ်သာ သုံးစွဲခဲ့ရတယ် ၊ ဟား…ဟား…"
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ရဲ့ရှင်းချန်၏ မျက်နှာက ပိုပြီးတော့တောင် မည်းမှောင်သွားခဲ့သည်။
ယွမ်၃ဘီလီယံကျော်ထိုက်တန်တဲ့ အရာနှစ်ခုကို ဝယ်ယူဖို့အတွက် ယွမ်သန်း၂၀ပဲ သုံးစွဲခဲ့ရတယ်
လား …?
ဒါက အဆတစ်ရာအမြတ်ပြန်ရတာပဲ…။
ထိုအရာက ရွှေနှင့် ရေနံစိမ်းအရောင်းအဝယ်လုပ်ခြင်းထက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းသည်…။
သူ့ရဲ့ အထွတ်အထိပ်ချိန်တုန်းကတောင် သူသည် ရွှေ နှင့်ရေနံစိမ်း အရောင်းအဝယ်လုပ်ရာမှ ယွမ်သန်း၄၀၀ကျော်ကျော်လေးသာ ရရှိခဲ့သည်။
ထိုသို့အောင်မြင်မှု ရရှိဖို့အတွက် သူသည် ရန်ပုံငွေ သန်း၁၀၀ကျော်ကို လိုအပ်ခဲ့သည်။
မင်းကတော့ သန်းနှစ်ဆယ်ထဲနဲ့ ရခဲ့တာလား …?။
ရဲ့ရှင်းချန်သည် ဝူကောကို ဒေါသတကြီး စိုက်ကြည့်ခဲ့သည်။
ဝူကော မင်းက လူယုတ်မာဘဲ….။
ငါ မင်းနဲ့ တစ်မိုးအောက်မှာ အတူတူမနေနိုင်ဘူး…။
သို့သော်လည်းပဲ ထိုအချိန်တွင် ဝူကောသည် သတိမထားမိခဲ့ပေ။သူသည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး သူ့ရင်ထဲက ဒဏ်ရာတွေကို သက်သာစေခဲ့သည်။
လင်ပေ့ဖန်သည် ဆက်လက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။
" အခု အစ်ကိုဝူက ငါ့ဆီမှာ ရင်းနှီးမြှုပ်နှံရေးအကြောင်းကို စပြီးတော့ သင်ယူနေပြီ။သူက အဲ့ဒီနယ်ပယ်မှာ မင်းလိုဘဲ အတော်လေးကို အရည်အချင်းရှိတယ်။ မင်းတို့နှစ်ယောက်ရဲ့ အကူအညီနဲ့ဆိုရင် ငါ့ကုမ္ပဏီက ပိုပြီးတော့ တိုးတက်ကြီးပွားလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ "
" ဟုတ်တာပေါ့ ၊ဟုတ်တာပေါ့ "
ရဲ့ရှင်းနှင့် ဝူကောသည် အားတင်းပြီး ခြောက်ကပ်ကပ်ဖြင့် ရယ်မောခဲ့သည်။
အခု ငါလိုချင်တာက မင်းကို လက်သီးနဲ့ ထိုးချင်ရုံ လေးပါပဲ…။
နောက်ဆုံးမှာတော့ လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးပြောလိုက်သည်။
" အစ်ကိုရဲ့ ၊ မင်းမရှိတော့ ငါ့ရဲ့ငွေရှာမှုနှုန်းက အတော်လေးကို နှေးကွေးသွားတယ်။ မင်းကိုယ်ကိုယ်မင်း ကောင်းကောင်းဂရုစိုက်ပြီးတော့ မင်းရဲ့အောင်ပွဲတွေနဲ့အတူတူ ဘုရင်တစ်ပါးလို ပြန်လာမယ်လို့ ငါ မျှော်လင့်ပါတယ်။ "
" ဘော့စ်လင် ၊ စိတ်ချပါ။ ငါ မကြာခင် ပြန်လာခဲ့ပါ့မယ်။ " ဟု ပြောပြီးနောက် ရဲ့ရှင်းသည် သူ့ရဲ့ ရင်ထဲတွင် အလောတကြီးဖြစ်နေခဲ့သည်။
ဒီလူယုတ်မာဝူကောရဲ့ အကူအညီနဲ့ဆိုရင် ဒီလဒရဲ့ လုပ်ငန်းတွေက လျင်လျင်မြန်မြန်နဲ့ တိုးတက်လာမှာ အသေအချာဘဲ…။
ငါ ပြန်သွားပြီး ဒီနှစ်ကောင်ကို ထိန်းရမယ်…။
" မင်းကိုယ်ကိုယ်မင်း ဂရုစိုက်။ ငါ နောက်ရက်တွေကျရင် မင်းဆီကို လာလည်မယ်။ သွားကြရအောင်…" ဟု ပြောပြီးနောက် လင်ပေ့ဖန်နှင့် ဝူကောတို့သည် ထွက်ခွာခဲ့ကြသည်။
" ဘော့စ်လင် ၊ကျွန်တော်တို့ ကုမ္ပဏီကို ပြန်မှာလား ?"ဟု ဝူကောက လင်ပေ့ဖန်ကို မေးလိုက်သည်။
" မဟုတ်ဘူး ၊ငါတို့ နောက်ထပ်သူငယ်ချင်းတစ်ယောက်ကို သွားကြည့်မယ်။ သူက ငါတို့ကုမ္ပဏီက မဟုတ်ဘူး ။ဒါပေမဲ့ သူက ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ။ငါ့အတွက်တော့ သူက အတော်လေးကို အရေးပါတယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်သည် အပြုံးတစ်ပွင့်ဖြင့် ဝူကောကို ဦးဆောင်ပြီး ရှောင်ချန်းရဲ့ ဆေးရုံခန်းထဲသို့ ခေါ်သွားခဲ့သည်။
သူတို့နှစ်ယောက်ကို တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးပြီးတဲ့နောက်တွင် သူတို့သည် စကားစမြည်းဆက်ပြောခဲ့ကြသည်။
ဝူကောသည် သူပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် နတ်ဆေးဆရာရှောင်ချန်းက လင်ပေ့ဖန်နှင့် ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
ဒီကောင်က မင်းနဲ့ စေ့စပ်ထားသူကို ခိုးယူခဲ့တာလေ…။
ဒါတောင် မင်းက သူ့ကို ညီအစ်ကိုတစ်ယောက်လိုမျိုး ဆက်ဆံသေးတယ်ပေါ့ …။
ထိုအချိန်တွင် ရှောင်ချန်းသည်လည်း သူပြန်လည်မွေးဖွားလာပြီးတဲ့နောက်တွင် စူပါဂူသင်္ချိုင်းဖောက်သူ ဝူကောက လင်ပေ့ဖန်ရဲ့ ညာလက်ရုံးလူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ထို့ပြင်သူက သူ့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီးတော့ ကိစ္စအများကြီး လုပ်ဆောင်ရာမှာ ကူညီပေး၍ ထူးထူးခြားခြား ရှေးဟောင်းပစ္စည်းနှစ်ခုကိုပါ ရရှိအောင်လို့ သူ့ရဲ့ ရန်သူကို ကူညီပေးခဲ့သေးသည်။
သူတို့နှစ်ယောက်လုံးရဲ့ စိတ်ထဲတွင် စကားတစ်ခွန်းသာ ပေါ်လာခဲ့သည်။
* ဒီကောင်က လူယုတ်မာပဲ *
ရှောင်ချန်းသည် သူ့ရဲ့စိတ်ထဲတွင် အရေးကြီးသောခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။
ရဲ့ရှင်းချန်နှင့် ဝူကော၏ အကူအညီကြောင့် လင်ပေ့ဖန်သည် ပိုပြီးတော့တောင်မှ လျင်မြန်စွာဖြင့် တိုးတက်လာမည်မှာ အသေအချာဘဲဖြစ်သည်။
ငါ အမြန် ပြန်ကောင်းလာရမယ်…။
ငါ တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းလာအောင်လုပ်ရမယ်…။
ဒါမှမဟုတ်ရင် ငါဒီဆေးရုံမှာပဲ တစ်သက်လုံး လှဲအိပ်နေရလိမ့်မယ်…။
အရာအားလုံးပြုလုပ်ပြီးသည့်နောက်တွင် လင်ပေ့ဖန်သည် ကျေနပ်အားရစွာဖြင့် ပြန်လာခဲ့သည်။
......
ထိုစဉ် အခြားမြို့မှာရှိတဲ့ နဂါးဘုရင်ကျိုရှင်းသည်လည်း ဝူကောက လင်ပေ့ဖန်၏ ညာလက်ရုံးလူတစ်ယောက်ဖြစ်လာတာကို သိရှိခဲ့ရသည်။ထို့ပြင် ဝူကော သည် လင်ပေ့ဖန်၏ ယုံကြည်မှုကို ရယူကာ လင်ပေ့စီကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအသိပညာတွေ သင်ယူမည်ဆိုသည့်အကြောင်းကိုလည်း သိရှိခဲ့ရသည်။
တစ်နည်းအားဖြင့် ပြောရရင် သူတို့ရဲ့ အစီအစဉ်က အောင်မြင်ခဲ့ပြီဖြစ်သည်။
နဂါးဘုရင် ကျိုရှင်းသည် ဟက်ဟက်ပက်ပက်ရယ်မောပြီး ပြောလိုက်သည်။
" အထင်ကြီးစရာပဲ။ ဝူကော ၊ မင်း အရမ်းမြန်မြန်နဲ့ အောင်မြင်မှုရရှိခဲ့တာပဲ။ ဟိုတုန်းက ငါ မင်းအပေါ်ကို အထင်မမှားခဲ့ဘူးပဲ။ "
" နဂါးဘုရင်ကို ဂုဏ်ပြုပါတယ်။ နဂါးဘုရင်ကို ဂုဏ်ပြုပါတယ်။ " ဟု အနက်ရောင်ဝတ်လူတွေက တပြိုင်တည်း ပြောခဲ့သည်။
" သူ့ကို ယွမ်၁၀သန်း ပေးလိုက် ။ငါ အရမ်းပျော်လို့ ဒါက သူ့အတွက် ဆုချတာလို့ ပြောလိုက်။ " ဟု နဂါးဘုရင်ကျိုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ထိုအရာက သူ လင်ပေ့ဖန် နှင့် ယှဉ်ပြိုင်ကတည်းက ပထမဆုံးအနိုင်ရရှိခဲ့သည့် အရေးကြီးတဲ့ အောင်မြင်မှုတစ်ခုလည်းဖြစ်သည်။ဒါက သူ့ဘဝနှစ်ခုစလုံးတွင် ပထမဆုံးအကြိမ် အနိုင်ရရှိခြင်းဖြစ်သည်။
အကယ်၍ သူ့လက်အောက်ငယ်သားတွေသာ သူ့ကို ကြည့်နေတာမဟုတ်ပါက သူသည် ပျော်ရွှင်မှုကြောင့် ချက်ချင်းဘဲ ထခုန်မိလိမ့်မည်ဖြစ်သည်။
" ဟုတ်ကဲ့ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူတွေက တပြိုင်တည်း ပြောလိုက်သည်။
" နဂါးဘုရင်ကို တင်ပြပါတယ် ၊ ဝူကောက လင်ပေ့ဖန်ရဲ့ဘေးနားကို အောင်မြင်စွာနဲ့ ချဉ်းကပ်နိုင်ခဲ့ပါပြီ။ ငါတို့ နောက်ထပ်လှုပ်ရှားမှုကို လှုပ်ရှားသင့်ပါသလား ?။ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီးတော့ ကျွန်တော်တို့ လင်ပေ့ဖန်ကို တိုက်ရိုက်တိုက်ခိုက်နိုင်ပါတယ်။ " ဟု အနက်ရောင်ဝတ်လူတစ်ယောက်က အကြံပြုခဲ့သည်။
" မှန်တယ် ၊ အခုချိန်က ငါတို့တိုက်ခိုက်ရမယ့်အချိန်ဘဲ။ လင်ပေ့ဖန်ရဲ့ ကျရှုံးမှုကို မြင်ဖို့အတွက် ငါ မစောင့်နိုင်တော့ဘူး။ အခုချက်ချင်း ဝူကောနဲ့ ဆက်သွယ်လိုက်။"ဟု နဂါးဘုရင်ကျိုရှင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ဟုတ်ကဲ့ နဂါးဘုရင် "
တစ်ခြားတစ်ဖက်မှာတော့ ဝူကောသည် နောက်ထပ် အရေးယူ လုပ်ဆောင်ရန် အနက်ရောင်ဝတ်လူထံမှ သတိပေးချက်ကို လက်ခံရရှိခဲ့သည်။
ဝူကောသည် စိတ်လှုပ်ရှားသွားခဲ့သည်။
တကယ်တော့ သူသည် အနက်ရောင်ဝတ်လူတွေ၏ သတိပေးချက်ကို မလိုအပ်ခဲ့ပေ။သူကိုယ်တိုင်က သူတို့ကို ဆက်သွယ်လိမ့်မည်ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ သူသည် လင်ပေ့ဖန်ကို အချိန်အကြာကြီးထဲက ရှင်းပစ်ချင်နေတာကြောင့်ဖြစ်သည်။
သို့မဟုတ်လျှင် သူသည် ဒေါသကြောင့် အမှန်တကယ်ကို ရူးသွပ်သွားလိမ့်မည်ဖြစ်သည်။
ဝူကော : မနက်ဖြန်ကစပြီးတော့ ငါ သူ့နဲ့အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအသိပညာတွေကို သင်ယူရလိမ့်မယ်။မင်း ငါ့ရဲ့ အချက်အလက်တွေကို အချိန်မရွေး လက်ခံရရှိလိမ့်မယ်။
အနက်ရောင်ဝတ်လူ : ငါ နားလည်ပြီ။