← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် ပဟေဠိဖြစ်သွားခဲ့သည်။

" ဘော့စ်လင် ၊ အစောတုန်းက ကျွန်တော်တို့ ပဲပိစပ် ဈေးတက်မယ့်ဘက်ကို လောင်းထားတာ ရှင်းနေတာပဲလေ။ ဘာလို့ ကျွန်တော်တို့က ကျမယ့်ဘက်ကို ပြန်ပြောင်းလောင်းခဲ့ရတာလဲ .? "

" ငါ မင်းကို အရင်တုန်းက ပြောခဲ့တယ်မလား ? ။ ရောင်းဝယ်ရေးဈေးကွက်က အမြဲတမ်းပြောင်းလဲနေတယ်။ ဒါကြောင့်ဒီနယ်ပယ်မှာ မင်း လျင်မြန်စွာနဲ့ လိုက်လျောညီထွေရှိဖို့လိုအပ်တယ်။ ခုနက ဈေးကွက်မှာ တစ်ခုခုမှားနေပြီဆိုတာကို ငါသတိထားမိခဲ့တယ်။ အချိန်ကြာသွားရင် ငါတို့ပိုက်ဆံတွေအများကြီးကို ဆုံးရှုံးရလိမ့်မယ်။ ဒါကြောင့် ကျမယ့်ဘက် ပြောင်းဖို့ ငါ ဆုံးဖြတ်ခဲ့ရတာပဲ။ " ဟု လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ရှင်းပြခဲ့သည်။

ဝူကောက လင်ပေ့ဖန်ကို ထပ်မေးမြန်းခဲ့သည်။

" ဒါဆိုရင် အရင်ဝယ်ထားတဲ့ ပဲပိစပ် စာချုပ်တွေကရော ဘာဖြစ်သွားမလဲ ? "

လင်ပေ့ဖန်သည် သူ့၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

" အဲ့ဒါက ဈေးကွက်ကို စမ်းသပ်ဖို့ပါပဲ။ ပြီးတော့ အဲ့ဒီပိုက်ဆံပမာဏက အများဆုံး ယွမ် ထောင်ဂဏန်းအနည်းငယ်လောက်ဘဲ။ ဒါကြောင့် ငါတို့ရှုံးရင်လည်း ငါတို့ရှုံးတာပေါ့။ "

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် ရုတ်တရက်စိုးရိမ်လာခဲ့ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

မအေမွေလေး...

ဘယ်လိုလုပ်ပြီးတော့ ကျမယ့်ဘက်ကို ပြောင်းလိုက်ရတာလဲ …?

နဂါးဘုရင်ကျိုရှင်းက သူပို့လိုက်တဲ့ စာကို ရပြီးနေလောက်ပြီဖြစ်သည်။ထို့ပြင် သူတို့က ပဲပိစပ်ဈေးထိုးကျအောင်လို့ လုပ်မှာ အသေအချာဘဲဖြစ်သည်။ထိုအချိန်တွင် လင်ပေ့ဖန်သည် ပိုက်ဆံမဆုံးရှုံးတဲ့အပြင် ပိုက်ဆံတောင် ရှာနိုင်ခဲ့လိမ့်မည်ဖြစ်သည်။

ငါလေး ဒီအခြေအေနကို အမြန် ဖြေရှင်းရမယ်။ မဟုတ်ရင် ဒါက နောက်ကျသွားလိမ့်မယ်…။

" ဘော့စ်လင် ၊ ကျွန်တော့်မှာ အရေးကြီးသွားစရာကိစ္စတစ်ခုရှိတာကို အခုမှ သတိရမိတယ်။ဒါကြောင့် ကျွန်တော် အရင် သွားလိုက်ပါဦးမယ်။ " ဟု ဝူကောက လင်ပေ့ဖန်ကို ပြောလိုက်သည်။

လင်ပေ့ဖန်သည် ဝူကော၏ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

" မသွားနဲ့ဦး ၊ ပွဲကောင်းတစ်ပွဲလာတော့မယ်။ "

ဝူကောသည် ပိုပြီးတော့ စိုးရိမ်လာခဲ့ပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ကျွန်တော့်မှာ တကယ်ပဲ အရေးကြီးကိစ္စတစ်ခုရှိတယ်။ "

လင်ပေ့ဖန်သည် ပြုံးပြီး ဝူကောကို ပြောလိုက်သည်။

" မိနစ်အနည်းငယ်လေးနောက်ကျတာ ဘာမှမဖြစ်သွားပါဘူး။ "

သူပြောပြီးလို့ မကြာခင်မှာဘဲ ဖန်သားပြင်ကြီးက ပြောင်းလဲသွားခဲ့ပြီး ပဲပိစပ်ဈေးနှုန်းများက တဟုန်ထိုး ထိုးကျသွားခဲ့သည်။

၎င်းက ချက်ချင်းပဲ ၁ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။

လူတိုင်းမတုန့်ပြန်နိုင်ခင်မှာပင် ဖန်သားပြင်ကြီးက နောက်တစ်ကြိမ်ပြောင်းလဲသွားခဲ့သည်။

ပဲပိစပ်ဈေးနှုန်းက နောက်ထပ်တစ်ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။

ဝူကောသည် မှင်သက်နေခဲ့သည်။

ဘာဖြစ်တာတုန်းဟ…..

အဲ့ဒီနဂါးဘုရင်……

သူက ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ …?

အချိန်တိုလေးအတွင်းမှာ သူက ပဲပိစပ်ဈေးနှုန်း ၂ရာခိုင်နှုန်းကျသွားအောင် ဝယ်ယူခဲ့တယ်ပေါ့လေ…

လင်ပေ့ဖန်သည် အောင်ပွဲခံစွာဖြင့် ရယ်မောခဲ့သည်။

" အစ်ကိုဝူ ၊မင်းမြင်လား ?။ ပဲပိစပ်ဈေးနှုန်းက တကယ်ပဲ ကျနေပြီ။ ဒီကျဆင်းမှုကို ကြည့်ရတာ ဒီလောက်နဲ့ပဲ ရပ်တန့်မှာ မဟုတ်လောက်ဘူး။ အကယ်၍ ဒီနေ့ ၅ရာခိုင်နှုန်းမကျဘူးလို့ ပြောရင် ငါ မယုံဘူး။ "

…………………

လုံယရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ၏ ဌာနချုပ်တွင်……

နဂါးဘုရင်ကျိုရှင်းသည် ကြမ်းကြုတ်စွာဖြင့် ပြောလိုက်သည်။

" ငါ့အတွက် ကျလိုက်စမ်း ၊ မြန်မြန်ကျစမ်း။ငါ

လင်ပေ့ဖန်ကို တုန့်ပြန်ဖို့တောင် အချိန်မပေးချင်ဘူး။"

" ဒါပေမဲ့ နဂါးဘုရင် အဲ့ဒါက ပိုက်ဆံပမာဏအများကြီးကို ပို ဆုံးရှုံးစေလိမ့်မယ်။ "ဟု အနက်ရောင်ဝတ်လူတစ်ယောက်က ပြောလိုက်သည်။

" မစိုးရိမ်နဲ့ ။ အဲ့ဒါက နည်းပါးတဲ့ ငွေပမာဏလေးပါဘဲ။ လင်ပေ့ဖန်ကို ဆုံးရှုံးအောင် ပြုလုပ်နိုင်သ၍တော့ ငွေ ဘယ်လောက်များများ သုံးစွဲရ၊သုံးစွဲရ ငါ ဆန္ဒရှိတယ်။ "ဟု ကျိုရှင်းက ပြောလိုက်သည်။

" ဟုတ်ကဲ့ ၊နဂါးဘုရင် "

နဂါးဘုရင်ကျိုရှင်း၏ အားထုတ်မှုအောက်တွင် ပဲပိစပ်ဈေးနှုန်းက နောက်ထပ်နှစ်ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

ဆိုလိုတာကတော့ ပဲပိစပ်ဈေးနှုန်းက အစကနေ ၊အခုချိန်ထိတိုင်အောင် ၎င်းက ၄ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

သို့သော်လည်းပဲ အရှိန်အဟုန်ကတော့ အားကောင်းနေစဲဖြစ်သည်။

ခဏအကြာတွင် ၎င်းက နောက်ထပ် တစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြန်သည်။

….....

လင်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ၏ ရောင်းဝယ်ရေးခန်းထဲတွင် လင်ပေ့ဖန်သည် ဟက်ဟက်ပက်ပက် ရယ်မောခဲ့သည်။

" အစ်ကိုဝူ ၊ မင်းမြင်ပြီလား ? ။ ပဲပိစပ်ဈေးနှုန်းက ၅ရာခိုင်နှုန်း ကျဆင်းခဲ့ပြီ။ ငါ့ရဲ့ ခန့်မှန်းချက်က မှန်တယ်မဟုတ်လား ? "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် မှင်တက်သွားခဲ့သည်။

ပဲပိစပ်ဈေးနှုန်းက ၅ရာခိုင်နှုန်း မြန်မြန် ကျခဲ့တာလား…?

ထို့နောက် သူသည် ထုံထိုင်းစွာဖြင့် ခေါင်းညိတ်ခဲ့သည်။

" တိကျတယ် ၊ဒါက မယုံနိုင်လောက်အောင်ကို တိကျတယ်။ ကျွန်တော်တို့ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တယ်မလား ? "

" ဒါက သိပ်မများပါဘူး "

လင်ပေ့ဖန်သည် ပေါ့ပေါ့ပါးပါးရယ်မောပြီး ပြောလိုက်သည်။

" ငါက စုစုပေါင်း ယွမ်၁.၂ဘီလီယံခန့်ကုန်ကျတဲ့ စာချုပ်ပေါင်း ၂၀၀၀၀၀ကို ၁၀ဆနဲ့ ကျမယ့်ဘက်ကို လောင်းထားခဲ့တယ်။ ဈေးနှုန်းက ငါးရာခိုင်နှုန်းကျဆင်းခဲ့တယ်ဆိုတော့ ယွမ်သန်း၆၀၀ကိုပဲ ငါ ရှာနိုင်ခဲ့တယ်။ "

ယွမ်သန်း ၆၀၀ !!

ထိုစကားကြားလိုက်ရသောအချိန်တွင် ဝူကောသည် ထိတ်လန့်သွားခဲ့သည်။

ဒီလိုအချိန်တိုလေးအတွင်းမှာ လင်ပေ့ဖန်က ယွမ်သန်း၆၀၀ရှာနိုင်ခဲ့တယ်ပေါ့လေ……။

သေချင်ဆိုးနဂါးဘုရင် မင်း ဘယ်လောက် ပိုက်ဆံများများသုံးစွဲခဲ့တာလဲ …?

……………………

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင်……

" နဂါးဘုရင်ကို တင်ပြပါတယ် ၊ ကျွန်တော်တို့ ယွမ် ၁ဘီလီယံ သုံးစွဲခဲ့ပြီးပါပြီ။ "

" ယွမ်၁ဘီလီယံ ပဲလား ?။ဒါက မလုံလောက်သေးဘူး။ "

နဂါးဘုရင်ကျိုရှင်းသည် ခေါင်းခါပြီး ပြောလိုက်သည်။

" လင်ပေ့ဖန်ရဲ့ ပုံမှန်ရင်းနှီးမြှုပ်နှံမှုငွေပမာဏအပေါ် မူတည်ပြီးေတာ့ ပြောရရင် သူ အများဆုံး ယွမ်သန်း၄၀၀ ၊ယွမ်သန်း၅၀၀လောက်ပဲ ဆုံးရှုံးလိမ့်ဦးမယ်။ ဒါကြောင့်ငါ့ရဲ့ ပိုက်ဆံကို မသိမ်းထားနဲ့ ၊ဆက်ပြီးတော့ ဆုံးစွဲလိုက်။ "

" ဟုတ်ကဲ့ ၊နဂါးဘုရင် "

ရလဒ်အနေနဲ့ ကြိုဝယ်တဲ့ ပဲပိစပ် ရောင်းရငွေရန်ပုံငွေပမာဏအများကြီးက ဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ထို့နောက်ပဲပိစပ်ဈေးနှုန်းက နောက်တစ်ကြိမ်ထပ်ပြီး ကျဆင်းခဲ့ပြန်သည်။

အချိန်ခဏလေးအတွင်းမှာပင် ၎င်းက ၇ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ဈေးကွက်က အလွန်ဆိုးရွားသွားခဲ့သည်။

လင်ပေ့ဖန်သည် ဟက်ဟက်ပက်ပက်ရယ်မောပြီး ပြောခဲ့သည်။

" အစ်ကိုဝူ မင်းမြင်လား ?။ ပဲပိစပ်ဈေးက ၇ရာခိုင်နှုန်းခန့် ကျသွားခဲ့ပြီ။ဒါေကြာင့် ဆိုလိုတာက ငါတို့ ယွမ်သန်း၈၀၀ရှာနိုင်ခဲ့ပြီလို့ ဆိုလိုတာပဲ။ဒီနေ့မှာ ပဲပိစပ်ဈေးက ၉ရာခိုင်နှုန်းခန့် ကျဆင်းလိမ့်မယ်လို့ ငါ ခံစားနေရတယ်။ပြီးေတာ့ အဲ့ဒါက ကန့်သတ်ချက်အဆင့်နဲ့ နီးကပ်နိုင်တယ်။ဒါကြောင့်

ငါတို့မှာ ယွမ်၁ဘီလီယံရဖို့ အခွင့်အလမ်းတစ်ခုရှိတယ်။ "

ထိုအချိန်တွင် ဝူကောသည် မှင်သက်နေခဲ့သည်။

ငါးမိနစ်မပြည့်ခင်မှာပဲ လင်ပေ့ဖန်က ယွမ်သန်း၈၀၀ရရှိခဲ့တာလား …?

ဒါက ဧကရာဇ်ဆောင်ဟွေကျုံရဲ့ လက်ရေးလှပန်းချီကား ၂ ချပ်ထက် ပိုပြီးတော့ အဖိုးထိုက်တန်တယ်……

နဂါးဘုရင် ၊ မင်းက တကယ့်ကို ရက်ရောတာပဲ……

အဲ့လောက်ရက်ရောတဲ့ ပြိုင်ဘက်တစ်ယောက်ယောက်ကို ငါ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး…....

…………

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင်…

" ဆက်ပြီးတော့ ကျဆင်းအောင်လုပ် ၊ မင်းတို့ရဲ့ အစွမ်းအစအကုန်လုံးနဲ့ ကျဆင်းအောင်လုပ်လိုက်၊ ကန့်သတ်ချက် ကျရောက်တဲ့ထိတိုင်အောင် ကျဆင်းအောင် လုပ်လိုက် ။ ဒီနေ့ သူ ယွမ်၁ဘီလီယံ မဆုံးရှုံးမချင်း ငါ မလွှတ်ပေးဘူး။အဲ့လိုမလုပ်နိုင်ရင် ငါ့နာမည် ကျိုရှင်းမဟုတ်တော့ဘူး။ " ဟု နဂါးဘုရင်ကျိုရှင်းက ကျယ်လောင်စွာဖြင့် အော်ပြောခဲ့သည်။

" ဟုတ်ကဲ့ နတ်ဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူများက တညီတည်းအော်ပြောခဲ့ကြသည်။

ရလဒ်အနေနဲ့ ပဲပိစပ်ဈေးနှုန်းက ဆက်လက်ပြီး ကျဆင်းခဲ့သည်။

၎င်းက ၈ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။ထို့နောက် လျင်မြန်စွာဖြင့် ၎င်းက ၉ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

…......

လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ရောင်းဝယ်ရေးခန်းထဲတွင်…

လင်ပေ့ဖန်က အားရပါးရရယ်မောခဲ့သည်။

" ကြည့် ၊ငါ ပြောတာ တကယ်မှန်တယ်။ ပဲပိစပ်ဈေးက ၉ရာခိုင်နှုန်းကျဆင်းခဲ့တယ်ဆိုတော့ ဒီ ရောင်းဝယ်မှုရဲ့ အကျိုးအမြတ်က ယွမ်၁ဘီလီယံကျော်ရှိတယ်။ အမြတ်က မဆိုးဘူး။ "

ဝူကော : ):

နဂါးဘုရင် မင်းက မယုံနိုင်လောက်အောင်ကို ရက်ရောလွန်းတယ်…။

" ဘော့စ်လင် ၊ ပဲပိစပ်ဈေးရဲ့ ကျဆင်းမှုနှုန်းက ကန့်သတ်ချက်ကို ရောက်တော့ပါမယ်။ ကျွန်တော်တို့ ပဲပိစပ်ဈေး ကျဆင်းမယ့်ဘက် လောင်းထားတာကို ပိတ်လိုက်သင့်လား? " ဟု ကုန်သည်တစ်ယောက်က မေးမြန်းခဲ့သည်။

လင်ပေ့ဖန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" ပိတ်လိုက် ။ "

" ဟုတ်ကဲ့ ၊ဘော့စ်လင် "

ပိတ်တယ်ဆိုတာက ဆန့်ကျင်ဘက်လုပ်ဆောင်တာကို ဆိုလိုချင်းဖြစ်သည်။ ဒီနေရာမှာတော့ ၎င်းက ပြောင်းပြန် လည်ပတ်မှုကို ပြုလုပ်ပြီး ပဲပိစပ်များ ပိုပြုလုပ်ရန် ဖြစ်သည်။

………

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ဌာနချုပ်တွင်……

" နဂါးဘုရင်ကို တင်ပြပါတယ် ၊ပဲပိစပ်ကြိုရောင်းဈေးကွက်မှာ အော်ဒါအများအပြား ပေါ်လာတာတာကြောင့် ပဲပိစပ်ဈေးနှုန်းကို မြင့်တက်လာစေပါတယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ ဝယ်မလို့လား?"ဟု အနက်ရောင်ဝတ်လူတစ်ယောက် ကျယ်လောင်စွာဖြင့် ပြောခဲ့သည်။

နဂါးဘုရင်ကျိုရှင်းကပြောလိုက်သည်။

" ငါ့အတွက် ဆက်ပြီးတော့ ဝယ်စမ်း။ ကြိုဝယ်တဲ့အော်တာ ဘယ်လောက်ပဲများပါစေ ကိစ္စမရှိဘူး။ အစီအတိုင်းဆက်လုပ်။ ငါ ပဲပိစပ်ဈေးနှုန်း ကျဆင်းမှုကို ကန့်သတ်ချက်ထိ ရောက်အောင် လုပ်ပြီးတော့ လင်ပေ့ဖန်ကို အရာအားလုံးဆုံးရှုံးအောင်လို့ လုပ်ပစ်မယ် "

" ဟုတ်ကဲ့ ၊နဂါးဘုရင် "

ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် အပြုံးယဲ့ယဲ့ဖြင့် ရှန်ပိန်ခွက်တစ်ခွက်ကို ကျက်သရေရှိစွာဖြင့် ကိုင်၍ မြောက်ခဲ့သည်။

" ငါ့လို တီကောင်ဘုရင်ကို ဘယ်သူကမှ အနိုင်မယူနိုင်ဘူး "

……

လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ဌာနချုပ်တွင် …

ကုန်သည်တစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောခဲ့သည်။

" ဘော့စ်လင် ၊ ကျွန်တော်တို့ ကြိုဝယ်ထားတဲ့ အော်ဒါတွေအကုန်လုံးကို ဖယ်ထုတ်ခဲ့ပြီးပါပြီ။ အခုကျန်တော်တို့ရဲ့ အော်ဒါတွေအကုန်လုံးကိုလည်း ပိတ်ပြီးပါပြီ။ပြီးတော့ ကျွန်တော်တို့ စုစုပေါင်း ယွမ်၁.၀၈ဘီလီယံကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆယ်မိနစ်မပြည့်ခင်မှာဘဲ ယွမ်၁.၀၈ဘီလီယံကို ကျွန်တော်တို့ ရရှိခဲ့တာပါ။ ဒါက မယုံနိုင်စရာပါဘဲ။ "

.

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် အလွန်ထိလန့်သွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

လင်ပေ့ဖန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။

" အရမ်းကောင်းတယ်။ ငါ ဒီနေ့ အတော်လေးကို ပျော်ရွှင်နေတယ်။ ကျေးဇူးပြုပြီး ငါ့အတွက် သီချင်းတစ်ပုဒ်လောက် ဖွင့်ပေးပါ။ "

" မစ္စတာလင် ၊ မင်း ဘယ်လို သီချင်းမျိုးကို ကြိုက်လဲ? "

လင်ပေ့ဖန်သည် ကြော့ကြော့မော့မော့ဖြင့် အနီရောင်ဝိုင်ခွက်တစ်ခွက်ကို မြောက်ပြီး အပြုံးယဲ့ယဲ့ဖြင့် ပြောခဲ့သည်။

" အောင်သွယ်တော်လမင်းကြီး သီချင်းကို ဖွင့်လိုက် (စတာ) [ ဘယ်လိုလုပ်ပြီးတော့ အထီးကျန်ခြင်းကို တွန်းလှန်နိုင်မှာလဲ ] သီချင်းကို ဖွင့်လိုက်ပါ။ ကျေးဇူးတင်ပါတယ် "

ထို့နောက် လင်ပေ့ဖန်သည် သီချင်းရဲ့ စည်းချက်အတိုင်း ကပြဖျော်ဖြေခဲ့သည်။

[ ဘယ်လိုလုပ်ပြီးတော့ အထီးကျန်ခြင်းကို တွန်းလှန်နိုင်မှာလဲ……. ](မူရင်းမှာကို ဘာမှ မရေးထားတာနော်🌚🌚)

လင်ပေ့ဖန်သည် လက်ဟန်ပြပြီး သူ့လက်အောက်ငယ်သားတွေကို ပြောလိုက်သည်။

" ဒီနေ့ ယွမ်၁ဘီလီယံ ရတာ မင်းတို့အားလုံးမပျော်ဘူးလား ?။ ငါနဲ့ အတူတူကကြလေ။ "

" အစ်ကိုဝူ ၊ ကြမ်းပြင်မှာပဲ မနေ နေနဲ့ ၊လာ ငါနဲ့ အတူတူလာက "

……

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင်…

" နဂါးဘုရင်ကိုတင်ပြပါတယ် ။ ပဲပိစပ်ဈေးရဲ့ ကန့်သန့်ချက်ထိကို ကျသွားပါပြီ။ "

" ခံစားရကောင်းလိုက်တာ "

နဂါးဘုရင်ကျိုရှင်းသည် ပျော်ရွှင်စွာဖြင့် ညည်းညူခဲ့သည်။

" ဒီတစ်ကြိမ်မှာ လင်ပေ့ဖန် အနည်းဆုံး ၁ဘီလီယံလောက်တော့ ဆုံးရှုံးသွားလိမ့်မယ်။ ငါ သူ့ကို တိတ်တဆိတ် ဖျက်ဆီးနေတာကို သူ သေချာပေါက် မမျှော်လင့်ထားလောက်ဘူး။ သူ့ပိုက်ဆံတွေအကုန်လုံးေတာ့ ဆုံးရှုံးသွားလောက်ပြီ။ ဟား…ဟား…"

အနက်ရောင်ဝတ်လူများက တပြိုင်တည်း အော်ပြောခဲ့ကြသည်။

" ဂုဏ်ပြုပါတယ် နဂါးဘုရင် ၊ဂုဏ်ပြုပါတဲ့နဂါးဘုရင်"

" ငါဒီနေ့ အတော်လေးကို ပျော်ရွှင်နေတယ်။ ငါ့အတွက် သီချင်းတစ်ပုဒ်ဖွင့်ပေးစမ်း " ဟု ကျိုရှင်းက ပြောလိုက်သည်။

" နဂါးဘုရင် ၊ ဘယ်သီချင်းကို ဖွင့်ရမှာလဲ ? "

နဂါးဘုရင်ကျိုရှင်း၏ နှုတ်ခမ်းထောင့်က တွန့်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

" ဟုတ်တာပေါ့ ၊ [ ဘယ်လိုလုပ်ပြီးတော့ အထီးကျန်ခြင်းကို တွန်းလှန်နိုင်မှာလဲ ]ဆိုတဲ့ သီချင်းကို ဖွင့်လိုက်။ ဒီသီချင်းကပဲ ဒီနေ့ရဲ့ အခြေအနေနဲ့ သင့်တော်တယ်။ ဒီသီချင်းတစ်ပုဒ်တည်းကပဲ ငါ့လို နဂါးဘုရင်နဲ့ သင့်တော်တယ်။ "

ထို့နောက် သီချင်းစတင်ချိန်တွင် နဂါးဘုရင်ကျိုရှင်းသည် ရှန်ပိန်ခွက်တစ်ခွက်ကို ကိုင်၍ ပျော်ရွှင်စွာဖြင့် စတင်ပြီး ကခဲ့သည်။

[ ဘယ်လိုလုပ်ပြီးတော့ အထီးကျန်ခြင်းကို တွန်းလှန်နိုင်မှာလဲ ]

( မရေးတော့ဘူး…အဲ့ဒါပဲ ပါတယ်)

All Chapters