အခန်း (၁၀၁)
Vol. 7 Ch. 101
ထို့နောက် လူတိုင်းက ပျော်ရွှင်စွာဖြင့် ကခဲ့ကြသည်။
လင်ပေ့ဖန်သည် ကပြီးသည့်နောက်တွင် နောက်ဆုံးမှာတော့ ထုံထိုင်းနေတဲ့ ဝူကောကို ပြန်ခွင့်ပေးခဲ့သည်။
ထိုအချိန်တွင် နဂါးဘုရင်ကျိုရှင်းသည်လည်း က ပြီးသွားခဲ့သည်။
" သက်တောင့်သက်သာရှိလိုက်တာ "
" ပျော်စရာကောင်းလိုက်တာ "
" ခံစားရကောင်းလိုက်တာ "
နဂါးဘုရင်ကျိုရှင်းသည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာဖြင့် လဲလျောင်း၍ သူ့လက်ထဲတွင် ကိုင်ထားတဲ့ ရှန်ပိန်ခွက်ကို တစ်ကျိုက်သောက်ပြီးနောက် နောက်တစ်ကြိမ် ညည်းညူခဲ့သည်။
ထို့နောက်သူသည် စိတ်မရှည်စွာဖြင့် မေးမြန်းခဲ့သည်။
" လင်ပေ့ဖန် ပိုက်ဆံ ဘယ်လောက်ဆုံးရှုံးခဲ့လဲဆိုတာကို ဝူကောကို အမြန်မေးလိုက် "
" ဟုတ်ကဲ့ နဂါးဘုရင် "ဟု ပြောပြီးနောက် အနက်ရောင်ဝတ်လူသည် သူ့၏ ဖုန်းကို ထုတ်ခဲ့သည်။
…....
တစ်ခြားတစ်ဖက်တွင် အိမ်သို့ ပြန်လာနေသည့် ဝူကောသည် အနက်ရောင်ဝတ်လူထံမှ လာသည့် စာတစ်စောင်ကို ဝိရောဓိဖြစ်သောအမူအရာဖြင့် ကြည့်နေခဲ့သည်။
သူသည် ကြိုရောင်းဈေးကွက်အကြောင်း သိပ်မသိသော်လည်း ပဲပိစပ်ဈေးကို ၁၀ရာခိုင်နှုန်း ကျဆင်းအောင်ပြုလုပ်ခြင်းက သေချာပေါက် ငွေအများကြီးကုန်ကျ၍ စံနှုန်းဖြင့် တိုင်းတာပါက ဘီလီယံနဲ့ချီပြီး ကုန်ကျမည်ဆိုတာကိုတော့ သူ သိသည်။
တစ်နည်းအားဖြင့် ပြောရရင်တော့ လင်ပေ့ဖန် ရရှိသည့် ငွေပမာဏ ဘယ်လောက်များလဲ ပေါ်မူတည်ပြီး သူတို့သည်လည်း အနည်းဆုံး ထိုငွေပမာဏလောက် ဆုံးရှုံးလိမ့်မည်ဖြစ်သ်ည။
အကယ်၍ သူတို့သာ လင်ပေ့ဖန် ပိုက်ဆံမဆုံးရှုံးတဲ့အပြင် ပိုက်ဆံ အများကြီး ရှာနိုင်ခဲ့ကြောင်းကိုသာ သိပါက သူတို့သည် အတော်လေး မချင့်မရဲ ဖြစ်သွားလိမ့်မည်ဖြစ်သည်။
" မေ့လိုက်တော့ ၊ဒါကို သူတို့သိမှာ အနှေးနဲ့အမြန်ပဲဆိုတော့ ငါ သူတို့ကို အရင်ပြောလိုက်ေတာ့မယ်။ "
ထို့နောက် ဝူကောသည် အနက်ရောင်ဝတ်လူထံသို့ စာပို့ခဲ့သည်။
…........
လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည် ရှန်ပိန်၏ အရသာကိုခံစား၍ အလွန်ပျော်ရွှင်စွာဖြင့် မေးမြန်းခဲ့သည်။
" ဝူကော အကြောင်းပြန်ပြီလား ? "
အနက်ရောင်ဝတ်လူက လေးစားစွာဖြင့် ပြန်ဖြေခဲ့သည်။
" ဟုတ်ကဲ့ နဂါးဘုရင် ။ သူ အကြောင်းပြန်ပြီးပါပြီ။ "
" ဘယ်လို အခြေအနေရှိလဲ ? ။ ငါ့ကိုပြော ၊ လင်ပေ့ဖန် ပိုက်ဆံဘယ်လောက်များများ ဆုံးရှုံးခဲ့လဲ ? "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် အနက်ရောင်ဝတ်လူသည် ချိတုံချတုံဖြင့် ပြောခဲ့သည်။
" ဒါက…........."
" ဒီအချိန်မှာတောင် မင်းက ငါ့ကို ရင်ဖိုအောင်လို့ လုပ်နေတုန်းပဲလား ? "
ထို့နောက် နဂါးဘုရင် ကျိုရှင်းသည် ရှန်ပိန်ကို တစ်ငုံစုပ်သောက်ပြီး ခေါင်းခါ၍ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
" မင်း ကောင်ဇိုးလေး ၊မင်းက ငါ့ဘေးနားမှာနေတာ ကြာလာတော့ မင်းက ပိုပြီးတော့ ဆိုးလာတယ်။ ဟား…ဟား… "
အနက်ရောင်ဝတ်လူသည် အကျပ်ရိုက်သောအမူအရာဖြင့် ပြောလိုက်သည်။
" နဂါးဘုရင်ကို တင်ပြပါတယ် ၊ဒါကို ကျွန်တော် ဘယ်လို ပြောရမလဲမသိဘူး………"
" မင်းပြောချင်တာက မင်း ငါ့ကို မပြောပြပဲနဲ့ ၊ဒါကို ငါ့ကို ခန့်မှန်းစေချင်တာလား ? "
နဂါးဘုရင် ကျိုရှင်းသည် အခုချိန်တွင် စိတ်အခြေအနေကောင်းနေခဲ့သည်။
" ဒါဆိုရင်လည်း ကောင်းပြီ ၊ငါ ခန့်မှန်းကြည့်မယ်။ ငါတို့ ရထားတဲ့ သတင်းအချက်အလက်တွေအရတော့ လင်ပေ့ဖန် ပုံမှန် ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏက ယွမ် ၁ဘီလီယံလောက်ရှိတယ်။ ပုံမှန်အားဖြင့် ၁၀ဆ မာကင်စနစ်နဲ့ ၁၀ရာခိုင်နှုန်းကျဆင်းမယ်ဆိုရင် ယွမ် ၁ဘီလီယံ ဝန်ကျင်းလောက် ဆုံးရှုံးပြီးတော့ ဒါက ဒေဝါလီ ခံရလုနီးပါးထိဖြစ်စေလိမ့်မယ်။ "
" ဒါပေမဲ့ သူ့ရဲ့ တုန့်ပြန်မှုက သေချာပေါက် နှေးနေမှာ မဟုတ်လောက်ဘူး။ ပဲပိစပ်ဈေးနှုန်း ကျဆင်းမှု ကန့်သတ်ချက်ကို မရောက်ခင်မှာဘဲ သူက သေချာပေါက် စာချုပ်ကို အမြန်ဖျက်သိမ်းလိမ့်မယ်။ ဒါကြောင့် သူ ယွမ်သန်း၈၀၀ဝန်းကျင်လောက် ဆုံးရှုံးခဲ့မယ်လို့ ငါ ခန့်မှန်းတယ်။ ငါပြောတာ မှန်တယ်မလား ? "
အနက်ရောင်ဝတ်လူက ပြောလိုက်သည်။
" နဂါးဘုရင် ၊ မင်း ခန့်မှန်းတာ မှားပါတယ်။ "
" တကယ်လား ?။ ငါမှန်းတာ များသွားလို့လား ၊ဒါမှမဟုတ် နည်းသွားလို့လား ? " ဟု နဂါးဘုရင် ကျိုရှင်းက အံ့အားသင့်စွာဖြင့် ပြောခဲ့သည်။
အနက်ရောင်ဝင်လူက ကျိုရှင်းကို ပြန်ပြောခဲ့သည်။
" နဂါးဘုရင်ကိုတင်ပြပါတယ် ၊ နဂါးဘုရင် ခန့်မှန်းတာ နည်းပါတယ်။ "
" နည်းတယ်လား ?။ "
နဂါးဘုရင်ကျိုရှင်းသည် ပျော်ရွှင်သွားခဲ့သည်။ထို့နောက် သူသည် သူ့၏ ကိုယ်နေဟန်ထားကို ပြောင်း၍ ခြေချိတ်ထိုင်ပြီး ပြောလိုက်သည်။
" ဟားဟား…! ငါ ခန့်မှန်းတာ တကယ် နည်းသွားတာပဲ။ဒါဆိုရင် လင်ပေ့ဖန်က ယွမ်သန်း၉၀၀ ဝန်းကျင်လောက် ဆုံးရှုံးခဲ့တယ်လို့ မင်း ပြောချင်တာလား ? ။ဒါ စပရိုက်ကြီးတစ်ခုပဲ။ "
အနက်ရောင်ဝတ်လူသည် ကျိုရှင်းကို ပြောလိုက်ပြန်သည်။
" နဂါးဘုရင်ကိုတင်ပြပါတယ် ၊မင်း ခန့်မှန်းတာ နည်းနေတုန်းပါပဲ။ "
" နည်းနေတုန်းပဲလား ? "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် နဂါးဘုရင်ကျိုရှင်းသည် ဝမ်းသာသွားခဲ့သည်။
" သူ ယွမ်၁ဘီလီယံလောက် ဆုံးရှုံးမှာ မဟုတ်လောက်ဘူးမလား ?။ သူ စာချုပ်ကို မဖျက်သိမ်းလိုက်ဘူးလား ? "
အနက်ရောင်ဝတ်လူက ပြောခဲ့သည်။
" နဂါးဘုရင်ကို တင်ပြပါတယ် ၊ သူ စာချုပ်ကို မဖျက်သိမ်းခဲ့ပါဘူး။ "
" သူက ဒီအခြေအနေမှာတောင် မဖျက်သိမ်းခဲ့ဘူးလား ? ။ သူ့ကို ကြည့်ရတာ ဒီတစ်ကြိမ် တကယ်ဘဲ ကစားပွဲကြီးတစ်ခုကို ကစားဖို့ထင်တယ်။ "
ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် ရှန်ပိန်ကို ပျော်ရွှင်စွာဖြင့် တစ်ငုံသောက်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
" ကောင်းပြီ ၊ ငါ့ကို ရင်ဖိုအောင် လုပ်နေတာ ရပ်ပြီးတော့ ငါ့ကို မြန်မြန်ပြောပြ။ "
အနက်ရောင်ဝတ်လူက ကျိုရှင်းကို မေးမြန်းခဲ့သည်။
" နဂါးဘုရင် တကယ်ပဲ သိချင်တာလား ? "
" မြန်မြန် နဲ့ အသံကျယ်ကျယ်ပြော။ မင်း ငါ့ကို မပြောပြရင် ၊ငါ မင်းကို အပြစ်ပေးရလိမ့်မယ်။ "
" ဒါဆိုရင်လည်း ကျွန်တော်ပြောပါ့မယ်။ "
ထို့နောက် အနက်ရောင်ဝတ်လူက အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။
" နဂါးဘုရင်ကို တင်ပြပါတယ် ၊ လင်ပေ့ဖန် ပိုက်ဆံ မဆုံးရှုံးခဲ့ပါဘူး။ သူ ယွမ် ၁•၁ဘီလီယံဝန်းကျင်လောက် ရှာနိုင်ခဲ့ပါတယ်။ "
နဂါးဘုရင်ကျိုရှင်းသည် ထိုစကားကို ကြားလိုက်ရသောအချိန်တွင် သူသောက်ထားတဲ့ ရှန်ပိန်များကို အနက်ရောင်ဝတ်လူ၏ မျက်နှာသို့ ထွေးထုတ်မိခဲ့သည်။
" ဖူး…........"
အနက်ရောင်ဝတ်လူသည် သူ့၏ မျက်နှာတစ်ခုလုံးကို ရှန်ပိန်များဖြင့် ပက်ဖျန်းမိခဲ့သဖြင့် အလွန်စိတ်မကောင်းဖြစ်သွားခဲ့သည်။
ကျိုရှင်းသည် ဒေါသတကြီးဖြင့် ခုန်ထပြီး အော်ပြောခဲ့သည်။
" မင်း ဘာပြောလိုက်တာလဲ ? ။ မင်းပြောတာ လင်ပေ့ဖန်က ပိုက်ဆံမဆုံးရှုံးတဲ့အပြင် သူက ပိုက်ဆံတောင် ရှာနိုင်ခဲ့တယ်လား ?။ ပြီးတော့ သူက ယွမ်၁.၁ဘီလီယံဝန်းကျင်လောက် ရှာနိုင်ခဲ့တယ်ပေါ့လေ ၊ဟုတ်လား ? "
အနက်ရောင်ဝတ်လူက ထုံထိုင်းသောအမူအရာဖြင့် ခေါင်းညိတ်ခဲ့သည်။
ကျိုရှင်းသည် ပိုပြီးတော့တောင်မှ စိတ်တိုသွားခဲ့ပြီး ပြောလိုက်သည်။
" ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ ? ။ မင်း ငါ့ကို နောက်နေတာလား ?။ ငါ ယွမ်နှစ်ဘီလီယံကျော်လောက် သုံးပြီးမှ ပဲပိစပ် ဈေးနှုန်းကျတာ ကန့်သတ်ချက်ရောက်တာလေ။ ပဲပိစပ် ကျတာကနေ သူက ဘယ်လိုလုပ်ပြီးတော့ ပိုက်ဆံရှာနိုင်ရတာလဲ ? "
အနက်ရောင်ဝတ်လူသည်ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်ဖြေခဲ့သည်။
" နဂါးဘုရင်ကိုတင်ပြပါတယ် ၊ဒါက ကျွန်တော့်ကို ဝူကော ပြောခဲ့တာပါ။ "
" ငါ့ကို ဖုန်းပေးစမ်း ၊ ငါ သူ့ကို မေးကြည့်မယ်။ "
ထို့နောက်ကျိုရှင်းသည် ဖုန်းကို ကိုင်လိုက်ပြီး ချက်ချင်းပဲ စာတစ်စောင်ပို့၍ မေးမြန်းခဲ့သည်။
အနက်ရောင်ဝတ်လူ ; ဘာဖြစ်တာလဲ ?။ ဘယ်လိုလုပ်ပြီးတော့ လင်ပေ့ဖန်က ပိုက်ဆံရှာနိုင်ခဲ့ရတာလဲ ?။ မင်း စာရိုက်တာပဲ မှားရိုက်ခဲ့တာလား ? ။
ဝူကော ; ငါ စာရိုက်တာ မမှားပါဘူး။ လင်ပေ့ဖန်က တကယ်ပဲ ယွမ်၁.၁ဘီလီယံ ဝန်းကျင်လောက် ရှာနိုင်ခဲ့တယ်။
အနက်ရောင်ဝတ်လူ ; သူ ပိုက်ဆံရှာနိုင်တာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ ? ။
ဝူကော ; ဘာကြောင့်လဲဆိုတော့ သူက ပဲပိစပ်ကျမယ့်ဘက်ကို စာချုပ်ချုပ်ထားလို့ဘဲ။ ဒါကြောင့် သဘာဝကျစွာနဲ့ သူက ပိုက်ဆံရှာနိုင်ခဲ့တာဘဲ။
အနက်ရောင်ဝတ်လူ ; သူက ပဲပိစပ်တက်မယ့်ဘက်ကို လောင်းထားတယ်လို့ မင်းပဲ ငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား ? ။
ဝူကော ; အစက ပဲပိစပ်တက်မယ့်ဘက်ကို သူက လောင်းထားတာ။ ဒါပေမဲ့ ငါ သန့်စင်ခန်းသွားပြီးလို့ ပြန်လာတဲ့အချိန်မှာ သူက ပဲပိစပ်ကျမယ့်ဘက်ကို ပြောင်းလောင်းထားတယ်လေ။
အနက်ရောင်ဝတ်လူ ; သူ ပြောင်းထားတာကို မင်းက ငါ့ကို ဘာလို့ မပြောတာလဲ ?
ဝူကော ; ငါ မင်းကို ပြောပြချင်ခဲ့တယ်။ဒါပေမဲ့
လင်ပေ့ဖန်က ငါ့ရဲ့လက်ကို ကိုင်ထားလို့ ၊ ငါ ထွက်သွားလို့ မရခဲ့ဘူး။ ငါ ထွက်သွားလို့ မရတော့ ၊ငါ မင်းကို ဘယ်လိုလုပ် ပြောပြနိုင်ေတာ့မှာလဲ ?။ မင်း နားလည်တယ် မလား ? ။
…....
အခြားတစ်ဖက်တွင် ဖုန်းကိုင်ထားသော နဂါးဘုရင်ကျိုရှင်းသည် အမှန်တကယ်ကို ကြက်သေသေနေခဲ့သည်။
သူသည် ယွမ်၂ဘီလီယံကျော်ကျော် ဆုံးရှုံးခဲ့ပေမဲ့လည်း လင်ပေ့ဖန်ကတော့ ပိုက်ဆံတစ်ပြားမှ မဆုံးရှုံးတဲ့အပြင် ယွမ်၁.၁ဘီလီယံလောက် ရှာနိုင်ခဲ့သည် မဟုတ်ပါလော …....
တစ်နည်းအားဖြင့် ပြောရရင်တော့ သူသည် ပိုက်ဆံကို သူ့လက်ဖြင့်ကိုယ်တိုင်ကိုင်ပြီး လင်ပေ့ဖန်ကို ပေးခဲ့မိသည် မဟုတ်ပါလော…...
ထိုကဲ့သို့ ဝမ်းနည်းစရာကောင်းတဲ့ ရလဒ်မျိုးကို သူ လက်မခံနိုင်ပေ……။
သူသည် နာကျင်နေတဲ့ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး ညည်းညူခဲ့သည်။
" အ… ငါ့ ရင်ဘတ်က နာနေတယ်။ ဒါက အရမ်းကို နာကျင်လွန်းတယ်။ "
အနက်ရောင်ဝတ်လူသည် အလွန်အံ့အားသင့်သွားခဲ့သည်။
" နဂါးဘုရင် ၊ မင်း ဘာဖြစ်လို့လဲ ? "
" ငါ့ကို တစ်ယောက်တည်း လွှတ်ထား။ ငါ အခုချိန်မှာ ကျိန်ဆဲချင်နေတယ်။ "
ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် ဖုန်းကောက်ကိုင်ပြီး ဝူကောစီသို့ စာပို့ခဲ့သည်။
အနက်ရောင်ဝတ်လူ ; မင်းက ဦးနှောက်မရှိတဲ့ကောင်ပဲ။
ဝူကော : ):
အနက်ရောင်ဝတ်လူ ; မင်းက အရူးပဲ။
ဝူကော : ):
အနက်ရောင်ဝတ်လူ ; တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီးတော့ သွားသေလိုက်။
ဝူကော ; …
အနက်ရောင်ဝတ်လူ ; အလကား သုံးစားမရတဲ့ ၊ဖိုးသုည။
အနက်ရောင်ဝတ်လူ ; မအေမွေး ၊ကောင်းကျိုးမပေးတဲ့အကောင်။
ဝူကော ; ……
အနက်ရောင်ဝတ်လူ ; @#$_&++(((…
ထို့နောက် ကျိုရှင်းထံမှ ဒဏ္ဍာရီလာ ကျိန်ဆဲတဲ့ စကားလုံးများထွက်လာခဲ့သည်။
နဂါးဘုရင်ကျိုရှင်းသည် ဝူကောကို ခေါင်းအစ ခြေအဆုံး ရစရာမရှိအောင်လို့ ပြစ်ပြစ်နယ်နယ် ကျိန်ဆဲခဲ့သည်။
ထို့ပြင် နဂါးဘုရင်ကျိုရှင်းသည် ဝူကော၏ ဘိုးဘေး ဆယ့်ရှစ်ဆက်ကိုတောင်မှ ရစရာမရှိအောင် ကျိန်ဆဲခဲ့သည်။
ဝူကောသည် ကျိုရှင်းပို့တဲ့ စာများကို ဖတ်လေလေ ပိုပြီးတော့ ဒေါသထွက်လာပြီး သူ့၏ မျက်နှာအမူအရာကလည်း မည်းမှောင်လာခဲ့သည်။
မင်းတို့က ငါ့ကို ကျိန်ဆဲတယ်လား ……?
အကယ်၍ မင်းတို့သာ မြန်မြန်နဲ့ မလုပ်ဆောင်ခဲ့ရင် လင်ပေ့ဖန်က ဒီအခြေအနေကို အခွင့်ကောင်းယူနိုင်ခဲ့မှာလား ……?
ငါ့ရဲ့ ရန်သူတော်ကြီး ပိုက်ဆံရှာနိုင်တာကို မြင်ရတာက ငါ့ကို ဘယ်လိုလုပ် ခံစားရကောင်းစေမှာလဲ …?
ဝူကောသည် ခံပြင်းလွန်းတာကြောင့် စတင်၍ ပြန်လည်ပြီး ကျိန်ဆဲခဲ့သည်။
ဝူကော ; မင်းနေမကောင်းဘူးလား…?
အနက်ရောင်ဝတ်လူ ; ……
ဝူကော ; မင်း နေမကောင်းရင်ဆေးသောက်လေ။ အပြင်ထွက်ပြီးတော့ ဘာလို့ဟောင်နေတာလဲ……?
အနက်ရောင်ဝတ်လူ ;……
ဝူကော ; မင်း ကျောင်းမှာ စာမသင်ခဲ့ရဘူးလား …?။ မင်း မှာ အသိဉာဏ်ရော မရှိဘူးလား…?
အနက်ရောင်ဝတ်လူ ; ……
ဝူကော ; မင်း အမေက မင်းလို ကောင်းကျိုးမပေးတဲ့ သားကို ဘယ်လိုလုပ်ပြီးတော့ မွေးခဲ့တာလဲ …?။
မွေးလာကတည်းက အသေလေးမွေးလာရမှာ…။အလကား သုံးစားမရတဲ့ ပေါက်ဖုံးလဒ…။
အနက်ရောင်ဝတ်လူ : …......
ဝူကော ; ဝက်မသားလေး ၊ မင်းနေရမယ့် နေရာကို မင်းပြန်သွား…။
အနက်ရောင်ဝတ်လူ : …..
….......
တစ်ခြားဖုန်းတစ်ဖက်တွင် နဂါးဘုရင်ကျိုရှင်းသည်လည်း ဒေါသတကြီး ပေါက်ကွဲထွက်ခဲ့သည်။
သူသည် ဒီမတိုင်ခင် ဘယ်တုန်းကမှ ဒီလိုမျိုး မကျိန်ဆဲခံခဲ့ရဖူးပေ။ထို့ပြင် သူသည် အသုံးမကျတဲ့ သမက်ဖြစ်ခဲ့ချိန်တုန်းကတောင်မှ ဒီလိုမျိုး မကျိန်ဆဲခံခဲ့ရပေ။
ပိုပြီးတော့တောင် ဒေါသထွက်စရာကောင်းတာက ဝူကောသည် မှားတဲ့သူဖြစ်သော်လည်း သူ့ကိုတောင်မှ ပြန်ကျိန်ဆဲနေခဲ့သည် မဟုတ်ပါလော……
ဘယ်လိုတောင် အရှက်မရှိလိုက်လဲ…?
ဒီကောင်က ဘယ်လိုလုပ် ဒီလောက် အရှက်မရှိတဲ့လူ ဖြစ်နေရတာလဲ…?
သူ့ဦးနှောက်က ဒေါသထွက်လွန်းတာကြောင့် ပေါက်ကွဲတော့မလို့ ဖြစ်နေခဲ့သည်။
" ငါ့ကို ဖုန်းပြန်ပေးစမ်း။ ငါသူ့ကို ခပ်ကြမ်းကြမ်း ပြန်ကျိန်ဆဲမယ်။ မင်းတို့ကောင်တွေလည်း ငါ့နဲ့ အတူတူ ပေါင်းပြီးတော့ ဒီကောင်ကို ကျိန်ဆဲပေးစမ်း….။
နဂါးဘုရင်ကျိုရှင်းသည် အရှက်မဲ့စွာဖြင့် သူ့၏အာဏာကို အသုံးပြုခဲ့သည်။
ထို့နောက် နှစ်ဖက်စလုံးက မြန်မာလိုကြီး ဆက်လက်၍ ကျိန်ဆဲခဲ့သည်။
ထို့ပြင် နှစ်ဖက်စလုံး၏ ကျိန်ဆဲမှုတွေကလည်း ပိုပြီးတော့ ပြင်းထန်လာခဲ့သည်။
ဝူကောသည် ကျိုရှင်းဘက်မှ လူအရေအတွက်သာလွန်သောကြောင့် သူချည်းပဲ ပိုပြီးတော့ ကျိန်ဆဲခံခဲ့ရသည်။
ဝူကောသည် မနိုင်တော့တာကြောင့် သူသည် တိုက်ရိုက် ဓာတ်ပုံပို့၍ ကျိန်ဆဲခဲ့သည်။
ထို့နောက် သူသည် ဓာတ်ပုံ တစ်ပုံပြီးတစ်ပုံပြောင်းပို့၍ ကျိန်ဆဲခဲ့သည်။
….....
နောက်ဆုံးမှာတော့ နှစ်ဖက်စလုံး၏ ဖုန်းအားများ ကုန်ဆုံးသွားတာကြောင့် ကျိန်ဆဲခြင်းအနုပညာက ပြီးဆုံးသွားခဲ့သည်။
ဖုန်းအားကုန်တာကို ကျေးဇူးတင်ရမည်ဖြစ်သည်။ထိုအခါမှ ကမ္ဘာကြီးသည် အငြင်းပွားမှု နည်းပါးပြီး ပို၍ အနည်းငယ် ငြိမ်ချမ်းလာတာကို မြင်တွေ့ခဲ့ရသည်။
ဖုန်းအားသွင်းပြီးနောက်တွင် နှစ်ဖက်စလုံးသည် နောက်ဆုံးမှာတော့ စိတ်တည်ငြိမ်သွားခဲ့သည်။
နှစ်ဖက်စလုံးသည် ကျိန်ဆဲတာက ပြဿနာကို မဖြေရှင်းနိုင်ကြောင်း အပြည့်အဝ နားလည်သဘောပေါက်ခဲ့ကြသည်။ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေ မဖြစ်ခင်မှာပဲ ရပ်တန့်လိုက်တာက ပိုကောင်းသည်။
ထို့နောက် သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှု မဖြစ်ခင်မှာပဲ တစ်ယောက်နှင့်တစ်ယောက် ကျိန်ဆဲတာကို ရပ်တန်ဖို့ ဆုံးဖြတ်ခဲ့သည်။
ကျိန်ဆဲတာက လေနဲ့ စွမ်းအင်ကို ကုန်စေတယ်ဆိုရင် ဘာလို့ ဖြုန်းတီးနေတော့မှာလဲ……?