← Chapters

အခန်း (၉၉)

Vol. 7 Ch. 99

အခန်း (၉၉)

Vol. 7 Ch. 99

ဒုတိယနေ့တွင် လင်ပေ့ဖန်သည် ဝူကောနှင့်အတူ ယုံကြည်မှုရှိစွာဖြင့် ရောင်းဝယ်ရေးခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

" ဘဏ္ဍာရေးအရောင်းအဝယ်လုပ်ငန်းက အရမ်းကိုရိုးရှင်းတယ်။ ဒါက ရောင်းတာနဲ့ ဝယ်တာထက် ဘာမှ မပိုဘူး။ "

" ဒါပေမဲ့ ဒီနယ်ပယ်မှာ ကျွမ်းကျင်ဖို့တော့ မလွယ်ကူဘူး။ "

"ပထမအချက်အနေနဲ့ ဒီနယ်ပယ်မှာ အချိန်ကိုက်လှုပ်ရှားနိုင်ဖို့ကလည်း အရမ်းကို အရေးကြီးတယ်။ ဘယ်အချိန်မှာ ဝယ်ရမလဲ ၊ ဘယ်အချိန်မှာ ရောင်းရမလဲ ဆိုတာနဲ့ အရှုံးအမြတ်ဘယ်လောက်များလဲဆိုတာကိုလည်း ဆုံးဖြတ်နိုင်ရမယ်။ လူအများကြီးက သူတို့ဘဝတစ်လျှောက်လုံးမှာတောင် ဒီအနှစ်သာရကို မဆုပ်ကိုင်နိုင်ခဲ့ကြဘူး။ "

.

" ဒုတိယအနေနဲ့ ဒီနယ်ပယ်မှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်တယ်။ဈေးကွက်အတက်အကျက တက်လိုက် ၊ကျလိုက်နဲ့ ပြောင်းလဲနေတဲ့အတွက် မင်း အမြဲတမ်း မမြတ်နိုင်သလို ၊ ကြီးမားတဲ့ဆုံရှုံးမှုတွေကိုတောင် မင်း ကြုံတွေရနိုင်တယ်။ ဒါကြောင့် မင်း မုချ စိတ်ဓာတ်ကြံ့ခိုင်မှုရှိရမယ့်အပြင် မင်းရဲ့စိတ်ဓာတ်က ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်တယ်။ "

" ဒါ့အပြင် ဒီရောင်းဝယ်ရေးဈေးကွက်က ကြိုတင် ခန့်မှန်းလို့လည်းမရဘူး။ ငါတို့ ဒီနယ်ပယ်မှာ လိုက်လျောညီထွေရှိဖို့ လိုအပ်တယ်။ဥပမာအားဖြင့် ပြောရရင်တော့ ၊ ရုတ်တရက်စစ်ပွဲလို မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေက ငွေကြေးဈေးကွက်ရဲ့ ဈေးနှုန်းအတက်အကျတွေကို လွှမ်းမိုးနိုင်တယ်။ဒါကြောင့် ငါတို့က ဈေးကွက်ကို သတိထားစောင့်ကြည့်ဖို့ လိုအပ်တဲ့အပြင် လျင်မြန်စွာနဲ့ လိုက်လျောညီထွေဖြစ်ပြီးတော့ ခေတ်စားနေတဲ့ လမ်းကြောင်းအတိုင်းလည်း သွားဖို့ လိုအပ်တယ်။ "

" နောက်ဆုံးအနေနဲ့ ထိရောက်ပြီးတော့ စွန့်စားရတဲ့ စီမံခန့်ခွဲမှုက အရေးကြီးတယ်။ ဒီနယ်ပယ်က ဖုံးကွယ်ထားတဲ့အရာ အများကြီးရှိတဲ့ ရှုပ်ထွေးတဲ့ နယ်ပယ်တစ်ခုပဲဖြစ်တယ်။ ငါတို့ ပထမအချက်သုံးချက်ကို ကျွမ်းကျင်ပြီးရင် အဲ့ဒါကို ငါ မင်းကို ဖြည်းဖြည်းချင်းသင်ပေးမယ်။ "

" အခုတော့ ကုန်သွယ်ရေးဈေးကွက်နဲ့ ရင်းနှီးဖို့အတွက် အာရုံစိုက်ပြီးတော့ ကြည့်ရှုလေ့လာဖို့ လိုအပ်တယ်။ "

လင်ပေ့ဖန်သည် ဆရာတစ်ယောက်လိုမျိုး စိတ်အားထက်သန်စွာဖြင့် ပြောကြားခဲ့သည်။

ဝူကောသည် ထိုအရာများကို အမှန်တကယ်စိတ်မဝင်စားခဲ့ပေ။ သူသည် ဂူသင်္ချိုင်းဖောက်ရတာကို ပိုပြီးတော့ စိတ်ဝင်စားသည်။

သို့သော်လည်း လင်ပေ့ဖန်ကို ဖြုတ်ချရန် သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့အတွက် သူသည် အခါအားလျော်စွာ ခေါင်းညိတ်ပြီး သဘောတူ၍ အာရုံစူးစိုက်ပြီး နားထောင်ဟန်ဆောင်ခဲ့သည်။

ထိုသို့ဖြင့် တစ်ယောက်က သင်ကြားလိုပုံ ပေါ်၍ အခြားတစ်ယောက်ကလည်း စိတ်အားထက်သန်စွာဖြင့် သင်ယူလိုပုံပေါ်တာကြောင့် အလွန်လိုက်ဖက်သော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။

သူတို့ကိုကြည့်ပြီး ဘေးနားက ကုန်သည်များက အတော်လေးကို ငြူစူခဲ့ကြသည်။

ဒီသန့်ရှင်းရေးသမားက ဘာကျွမ်းကျင်မှု ၊ဘာအရည်အချင်းမှ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့

ဘော့စ်လင်ရဲ့ ကိုယ်တိုင်သင်ပြခြင်းကို ခံရတာလဲ…?

သူက သစ္စာဖောက်အနည်းငယ်ကို တင်ပြရုံပဲမဟုတ်ဘူးလား …?

သူက ဘော့စ်လင်ကို တန်ဖိုးရှိတဲ့ရှေးဟောင်းပစ္စည်းနှစ်ခု ကူရှာပေးခဲ့ရုံပဲ မဟုတ်ဘူးလား …?

ပြီးတော့ သူ ဒီလိုမျိုး တိုးတက်အောင် စီစဉ်နိုင်ပါ့မလား…?

" မစ္စတာလင် ၊ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမယ့် စတော့ဈေးကွက်တွေက ရွှေ ၊ရေနံစိမ် ဒါမှမဟုတ် ဒီနှစ်ရဲ့ တခြားဘဏ္ဍာရေးထုတ်ကုန်တွေလား …? " ဟု ဝူကောက မေးမြန်းခဲ့သည်။

" အဲ့ဒါတွေ တစ်ခုမှာ မဟုတ်ဘူး " ဟု လင်ပေ့ဖန်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

" ဒီနေ့ ပြည်တွင်းလူသုံးကုန်တွေရဲ့ ကြိုရောင်းဈေးကွက်ကို ငါတို့ ကစားမယ် "

" ဘာလို့လဲ ? "

" ငါချည်းပဲ အမြဲတမ်းနိုင်နေလို့ တခြားလူတွေနဲ့ကစားရတာ ငါ ပျင်းတယ်။ ဒါကြောင့် မတူတဲ့အရာကို ငါ ကြိုးစားကြည့်ချင်တယ်။ "

ဝူကော : ):

ကောင်းပြီ ၊မင်းက သူဌေးပဲဆိုတော့ မင်းပြောတာ အကုန်မှန်တယ်…။

" ပြည်တွင်းလူသုံးကုန်ကြိုေရာင်းအကောင့်ကို ဖွင့်လိုက် "

လင်ပေ့ဖန်၏ အမိန့်ဖြင့် ကြီးမားတဲ့ဖန်သားပြင်ကြီးသည် ပြောင်းလဲသွားခဲ့ပြီး ပြည်တွင်းလူသုံးကုန်ကြိုေရာင်းဈေးကွက် မျက်နှာပြင်က ပေါ်လာခဲ့သည်။

အရောင်အသွေးစုံလင်တဲ့ နံပါတ်တွေကို ချက်ချင်းဘဲ ပြောင်းလဲသွားတာကြောင့် ဝူကောသည် မူးဝေသွားခဲ့သည်။

ထို့နောက် လင်ပေ့ဖန်သည် လူသုံးကုန်ကြို ရောင်းဈေးကွက်ကို အကျဉ်းချုံ့မိတ်ဆက်ပေးခဲ့သည်။

ဝူကောသည် အာရုံစူးစိုက်စွာဖြင့် နားထောင်ခဲ့ပေမဲ့လည်း အများစုက တစ်ဖက်နားကဝင်ပြီး ၊တစ်ဖက်နားကထွက်သွားခဲ့သည်။သူသည် ဝယ်တာနဲ့ရောင်းတာလို အခြေခံမူများကိုသာ နားလည်ခဲ့သည်။

သူသည် ခေတ်ရှေ့ပြေးတဲ့ ဈေးကွက်လမ်းကြောင်းကိုသာ လိုက်နိုင်သ၍တော့ သူ ပိုက်ဆံရှာနိုင်လိမ့်မည် ဖြစ်သည်။

ထို့ပြင် အနာဂတ်ကုန်သွယ်ရေးတွင် ငွေပမာဏအနည်းငယ်ကို ပိုမိုများပြားတဲ့ ငွေပမာဏအဖြင့် အသုံးပြုနိုင်သည့် မာဂင်စနစ်ကိုလည်း ထည့်သွင်းထားသည်။

သူတို့က ကြိုရောင်းဈေးကွက်တွင် ဆယ်ဆ ဆတိုးကို အသုံးပြု၍ ဝယ်ယူလိုက်ပါက တစ်ချိန်တည်းတွင် အရှုံးနှင့်အမြတ် က ၁၀ဆ ဖြစ်သွားလိမ့်မည်ဖြစ်သည်။

ငွေရှာတဲ့ နှုန်းက မြန်သလို ၊ငွေပြန်ဆုံးရှုံးတဲ့နှုန်းကလည်း မြန်သည်။

" ဒါက အခြေခံအချက်အလက်တွေပဲ ။ မင်း ကျင့်သားရလာတာနဲအမျှ ပိုပြီးတော့ ရင်းနှီးလာလိမ့်မယ်။"ဟု လင်ပေ့ဖန်က ရှင်းပြခဲ့သည်။

"ဘော့စ်လင် ၊ မင်းရဲ့ လမ်းညွှန်သင်ပြမှုအတွက် ကျေးဇူးတင်ပါတယ်။ " ဟု ဝူကောက လင်ပေ့ဖန်ကို ကျေးဇူးတင်ခဲ့သည်။

လင်ပေ့ဖန်သည် ဖန်သားပြင်ကြီးကို ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။

" အခုချိန်က ဒီဈေးကွက်ကို ဝင်ရောက်ဖို့အတွက် အချိန်ကောင်းပဲ။ ငါ့အတွက် ပဲပိစပ်၁၀၀တင်း ဝယ်ပေးစမ်း။ မြန်မြန်လေး ဝယ်လိုက်။ " ( တင်းက ကျွန်တော့်ဘာသာထည့်တာပါဗျ ၊မူရင်းရေးထားတာ ဘာမှန်းမသိလို့ပါဗျ🥹)

" ဟုတ်ကဲ့ ၊မစ္စတာလင် " ဟု ပြောပြီးနောက် ကုန်သည်များက ချက်ချင်းပဲ လုပ်ဆောင်ခဲ့သည်။

အခွင့်အရေးတစ်ခု ပေါ်လာတာကြောင့် ဝူကော၏ စိတ်ဓာတ်က တက်ကြွသွားခဲ့သည်။

ဝူကောသည် လင်ပေ့ဖန်ကို ပြောလိုက်သည်။

" မစ္စတာလင် ၊ ကျွန်တော် သန့်စင်ခန်းသွားဦးမယ် "

" သွားပါ "

ထို့နောက်ဝူကောသည် သန့်စင်ခန်းထဲသို့ ရောက်ရှိပြီးနောက် သူ့ရဲ့ဖုန်းဖြင့် အနက်ရောင်ဝတ်လူကို စာတစ်စောင် ပေးပို့ခဲ့သည် ။

ဝူကော : လင်ပေ့ဖန်က ပြည်တွင်းပဲပိစပ်ကြို ရောင်းဈေးကွက်မှာ တက်မယ့်ဘက်ကို လောင်းထားတယ် "

….....

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင်…

အနက်ရောင်ဝတ်လူသည် ဝူကော၏စာကို လက်ခံရရှိပြီးနောက် ချက်ချင်းဘဲ ကျိုရှင်းကို တင်ပြခဲ့သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ။ ဝူကောက ကျွန်တော့်ကို စာတစ်စောင်ပို့ခဲ့ပါတယ်။သူပြောတာကတော့

လင်ပေ့ဖန်က ပြည်တွင်းပဲပိစပ်ကြိုရောင်းဈေးကွက်မှာ တက်မယ့်ဘက်ကို လောင်းထားပါတယ်တဲ့ "

နဂါးဘုရင်ကျိုရှင်းသည် ဝိုင်ခွက်ကို ကိုင်ပြီး အားရပါးရရယ်မောခဲ့သည်။

" သူ့ဆီက စာကို အရမ်းလျင်လျင်မြန်မြန်နဲ့ ရခဲ့တာလား ?။ ဝူကောက ကောင်းကောင်းလုပ်နေတာပဲ။ "

" ပြည်တွင်းပဲပိစပ်ကြိုရောင်းဈေးကွက်ကို ကစားနေတယ်တဲ့လား ? ။ ဟက်…"

ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် ရယ်မောပြီး နှုတ်ခမ်းတွန့်၍ စဉ်းလဲတဲ့ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" လင်ပေ့ဖန် ကောင်းကင်ကို သွားတဲ့လမ်းလည်း မရှိသလို ၊ငရဲကို သွားတဲ့လမ်းမလည်းမရှိဘူး။ မင်းဇွတ်တိုးဝင်မှပဲ ရမယ်။ အကယ်၍ မင်းက နိုင်ငံတကာကြိုရောင်းဈေးကွက်ကို ကစားမယ်ဆိုရင် လိုအပ်တဲ့ အရင်းအနှီးက အရမ်းများတဲ့အတွက် ငါ မင်းကို နှောက်ယှက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ပြည်တွင်းပဲပိစပ်ကြိုရောင်းဈေးကွက်ဆိုရင်တော့ ငါမင်းကို ခက်ခဲအောင်လုပ်နိုင်လားဆိုတာကို ကြည့်ကြရအောင်။ "

သူသည် လက်ထဲတွင်ဝိုင်ခွက်တစ်ခွက်ကိုကိုင်၍ ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ပြောလိုက်သည်။

" မင်းတို့ အခု ဘာလုပ်ရမယ်မှန်းသိလား ? "

သူ့ရှေ့တွင် အနက်ရောင်ဝတ်လူတစ်ယောက်ချင်းစီသည် အတန်းလိုက်စီ၍ ကွန်ပျူတာရှေ့တွင် ထိုင်ပြီး အဆင့်သင့် စောင့်နေကြသည်။

ထို့နောက်သူတို့သည် နဂါးဘုရင်ကျိုရှင်း၏စကားကိုကြားပြီးနောက် တပြိုင်တည်း ပြောခဲ့ကြသည်။

" နဂါးဘုရင် ၊ကျွန်တော်တို့ နားလည်ပါပြီ။ "

" ကောင်းတယ် ၊ အခု ငါ့အတွက် ကြိုရောင်းဈေးကွက်မှာ ပဲပိစပ်ဈေးတွေ လျင်လျင်မြန်မြန် ကျဆင်းတာကို ငါလိုချင်တယ်။ " ဟု နဂါးဘုရင်ကျိုရှင်းက အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။

" ဟုတ်ကဲ့ နဂါးဘုရင် " ဟု ပြောပြီးနောက် အနက်ရောင်ဝတ်လူများက ချက်ချင်းပဲ လုပ်ဆောင်ခဲ့သည်။

နဂါးဘုရင်ကျိုရှင်းသည် ထိုမြင်ကွင်းကိုကြည့်ပြီး အောင်ပွဲခံသောအမူအရာဖြင့် ပြုံးလိုက်သည်။

လင်ပေ့ဖန်ကို ရပ်တန့်ဖို့အတွက် သူသည် ရန်ပုံငွေ သုံးဆယ်ဘီလီယံကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။

နောက်ထပ် အပို၂၀ဘီလီယံကိုပါ ပေါင်းလိုက်ပါက ရန်ပုံငွေစုစုပေါင်းက ၅၀ဘီလီယံဖြစ်သွားလိမ့်မည်ဖြစ်သည်။

လင်ပေ့ဖန် လက်ရှိသုံးစွဲနိုင်သည့် ရန်ပုံငွေပမာဏမှာ ဘီလီယံဆယ်ဂဏန်းမျှသာဖြစ်၍ ၁၅ဘီလီယံထက် မကျော်သည်မှာ သေချာသလောက်ပင်ဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့ ရန်ပုံငွေပမာဏကို နှိုင်းယှဉ်ပါက ၃:၁ ချိုးလောက်ဖြစ်သည်။

ထို့ပြင် သူသည် လင်ပေ့ဖန်၏ ရင်းနှီးမြှုပ်နှံမှု အရောင်းအဝယ်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ဆုပ်ကိုင်ထားခဲ့သည်။

အားသာချက်က အရမ်းပဲသိသာလွန်းသည်။

ဒီတစ်ခေါက် လင်ပေ့ဖန်ကို မတားနိုင်ဘူးဆိုတာကို သူ မယုံကြည်ပေ။

အကယ်၍ သူသည် လင်ပေ့ဖန်ရဲ့ ရန်ပုံငွေများကို လျော့နည်းစေပြီး သူ့ရဲ့ရဲ့ တိုးတက်မှုကို နှောင့်နှေးအောင်ပြုလုပ်နိုင်ပါက ရန်ပုံငွေ ၅၀ဘီလီယံ ဆုံးရှုံးရမယ်ဆိုရင်တောင်မှ ၎င်းက ထိုက်တန်သည်ဟု ဆိုရမည်ဖြစ်သည်။

"လင်ပေ့ဖန် မင်းဒါကို ဘယ်လိုကိုင်တွင်မလဲဆိုတာကို ကြည့်ကြရအောင်…။"

" အောင်ပွဲက ငါ့ဟာ ဖြစ်နေပြီ။ "

…..

တစ်ခြားတစ်ဖက်မှာတော့ သန့်စင်ခန်းသုံးဟန်ဆောင်ပြီးနောက်တွင် ဝူကောသည် လင်ပေ့ဖန်ရဲ့ ဘေးနားသို့ ပြန်လာခဲ့သည် ။

လင်ပေ့ဖန်ပိုက်ဆံဆုံးရှုံးမယ့် ဆိုတဲ့အကြောင်းကို တွေးပြီး သူသည် မနေနိုင်ဘဲ ပျော်ရွှင်သွားခဲ့သည်။

" သတင်းအချက်အလက်တွေက နဂါးဘုရင်ကျိုရှင်းကို ပေါက်ကြားသွားပြီဆိုတော့ နဂါးဘုရင်ကျိုရှင်းက လင်ပေ့ဖန်ကို တိုက်ခိုက်ဖို့အတွက် သေချာပေါက်ဒီအခွင့်အရေးကို ယူလိမ့်မယ်။နဂါးဘုရင်ကျိုရှင်းက ဖုန်းကွယ်ထားတဲ့ မိသားစုတစ်ခုရဲ့ အမွေဆက်ခံသူဆိုတော့ နိုင်ငံတစ်နိုင်ငံနဲ့ ယှဉ်နိုင်တဲ့ ကြွယ်ဝချမ်းသာမှုကိုလည်း ပိုင်ဆိုင်ထားတယ်။ ပြီးတော့ သူ့မှာ ဘဏ္ဍာရေးပိုင်းကို အလွန်ကျွမ်းကျင်တဲ့ ကျွမ်းကျင်သူတွေလည်းအများကြီးရှိတယ်။ "

" ငါ ထုတ်ဖော်ထားတဲ့ သတင်းအချက်အလက်တွေနဲ့တောင် လင်ပေ့ဖန်ကို မဖြုတ်ချနိုင်ဘူးဆိုတာ ငါ မယုံဘူး။ "

" မြန်မြန်သွားရမယ် ၊ ငါ သူငိုတဲ့ပုံကို ငါ မြင်ချင်တယ်။"

သူသည် တလမ်းလုံးလေချွန်၍ စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေသောအသွင်ဖြင့် ကုန်သွယ်ရေးခန်းထဲသို့ ဝင်သွားခဲ့သည်။

ဒါပေမဲ့လည်း သူ ရောင်းဝယ်ရေးခန်းထဲသို့ ဝင်ရောက်ပြီး မကြာမှီ သူသည် လူတိုင်းက အတော်လေး အလုပ်များနေတာကို သတိထားမိခဲ့သည်။

" မစ္စတာလင် ဘာတွေဖြစ်နေတာလဲ? "ဟု ဝူကောကလင်ပေ့ဖန်ကို မေးလိုက်သည်။

" အို့ ၊ ဘာမှ မဟုတ်ပါဘူး။ မင်းသွားပြီးလို့မကြာခင် ပြည်တွင်းကြိုရောင်းဈေးကွက်မှာ ပဲပိစပ်၂၀၀၀၀၀တင်းကို ဝယ်ပြီးတော့ ကျမယ့်ဘက်ကို လောင်းဖို့ ငါ အမိန့်ပေးခဲ့တယ်။ အရေအတွက်က အရမ်းများတာကြောင့် လူတိုင်းက အလုပ်ရှုပ်နေကြတာဘဲ။ " ဟု လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ဝူကောကို ပြောလိုက်သည်။

[ အမှားပါတာရှိရင် တောင်းပန်ပါတယ်ဗျ ၊ ပဲပိစပ်အကြောင်း နားမလည်လို့ပါဗျ ]

ဝူကော : …ဒီဖေ …..

All Chapters