← Chapters

အခန်း (၁၀၂)

Vol. 7 Ch. 102

အခန်း (၁၀၂)

Vol. 7 Ch. 102

ထို့နောက်နှစ်ဖက်စလုံးက သဘောတူညီမှု အသစ်တစ်ခုကို ထားရှိခဲ့ကြသည်။

လင်ပေ့ဖန်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို မတင်ပြမီ

၎င်းက သန်း၅၀၀ကျော်ဖို့ လိုအပ်သည်။ထို့ပြင် လင်ပေ့ဖန် ဈေးကွက်စမ်းသပ်တဲ့ အော်ဒါအသေးစားများအေကြာင်းကိုလည်း ပြောပြရန်မလိုအပ်ပေ။သူတို့သည် ထိုကဲ့သို့ ကသောင်းကနင်းအဖြစ်မျိုးကို မတတ်နိုင်ပေ။

ဒုတိယနေ့တွင် လင်ပေ့ဖန်သည် ရောင်းဝယ်ရေးခန်းထဲသို့ ဝူကောကို နောက်တစ်ကြိမ်ခေါ်လာခဲ့သည်။

" အစ်ကိုဝူ ၊ မနေ့က ပြီးတော့ မင်းအခု ဘယ်လိုခံစားရလဲ ? "ဟု လင်ပေ့ဖန်က ပြုံးပြီး ပြောခဲ့သည်။

" ကျွန်တော့်ရဲ့ အကြီးမားဆုံးခံစားချက်ကတော့ ကြိုရောင်းဈေးကွက်က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်။ တချို့က အမြတ်များများရတဲ့အချိန်မှာ တချို့ကတော့ ကြီးကြီးမားမားဆုံးရှုံးခဲ့ကြတယ်။တချို့က အနိုင်ရလို့ ကနေတဲ့အချိန်မှာ တချို့ကတော့ ရှုံးနိမ့်လို့ ကျိန်ဆဲချင်နေကြတယ်။ "ဟု ဝူကောက စာနာသောအမူအရာဖြင့် ပြောခဲ့သည်။

" ဒါက ရှေးဟောင်းပစ္စည်းဝယ်ယူခြင်း နဲ့ လောင်းကစားလုပ်တာထက်ကို ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတယ်။"

" ဒါအမှန်ပဲ။ ငါတို့ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့ပေမယ့်လည်း ဒီဆုံးရှုံးမှုရဲ့ နောက်ကွယ်မှာ လူတွေအများကြီးရှိတယ်။ မနေ့က ငါတို့ရှာနိုင်ခဲ့တဲ့ ယွမ်၁.၁ဘီလီယံဝန်းကျင်က သူတို့ဆုံးရှုံးခဲ့တဲ့ ငွေတွေပဲ။ ဒါက မရေမတွက်နိုင်တဲ့ ကုမ္ပဏီတွေရဲ့ ဆုံးရှုံးမှုတွေလည်း ဖြစ်နိုင်သလို ၊ ဒါမှဟုတ် စူပါအရူးတစ်ယောက်ရဲ့ ဆုံးရှုံးမှုတွေလည်း ဖြစ်နိုင်တယ်။ "ဟု လင်ပေ့ဖန်က ရယ်မော၍ ပြောခဲ့သည်။

ဝူကောသည်လည်း သဘောတူညီသောအမူအရာဖြင့် နောက်တစ်ကြိမ်ခေါင်းညိတ်ခဲ့သည်။

နဂါးဘုရင်ကျိုရှင်းက တကယ့်ကို ရူးနှမ်းနေတဲ့ လူတစ်ယောက်ပဲ…။

ဒီကောင်က တကယ့်ကို မိုက်မဲတယ်…။

သူ့ရဲ့စိတ်ထဲမှာ ပေါက်ကရအတွေးတွေနဲ့ ပြည့်နေတယ်……။

" မစ္စတာလင် ၊ ဒီနေ့ ကျွန်တော်တို့ ဘာကို ကစားမှာလဲ ?။ " ဟု ဝူကောက မေးမြန်းခဲ့သည်။

" ဒီနေ့ ၊ ငါတို့ ပဲပိစပ်ကြိုရောင်းဈေးကွက်ကိုပဲ ကစားကြမယ်။ "

ထို့နောက် လင်ပေ့ဖန်က ပရိုကျကျဖြင့် ရှင်းပြခဲ့သည်။

" မနေ့တုန်းက ပဲပိစပ်ဈေး ၁၀ရာခိုင်နှုန်း ထိုးကျသွားခဲ့တယ်။ ပြီးတော့ အဲ့ဒီနေ့က သတင်းဆိုးလည်း ဘာတစ်ခုမှ မကြားမိတာကြောင့် ဒီအခြေအနေက ပုံမှန်မဟုတ်ဘူး။ဈေးနှုန်းက ပြန်တက်နိုင်ချေရှိတယ်။ ဒါကြောင့် ငါတို့ ဒီနေ့ ပဲပိစပ်ကြိုရောင်းဈေးကွက်မှာ တက်မယ့်ဘက်ကို ကစားပြီးတော့ ဒီပိုက်ဆံတွေကို ငါတို့ အိတ်ထဲမှာ ကောက်ထည့်ကြမယ်။ "

ဝူကောက ခေါင်းညိတ်ခဲ့သည်။

" လူတိုင်းငါပြောတာ ကြားလား ?။ ပဲပိစပ်တက်မယ့်ဘက်ကို ယူနစ် ၂၀၀၀၀၀လောက် ဝယ်လိုက်။ " ဟု လင်ပေ့ဖန်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးခဲ့သည်။

" ဟုတ်ကဲ့ ၊ မစ္စတာလင် " ဟု ကုန်သည်များက ပြန်ဖြေခဲ့ကြပြီး စတင်၍ အလုပ်များလာကြသည်။

ထို့နောက် သူတို့သည် အော်ဒါတစ်ခုပြီး တစ်ခု မှာခဲ့ကြသည်။

" နေဦး ၊ ငါ ကိုယ်တိုင်လုပ်လိုက်မယ် "ဟု လင်ပေ့ဖန်က နောက်တစ်ကြိမ် အော်ပြောခဲ့သည်။

" ဥက္ကဌလင် ၊မင်း….…..."

လင်ပေ့ဖန်သည် သူ့လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ပြောခဲ့သည်။

" ဒါကို ငါကိုယ်တိုင် မလုပ်ရတာ တော်တော်ကြာနေတော့ ငါ့ရဲ့လက်တွေတောင် အနည်းငယ် မှိုတက်နေပြီ။ ဒါကြောင့်ပဲ ငါိကိုယ်တိုင် လုပ်ချင်တာ။ "

" မစ္စတာလင် ကျေးဇူးပြုပြီးထိုင်ပါ။ " ဟု ပြောပြီးနောက် ကုန်သည်တစ်ယောက်က သူ့အတွက် နေရာရှင်းပေးခဲ့သည်။

လူတိုင်း အလုပ်များနေချိန်တွင် ဝူကောက အော်ပြောခဲ့သည်။

" ဥက္ကဌလင် ၊ ကျွန်တော်အပြင်သွားပြီးတော့ ရေသွားသောက်လိုက်ဦးမယ်။ "

လင်ပေ့ဖန်သည် သူ့ရဲ့ လက်ကို ဝှေ့ယမ်းပြီး သူ့ရဲ့အလုပ်များကို ဆက်လုပ်ခဲ့သည်။

ဝူကောသည် အပြင်ထွက်ပြီးနောက် သူသည် တိတ်ဆိတ်သောနေရာတစ်ခုကို ရှာပြီး ချက်ချင်းပဲ အနက်ရောင်ဝတ်လူဆီသို့ စာတစ်စောင်ပေးပို့ခဲ့သည်။

ဝူကော : လင်ပေ့ဖန်က ပဲပိစပ်ကြိုရောင်းဈေးကွက်မှာ တက်မယ့်ဘက်ကို ပဲပိစပ် ယူနစ် ၂၀၀၀၀၀ ဝယ်ထားတယ်။

….....

လုံယ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ၏ ဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည် ဝူကောထံမှာ စာကို လျင်မြန်စွာရရှိခဲ့သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ။ ဝူကောစီက စာတစ်စောင် ရောက်လာပါတယ်။ လင်ပေ့ဖန်က ပဲပိစပ်တက်မယ့်ဘက်ကို ယူနစ်၂၀၀၀၀၀ကို ဝယ်ယူထားပါတယ် ။ "

နဂါးဘုရင်ကျိုရှင်းသည် ရှန်ပိန်ခွက်ကို ကိုင်ပြီး သူ့ပါးစပ်ထောင့်က တွန့်ကွေးသွားခဲ့သည်။

" သူ ပဲပိစပ်တက်မယ့်ဘက်ကို အော်ဒါမှာလိမ့်မယ်ဆိုတာ ငါသိနေတယ်။ဘာကြောင့်လဲဆိုတော့ မနေ့ကအခြေအနေက ပုံမှန်မဟုတ်တာကြောင့် ဈေးကွက်က ကျရာကနေ ပြန်တက်လာနိုင်တယ်။ ဒါကြောင့် ပဲပိစပ်ဈေးနှုန်းကလည်း နောက်တစ်ဖန် ပြန်တက်မှာ အသေအချာဘဲ ။ပြီးတော့ လင်ပေ့ဖန်ကလည်း ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ယောက်ဆိုတော့ ဒီလိုမျိုး အခြေခံသဘောတရားကိုတောင် သူနားမလည်တာ မဖြစ်နိုင်ဘူး။ "

" နဂါးဘုရင်က ပညာရှိပဲ "ဟု အနက်ရောင်ဝတ်လူများက သံပြိုင်ပြောခဲ့ကြသည်။

" ဒါပေမဲ့ ငါကတော့ သူ့နဲ့ဆန့်ကျင်ဖက်ကိုပဲ တမင်ရွေးချယ်မယ်။ "

ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။

" ငါ့အတွက် ပဲပိစပ်ဈေးနှုန်းကျအောင် လုပ်ပေး။ "

ထိုအချိန်တွင် ရွှေရောင်မျက်မှန်တပ်ထားသော အနက်ရောင်ဝတ်လူတစ်ယောက်က ပြောခဲ့သည်။

" နဂါးဘုရင် ၊ဒီအချိန်မှာ ပဲပိစပ်ဈေးကို ကျအောင်လုပ်ဖို့ဆိုရင် ကျွန်တော်တို့ ပိုက်ဆံအများကြီးလိုပါလိမ့်မယ်။ ပြီးတော့ ဒါက မထိုက်တန်ပါဘူး။ "

" ငါ အဲ့ဒါကို ကောင်းကောင်းသဘောပေါက်တယ်။ ဒါပေမဲ့ ငါတို့ သူ့ကို အံ့အားသင့်အောင်လုပ်ရမယ်။"

ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် အောင်ပွဲခံသောအမူအရာဖြင့် ပြုံးပြီး ပြောခဲ့သည်။

" ဒီနေ့လည်း ပဲပိစပ်ဈေး ထပ်ကျလိမ့်မယ်လို့ လင်ပေ့ဖန် လုံးဝ မမျှော်လင့်ထားလောက်ဘူး။ဒါက သူ့ဘဝရဲ့ ရွေးချယ်မှုတွေကို သေချာပေါက် သံသယဖြစ်စေလိမ့်မယ်။ ဟား…ဟား…"

" အကယ်၍ ဒါက လင်ပေ့ဖန်ကို ပိုက်ဆံ ဆုံးရှုံးအောင် ပြုလုပ်နိုင်မယ်ဆိုရင် ငါတို့အတွက် ဆုံးရှုံးမှုအနည်းငယ်က ဘာဖြစ်မှာမို့လို့လဲ ? ။ ဒါပေမဲ့ ကြီးကြီးမားမားဆုံးရှုံးမှုတွေကို ရှောင်ရှားဖို့အတွက် ပိုက်ဆံပမာဏအများကြီးကို ချက်ချင်းသုံးပါ။ မြန်နှုန်းက အရေးကြီးဆုံးပဲ။ပြီးတော့ ကန့်သတ်ချက်ကို အမြန်ရောက်အောင် တွန်းပို့နိုင်ရင် ငါတို့ရဲ့ ဆုံးရှုံးမှုတွေက အများကြီးနည်းသွားလိမ့်မယ်။ "

" ဟုတ်ကဲ့ ၊နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူများက ပြန်ဖြေခဲ့သည်။

ထို့နောက်နဂါးဘုရင်၏ အမိန့်ဖြင့် လူတိုင်းက ပဲပိစပ်ကြိုရောင်းဈေးကွက်တွင် ပဲပိစပ်ဈေးနှုန်းကို တဟုန်ထိုးကျအောင်လို့ အရူးအမူးပြုလုပ်ခဲ့ကြသည်။

….........

တစ်ဖက်မှာတော့ ဝူကောသည် ရေဘူးတစ်ဘူးကိုကိုင်ပြီး ဘာမှမဖြစ်သလိုပုံစံဖြင့် ပြန်လာခဲ့သည်။

လင်ပေ့ဖန်၏ အလုပ်များနေသောပုံကို ကြည့်ပြီး သူသည် စိုးရိမ်စွာဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။

" ဥက္ကဌလင် ၊ ပဲပိစပ်ကြိုရောင်းဈေးကွက်မှာ တက်မယ့်ဘက်ကိုပဲ ကျွန်တော်တို့ ထားထားတုန်းပဲလား ?"

လင်ပေ့ဖန်သည် ခေါင်းညိတ်ပြီး ပြောခဲ့သည်။

" ဟုတ်တယ် ၊ အခုချိန်မှာ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို ထားထားတာက ငါတို့ အမြတ်ရဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ "

ထိုစကားကို ကြားလိုက်ရသောအခါမှ ဝူကောသည် စိတ်သက်သာရာရသွားခဲ့ပြီး သူ့ရဲ့ ပါးစပ်ထောင့်က အနည်းငယ် ကော့တက်သွားခဲ့သည်။

ပိုပြီးတော့ လောင်းလိုက်…...

မင်း ဒီနေ့ ဒေဝါလီ မခံရလောက်ဘူး……

ထိုအချိန်တွင် ဖန်သားပြင်ကြီးသည် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့၍ ကြီးမားတဲ့ အနုတ် ပုံစံကြီးတစ်ခုက ပေါ်လာခဲ့ပြီး ပဲပိစပ်ဈေးနှုန်းက ၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။

" ဘာဖြစ်သွားတာလဲ ? "

" ဘာလို့ ပဲပိစပ်ဈေးက ဒီလိုမျိုး ကျသွားရတာလဲ ? "

" ဒါက ပုံမှန်မဟုတ်ဘူး "

ထို့နောက် ဖန်သားပြင်ကြီးက နောက်ထပ်တစ်ကြိမ်ပြောင်းလဲသွားခဲ့သည်။

နောက်ထပ် ကြီးမားတဲ့ အနုတ်ပုံစံကြီးက ပေါ်လာခဲ့ပြီး ပဲပိစပ်ဈေးနှုန်းက နောက်ထပ် ၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

လူတိုင်းက ကြက်သေသေသွားခဲ့သည်။

" ဘာလို့ ထပ်ကျရတာလဲ ? "

" ဈေးကွက်ထဲမှာ သတင်းဆိုးတစ်ခုခုများ ရှိနေလို့လား ? "

" ဒါမှမဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ပဲပိစပ်ဈေးက ကျနိုင်မှာလဲ ? "

ဖန်သားပြင်ကြီးက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြန်သည်။

ဒီတစ်ကြိမ်တွင် ဈေးနှုန်းက ၂ရာခိုင်နှုန်း မကျဆင်းပေမဲ့လည်း ၎င်းက ၁ရာခိုင်နှုန်းတော့ ကျဆင်းနေတုန်းပဲဖြစ်သည်။

အစကနေ အခုထိ မျက်တောင်တစ်ခပ်စာ ခပ်ချိန်လေးအတွင်းမှာပဲ ပဲပိစပ်ဈေးနှုန်းက ငါးရာခိုင်နှုန်းထိုးကျသွားခဲ့သည်။

လူတိုင်းက ထိတ်လန့်သွားခဲ့သည်။

" သေစမ်း ၊ ဒါက ဘာလို့ ထပ်ကျနေရတာလဲ ? "

" အကယ်၍ သတင်းဆိုးမရှိဘူးဆိုရင် ၊ဒါက ဈေးကွက်ထဲမှာ လက်ကမျင်းနေတဲ့ ကုန်သည်ကြီးတစ်ယောက်ကြောင့်ပဲ ဖြစ်ရမယ်။ "

" ပဲပိစပ်ဈေးနှုန်းက ၅ရာခိုင်နှုန်းကျဆင်းတယ်ဆိုတော့ ငါတို့ အနည်းဆုံး ယွမ်သန်း၆၀၀ ဆုံးရှုံးခဲ့ရပြီ။"

" ဆုံးရှုံးမှုတွေကို လျော့ချဖို့အတွက် ပဲပိစပ်ဈေးတက်မယ့်ဘက် လောင်းထားတာကို အမြန် ပိတ်ပြီးတော့ ကျမယ့်ဘက်ကို ပြောင်းလိုက်။ "

ထိတ်လန့်တုန်လှုပ်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ဝူကောသည် အတော်လေးကို ကျေနပ်၍ ပျော်ရွှင်နေခဲ့သည်။

အကယ်၍ အခြေအနေသာ ခွင့်ပြုပါက သူသည် မနေ့ကလိုမျိုး ထတောင် ထက ချင်နေခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ နဂါးဘုရင်ကျိုရှင်းသည် အမှန်တကယ်ကို အထင်ကြီးစရာကောင်းသည်။

ကျိုငနွား ငါ မင်းကို ချစ်သွားပြီ………

အစိမ်းရောင်ဖန်သားပြင်ကြီးကို ကြည့်ပြီး ဝူကော၏ စိတ်ထဲတွင် မကောင်းသောအတွေးများဖြင့် ပြည့်နေခဲ့သည်။

ဆက်ကျစမ်း ၊ ဆက်ပြီးတော့ ကျလိုက်…...

ကျတာ ဘယ်တော့မှ မရပ်တန့်ဘူးဆိုရင် အကောင်းဆုံးပဲ……။

ဟို အောက်ဆုံးထိကို ကျလိုက်……

ဒါမှ မနေ့က ရှာထားခဲ့တဲ့ ပိုက်ဆံအကုန်လုံး ကုန်သွားမှာ……

ထိုအချိန်တွင် လူတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောခဲ့သည်။

" မဟုတ်ဘူး ၊မဟုတ်ဘူး ။ ငါတို့ ပိုက်ဆံမဆုံးရှုံးဘူး။ ငါတို့ ပိုက်ဆံရှာနိုင်ခဲ့တာပဲ။ "

" ငါတို့က ဘယ်လိုလုပ်ပြီးတော့ ပိုက်ဆံရှာနိုင်မှာလဲ?။ဈေးကွက်က ကျနေတာလေ။ ပြီးတော့ ငါတို့ရဲ့ ဆုံးရှုံးမှုက အရမ်းကို ကြီးမားလွန်းတယ်။ "

" မင်းပဲ မှားဖတ်မိခဲ့တာလား ? "

" အထင်မှားတာပဲ ဖြစ်နေမလား ? "

ကုန်သည်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" ငါ တကယ် ဖတ်တာ မမှားဘူး။ကြည့်လိုက် ၊ငါတို့ ပဲပိစပ်ဈေးကျမယ့်ဘက်ကို ပဲပိစပ်ယူနစ်၂၀၀၀၀၀ ထားထားတယ် ။ ငါတို့ တကယ်ပဲ အမြတ်ရခဲ့တာ ၊အမြတ်ငွေက ယွမ် ၅၆၃သန်းတောင် ရှိနေပြီ။ "

လူတိုင်းက ကွန်ပျူတာရှေ့ကို လာပြီး စစ်ဆေးခဲ့ကြသည်။ထို့နောက် သူတို့အားလုံးသည် အံ့အား သင့်သွားခဲ့ကြသည်။

" အို မိုင်ဂေါ့ !! "

ထိုအချိန်တွင် သူတို့ရဲ့ ခံစားချက်များကို ဖော်ပြရန် တစ်ခြားစကားလုံးများကို မရှာတွေ့ခဲ့ပေ။

မထင်မှတ်ထားတဲ့ အရာများက ပြီးပြည့်စုံစွာ ပြောင်းလဲသွားခဲ့ပြီး စပရိုက်ကြီးတစ်ခုကလည်း ရုတ်တရက် ရောက်လာခဲ့တာကြောင့် လူတိုင်းက အချိန်မှီမတုန့်ပြန်နိုင်ခဲ့ကြပေ။

သို့သော်လည်းပဲ ဒီတစ်ကြိမ်မှာတော့ ဝူကော အံ့အားသင့်ရမည့် အလှည့်ဖြစ်နေခဲ့သည်။

" ပဲပိစပ် ကျမယ့်ဘက်…........ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.?"

ထို့နောက်သူသည် စိတ်လှုပ်ရှားစွာဖြင့် လူအုပ်ကြီးကို တွန်းဖယ်၍ ကွန်ပျူတာရှေ့သို့ အပြေးအလွှားသွားပြီး ကြည့်လိုက်ချိန်တွင် ၎င်းက တကယ်ပဲ ပဲပိစပ်ဈေးကျမယ့်ဘက်ဖြစ်နေခဲ့သည်။

လက်ရှိမှာတော့ အသားတင်အမြတ်ငွေက ယွမ်၅၆၃သန်း ရှိနေပြီး ကြည့်ရတာ အတော်လေးကိုမှ မျက်စိဖမ်းစားစရာကောင်းသည်။

ဝူကောသည် အရမ်းအံ့ဩသွားခဲ့သည်။

" အခု အလုပ်လုပ်နေတာ ဘယ်သူလဲ ?။"

လူတိုင်းက အပြစ်ကင်းတဲ့ အမူအရာကို ဖော်ပြထားတဲ့ လင်ပေ့ဖန်ကို လှည့်ကြည့်ခဲ့ကြသည်။

" ဥက္ကဌလင် ၊ မင်း ဈေးကွက်လမ်းကြောင်းကို နောက်တစ်ကြိမ် ခန့်မှန်းပြီးတော့ ပဲပိစပ်ဈေး ကျမယ့်ဘက်ကို ပြောင်းခဲ့တာလား ? "ဟု ကုန်သည်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" ဖြစ်နိုင်တယ်။ ဥက္ကဌလင်က အရမ်းအံ့ဩစရာကောင်းတယ်။ " ဟု ကုန်သည်တစ်ယောက်က မြှောက်ပင့်ခဲ့သည်။

လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။

" မဟုတ်ဘူး ၊ငါ အစတုန်းက ပဲပိစပ်ဈေးတက်မယ့်ဘက်ကို လုပ်ထားတာ ၊ဒါပေမဲ့……"

" ဒါပေမဲ့ ဘာဖြစ်လဲ? "

လင်ပေ့ဖန်က ရှင်းပြခဲ့သည်။

" တကယ်တော့ ငါ ဒီအလုပ်ကို(ယူနစ်အော်တာမှာတာကို ပြောတာပါ ) နောက်ဆုံးလုပ်ခဲ့တာအရမ်းကြာနေပြီ။ ဒါကြောင့်ပဲ ငါ မတော်တဆ ခလုတ်မှားနှိပ်မိခဲ့တာ။…ဟား…ဟား…"

" ဝါး ၊ မစ္စတာလင် ၊ မင်းက ဒီလိုမျိုး ခလုတ်ကိုတောင် မှားနှိပ်နိုင်ခဲ့တာလား ? "

" ဥက္ကဌလင် မင်းက တကယ့်ကို ကံကောင်းတဲ့လူပဲ။ "

" နတ်ဘုရားတွေတောင် မင်းကို ကောင်းချီးပေးကြတယ်။ "

ချီးမွမ်းခြင်း နှင့် မြှောက်ပင့်ခြင်းတွေက နေရာတိုင်းကနေ ထွက်လာခဲ့တာကြောင့် လင်ပေ့ဖန်သည် အလွန်ပျော်ရွှင်သွားခဲ့ပြီး အားရပါးရရယ်မောခဲ့သည်။

" ဟား…ဟား…ဟား… "

ဝူကော : ဒီကောင်ရဲ့ကံက ဘာလား …

All Chapters