အခန်း (၁၀၅)
Vol. 7 Ch. 105
" ငါ မင်းကို ပြောပြမယ်။ ဒါကို လုပ်ရတာက အရမ်းကို ရိုးရှင်းတယ်။ မင်းဒီလို ……ဒီလို……ပြီးတော့ ဒီလိုပဲ လုပ်ဖို့လိုအပ်တယ်။ " ဟု လင်ပေ့ဖန်က အသေးစိတ် သင်ကြားပေးခဲ့သည်။
ဝူကောကလည်း အာရုံစူးစိုက်ပြီး နားထောင်နေခဲ့သည်။
သူသည် ဂူသင်္ချိုင်းတူးဖော်ခြင်း နည်းပညာများကို သင်ယူချိန်တုန်းကတောင်မှ သူသည် ဒီလောက်ထိ မကြိုးစားခဲ့ပေ။
နောက်ဆုံးတော့လည်း ဒီကျွမ်းကျင်မှုက လင်ပေ့ဖန်ကို ပိုက်ဆံဆုံးရှုံးစေနိုင်သည့် ကျွမ်းကျင်မှုတစ်ခုပဲဖြစ်သည်။
သူသည် ဒီနည်းပညာကိုသင်ယူပြီးလျှင် လင်ပေ့ဖန်ကို ပိုက်ဆံဆုံးရှုံးေအာင်ပြုလုပ်ချင်ပါက ကီးဘုတ်ကို အကြိမ်အနည်းငယ်လောက် နှိပ်လိုက်ဖို့သာ လိုအပ်သည်။
ထို့ပြင် ဒီတစ်ကြိမ်အော်ဒါမှာသည့် ပဲပိစပ်ယူနစ်၁သန်းကလည်း ရန်ပုံငွေ ၆ဘီလီယံနီးပါးရှိသည်။ သူသည် ငွေရင်း နှင့် အမြတ်ငွေများအပါအဝင် နှစ်ခုစလုံးကိုလည်း ခလုတ်ခလေးတစ်ချက်နှိပ်လိုက်ရုံဖြင့် အကုန်လုံး ပျောက်ကွယ် သွားအောင် ပြုလုပ်နိုင်သည်။
ဝူကောသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သွားခဲ့သည်။
" ဒါက တကယ်ပဲ ဒီလောက်ရိုးရှင်းလို့လား ? "
လင်ပေ့ဖန်က ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" အမှန်ပဲ၊ အဲ့လောက်ရိုးရှင်းတယ် "
ဝူကောသည် အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။
" ဒီလိုမျိုး လိုက်လုပ်ရင် ရပြီလား ? "
လင်ပေ့ဖန်က နောက်တစ်ကြိမ် ခေါင်းညိတ်ခဲ့သည်။
" ဒါက ရိုးရှင်းတယ်။ ဒါပေမဲ့ ခလုတ်မှားမနှိပ်မိဖို့ကို မင်း ဂရုစိုက်ဖို့ လိုအပ်တယ်။ အကယ်၍မနေ့တုန်းက ငါလိုမျိုး မင်း ခလုတ်မှားနှိပ်မိတာနဲ့ ၊ ပိုက်ဆံ ဆုံးရှုံးသွားလိမ့်မယ်။ "
မစိုးရိမ်ပါနဲ့ ၊ ငါ လုံးဝ မှားနှိပ်မှာ မဟုတ်ဘူး ………။
ဝူကောသည် သူ့ဘာသာသူ တွေးတောခဲ့သည်။
ထို့နောက် လင်ပေ့ဖန်၏ လမ်းညွှန်မှုအောက်တွင် ဝူကောသည် အော်ဒါတစ်ခုကို မှာခဲ့သည်။
သို့သော်လည်းပဲ ပဲပိစပ်ဈေးကျမယ့်ဘက်သို့ သူကိုယ်တိုင်မှာထားခဲ့သည့် အော်ဒါကြီးက ပဲပိစပ်ကြိုရောင်းဈေးကွက်တွင် ဖော်ပြထားတာကို ကြည့်ပြီး သူသည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားလာခဲ့သည်။
ထိုအချိန်တွင် သူသည် အောင်မြင်ခြင်း
နတ်ဘုရားမက သူ့ကို လက်ယှက်ခေါ်နေသလိုမျိုး ခံစားခဲ့ရသည်။
သို့သော်လည်း သူသည် အရမ်း ယုံကြည်မှု မရှိသေးပေ။
" ဒီ အော်ဒါမှာတာ အောင်မြင်တယ်လို့ ယူဆလား ? "
" ယဆတယ် "
ထို့နောက် လင်ပေ့ဖန်က ပြုံးပြီး ပြောခဲ့သည်။
" အခု ငါတို့ ပဲပိစပ်ဈေးကျမယ့်ကို အော်ဒါမှာထားပြီးပြီ။သေချာပေါက် လူနုံတစ်ယောက်တောင် ငါတို့နဲ့ ရောင်းဝယ်ဖောက်ကားဖို့ ဆန္ဒရှိမှာဘဲ။ အဲ့ဒီအချိန်မှာမှ အောင်မြင်မှုတစ်ခုလို့ ယူဆရလိမ့်မယ်။ဒါမဟုတ်ရင်လည ဒီအော်ဒါကို ဘာအမြတ်မှမရဘဲနဲ့ ပဲပိစပ်ကြိုရောင်းဈေးကွက်မှာ ဖော်ပြထားနိုင်တယ်။ "
သူပြောပြီးလို့ မကြာခင်မှာပဲ ဖန်သားပြင်ကြီးက ပြောင်းလဲသွားခဲ့သည်။
ဝူကော အော်ဒါမှာထားတဲ့ ဟာက ပျောက်ကွယ်သွားခဲ့ပြီး ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ကုန်သွယ်မှု အောင်မြင်ကြောင်းဖော်ပြသည့် စာတစ်စောင်က ပေါ်လာခဲ့သည်။
" ကြည့်ကြည့် ၊ ဒါက ကုန်သွယ်မှုအောင်မြင်တာလို့ ယူဆလို့ရတယ်။ " ဟု လင်ပေ့ဖန်က ရယ်မောပြီး ပြောခဲ့သည်။
ဝူကောသည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားလာခဲ့သည်။
ဒီတန်ဖိုးမဲ့အော်ဒါေတွကို နဂါးဘုရင်ကျိုရှင်း နဲ့ သူ့အဖွဲ့သာလျှင် စကားပြောစရာမလိုပဲနဲ့ ဖမ်းယူနိုင်လိမ့်မယ်….။
ပြီးတော့ သူတို့အဖွဲ့သာလျှင် ဒီလိုမျိုး ကြီးမားတဲ့တန်ဖိုးမဲ့အော်ဒါေတွကို လက်ခံဖို့ စွမ်းအားရှိတယ်။
" ဘော့စ်လင် ၊ နောက်ထပ်ကုန်သွယ်မှုတွေကိုလည်း ကျွန်တော် ကိုင်တွယ်လို့ ရနိုင်မလား ? " ဟု ဝူကောက စိတ်အားထက်သန်စွာဖြင့် မေးမြန်းခဲ့သည်။
သူသည် သူ့လက်ဖြင့် ကိုယ်တိုင်ကိုင်တွယ်၍ သူ့ရန်သူကို ကြီးကြီးမားမားဆုံးရှုံးစေချင်သည်။
သူသည် သူ့ရန်သူကို အရာအားလုံးကို နောင်တရအောင် ပြုလုပ်ချင်သည်။
ထို့အပြင် သူ့ကိုယ်တိုင်လုပ်ဆောင်ပါက သူသည် မတော်တဆမှု မှန်သမျှကို တားဆီးနိုင်လိမ့်မည်ဖြစ်သည်။
လင်ပေ့ဖန်သည် ပြုံးပြီး ခေါင်းညိတ်၍ ပြောခဲ့သည်။
" ရတာပေါ့ ၊ငါတို့ ယူနစ်၁သန်း မှာယူရာမှာ ယူနစ် ၃၀၀၀၀၀တော့ မှာယူပြီးသွားပြီ။ နောက်ထပ်ကျန်ရှိနေတဲ့ ယူနစ်၂၀၀၀၀၀ကို မင်းကိုင်တွယ်နိုင်တယ်။ "
" ဘော့စ်လင် ၊ ကျေးဇူးအများကြီးတင်ပါတယ် " ဟု ပြောပြီးနောက် ဝူကောသည် အရမ်းပျော်ရွှင်သွားခဲ့သည်။
" ဂရုစိုက်ပါ ၊ခလုတ်မှားမနှိပ်မိစေနဲ့ ။ " ဟု လင်ပေ့ဖန်က ထပ်ပြောခဲ့သည်။
" ငါလုံးဝ မှားနှိပ်မိမှာမဟုတ်ဘူး "
ထို့နောက် ဝူကောသည် လုပ်ဆောင်ရန် စိတ်အားထက်သန်နေခဲ့သည်။
အော်ဒါမှာပြီးတိုင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့ပြီး အပြုံးတစ်ပွင့်စီတိုင်းကလည်း ကူးစက်နေခဲ့သည်။
တစ်ဖက်လူရဲ့ ပျော်ရွှင်မှုတွေကို ကြည့်ပြီး လင်ပေ့ဖန်သည်လည်း ကူးစက်ခံခဲ့ရသည်။
ထို့နောက်သူသည် စနစ်စီကနေ တိတ်တိတ်ကလေး ဆုတစ်ခုတောင်းခဲ့သည်။
[ ငါဆုတစ်ခုတောင်းမယ်စနစ်။ ။ ဒီနေ့ပဲပိစပ်ကြိုရောင်းဈေးရောင်းဈေးကွက်ရဲ့ ရောင်းဝယ်ရေးမှာ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံခြင်းက နှစ်ဆရရှိပါစေ။ ]
[ ဒင် !! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စီးပေးလိုက်ပါသည်။ ]
ထိုအချိန်တွင် ဝူကောသည် တန်ဖိုးမဲ့အော်ဒါများကို မမောမပန်းနဲ့ ဆက်လက်ပြီး မှာနေခဲ့သည်။
ထို့နောက်သူသည် ပဲပိစပ်ယူနစ်၇၀၀၀၀၀ကို အမြန်မှာယူခဲ့သည်။သူမှာထားတာေတွကို ပဲပိစပ်ကြိုရောင်းဈေးကွက်က ဖော်ပြထားခဲ့သည်။
ပုံမှန်အားဖြင့် ဈေးကွက်ထဲတွင် တန်ဖိုးမဲ့အော်ဒါအများကြီး ပေါ်လာပါက ပဲပိစပ်ဈေးသည် ကျဆင်းသွားလိမ့်မည်ဖြစ်သည်။
ထို့ပြင် ပဲပိစပ်ဈေးက အများကြီးမကျရင်တောင် အနည်းဆုံးတော့ ၅ရာခိုင်နှုန်းကျဆင်းလိမ့်မည်ဖြစ်သည်။
ဒါပေမဲ့လည်း အံ့အားသင့်စရာကောင်းစွာဖြင့် ဈေးကွက်က ဆက်လက်၍ တက်လာခဲ့ပြီး ပဲပိစပ်ဈေးနှုန်းကလည်း မကျတဲ့အပြင် ၁ရာခိုင်နှုန်းတောင် တိုးလာခဲ့တာကြောင့် လင်ပေ့ဖန်ရဲ့ အကောင့်ထဲရှိ ယွမ်သန်း၆၀၀က ဆုံးရှုံးသွားခဲ့သည်။
ဝူကောသည် ထိုအရာကို မြင်ပြီး ပျော်ရွှင်သွားခဲ့သည်။
ထို့နောက်သူသည် တိတ်တိတ်ကလေး အဝေးသို့ ခိုးထွက်၍ အနက်ရောင်ဝတ်လူစီသို့ စာတစ်စောင်ပေးပို့ခဲ့သည်။
ဝူကော : လင်ပေ့ဖန်ရဲ့ ပဲပိစပ်ယူနစ်၁သန်း အကုန်လုံးကို ရောင်းပြီးသွားပြီ။
စာကို လက်ခံရရှိတဲ့ နဂါးဘုရင်ကျိုရှင်းသည်လည်း အတော်လေးကို ပျော်ရွှင်သွားခဲ့သည်။
" လင်ပေ့ဖန် သူ့ရဲ့ယူနစ်အကုန်လုံးကို ရောင်းပြီးသွားပြီ။ အခု ပဲပိစပ်ဈေးနှုန်းကို အမြန်တက်အောင်လုပ်ပြီးတော့ သူ့ကို ပိုက်ဆံအများကြီးဆုံးရှုံးအောင် ပြုလုပ်ပါ။ ငါ သူ့ကို သွေးအန်အောင် လုပ်ချင်တယ်။"
" ဟုတ်ကဲ့နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူများက တညီတည်း ပြန်ဖြေခဲ့ကြသည်။
ရလဒ်အနေနဲ့ ပဲပိစပ်ကြိုရောင်းဈေးကွက်တွင် ရန်ပုံငွေ၁၀ဘီလီယံလောက် ဝင်ရောက်လာခဲ့တာကြောင့် ပဲပိစပ်ဈေးနှုန်းက ဒုံးပျံတစ်စင်းလိုမျိုး တက်လာခဲ့ပြီး လျင်မြန်စွာဖြင့် ၂ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။
ထို့နောက် ၎င်းက လျင်မြန်စွာဖြင့် ၃ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး ၅ရာခိုင်နှုန်းသို့ ရောက်ရှိချိန်မှ နှေးကွေးသွားခဲ့သည်။
နဂါးဘုရင်ကျိုရှင်းသည် အားရပါးရရယ်မောခဲ့သည်။
" ငါးရာခိုင်နှုန်း တက်လာတာဆိုတော့ လင်ပေ့ဖန် အနှေးဆုံး ယွမ်၃ဘီလီယံလောက်တော့ ဆုံးရှုံးရမယ်။ဒါ့အပြင် ဈေးကွက်ကလည်း တည်ငြိမ်နေတယ်။ဒါကြောင့် ပဲပိစပ်ဈေးက တက်လာရတာပဲ။ လင်ပေ့ဖန် ဒါ့ကို မင်းဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ကြသေးတာပေါ့ကွာ ။ "
" နဂါးဘုရင်ကို ဂုဏ်ပြုပါတယ် ၊နဂါးဘုရင်ကို ဂုဏ်ပြုပါတယ်။ " ဟု အနက်ရောင်ဝတ်လူများက တညီတည်းပြောခဲ့ကြသည်။
" ငါတို့အတူတူ ပျော်ရွှင်ကြမယ် "
နဂါးဘုရင်ကျိုရှင်းသည် ကျေနပ်နေခဲ့သည်။
ဝူကောသည်လည်း အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။
၅ရာခိုင်နှုန်းတက်လာခြင်းဖြင့် လင်ပေ့ဖန်ရဲ့
အကောင့်ထဲရှိ ယွမ်၃ဘီလီယံေလာက်တော့ ပလုံသွားခဲ့ရပြီ ဖြစ်သည်။
သူသည် ယခုချိန်တွင် လင်ပေ့ဖန်၏ အကောင့်ကို အနီးကပ်ကြည့်၍ ယွမ်သန်း၁၀၀ဆုံးရှုံးတိုင်း ရယ်မောဖို့ကို မစောင့်နိုင်တော့ပေ။
ထိုအချိန်တွင် အနီးနားရှိ ကုန်သည်များက စိုးရိမ်ပြီး ပြောလိုက်သည်။
" ဘော့စ်လင် ၊ မြန်မြန်ရောင်းလိုက်ပါ "
" အခု ပဲပိစပ်ဈေးရဲ့ လမ်းကြောင်းက တည်ငြိမ်နေတဲ့အတွက် ကျွန်တော်တို့ အမှားတစ်ခုလုပ်မိခဲ့ပြီ။ အကယ်၍ အခု ကျွန်တော်တို့ မရောင်းရင် ဒါက အရမ်းနောက်ကျသွားလိမ့်မယ်။ "
" အခု ရောင်းလိုက်ရင်တော့ ကျွန်တော်တို့ ဆုံးရှုံးမှုအနည်းငယ်ကို လျှော့ချနိုင်လိမ့်မယ်။ "
ဝူကောသည်လည်း ဟန်ဆောင်၍ အကြံပေးခဲ့သည်။
" ဘော့စ်လင် ၊ ကျွန်တော်တို့ ယွမ်သုံးဘီလီယံ ဆုံးရှုံးခဲ့ပြီးပြီ။ ကျွန်တော်တို့ ကစားထားတဲ့ဘက်ကိုလိုက်တော့မလား ? "
လင်ပေ့ဖန်သည် ဆက်လက်ပြီး တည်ငြိမ်နေခဲ့သည်။
" အလျင်မလိုနဲ့ ၊ ဈေးနည်းနည်း ထပ်တက်ခိုင်းလိုက်ဦး ။ "
ထို့နောက် သူသည် အရောင်အသွေးစုံလင်တဲ့ ဖန်သားပြင်ကြီးကို ကြည့်၍ လက်နှစ်ချောင်းထောင်ပြပြီး ပြောလိုက်သည်။
" ငါ့အတွက် ဈေးကျမယ့်ဘက်ကို နောက်ထပ် ယူနစ်၂၀၀၀၀၀ရောင်းပေးပါ။ "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လူတိုင်းသည် ထိတ်လန့်သွားခဲ့သည်။
" ဆက်ပြီးတော့ ဈေးကျမယ့်ဘက်ကို ရောင်းနေတုန်းပဲလား ? "
" ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား ? "
" မစ္စတာလင်က ရူးသွားတာလား ? "
လူတိုင်းက ဆက်လက်ပြီး လင်ပေ့ဖန်ကို တိုက်တွန်းခဲ့ကြသည်။
ဝူကောသာလျှင် လင်ပေ့ဖန်ရဲ့ ဘေးနားမှာ အခိုင်အမာရပ်တည်ပေးခဲ့သည်။(ကောင်ဇိုးလေးက အကြံဆိုးကြီးနဲ့ 🌚)
" ဘော့စ်လင် ၊ ငါ မင်းကိုကူညီပြီးတော့ လုပ်ဆောင်ပေးမယ်။ "
လင်ပေ့ဖန်သည် ပြုံးပြီး ပြောလိုက်သည်။
" အစ်ကိုဝူပဲ ငါ့ကို ကောင်းကောင်းနားလည်တယ်။ ကျေးဇူးပြုပြီးတော့ ငါ့အစားလုပ်ပေးပါဦး။ "
" ဒါက အပန်းမကြီးပါဘူး "ဟု ပြောပြီးနောက် ဝူကောသည် ချက်ချင်းဘဲ စတင်ပြီး လုပ်ဆောင်ခဲ့သည်။
ဝူကောသည် ပဲပိစပ်ဈေးကျမည့်ဘက်ကို ယူနစ် ၂၀၀၀၀၀ရောင်းပြီးနောက်တွင် ကမ္ဘာကြီးတစ်ခုလုံးက တောက်ပလာပြီး နတ်သမီးလေးများက သူ့ကို လက်ယှက်ခေါ်နေသလို ခံစားခဲ့ရသည်။
" လင်ပေ့ဖန် ဒီတစ်ခေါက် ငါ မင်းကို ဆုံးရှုံးအောင် မလုပ်နိုင်ဘူးလို့ ငါမယုံဘူး။ "
နဂါးဘုရင်ကျိုရှင်းသည်လည်း ဝူကော၏ စာကို အမြန် ရရှိခဲ့သည်။
ထို့နောက် သူသည် အောင်ပွဲခံစွာဖြင့် ပြုံးပြီး ပြောလိုက်သည်။
" ဒီလိုအချိန်မျိုးမှာတောင် သူက ပဲပိစပ်ဈေးကျမယ့်ဘက်ကို ကစားနေတုန်းပဲလား ?။ သူက သူ့ဘဝကိုသူ တန်ဖိုးမထားဘူးဖြစ်မယ်။ မင်းက သေချင်နေတယ်ဆိုတော့လည်း ငါက ကြင်နာစွာနဲ့ ဖြည့်စီးပေးရမှာပေါ့။ "
" ဒီကိုလာ ၊သူ့ရဲ့ အော်ဒါတွေ ငါ့ကို ပေးပြီးတော့ ပဲပိစပ်ဈေးကို တက်အောင်လုပ်ပါ။ ငါ သူ့ကို အရာအားလုံး ဆုံးရှုံးစေချင်တယ်။ "
ထို့နောက်ကျိုရှင်း၏ ပါးစပ်ထောင့်က ၄၅ဒီဂရီလောက် ကော့တက်သွားခဲ့သည်။
" နောင်တရဖို့တောင် အခွင့်အရေးမရှိစေရဘူး။ "
" ဟုတ်ကဲ့ နဂါးဘုရင် "
ရလဒ်အနေနဲ့ ကြီးမားသောရင်နှီးငွေ ပမာဏများက ၏ ပဲပိစပ်ကြိုရောင်းဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့ပြီး လင်ပေ့ဖန်၏ ပဲပိစပ်ဈေးကျမယ့်ဘက်ကို မှာထားတဲ့ အော်ဒါများကို လျင်မြန်စွာဖြင့် ကျော်တက်သွားခဲ့ပြီး ပဲပိစပ်ဈေးနှုန်းက နောက်ထပ်တစ်ရာခိုင်နှုန်း တိုးလာခဲ့သည်။
လင်ပေ့ဖန်ရဲ့ အကောင့်ထဲရှိ ဆုံးရှုံးမှုပမာဏက ယွမ်၅ဘီလီယံနီးပါး ရှိသွားခဲ့ပြီဖြစ်သည်။
ထိုနံပါတ်က အတော်လေးကို အံ့အားသင့်စရာကောင်းသည့် နံပါတ်တစ်ခုပဲဖြစ်သည်။
အရမ်းကိုမှ အန္တရာယ်များတဲ့ နံပါတ်တစ်ခုပဲဖြစ်သည်။
လူအများကြီးက ထိုနံပါတ်ကြည့်ပြီး သည်းမခံနိုင်တော့ပဲ။
အနီးနားရှိကုန်သည်များသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခဲ့ကြသည်။ သူတို့၏ မျက်နှာများကလည်း စာရွက်တစ်ရွက်လို အဖြူရောင်သို့ ပြောင်းသွားခဲ့ပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောဝံ့ကြတော့ပေ။
သို့သော်လည်းပဲ လင်ပေ့ဖန်သည် ဆက်လက်၍ တည်ငြိမ်နေခဲ့ပြီး ထိုနံပါတ်ကို အလေးအနက်မထားသလို ဖြစ်နေခဲ့သည်။
ဝူကောသည် သူ့ စိတ်ထဲတွင် နှာခေါင်းရှုံ့ပြီး လှောင်ပြောင်ခဲ့သည်။
မင်း ဆက်ပြီးတော့ တည်ငြိမ်နေလိုက်ဦး ……
နဂါးဘုရင်ကျိုရှင်းသည်လည်း စိတ်ထဲတွင် နှာခေါင်းရှုံ့ပြီး လှောင်ပြောင်ခဲ့သည်။
လင်ပေ့ဖန် ဒီတစ်ကြိမ်နိုင်ပွဲက သေချာပေါက်ငါပဲ ဖြစ်လိမ့်မယ်……။