အခန်း (၁၀၄)
Vol. 7 Ch. 104
ဝူကောသည် ဖုန်းပေါ်တွင် အနက်ရောင်ဝတ်လူဖြင့် ဆက်ဆံနေရသည့်အပြင် သူသည် အမည်မသိဖုန်းနံပါတ်များမှ ကျိန်ဆဲသည့် စာစောင်များကိုလည်း တချိန်တည်းတွင် ကိုင်တွယ်ေနခဲ့ရသည်။
သို့သော်လည်းပဲ ဝူကောသည် စူပါဂူသင်္ချိုင်းဖောက်သူတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးက အတော်လေးကို ကြံ့ခိုင်သန်မာသည် ။
သူသည် ဒါဇင်နဲ့ချီတဲ့ အနက်ရောင်ဝတ်လူများကို တစ်ယောက်တည်း ရင်ဆိုင်နေရတာတောင်မှ မကျရှုံးသေးပေ။ ထို့နောက် သူသည် ဂူသင်္ချိုင်းအတွင်းရှိ ရွံစရာကောင်းတဲ့ ကျုံဇီဓာတ်ပုံများကို ပို့ပြီး အနက်ရောင်ဝတ်များကို စက်ဆုပ်ရွံရှာစေခဲ့သည်။
နောက်ဆုံးမှာတော့ ဖုန်းအားကုန်သွားတာကြောင့် ကျိန်ဆဲခြင်းအနုပညာစစ်ပွဲကို အဆုံးသတ်စေခဲ့သည်။
ထိုကျိန်ဆဲခြင်းစစ်ပွဲမှတစ်ဆင့် နဂါးဘုရင်ကျိုရှင်းသည် တစ်ခြားလူ ဒေါသထွက်ရခြင်း၏ နောက်ကွယ်မှ အကြောင်းပြချက်ကို သိရှိခဲ့ရသည် ။
ဒီတစ်ကြိမ်တွင်လည်း သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့
လင်ပေ့ဖန်သည် ပိုက်ဆံမဆုံးရှုံးတဲ့အပြင် ထိုအစားသူ့ရန်သူေတာ်ကြီးသည် ဒီစစ်ဆင်ရေးတွင် ယွမ်တစ်ဘီလီယံကျော်တောင် ရရှိခဲ့သေးသည်။
ထို့ပြင် ပိုက်ဆံရရှိရသည့် အဓိကအကြောင်းပြချက်မှာလည်း တစ်ခြားလူသည် ခလုတ်မှားနှိပ်မိခဲ့ပြီး
ပဲပိစပ်ဈေးတက်မည့်ဘက်သို့ ကစားထားတဲ့အရာက ကျမယ့်ဘက်သို့ ပြောင်းလဲသွားခဲ့တာကြောင့်ဖြစ်သည်။
ထို့နောက် သူ့ရဲ့ရန်သူတော်ကြီးသည် ငွေရှာနိုင်ခဲ့ပြီး တရားသဖြင့်တောင် ပြုမူခဲ့သေးသည်။
ရလဒ်ကို သိရှိပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် ဒေါသထွက်လွန်းတာကြောင့် မျက်ရည်တောင်ကျခဲ့ရသည်။
"ငါက သူ့ကို နောက်ထပ်ယွမ်တစ်ဘီလီယံကျော် ပေးခဲ့မိပြန်ပြီ……။"
" ငါလေးက ယွမ်သုံးဘီလီယံနီးပါးဆုံးရှုံးပြီးေတာ့ ဘာမှ ပြန်မရရှိခဲ့တဲ့အပြင် ငါလေးက လင်ပေ့ဖန်ကိုတောင် ယွမ်တစ်ဘီလီယံကျော် ရရှိအောင်လို့ လုပ်ပေးမိခဲ့သေးတယ်။ "
" မနေ့ကလည်း သူက ယွမ်တစ်ဘီလီယံကျော် ရှာနိုင်ခဲ့တယ်။ "
" ငါလေးက ယွမ်ငါးဘီလီယံနီးပါး ဆုံးရှုံးနေရတဲ့အချိန်မှာ သူကတော့ အစကနေ အဆုံးထိ ယွမ်နှစ်ဘီလီယံကျော် ရရှိခဲ့တယ် "
" အကုန်လုံးက ငါသူ့ကို ကူညီခဲ့တာကြောင့်ပဲ။ "
"လင်ပေ့ဖန် မင်းက တကယ်ပဲ ငါ့ရဲ့ဂြိုလ်ဆိုးလား ?။ "
သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် လုံးလုံးရှုံးနိမ့်သွားသလို ခံစားခဲ့ရသည်။
အနက်ရောင်ဝတ်လူများသည် အတော်လေးစိုးရိမ်သွားကြပြီး သံပြိုင်ပြောဆိုခဲ့ကြသည်။
" နဂါးဘုရင် စိတ်ထိန်းပါဦး "
" မစိုးရိမ်နဲ့ ၊ ငါ အဲ့လောက်ထိ မပျော့ညံ့ဘူး။ "
ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် အားနည်းစွာဖြင့် သူ့ရဲ့လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
" ငါက တန်ခိုးကြီးမားတဲ့ နဂါးဘုရင်ပဲ။ မုန်တိုင်းအမျိုးမျိုးကိုလည်း ငါ ကြုံတွေ့ခဲ့ရဖူးတယ်။ ဘီလီယံအနည်းငယ်လောက် ဆုံးရှုံးရတာ ဘာမှမဖြစ်ဘူး။ ငါ ဒါကို ခံနိုင်ရည်ရှိတယ်။ "
" နဂါးဘုရင် ၊နဂါးဘုရင်က လေးစားစရာကောင်းပါတယ် " ဟု ပြောပြီးနောက် အနက်ရောင်ဝတ်လူများက သူ့ကို ပိုပြီးတော့တောင် လေးစားလာခဲ့ကြသည်။
" ငါ့ကို ရေနွေးအိတ်တစ်အိတ်ယူလာပေး။ ငါ့ရင်ဘတ်ကို ငါ နွေးထွေးစေချင်တယ်။ "
အနက်ရောင်ဝတ်လူများ : ……):
ရေနွေးအိတ်ကို သူ့ရင်ဘတ်ပေါ်မှာထားလိုက်တဲ့အချိန်မှ နဂါးဘုရင်ကျိုရှင်းသည် နောက်ဆုံးမှာတော့ သူ့နှလုံးသားလေးက နွေးထွေးသွားသလိုခံစားခဲ့ရသည်။
ထို့နောက် သူသည် ရေနွေးအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး အခြားတစ်ဖက်က သူ့ရဲ့ဖုန်းကို ကိုင်၍ ဝူကောကို ဆက်သွယ်ခဲ့သည်။
အနက်ရောင်ဝတ်လူ : နောက်တစ်ကြိမ်ကျရင် ၊ စာမပို့ခင် အရင်ဆုံး အတည်ပြုပြီးမှ ပို့ ။
ဝူကော : မင်းကို ဒီလောက်မြန်မြန်လုပ်ဖို့ ဘယ်သူက ပြောလို့လဲ ?။ မင်းက သင်္ချိုင်းကုန်းကို သွားတဲ့အချိန်မှာတောင် ဒီလောက်ထိမတက်ကြွဘူး။
အနက်ရောင်ဝတ်လူ : …………
ဝူကော : ငါ မင်းကို အဲ့ဒီအကြောင်း ပြောမယ့်အချိန်မှာ မင်းက ဈေးနှုန်းကို ကျအောင်လုပ်ပြီးသွားပြီလေ။ ငါ့မှာ တုန့်ပြန်ဖို့တောင် အခွင့်အရေးတစ်ခုမှမရှိခဲ့ဘူး။
အနက်ရောင်ဝတ်လူ : မင်း အခု ငါ့ကို အပြစ်တင်နေတာလား ? ။
ဝူကော : မင်း မဟုတ်ရင် ဘယ်သူလဲ ?။ငါ မင်းလို အရူးမျိုးကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။
အနက်ရောင်ဝတ်လူ : ခွေးကောင် ၊ မင်းက ငါ့ကို ဘယ်လိုလုပ်ပြီးတော် ကျိန်ဆဲရဲတာလဲ ?။
ဝူကော : ငါမင်းကို ကျိန်ဆဲတော့ရော ၊ ဘာဖြစ်လို့လဲ?။
ဝူကော : အရူးကောင် ၊အရူးေကာင်၊အရူးကောင်…
အနက်ရောင်ဝတ်လူ : ဟေး ရာဂျေး၊ဆမ်သာရာ ၊ငါစိတ်တိုလာပြီ။
ထို့နောက် မြန်မာလိုကြီး ကျိန်ဆဲခြင်းစစ်ပွဲက နောက်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။
နှစ်ဖက်စလုံးက ဖုန်းအားကုန်သွားသည်အထိ တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
တတိယနေ့တွင် လင်ပေ့ဖန်သည် ရောင်းဝယ်ရေးခန်းထဲသို့ ဝူကောကို နောက်တစ်ကြိမ် ခေါ်ဆောင်လာခဲ့ပြန်သည်။
" ဒီနေ့လည်း ငါတို့ ပဲပိစပ်ကြိုရောင်းဈေးကွက်ကိုပဲကစားမယ်။အစ်ကိုဝူ ၊ငါ မင်းကို မေးခွန်းတစ်ခုမေးပါရစေ။ ငါတို့ ဒီနေ့ ပဲပိစပ်ဈေးတက်မယ့်ဘက် ၊ဒါမှဟုတ် ကျမယ့်ဘက် ဘယ်ဟာကို ကစားသင့်တယ်လို့ မင်းထင်လဲ ? "
" ငါ……ငါတို့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို ကစားသင့်တယ် "ဟု ဝူကောက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
" ဘာလို့လဲ ? " လင်ပေ့ဖန် အပြုံးတစ်ပွင့်ဖြင့် မေးမြန်းခဲ့သည်။
" လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ပဲပိစပ်ဈေးနှုန်းက ၂၀ရာခိုင်နှုန်း ကျသွားခဲ့တယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာလည်း သတင်းဆိုးကြီးကြီးမားမား တစ်ခုမှ မရှိဘူး။ ဒါကြောင့် ပဲပိစပ်ဈေးနှုန်းက ထိန်းညှိပြီးတော့ ပုံမှန်ဈေးနှုန်းအတိုင်းပဲ ပြန်ဖြစ်သွားလိမ့်မယ်။
" မင်းပြောတာမှန်တယ်။ အဲ့ဒါက သာမန်လူတွေရဲ့ အမြင်ပဲ။ ဒါပေမဲ့ ဒီနေ့ ငါတို့ ပဲပိစပ်ဈေးကျမယ့်ဘက်ကို ကစားမယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် အံ့အားသင့်သွားခဲ့သည်။
" အာ?။ ဘာလို့လဲ ?။ပဲပိစပ်ဈေးနှုန်းက နှစ်ဆယ်ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးပြီးလေ။ ဘာလို့ ပဲပိစပ်ဈေးက ဆက်ကျရမှာလဲ ? "
" ဘာကြောင့်လဲဆိုတောဘ ဈေးကွက်က အမြဲတမ်း ယုတ္တိမတန်လို့ပဲ။ အဲ့ဒါက အမြဲတမ်းပြောင်းနေတာ။ လူတိုင်းက အောင်မြင်မှုရရှိဖို့အတွက် လူအုပ်ကြီးနောက် လိုက်တဲ့အချိန်မှာ ဆုံးရှုံးမှုတွေ မကြာခဏဖြစ်ပေါ်တတ်တာ ဓမ္မတာပဲ။ဈေးနှုန်းက အောက်ဆုံးထိ ကျနေပြီလို့ မင်းထင်နေအချိန်မှာ ဈေးနှုန်းက တကယ်တမ်း ထပ်ကျနိုင်သေးတယ်။ ပြီးတော့ဈေးနှုန်းက ထပ်မတက်နိုင်တော့ဘူးလို့ မင်းထင်နေတဲ့အချိန်မှာ ၎င်းက နောက်တစ်ကြိမ် ထပ်တက်နိုင်သေးတယ်။ ဒီနယ်ပယ်မှာ အနိမ့်ဆုံးဈေးနှုန်းဆိုတာ ဘယ်တော့မှ မရှိသလို ၊အမြင့်ဆုံးဈေးနှုန်းဆိုတာလည်း ဘယ်တော့မှ မရှိဘူး။ "
" ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ နှစ်ကြိမ်ဆက်တိုက် ကန့်သတ်ချက်ကို ရောက်တာက လူအများကြီးရဲ့ စိတ်ပိုင်းဆိုင်ရာ အောက်ေခြလှိုင်းကို ဖြိုခွဲပြီးတာကြောင့် ဈေးကွက်က သိမ်မွေ့လာလိမ့်မယ်။ "
" အကယ်၍ ငါတို့က အောင်ပွဲနောက်ကို လိုက်မယ်ဆိုရင် အောင်မြင်မှု အသီးအပွင့် ရိတ်သိမ်းလို့ရနိုင်တယ်။ "
" ဈေးကွက်ကို ခြယ်လှယ်ဖို့အတွက် ငါတို့မှာ ရန်ပုံငွေတွေရှိတယ်။ ဒါကြောင့်…..."
လင်ပေ့ဖန်သည် အသံကျယ်ကျယ်ဖြင့် ကြေညာချက်ထုတ်ခဲ့သည်။
" ငါ့အတွက် ပဲပိစပ်ဈေးကျမယ့်ဘက်ကို စာချုပ်၁သန်း ချုပ်ပေးပါ။ "
" ဟုတ်ကဲ့ ၊ဥက္ကဌလင် "ဟု ပြောပြီးနောက် ကုန်သည်များက အလုပ်များလာခဲ့ကြသည်။ထို့နောက် သူတို့သည် အော်ဒါတစ်ခုပြီး တစ်ခုမှာခဲ့ကြသည်။
လင်ပေ့ဖန်ရဲ့ များပြားသော အော်ဒါများနှင့် ဖိအားအောက်တွင် ပဲပိစပ်ဈေးနှုန်းက လျင်မြန်စွာဖြင့် ၂ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။
ထိုအချိန်တွင် ဝူကောသည် သန့်စင်ခန်းထဲသို့ ခိုးဝင်ပြီး အနက်ရောင်ဝတ်လူထံသို့ စာတစ်စောင်ပေးပို့ခဲ့သည်။
ဝူကော : လင်ပေ့ဖန်က ပဲပိစပ်ကြိုရောင်းဈေးကွက်မှာ ပဲပိစပ်ဈေးကျမယ့်ဘက်ကို ယူနစ်၁သန်း အော်ဒါမှာထားတယ်။
…...
နဂါးဘုရင်ကျိုရှင်းဘက်တွင် ထိုစာကို လျင်မြန်စွာ လက်ခံရရှိခဲ့သည်။
" လင်ပေ့ဖန်က ပဲပိစပ်ဈေးကျမယ့်ဘက်ကို တကယ်ပဲ အော်ဒါမှာခဲ့တာလား ? ။ သူက ဒီအချိန်မှာ ပဲပိစပ်ဈေးကျမယ့်ဘက်ကို ဘာလို့ အော်ဒါမှာနိုင်ရတာလဲ ?။ ဒါက ကိုယ့်ကိုယ်ကို သတ်သေတဲ့ လုပ်ရပ်တစ်ခုဆိုတာ ထင်ရှားနေတာပဲ။ဒီလို မဖြစ်သင့်ဘူး။ " ဟု ပြောပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် အတွေးထဲတွင် နစ်မြောသွားခဲ့သည်။
နှစ်ရက်ဆက်တိုက်ကျဆင်းပြီးတဲ့နောက်မှာ ပဲပိစပ်ဈေးနှုန်းက ပြန်တက်ပြီးတော့ ပုံမှန်အဆင့်ကို ပြန်ရောက်နိုင်တယ်…။
အကယ်၍ ၂၀ရာခိုင်နှုန်း ပြန်မတက်ရင်တောင် အနည်းဆုံး ၁၀ရာခိုင်နှုန်းတော့ ပြန်တက်မှာပဲ……။
သာမန်လူတွေကတော့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို ရွေးချယ်လိမ့်မယ်….။
ဒါပေမဲ့ ဒီအချိန်မှာ လင်ပေ့ဖန်က လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ပဲပိစပ်ဈေး ကျမယ့်ဘက်ကို ရွေးချယ်ခဲ့တယ်……။
" ဒီသတင်းက အရမ်း မယုံကြည်ရပုံရတယ်။ ထပ်ပြီးတော့ အတည်ပြုလိုက်။ "
" နဂါးဘုရင်ကို တင်ပြပါတယ်။ လင်ပေ့ဖန်က ပဲပိစပ်ဈေးကျမယ့်ဘက်ကို ယူနစ်၁သန်းအော်ဒါမှာခဲ့တာ အမှန်ပဲလို့ ဝူကောက ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ " ဟု အနက်ရောင်ဝတ်လူတစ်ေယာက်က ပြောခဲ့သည်။
ထိုအချိန်တွင် နောက်ထပ်အနက်ရောင်ဝတ်လူတစ်ယောက်ကလည်း တင်ပြခဲ့သည်။
" နဂါးဘုရင်ကို တင်ပြပါတယ်။ ပဲပိစပ်ဈေးကွက်မှာ ပဲပိစပ်ဈေးကျမယ့်ဘက်ကို မှာထားတဲ့ အော်ဒါအများကြီး ပေါ်လာတာကြောင့် ပဲပိစပ်ဈေးနှုန်းက ကျဆင်းနေပါတယ်။ ဒါကို လင်ပေ့ဖန်နဲ့ တစ်ခြားလူတွေကို ရောင်းသင့်ပါတယ်။ "
နဂါးဘုရင်ကျိုရှင်းသည် လုပ်ဆောင်ရန် တုံ့ဆိုင်းနေတုန်းပဲဖြစ်သည်။
" ဈေးကွက်ထဲမှာရော အနုတ်သဘောဆောင်တဲ့ သတင်းဆိုးများ ရှိသေးလား ? "
" နဂါးဘုရင်ကို တင်ပြပါတယ်။ အခုလောလောဆယ်တော့ မရှိသေးပါဘူး။ "
ထိုစကားကို ကြားလိုက်ရသောအခါမှ ကျိုရှင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချခဲ့သည်။
အကယ်၍ သူ့မိသားစုရဲ့ စွမ်းရည်တွေနဲ့တောင် သတင်းအချက်အလက်တွေကို မစုဆောင်းနိုင်သေးရင် ဈေးကွက်က ပုံမှန်ဖြစ်ကြောင်း ၎င်းက သက်သေပြနေခဲ့သည်။
" မရှိဘူးဆိုတော့………"
နဂါးဘုရင်ကျိုရှင်းသည် ကြမ်းကြုတ်စွာဖြင့် ပြောခဲ့သည်။
" ပဲပိစပ်ဈေးတက်အောင်လုပ်လိုက်။ ငါတို့သူရောင်းထားတဲ့ အော်ဒါအကုန်လုံးကို ယူပစ်လိုက်မယ်။ငါတို့က သူ့ကို အရာအားလုံးဆုံးရှုံးအောင် လုပ်ရုံတင်မကဘူး။ငါတို့ အမြတ်ရဖို့အတွက်လည်း အခွင့်အရေးကို ယူရမယ်။ "
" ဟုတ်ကဲ့ ၊နဂါးဘုရင် "
ရလဒ်အနေဖြင့် နဂါးဘုရင်ကျိုရှင်းသည် ပဲပိစပ်ကြိုရောင်းဈေးကွက်တွင် ရန်ပုံငွေပမာဏအများကြီးကို ရင်းနှီးမြှုပ်နှံခဲ့သည်။
သူတို့သည် လင်ပေ့ဖန်၏ ပဲပိစပ်ဈေးကျမယ့်ဘက်ကို မှာထားတဲ့ အော်ဒါများကို ယူရုံသာမကဘဲနဲ့ ဈေးနှုန်းကိုလည်း မြှင့်တင်၍ အဖွင့်ဈေးသို့ အမြန်ပြန်ရောက်အောင် လုပ်ခဲ့သည်။
ထိုအချိန်တွင် ဝူကောသည်လည်း ရောင်းဝယ်ရေးခန်းထဲသို့ ပြန်လာခဲ့သည်။ ရောင်းဝယ်ရေးတွင် ကြီးကြီးမားမားအပြောင်းအလဲ မရှိတာကို မြင်လိုက်ရမှ သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့သညါ။
" အစ်ကိုဝူ ၊ မင်းဘယ်ကို သွားနေတာလဲ ? " ဟု လင်ပေ့ဖန်က မေးမြန်းခဲ့သည်။
" အို့ ၊ ငါ ခုနတုန်းက အစ်မလျူကို မြင်လိုက်ရလို့ အပြင်ထွက်ပြီးတော့ သူမနဲ့ စကားနည်းနည်းသွားပြောခဲ့တာပါ။ " ဟု ဝူကောက ဆင်ခြေပေးလိုက်သည်။
လင်ပေ့ဖန်က သူ့၏ဦးခေါင်းကို ခါရမ်းပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
" မင်းမကောင်းတဲ့ကောင် ၊ ဒီလိုမျိုး အရေးကြီးနေတဲ့ အချိန်တစ်ခုမှတောင် မင်းက အပြင်ထွက်သွားခဲ့သေးတယ်။ မင်းက မင်းရဲ့တာဝန်တွေထက် မင်းရဲ့ အချစ်လေးကို ပိုပြီးတော့ တန်ဖိုးထားတာပဲ။ "
ဝူကော : );
" ဒါပေမဲ့ ငါ မင်းကို နားလည်တယ်။ "
ထို့နောက်လင်ပေ့ဖန်က ဝူကောကို လက်ယပ်ခေါ်ခဲ့သည်။
" အစ်ကိုဝူ ၊ မင်း ကြည့်နေတာ နှစ်ရက်ရှိပြီ။ ဒီအချိန်က မင်း စတင်ဖို့ အချိန်တန်ပြီ။ နောက်အရောင်းအဝယ်တွေကို မင်း တာဝန်ယူရလိမ့်မယ်။"
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် အံ့အားသင့်သွားခဲ့သည်။
" ငါ …လုပ်နိုင်ပါ့မလား ? "
" ဟုတ်တယ် "
ထို့နောက် လင်ပေ့ဖန်သည် ဘေးနားသို့ ရွေ့ပေးလိုက်ပြီး ပြောလိုက်သည်။
" ငါ မင်းကို သင်ပေးမယ်။ "
" ကောင်းပြီ " ဝူကောသည် စိတ်လှုပ်ရှားနေခဲ့သည်။
ငါမင်းကို ငါ့လက်နဲ့ကိုယ်တိုင် ပျက်စီးအောင်လုပ်ပြီးတော့ မင်းကို အရာအားလုံး ဆုံးရှုံးအောင်လုပ်ပစ်မယ်……။