အခန်း (၁၀၃)
Vol. 7 Ch. 103
ဟားဟားဟားဟား……
လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဌာနချုပ်၏ ရောင်းဝယ်ရေးခန်းထဲတွင် ပျော်ရွှင်စွာဖြင့် ရယ်မောသံများက ပဲ့တင်သံထပ်နေခဲ့သည် ။
နဂါးဘုရင်ကျိုရှင်းသည် ရှန်ပိန်ခွက်တစ်ခွက်ကို ကိုင်၍ ဟက်ဟက်ပက်ပက်ရယ်မောပြီး ပြောလိုက်သည်။
" အချိန်ခဏလေးအတွင်းမှာပဲ ပဲပိစပ်ဈေးနှုန်းက ၇ရာခိုင်းနှုန်းထိုးကျလိမ့်မယ်လို့ လင်ပေ့ဖန် မမျှော်လင့်ထားလောက်ဘူး။သူ အခုချိန်မှာ အရမ်းကို စိတ်ရှုပ်နေ လောက်မယ်။ ဟား…ဟား… "
" ပဲပိစပ်ဈေးနှုန်းက ၇ရာခိုင်နှုန်း ကျဆင်းခဲ့တယ်ဆိုတော့ သူ အနည်းဆုံး ယွမ် သန်း၇၀၀-၈၀၀လောက်တော့ ဆုံးရှုံးခဲ့ရမယ်။ပြီးတော့ သူ့ရဲ့မျက်နှာက ဖြူဖျော့ဖျော့နဲ့ အစိမ်းရောင်ပြောင်းပြီးတော့ လုံးဝရှုးသွပ်နေတဲ့ ပုံပေါ်နေမှာကိုလည်း ငါ စိတ်ကူးကြည့်နိုင်တယ်။ဟား…ဟား…...."
" နဂါးဘုရင်ကို ဂုဏ်ပြုပါတယ် ၊နဂါးဘုရင်ကို ဂုဏ်ပြုပါတယ်။ "ဟု အနက်ရောင်ဝတ်လူများက တပြိုင်တည်း ဂုဏ်ပြုပေးခဲ့ကြသည်။
" တကယ်ဘဲ ပျော်ရွှင်စရာကောင်းတယ်။ အခု ငါ့အတွက် ပဲပိစပ်ဈေး ဆက်ကျအောင်လို့ လုပ်ပေးစမ်း။ ကန့်သတ်ချက်ထိ ကျအောင်လုပ်ပြီးတော့ သူ ဘယ်တော့မှ ပြန်လှည့်ဖို့ အခွင့်အရေးမရှိေအာင် လုပ်လိုက်။ "ဟု နဂါးဘုရင်ကျိုရှင်းက ကြမ်းကြုတ်စွာဖြင့် ပြောလိုက်ပြီး အစိမ်းရောင်တောက်ပနေတဲ့ ဖန်သားပြင်ကြီးကို ပျော်ရွှင်စွာဖြင့် ကြည့်နေခဲ့သည်။
" ဟုတ်ကဲ့ ၊နဂါးဘုရင် "ဟု တပြိုင်တည်းပြောပြီး
နောက် လူတိုင်းက အစွမ်းကုန်ကြိုးစားခဲ့ကြသည်။
တစ်ခြားတစ်ဖက်တွင် လင်ပေ့ဖန်သည်လည်း အစိမ်းရောင်ဖန်သားပြင်ကြီးကို ပျော်ရွှင်စွာဖြင့် ကြည့်နေခဲ့သည်။
ဘာကြောင့်လဲဆိုတော့ အမှတ်တိုင်းက စိမ်းနေတဲ့အတွက် သူသည်လည်း ဆယ်မှတ်ရရှိခဲ့တာကြောင့်ဖြစ်သည်။
" ဥက္ကဌလင် ၊ ပဲပိစပ်ဈေးတက်မယ့်ဘက် ကျွန်တော်တို့ကစားထားတာကို အခု ပိတ်လိုက်သင့်လား? "ဟု လူတစ်ယောက်က မေးမြန်းခဲ့သည်။
လင်ပေ့ဖန်က သူ့ရဲ့ဦးခေါင်းကို ညင်သာစွာဖြင့် ခါရမ်းပြီး ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။
" လောစရာမလိုဘူး။ နည်းနည်း ထပ်ကျပါစေဦး။မနေ့ကလိုမျိုးပဲ ဒီနေ့လည်း ထပ်ဖြစ်လိမ့်မယ့်မယ်လို့ ငါ ခံစားနေရတယ်။ ပြီးတော့ ဒါက နေ့စဉ်သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ထိကို ကျလိမ့်မယ်။ ၉ရာခိုင်နှုန်းကျတဲ့အချိန်မှာ ငါတို့ကစားထားတာကို ပိတ်လိုက်။ "
" ဟုတ်ကဲ့ဥက္ကဌလင် "
လူတိုင်းက ဖန်သားပြင်ကြီးကို မျက်တောင်မခတ်ဘဲကြည့်၍ အရမ်းစိတ်လှုပ်ရှားနေကြသည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် တစ်စုံတစ်ယောက်က တိတ်တိတ်ကလေး ခိုးထွက်သွားတာကို သတိထားမိခဲ့ပြီး လှမ်းအော်ခေါ်ခဲ့သည်။
" ဟေး ၊ မင်း ဘယ်ကိုသွားမလိုလဲ ? "
ဝူကောသည် ခိုးထွက်နေတာကို ရပ်ပြီး လှည့်ကြည့်၍ အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" ကျွန်တော် ဒီရေပုလင်းကို သွားပြန်ထားချင်လို့ပါ။"
" သွားထားဖို့ အလျင်မလိုပါနဲ့ဦး "
ထို့နောက် လင်ပေ့ဖန်သည် ဝူကောဘေးနားသို့ အမြန် ချဉ်းကပ်လာခဲ့ပြီး သူ့ကို နောက်ပြန်ဆွဲခေါ်၍ ပြောလိုက်သည်။
" ဒီအချိန်က စိတ်လှုပ်ရှားစရာအချိန်ပဲ။ မင်းဒီအချိန်ကို လွဲသွားလို့မရဘူး။ ဒါကို မင်း ကြည့်ပြီးသွားရင် မင်းသွားပြန်ထားနိုင်တယ်။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် စိုးရိမ်သွားခဲ့သည်။
" ဒါပေမဲ့…….. "
"မင်း ကြည့်လိုက် ၊ နောက်ထပ်အံ့အားသင့်စရာကောင်းတဲ့ အရာတစ်ခုဖြစ်လာပြီ။ "
သူ စကားပြောပြီးတာနဲ့ တပြိုင်နက် ဖန်သားပြင်ကြီးက ပြောင်းလဲသွားခဲ့ပြီး ပဲပိစပ်ဈေးနှုန်းက နောက်ထပ်တစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ထိုအချိန်တွင် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး နောက်ထပ်၁ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြန်သည်။
လင်ပေ့ဖန်သည် အားရပါးရရယ်မောပြီး ပြောခဲ့သည်။
" အစ်ကိုဝူ မင်း မြင်လား ?။ ငါပြောတာ မှန်တယ်မဟုတ်လား ?။ ဒါက မျက်တောင်တစ်ခတ်စာ ခတ်ချိန်လေးမှာပဲ ၉ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာ။ "
ဝူကောသည် အားတင်းပြီး ပြုံး၍ ပြောလိုက်သည်။
" ဟုတ်တယ် ၊မင်းပြောတာမှန်တယ်။ "
သူ့ရဲ့စိတ်ထဲမှာတော့ သူသည် သူ့ရဲ့သွားများကို ကြိတ်ပြီး မေတ္တာပို့နေခဲ့သည်။
တီကောင်ဘုရင် ၊ မင်းက အမှန်တကယ်ကို စွမ်းအားကြီးတာပဲ………
မင်းရဲ့ ဦးနှောက်ထဲမှာ ဘာတွေနဲ့ ပြည့်နေတာလဲ ?(ရိုင်းရိုင်းမရေးဘူးနော်🌚)
မင်းက နောက်တစ်ကြိမ်ထပ်ပြီးတော့ လင်ပေ့ဖန်ကို ပေးခဲ့ပြန်ပြီ……
မင်းလို မိုက်မဲတဲ့လူမျိုးကို ငါ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး……။
ငါ အခု မင်းကို တကယ်ပဲ သေတဲ့အထိ ဓားနဲ့ထိုးသတ်ချင်နေတယ်……။
" ဥက္ကဌလင် ၊ကျွန်တော်တို့ကစားထားတဲ့ဘက်ကို အခု ပိတ်လိုက်တော့မလား ? " ဟု လူတစ်ယောက်က မေးမြန်းခဲ့သည်။
" သေချာတာပေါ့ ၊အကုန်လုံးကိုပိတ်လိုက်တော့။နောက်ဆုံး တစ်ပြားပဲ ကျန်တဲ့အထိ လုပ်စရာမလိုဘူး။ "ဟု လင်ပေ့ဖန်က အပြုံးဖြင့် ပြောခဲ့သည်။
…....
လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင်…
" နဂါးဘုရင် ၊ကြိုေရာင်းဈေးကွက်ထဲမှာ အော်ဒါမှာတာက ပိုများလာလို့ ပဲပိစပ်ဈေးနှုန်းက တက်လာပါတယ်။ "
" အော်ဒါမှာတာ ဘယ်လောက်များပါစေ ကိစ္စမရှိဘူး။ငါ့အတွက် အကုန်လုံးကို မျိုချပြီးတော့ ဖြိုခွဲပစ်လိုက်။ "(ဘာကို မျိုချတာလဲတော့ ကျွန်တော်လည်းမသိဘူး ၊သူရေးထားတဲ့အတိုင်းရေးတာ )
ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် မာနကြီးစွာဖြင့် ပြောခဲ့သည်။
" ဒီနေ့ ၊ လင်ပေ့ဖန်ကို ဘယ်သူ့မှ မကယ်တင်နိုင်စေရဘူး။ နတ်ဘုရားတွေတောင် သူ့ကို ကယ်တင်လို့မရဘူးလို့ ငါ ပြောနိုင်တယ်။ "
" ဟုတ်ကဲ့နဂါးဘုရင် "
ရလဒ်အနေနဲ့ လင်ပေ့ဖန် ဖွင့်လှစ်ထားတဲ့နေရာအကုန်လုံးကို နဂါးဘုရင်ကျိုရှင်းက ပိတ်ပစ်ခဲ့သည်။
"Oh yeah!"
လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ရောင်းဝယ်ရေးခန်းတစ်ခုလုံးတွင် ပျော်ရွှင်စွာဖြင့် စကားပြောသောအသံများက ပေါက်ကွဲထွက်လာခဲ့သည်။
" ဒီနေ့ ၊ငါတို့ နောက်ထပ်ယွမ်၁ဘီလီယံရှာနိုင်ခဲ့ပြန်ပြီ။ "
" ငါတို့ တကယ်ပဲ အရမ်းကံကောင်းနေတာမလား ? "
" ငါတို့ ဆုံးရှုံးသွားပြီလို့ ငါထင်နေတာ၊ဒါပေမဲ့ ဒါက ပြောင်းလဲသွားခဲ့တယ်။ "
" နတ်ဘုရားတွေက ကောင်းချီးပေးနေတာ၊ငါတို့ကို နတ်ဘုရားတွေက ကောင်းချီးပေးနေတာပဲ။ "
ဝူကောတစ်ယောက်တည်းသာလျှင် ဖန်သားပြင်ကြီးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေခဲ့သည်။
ဈေးနှုန်းကျတာက တစ်နေ့တာရဲ့ ကန့်သတ်ချက်ကို ကျော်နေပြီဖြစ်ကြောင်း ဖန်သားပြင်ကြီးက ပြသနေခဲ့သည်။
လင်ပေ့ဖန်သည်လည်း သူ့ကစားထားတဲ့ဘက်အကုန်လုံးကို ပိတ်ပြီးခဲ့ပြီဖြစ်သည်။
အရာရာတိုင်းက ပြီးဆုံးသွားခဲ့ပြီ။ ပြန်လှည့်ဖို့တောင် အခွင့်အရေးမရှိတော့ဘူး…!
သူ့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ လင်ပေ့ဖန်သည် နောက်ထပ်ယွမ်တစ်ဘီလီယံကျော် ထပ်ရှာနိုင်ခဲ့သည်။
သူ့ရဲ့မျက်စိ ရှေ့မှာတင်ပဲ လင်ပေ့ဖန်က ယွမ်တစ်ဘီလီယံကျော် ရှာနိုင်ခဲ့တာဖြစ်သည်။
ဝူကောသည် ရုတ်တရက်သူ့ရင်ဘတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ သူ့ဒဏ်ရာဟောင်းများက ပြန်ပွင့်သွားသလို ခံစားခဲ့ရတာကြောင့် သူ့နှလုံးသားလေးက နာကျင်လာခဲ့သည်။
" ဟေး ၊အစ်ကိုဝူ ၊ မင်းဘာဖြစ်လို့လဲ ? ။ မင်းကိုကြည့်ရတာ သိပ်နေမကောင်းသလိုပဲ။ " ဟု လင်ပေ့ဖန်က စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။
ဝူကောသည် ဖြူဖျော့ဖျော့ မျက်နှာဖြင့် ပြောလိုက်သည်။
" ပဲပိစပ်ဈေးနှုန်းရဲ့ အတက်အကျက အရမ်းမြန်လွန်းတယ်။ အဲ့တာက မျက်တောင်တစ်ခတ်စာခတ်ချိန်လေးမှာပဲ ၁၀ရာခိုင်နှုန်းကျသွားခဲ့တာ။ဒါက အရမ်းကို အံ့အားသင့်စရာကောင်းတယ်။ပြီးတော့ အရမ်းကို ရူးသွပ်ချင်စရာကောင်းလွန်းလို့ ငါဒါကို မကိုင်တွယ်နိုင်ဘူး ။"
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လင်ပေ့ဖန်သည် အားရပါးရရယ်မောပြီး ပြောလိုက်သည်။
" တကယ်ပဲ ဒါက အရမ်းကို အံ့အားသင့်စရာကောင်းတယ်။ အကယ်၍ ငါသာ ခလုတ်မှားမနှိပ်မိခဲ့ဘူးဆိုရင် ယွမ်၁ဘီလီယံကျော်လောက်ကို ငါ ဆုံးရှုံးသွားရလိမ့်မယ်။ ဒါက နတ်ဘုရားတွေရဲ့ ကောင်းချီးပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် ငိုကြွေးနေတဲ့ လူတစ်ယောက်တော့ ရှိနေလိမ့်မယ်လို့ ငါထင်တယ်၊၊ဟား…ဟား… "
ဝူကောသည် လေးလေးနက်နက်ခေါင်းညိတ်ခဲ့သည်။
အဲ့လို လူတစ်ယောက် တကယ်ရှိတယ်……။
ဒီကောင်က လုံးဝအရူးတစ်ယောက်ပဲ…။
ဒုတိယမျိုးဇာတ်အရူးတွေက တကယ့်ကို မိုက်မဲတဲ့ အရူးပဲ…။
…...
ထိုအချိန်တွင် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ ဌာနချုပ်၏ ကူးသန်းရောင်းဝယ်ရေးခန်းထဲတွင်လည်း ရယ်မောသံများဖြင့် ပြည့်နေခဲ့သညါ။
" သက်တောင့်သက်သာရှိလိုက်တာ "
" အရမ်းကို ပျော်ရွှင်စရာကောင်းတယ် "
"အရမ်းကို စိတ်ကျေနပ်စရာကောင်းတယ် "
နဂါးဘုရင်ကျိုရှင်းသည် ကန့်သတ်ချက်ထိ ကျဆင်းနေတဲ့ ပဲပိစပ်ကြိုရောင်းဈေးကွက်ကို ကြည့်၍ သူ့ရဲ့ မျက်လုံးများကို ပိတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
" လင်ပေ့ဖန်အခုချိန်မှာ ပိုက်ဆံဆုံးရှုံးနေရမယ် ၊ဟုတ်တယ်မလား ? ။ သူက ပဲပိစပ် ယူနစ်၂၀၀၀၀၀ဝယ်ယူခဲ့တာဆိုတော့ အခုချိန်မှာ သူ့ရဲ့ မာဂျင်အကောင့်က ဖျက်သိမ်းခံခဲ့ရပြီးပြီလို့ ငါလောင်းတယ်။ ဟားဟား…"
" သူ့ရဲ့ အသားအရေက အခုချိန်မှာ အတော်လေးကို အရောင်စုံပြီးေတာ့ ပန်းချီဆရာ ဆေးစပ်တဲ့အပြားလိုမျိုး အဖြူရောင်ကနေ အစိမ်းရောင် ၊အစိမ်းရောင်ကနေ ခရမ်းရောင်ပြောင်းနေလိမ့်မယ်လို့ ငါ ပြောရဲတယ်။ ဟားဟား… "
" ဂုဏ်ပြုပါတယ်နဂါးဘုရင် ၊ဂုဏ်ပြုပါတယ်နဂါးဘုရင် "ဟု အနက်ရောင်ဝတ်လူများက တပြိုင်တည်း ကြွေးကြော်ခဲ့ကြသည်။
" ငါတို့ အတူတူ ပျော်ရွှင်ကြရအောင်လို့၊ ငါ အမြတ်တနိုး တန်ဖိုးထားတဲ့ ၁၉၈၂ခုနှစ်ထုတ်
ရှန်ပိန်ပုလင်းကို ယူထုတ်လာခဲ့။ ငါတို့အတူတူသောက်ပြီးတော့ ဒီအခိုက်အတန့်ကို အောင်ပွဲခံကြရအောင် "
" နဂါးဘုရင် ကျေးဇူးအများကြီးတင်ပါတယ်"ဟု အနက်ရောင်ဝတ်လူများက တပြိုင်တည်း ပြောခဲ့ကြသည်။
ကျိုရှင်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
" အခု ဝူကောကို အမြန်ဆက်သွယ်လိုက် ။ ငါ နောက်ဆုံးရသတင်းတွေကို သိချင်တယ်။ အခုဖြစ်နေတဲ့လင်ပေ့ဖန်ရဲ့မျက်နှာအမူအရာကို ဓာတ်ပုံရိုက်ပြီး ပေးပို့ခဲ့ရင် ပိုတောင်ကောင်းဦးမယ်။ဟားဟား…"
" ထားလိုက်တော့ ၊ ငါကိုယ်တိုင် သူ့ကို ဆက်သွယ်လိုက်မယ်။ ငါ့ကို ဖုန်းပေးစမ်း။ "
ထိုအချိန်တွင် ရောင်းဝယ်ရေးခန်းထဲကနေ ထွက်လာတဲ့ ဝူကောသည် အနက်ရောင်ဝတ်လူစီမှ ပေးပို့ခဲ့တဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
" ဘယ်လိုအခြေအနေရှိလဲ ? ။ လင်ပေ့ဖန် ၊အခု ပိုက်ဆံအများကြီးဆုံးရှုံးသွားတယ်မလား ?။ သူဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာ ငါ့ကို ပြောပြဦး။ အကယ်၍ အခုဖြစ်နေတဲ့ သူ့ရဲ့မျက်နှာအမူအရာကို ဓာတ်ပုံရိုက်ပို့ပေးရင် ပိုတောင် ကောင်းဦးမယ်။ "
ကျိုရှင်းက 😏ဘဝခိုက်နေတဲ့ emojiကိုတောင် ပေးပို့ခဲ့သေးသည်။
" အာ……"
ဝူကောသည် သူ့အလိုလိုနေရင်းနဲ့ နောက်တစ်ကြိမ်ဒေါသထွက်လာခဲ့သည်။
နောက်ဆုံးမှာတော့ သူ့ရဲ့ဒေါသေတွေကို ဖွင့်ထုတ်ဖို့အတွက် နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။
ဝူကော : မင်းက တကယ့်ကို တစ်ခုခုပဲ……
အနက်ေရာင်ဝတ်လူ : ???????
ဝူကော : မင်းက ဓားကိုင်ဆောင်တဲ့အချိန်မှာကျတော့ ဒဏ္ဍာရီလာ နဂါးတစ်ကောင်လိုပဲ အရမ်းအစွမ်းထက်တယ်။ ဒါပေမဲ့ မင်းရဲ့ ဓားကို လုယူခံရတဲ့ အချိန်မှာကျတော့ မင်းက တီကောင်ဖြစ်သွားေရာ။ မင်းက အလကား ဦးနှောက်တစ်ခန်းလွတ်ပြီး ရူးနှမ်းနေတဲ့ကောင်။ ဘာမှမဖြစ်ထွန်းတဲ့ကောင် ။မွေးလာထဲက အသေလေးမွေးလာရမှာ။ ( ဒီဆဲတဲ့နေရာတွေကျတော့ သူတို့အတိုင်းလိုက် မဆဲထားဘူး ၊မြန်မာလိုပဲ ဆဲထားပါတယ်ဗျ 🌚)
အနက်ရောင်ဝတ် လူ : မင်းဘာလို့ ငါ့ကို ကျိန်ဆဲနေတာလဲ?။
ဝူကော : ငါက ဘာကြောင့် မင်းလို ဦးနှောက်တစ်ခန်းလွတ်နေတဲ့ကောင်မျိုးကို ကျိန်ဆဲလို့ မရရမှာလဲ ?။ မင်းတောင် ငါ့ကို မကျိန်ဆဲခဲ့ဘူးလား ? ။
အနက်ရောင်ဝတ်လူ : ??????
ဝူကော : ငါ မင်းတစ်ယောက်ထဲကိုပဲ ကျိန်ဆဲချင်တာမဟုတ်ဘူး ။ မင်းတို့တစ်မိသားစုလုံးကိုလည်း ကျိန်ဆဲချင်နေတာ။
ဝူကော : မအေမွေး ။
ဝူကော : မအေမွေး ။
ဝူကော : မအေမွေး ။
အနက်ရောင်ဝတ်လူ : …………
နဂါးဘုရင်ကျိုရှင်း၏ အစတုန်းက ကောင်းနေတဲ့ စိတ်အခြေအနေလေးက လုံးဝပျက်ဆီးသွားခဲ့သည်။
ထို့နောက် သူသည် မည်းမှောင်သော မျက်နှာအမူအရာဖြင့် ဖုန်းပြန်ပေးပြီး ပြောလိုက်သည်။
" ဒီကောင်ဝူကောက ကျုံဇီအဆိပ်ငွေ့ရှုမိပြီးတော့ ရူးသွပ်သွားတာဖြစ်ရမယ်။ ဒီကောင်က ငါ့ကိုတောင် အရင်ကျိန်ဆဲနေသေးတယ်။မင်းတို့ကောင်တွေ ဖုန်းအားမကုန်မချင်း ဒီကောင်ကို မြန်မာလိုကြီး ပြန်ကျိန်ဆဲကြစမ်း။ "
" ဟုတ်ကဲ့ ၊နဂါးဘုရင် "ဟု ပြောပြီးနောက် ကျိန်ဆဲခြင်းစစ်ပွဲက ဆက်လက်ပြီးတော့ ပြင်းထန်စွာဖြင့် ဖြစ်ပွားခဲ့သည်။