အခး (၉၆)
Vol. 7 Ch. 96
ထို့နောက်ဝမ်ပန်ဇီသည် မျက်ရည်တောက်တောက်ကျပြီး အော်ငိုခဲ့သည်။
" ဒါတွေအားလုံးက မင်းရဲ့ အမှားတွေပဲ။ မင်း ဘာလို့
သူတို့ကို ဒီခေါ်လာရတာလဲ ?။ ဒီလုပ်ရပ်မှာ ငါက ဘာလို့ မင်းနဲ့ အတူတူ လိုက်လုပ်ရတာလဲ ?။ ဘာကြောင့် ငါက ဒီပစ္စည်းတွေကို ထုတ်ပြမိခဲ့ရတာလဲ ? "
" အခုတော့ ကုန်သွားပြီ ၊မဟုတ်လား ?။ ယွမ်သန်း၃၀၀ထိုက်တန်တဲ့ ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ သေးသွယ်တဲ့ ရွှေလက်ရေးလှရေးနည်းနဲ့ ရေးထားတဲ့ လက်ရေးလှပန်းချီကားအစစ်ကိုလည်း ဆုံးရှုံးခဲ့ရပြီ မဟုတ်လား ? ။ "
" ပြီးတော့ ယွမ်၃ဘီလီယံကျော်ထိုက်တန်တဲ့ ဝမ်ဇုံခွက်အစုံလိုက်ကိုလည်း ဆုံးရှုံးသွားရပြီ၊မဟုတ်လား ? "
" ဒီနေ့တစ်နေ့တည်းမှာတင် ငါတို့ ယွမ်၃ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်။ "
" ငါ့ကိုပြော ၊ ငါတို့ ဆုံးရှုံးသွားခဲ့တဲ့ ပိုက်ဆံတွေ ပြန်ကာမိဖို့အတွက် ငါတို့ ဂူသင်္ချိုင်း ဘယ်လောက်များများကို တူးဖော်ရမလဲ ? "
" မင်း ငါ့ကို ပြော ၊မင်းငါ့ကို ပြောလေ ၊မင်းငါ့ကို ပြောပြ။ " ဟု ပြောပြောပြီး ဝမ်ပန်ဇီသည် ဝူကော၏ ခန္ဓာကိုယ်ကို ရိုက်ခဲ့သည်။
ဝူကောသည် သူ့စိတ်ထဲတွင် အတော်လေးကို နောင်တရခဲ့သည်။
အစတုန်းက သူသည် သန်းအနည်းငယ်အဆုံးရှုံးခံပြီးနောက် လင်ပေ့ဖန်၏ အသိအမှတ်ပြုမှုကိုရရှိ၍ သူ့၏ ညာလက်ရုံးလူတစ်ယောက်ဖြစ်လာရန် ရည်ရွယ်ထားခဲ့သည်။
ဒါပေမဲ့လည်း ဒီနေ့တွင် သူတို့ ယွမ်ဘီလီယံနဲ့ချီ ဆုံးရှုံးလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ…..? ။
ထို့ပြင် သူတို့သည် သူတို့မှာရှိတဲ့ တန်ဖိုးအရှိဆုံး အရာနှစ်ခုကိုပါ ဆုံးရှုံးခဲ့ရသည်။
အကယ်၍ သူသာ ဒါတွေအားလုံးကို အစောကြီးကတည်းက ကြိုသိခဲ့လျှင် သူသည် လင်ပေ့ဖန်ကို ဒီနေရာ ဘယ်တော့မှ ခေါ်လာခဲ့လိမ့်မည် မဟုတ်ပေ။
ထို့ပြင် သူ့တွင်လည်း ထိုကဲ့သို့ ကြောက်စရာကောင်းသော စိတ်ကူးတစ်ခု ပေါ်လာခဲ့လိမ့်မည် မဟုတ်သည်မှာ အသေအချာဘဲဖြစ်သည်။
ကံမကောင်းချင်တော့ ထိုအရာကို နောင်တရဖို့အတွက် အရမ်းကိုမှ နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဝူကောသည် ထိုရတနာနှစ်ခုကို ရရှိဖို့အတွက် ဘယ်လောက် ကြိုးစားပမ်းစား တူးဖော်ခဲ့ရတယ် ဆိုတဲ့အကြောင်းကို သူတွေးမိခဲ့သည်။ဒါပေမဲ့လည်း သူကြိုးစားပမ်းစားတူးဖော်ခဲ့ရတဲ့ ရတနာနှစ်ခုက လက်ရှိမှာတော့ သူ့ရန်သူလက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုအကြောင်းကို တွေးပြီး သူ့ရဲ့ စိတ်ထဲ၌ ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
ဝူကောသည် သူ့ရင်ဘတ်ကို ထိပြီး သူ့နှလုံးသား လေးက နောက်တစ်ကြိမ် အေးစက်သွားသလို ခံစားခဲ့ရသည်။
" ပန်ဇီ ၊ ဒီကိစ္စက ပြီးသွားပြီ ဆိုတော့၊ နောင်တရလို့လည်း ဘာမှ မထူးတော့ဘူး။ ပြီးတော့ ဒါက ကိစ္စကြီးတစ်ခုလည်းမဟုတ်ဘူး။ အနာဂတ်မှာ ငါ ဂူသင်္ချိုင်းတစ်ရာကို တူးဖော်ပေးပြီးတော့ ဒီဆုံးရှုံးမှုအတွက် စီစဉ်ပေးမယ်။ ဘယ်လိုလဲ ၊ရတယ်မလား ?။" ဟု ဝူကောက ဝမ်ပန်ဇီကို နှစ်သိမ့်ခဲ့သည်။
ဝမ်ပန်ဇီက လေးနက်စွာဖြင့် ပြန်ပြောလိုက်သည်။
" သဘောတူတယ်။ မင်းငါ့အတွက် ဂူသင်္ချိုင်း၁၀၀တူးဖော်ပေးရမယ်။ အကယ်၍ မင်းငါ့အတွက် ဂူသင်္ချိုင်း ၁၀၀ကို မတူးဖော်ပေးဘူးဆိုရင် ငါ့မင်းကို တစ်ဘဝလုံး ကပ်ပါးတစ်ကောင်လို တွယ်ကပ်နေမှာဘဲ။ အကယ်၍ မင်း အန်တီလျူနဲ့ မင်္ဂလာဆောင်ရင်တောင် ၊ငါ သတို့သမီးအခန်းထဲမှာ နေပြီးတော့ ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူး။ "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကော၏ မျက်နှာက နောက်တစ်ကြိမ် မည်းမှောင်သွားခဲ့သည်။
" ဒီ မအေမွေးကတော့ …."
….....
ခဏအကြာတွင် သူတို့နှစ်ယောက်သည် အိမ်နောက်ဖေးခြံထဲကနေ ထွက်လာခဲ့ကြသည်။
ထို့နောက် ဝူကောသည် ဝမ်ဇုံခွက်တွေကို သူ့လက်ထဲတွင် ကိုင်ပြီး ပြောခဲ့သည်။
" မစ္စတာလင် ၊ ကျွန်တော် တိုက်တွန်းပြီးတဲ့နောက် ၊ သူဌေးက နောက်ဆုံးမှာ လက်သင့်ခံခဲ့ပါတယ်။ပြီးတော့ သူ့အမှားကိုလည်း သူ နားလည်ခဲ့ပါတယ်။ ဒါကြောင့် ဘော့စ်လင်ကို ဒီဝမ်ဇုံခွက်တွေ ပြန်ပေးမယ်လို့ သူဆုံးဖြတ်ခဲ့ပါတယ်။ "
" ဒါကမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဘဲ။ "
လောင်စွန်းသည် ရယ်မောပြီး ပြောလိုက်သည်။
" ဘယ်အလုပ်မှာမဆို စည်းမျဉ်းတွေတော့ ရှိရမယ်။
အဲ့ဒီစည်းမျဉ်းစည်းကမ်းကို လိုက်နာမှသာလျှင် ဈေးကွက်က တိုးတက်နိုင်တယ်။ ဖက်တီးဝမ် မင်းရဲ့ အမှားကို မင်းသိတာက မင်းကို ဒီထက်မက တိုးတက်စေနိုင်တယ်။ "
ဝူကောသည် ဝမ်ဇုံခွက်တွေကို ကိုင်ပြီး ပြောလိုက်ပြန်သည်။
" မစ္စတာလင် ၊ သူဌေးဝမ်က ခဏတာ စိတ်ရှုပ်သွားပြီးတော့ အဲ့ဒီလို မိုက်မဲတဲ့ အရာကို လုပ်မိခဲ့တာပါ။ သူအခု သူ့ရဲ့ အမှားကို သူ ပြင်ပြီးပါပြီ။ ဒါကြောင့် ရင့်ကျက်တဲ့ သူတစ်ယောက်အနေနဲ့ ကျေးဇူးပြုပြီးတော့ သူ့ကို ခွင့်လွှတ်ပေးပါ။ "
လင်ပေ့ဖန်က ခေါင်းညိတ်ခဲ့သည်။
" အစ်ကိုဝူကတောင် ကိုယ်တိုင် ပြောနေပြီဆိုမှတော့ ကျွန်တော်ကလည်း အစ်ကိုဝူကို မျက်နှာသာပေးရမှာပေါ့။ ကောင်းပြီ ၊ ငါ သူ့ကို မနှောက်ယှက်တော့ဘူး။ "
ထိုစကားကိုကြားလိုက်ရသော အခါမှ ဝူကောသည် စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် ပြုံးပြီး ပြောလိုက်သည်။
" သူဌေးဝမ် ၊ မင်းရဲ့ ရတနာတွေကို ယူထုတ်လာပေး။ ငါ အဲ့ရတနာေတွကို ဆက်ပြီးတော့ တန်ဖိုးထားပေးမယ်။ "
ဝမ်ပန်ဇီသည် လင်ပေ့ဖန်၏ စကားကြောင့် ထိတ်လန့်သွားခဲ့သည်။
" မင်း ဝယ်ချင်နေတုန်းပဲလား ? "
" ဟုတ်တယ် "
ထို့နောက် လင်ပေ့ဖန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောခဲ့သည်။
" ဒါက ငါ ရှေးဟောင်းပစ္စည်းဝယ်တာ ပထမဆုံးအကြိမ်ဘဲ။ ပထမဆုံးအကြိမ်မှာတင် ငါ မင်းဆီကနေပြီးတော့ ပစ္စည်းကောင်းနှစ်ခုကို ရှာတွေ့မိခဲ့တဲ့ အထိကို ငါ ကံက အရမ်းကောင်းနေတယ်။ ဒါကြောင့်
သဘာဝကျစွာနဲ့ ပိုကောင်းဖို့အတွက် ငါ ကြိုးစားရမယ်။"
ထို့နောက် သူသည် ဝူကော၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
" အစ်ကိုဝူ ၊ မင်း အလုပ်ကြိုးစားရမယ်။ နောက်တစ်ကြိမ် ပိုကောင်းတဲ့ ပစ္စည်းတစ်ခုကို ရှာပြီးတော့ ငါ့ကို ကူညီပေးပါဦး။ "
ဝူကော : ):
ဝမ်ပန်ဇီသည် ကျန်သေတ္တာတစ်ခုကို ကိုင်၍ အော်ငိုပြီး ပြောလိုက်သည်။
" မရောင်းဘူး ၊ မင်းတို့ ငါ့ကို သတ်ရင်တောင် ငါ မရောင်းဘူး။ "
ထို့နောက် ဝမ်ပန်ဇီသည် ဈေးဆိုင်ကို ပိတ်ပြီး လူတိုင်းကို အပြင်သို့ မောင်းထုတ်ခဲ့သည်။
လင်ပေ့ဖန် နှင့် လောင်စွန်းတို့သည် ဆက်သွယ်ရမည့် အချက်အလက်များကို ဖလှယ်ကြပြီးနောက် လမ်းခွဲခဲ့ကြသည်။
လင်ပေ့ဖန်သည် ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားချပ်ကို လက်တစ်ဖက်တွင် ကိုင်၍ တစ်ခြားတစ်ဖက်မှာတော့ အရမ်းအဖိုးတန်တဲ့ ဝမ်ဇုံခွက်တွေကို ကိုင်ခဲ့သည်။ထို့ပြင် သူသည် ထိုလမ်းပေါ်တွင် မျက်စိအဖမ်းစားခံရဆုံး လူတစ်ယောက်လည်းဖြစ်သည်။
ထိုအချိန်တွင် ဝူကောက လင်ပေ့ဖန်ကို ပြောလိုက်သည်။
" မစ္စတာလင် ၊ အားလပ်ချိန်တစ်ခုလောက် ကျွန်တော် မင်းဆီကနေ တောင်းဆိုချင်ပါတယ်။ "
" ဘာဖြစ်လို့လဲ ? " ဟု လင်ပေ့ဖန်က စိုးရိမ်သောအမူအရာဖြင့် မေးမြန်းခဲ့သည်။
ဝူကောသည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး နာကျင်သော အမူအရာဖြင့် ပြောလိုက်သည်။
" ကျွန်တော်တစ်ခုခု အစားမှားပြီးတော့ အခု နေလို့ သိပ်မကောင်းဘူး။ ဒါကြောင့် ကျွန်တော် အိမ်ပြန်ပြီးတော့ အနားယူချင်တယ်။ ဘော့စ်လင် ကျွန်တော့်ကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ "
အမှန်တော့ သူ အိမ်ပြန်ချင်တာက သူ့ရဲ့ ဒဏ်ရာရနေတဲ့ စိတ်လေးကို အနားယူပြီး ကုစားချင်တာကြောင့် ဖြစ်သည်။
လင်ပေ့ဖန်က ဝူကောကို ပြန်ပြောလိုက်သည်။
" မင်းကိုင်ထားတဲ့ နေရာက မှားနေတယ်။ အဲ့တာက မင်းရဲ့ ရင်ဘတ်ကြီး ၊ မင်းရဲ့ အစာအိမ် မဟုတ်ဘူး။ "
ဝူကော : ):
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် သူ့ရဲ့လက်ကို ချက်ချင်းဘဲ သူ့ရဲ့ အစာအိမ်ပေါ်တွင် ပြောင်းထားလိုက်ပြီး နာကျင်သော အမူအရာဖြင့် ပြောလိုက်သည်။
" ကျွန်တော် အရမ်း နေလို့ အဆင်မပြေဘူး။ပြီးတော့ ကျွန်တော် အရမ်းနာကျင်တာကြောင့် ရွှေ့လိုက်တဲ့နေရာကိုတောင် သတိမထားမိခဲ့တာ ဖြစ်လိမ့်မယ်။ "
လင်ပေ့ဖန်သည် နောင်တရစွာဖြင့် သက်ပြင်းချပြီး ဝူကောကို ပြောလိုက်သည်။
" ဒီနေ့ ရိတ်သိမ်းမှုကြောင့် ကျွန်တော်က မင်းကို အသားကင်ဝယ်ကျွေးပြီးတော့ ဂုဏ်ပြုဖို့ စီစဉ်နေတာ။ "
ဝူကောက လင်ပေ့ဖန်ကို ပြန်ပြောခဲ့သည်။
" ဘော့စ်လင် အဲ့လို လုပ်ဖို့ တကယ်မလိုဘူး ။ မင်းရဲ့ ကြင်နာမှုအတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ နောက်နေ့မှာပဲ ကျွန်တော်တို့ စားကြရအောင်။"
လင်ပေ့ဖန်သည် ဝူကောကို အကြံပြုခဲ့သည်။
" အန်တီလျူကို မင်းနဲ့အတူတူ လိုက်ခိုင်းရင်ရော ဘယ်လိုလဲ ?။ သူမက အသက်ကြီးပြီးတော့ လူတွေကို ကောင်းကောင်း ဂရုစိုက်တတ်တယ်။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဘေးနားမှာရှိတဲ့ အန်တီလျူ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
ဝူကော၏ ရင်ဘတ်က ပိုပြီးတော့တောင်မှ နာကျင်လာခဲ့သည်။
" အဲ့လို လုပ်စရာမလိုပါဘူး။ ကျွန်တော်ကိုယ်ကိုယ် ကျွန်တော် ဂရုစိုက်နိုင်ပါတယ်။ "
" ဒါဆိုရင်လည်း ကောင်းပြီ ၊ ငါ မင်းကို ဒုက္ခ မပေးတော့ဘူး။ သွား ပြန်ပြီးတော့ အနားယူချေ။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" မင်းရဲ့ နားလည်ပေးမှုအတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်။ မစ္စတာလင် "
ထိုသို့ဖြင့် သူတို့သည် လမ်းခွဲခဲ့ကြပြီး အန်တီလျူသည်လည်း အကြောင်းပြချက်ပေး၍ ထွက်သွားခဲ့သည်။
လင်ပေ့ဖန်သည် ထိုရတနာနှစ်ခုကို အိမ်တွင် ပြန်ထားခဲ့သည်။ထို့နောက် သူသည် အပြင်ထွက်၍ ဆောင်ယုချင်းနှင့် ညစာအတူတူစားပြီး ဒီနေ့ရိတ်သိမ်းမှုကို အောင်ပွဲခံခဲ့သည်။
အားလပ်ရပ်က လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့ပြီး ရုံးဖွင့်ရက် တနင်္လာနေ့သို့ ရောက်ရှိခဲ့သည်။
လင်ပေ့ဖန်သည် ဝူကောကို တဖန်ပြန်တွေ့ခဲ့သည်။ ထို့ပြင် သူ့ပုံစံက ပုံမှန် ပြန်ဖြစ်၍ ထိုနေ့တွင် ဘာမှမဖြစ်ခဲ့သလို ပုံပေါ်နေတာကိုလည်း သတိထားမိခဲ့သည်။
လင်ပေ့ဖန်သည် ထိုအရာကို အရမ်းသဘောကျနေခဲ့သည်။
ဂူသင်္ချိုင်းဖောက်သူတစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက အတော်လေးကိုမှ ကြံ့ခိုင်လွန်းလှသည်။
" အစ်ကိုဝူ ၊ မင်း နှစ်ရက်လောက် အနားယူလိုက်တော့ မင်းရဲ့ ကျန်းမားရေးက နည်းနည်း ပိုကောင်းလာလား ?။ "
မကြာမီ လင်ပေ့ဖန်သည် ဝူကောနှင့် တွေ့ပြီးပြီးချင်းမှာဘဲ သူသည် စိုးရိမ်သောအမူအရာဖြင့် မေးမြန်းခဲ့သည်။
" မင်း အပြည့်အဝ ပြန်ကောင်းဖို့အတွက် ရက်အနည်းငယ်လောက် အနားယူဖို့ လိုသေးလား ? ။ ဒါမှမဟုတ် မင်း ဆေးရုံကိုသွားပြီးတော့ ဓာတ်မှန်ရိုက်ချင်လား ? "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် သူ့ရဲ့ စိတ်ထဲ၌ အတော်လေးကို ပျော်ရွှင်သွားခဲ့သည်။
အရင်အပတ်ကထက်စာရင် လင်ပေ့ဖန်က ဒီနေ့ သူ့ကို ပိုပြီးတော့ စိုးရိမ်နေသည်။
ဒါက ဘာကို ပြနေတာလဲ …...?
ထိုအရာက တခြားလူသည် သူ့ကို အမှန်တကယ်တန်ဖိုးထားလာတာကို ပြနေခဲ့သည်။
သူ ကြိုးစားခဲ့သမျှအရာအားလုံးက အချည်းအနည်း မဖြစ်ခဲ့ပေ။
သူပေးတဲ့ တန်ကြေးက အနည်းငယ်ကြီးပေမဲ့လည်း ၎င်းက ထိုက်တန်သည်။
" မစ္စတာလင် ၊ မင်း စိတ်ပူစရာမလိုပါဘူး။ အခု ကျွန်တော် လုံးဝပြန်ကောင်းသွားပါပြီ။ " ဟု ဝူကောက သူ့ရင်ဘတ်ကို ပုတ်ပြီး အခိုင်အမာပြောခဲ့သည်။
" ဒါကောင်းတယ်။ "
ထို့နောက် လင်ပေ့ဖန်သည် ပျော်ရွှင်စွာဖြင့် ဝူကောကို
ပြောခဲ့သည်။
" အစ်ကိုဝူ ၊ မင်း မတော်တဆဖြစ်မှာကို ကျွန်တော်က စိုးရိမ်နေခဲ့တာ။ ဒါနဲ့ ကျွန်တော် မင်းကို ပြောစရာရှိတယ်။ ကျွန်တော် မင်းရဲ့ လစာကဒ်ထဲကို ဆုကြေးငွေ ဆယ်သန်း လွှဲပြောင်းပေးခဲ့ပြီးပြီ ။ မင်း ရလားဆိုတာကို စစ်ကြည့်လိုက်ဦး။ "
" ဒါ့အပြင် ၊ HRဌာနကို ကျွန်တော် တင်ပြပြီးတော့ မင်းရဲ့ ရာထူးကိုလည်း အဆင့်အနည်းငယ် တိုးပေးခဲ့တယ်။ မင်းရဲ့ ဘွဲ့ကတော့ သန့်ရှင်းသမားတစ်ယောက် ဖြစ်နေတုန်း ဆိုပေမဲ့ မင်းကိုတော့ မန်နေဂျာတစ်ယောက်လို ဆက်ဆံကြလိမ့်မယ်။ "
ဝူကောသည် အူမြူးနေခဲ့သည်။
လင်ပေ့ဖန်သည် ပိုက်ဆံလည်း ပေးပြီးတော့ သူရဲ့ ရာထူးကိုလည်း မန်နေဂျာရာထူးအထိ တိုးမြင့်ပေးခဲ့သည်။
အရင်တုန်းက လင်ပေ့ဖန်၏ ယုံကြည်မှုကို ရထားတဲ့ ရဲ့ရှင်းချန်သာလျှင် သူ့လိုမျိုး လျင်လျင်မြန်မြန်နဲ့ ရာထူးတိုးခံခဲ့ရသည်။ထိုအရာက လင်ပေ့ဖန်သည် သူ့ကို တကယ် တန်ဖိုးထားတာကို ပြသနေခဲ့သည်။
သူသည် ထိုလူယုတ်မာရဲ့ရှင်းချန်၏ နေရာကို မှီရန် နီးကပ်လာပြီးဖြစ်သည်။
" ဘော့စ်လင် ၊ ရာထူးတိုးပေးတဲ့အတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်။ " ဟု ဝူကောက ပျော်ရွှင်စွာဖြင့် ပြောခဲ့သည်။
လင်ပေ့ဖန်သည် ကျယ်လောင်စွာရယ်မောပြီး ပြောလိုက်သည်။
" အစ်ကိုဝူ ၊ ဒါက မင်းနဲ့ ထိုက်တန်ပါတယ် ။ မင်းကယွမ်သုံးဘီလီယံကျော်ထိုက်တန်ပြီးတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာနှစ်ခုကို ရရှိအောင်လို့ ငါ့ကို ကူညီပေးခဲ့တယ်လေ။ မင်းရဲ့ အကူအညီအတွက် ငါ မင်းကို ကျေးဇူးအရမ်းတင်ပါတယ် အစ်ကိုဝူ။ "
ထိုဖြစ်ရပ်ကို ပြန်မပြောတာကမှ ပိုကောင်းလိမ့်မည်။
ဝူကောသည် လင်ပေ့ဖန်၏ စကားကို ကြားပြီးနောက် သူ့ရဲ့ ရင်ဘတ်က အနည်းငယ်နာကျင်လာသလို ခံစားခဲ့ရသည်။
လင်ပေ့ဖန်က ပြုံးဖြဲဖြဲလုပ်ပြီး ပြောလိုက်ပြန်သည်။
" အစ်ကိုဝူ ၊မင်းရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင် မင်းက သန့်ရှင်းအလုပ်သမားတစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူး။အစ်ကိုဝူ ၊ မင်း ဘာအလုပ်လုပ်ချင်လဲဆိုတာကို ငါ့ကို ပြော ၊ ငါ မင်းအတွက် စီစဉ်ပေးမယ်။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကော၏ စိတ်သည် တိမ်တွေပေါ်မှာ လွှင့်သွားခဲ့သည်။
နောက်ဆုံးမှာတော့ သူ့အတွက် အခွင့်အရေးက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။