← Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

ထိုဖြစ်ရပ်က လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

လင်ပေ့ဖန် မပြောရသေးခင်မှာဘဲ လောင်စွန်းက ဝမ်ပန်ဇီကို အရင် ကြိမ်းမောင်းခဲ့သည်။

" မင်း လူလိမ်ဖက်တီး ၊ ငါတို့ရဲ့ ဒီလုပ်ငန်းနယ်ပယ်မှာ စည်းမျဉ်းတစ်ခုရှိတယ်။အဲ့ဒါက မင်းရောင်းပြီးသားပစ္စည်းကို မင်းပြန်ယူလို့မရဘူး။ ပြီးတော့ မင်း အရှုံးပေါ်ရင်တောင် အဲ့ဒီအရှုံးကို ကျေကျေနပ်ကြီး ဝန်ခံရမယ်။ "

" အကယ်၍ ပစ္စည်းကောင်းလေးတွေကို တွေ့လို့ လူတိုင်းက မင်းလိုဘဲ နောင်တရနေမယ်ဆိုရင် ၊ငါတို့ရဲ့ စုဆောင်းသူ ကမ္ဘာက ဘယ်လိုလုပ်ပြီးတော့ ရှေ့ဆက်သွားလို့ရမှာလဲ ?။ အကယ်၍ မင်းရောင်းပြီးသား ပစ္စည်းကို မင်းပြန်ယူသလိုဘဲ တစ်ခြားသူတွေက ပြန်ယူမယ်ဆိုရင် ငါတို့ရဲ့ ဒီနပယ်ပယ်က ပရမ်းပတာ ဖြစ်သွားလိမ့်မှာပေါ့။ "

" အကယ်၍ မင်းက ပစ္စည်းကောင်းလေးတွေ တွေ့တိုင်းပြန်ယူမယ်ဆိုရင် ၊မင်းအရင်က ပိုက်ဆံအတွက် လှည့်စားထားတဲ့ လူတွေက မင်းဆီကနေပြီးတော့ သူတို့ရဲ့ ငွေတွေ ပြန်ယူလို့ရလား ?။ "

တစ်ခြားလူများကလည်း ဝမ်ပန်ဇီကို စိတ်တိုနေကြသည်။

" မင်းက ရောင်းတော့ကျတော့ ဈေးကြီးကြီးနဲ့ ရောင်းတယ်။ အဲ့ပစ္စည်းက အဖိုးတန်မှန်း မင်းသိတဲ့ အချိန်ကျတော့ မင်း ပြန်ယူချင်တယ်ပေါ့။ မင်း ဒီလိုပုံစံနဲ့ စီးပွားရေး ဘယ်လိုလုပ်နေတာလဲ ? ။ "

" မင်းက လုံးဝ အမြတ်ကြီးစား တစ်ယောက်ပဲ။ "

" မင်းက ငါတို့ လုပ်ငန်းရဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို ချိုးဖောက်နေတာပဲ။ "

" မင်းတို့ ငါ့ကို ဘာပဲ ပြောပြော ၊ငါကတော့ မရောင်းဘူး။ ငါ လုံးဝ မရောင်းဘူး။ " ဟု ဝမ်ပန်ဇီသည် နောက်ဆုံးအချိန်ထိ စိတ်ဆုံးဖြတ်ထားသော ပုံစံဖြင့် ပြောလိုက်သည်။

လင်ပေ့ဖန်သည် သူ့မျက်လုံးများကို မှေးကျဉ်းပြီး ပြောလိုက်သည်။

" ဖက်တီဝမ် ၊ မင်း ဒီပစ္စည်းတွေကို ပြန်ယူချင်တယ်ဆိုတာ သေချာလား ? "

" သေချာတယ်။ ဘာပဲဖြစ်ဖြစ် ငါ ဒီပစ္စည်းတွေကို ပြန်ယူမယ်။ "

ထို့နောက် ဝမ်ပန်ဇီသည် ဝမ်ဇုံခွက်တွေကို လက်နှစ်ဖက်ဖြင့် ပွေ့လိုက်ပြီး ရှုံ့မဲ့သောအမူအရာဖြင့် ပြောလိုက်သည်။

" ဒီဝမ်ဇုံခွက်တွေက ယွမ်သုံးဘီလီယံကျော် ထိုက်တန်ပြီးတော့ ကမ္ဘာပေါ်မှာ အမျိုးအစား တစ်ခုတည်းရှိတဲ့ ဝမ်ဇုံခွက်တွေပဲ။ မင်းပိုက်ဆံတွေကို ငါ ပြန်မပေးဘူးလို့ မင်းထင်နေတာလား ?။ မစိုးရိမ်ပါနဲ့ ၊ နောက်ကျရင် ငါ မင်းရဲ့ ပိုက်ဆံတွေကို ပြန်ပေးမယ်။ ငါ မင်းကို ယွမ်၁၀သန်းပြန်ပေးပြီးတော့ ငါ မင်းကို ဆုံးရှုံးစေမှာ မဟုတ်ဘူး။ "

" ကြည့်ရတာ ငါတို့ ထပ်ပြီးဆွေးနွေးစရာမလိုတော့ဘူးထင်တယ်။ "

ထို့နောက် လင်ပေ့ဖန်သည် သက်ပြင်းချပြီး ပြောလိုက်သည်။

" သွားကြရအောင် "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝမ်ပန်ဇီသည် ဘဝင်ခိုက်သွားခဲ့သည်။

သို့သော်လည်းပဲ သူ့ရဲ့ အနီးနားမှာရှိတဲ့ ဝူကောကတော့ စိုးရိမ်သွားခဲ့သည်။

သမိုင်းက သူ့အလိုလို တကြော့ပြန်လာတာလား …?။

သူ့ရဲ့ အတိတ်ဘဝမှာတုန်းက ဝမ်ပန်ဇီသည် လင်ပေ့ဖန်ကို ရှေးဟောင်းပစ္စည်းတစ်ခု ရောင်းချခဲ့သောကြောင့် လင်ပေ့ဖန်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး သူသည် အကြိမ်ကြိမ် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသည်။ထို့နောက် သူသည် သူ့ရဲ့ စည်းစိမ်ဥစ္စာတွေကို သာလျှင် ဆုံးရှုံးခဲ့ရတာ မဟုတ်ပဲနဲ့ သူ့ရဲ့ လွတ်လပ်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရသည်။

ဒါတောင်အရင်ဘဝမှာတုန်းက လင်ပေ့ဖန်သည် ယွမ်သန်းအနည်းငယ်ကိုသာ လှည့်စားခံခဲ့ရသည်။

ဒါပေမဲ့လည်း အခုဘဝမှာတော့ လင်ပေ့ဖန်သည် သူ့ရဲ့ရှေ့မှာတင် ယွမ်၃ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်။

သူဘယ်လို လက်စားပြန်ချေမလဲဆိုတာကို မင်းတို့ စိတ်ကူးကြည့်နိုင်လား …?

တွေးနေစရာ မလိုတော့ပေ။ ထိုအရာက ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်မှာ အသေအချာဘဲဖြစ်သည်။

ဒီကောင်ဝမ်ပန်ဇီကတော့ အာဂလူသားတစ်ယောက်ပဲဖြစ်သည်။ သူပြန်လည်မွေးဖွားလာပြီးလို့ လက်စားချေဖို့အတွက် အချိန်မရသေးခင်မှာပင် ဒီကောင်က လင်ပေ့ဖန်ကို ထပ်စော်ကားလိုက်ပြန်သည်။

မင်းကွာ အကျိုးမြတ်နည်းနည်းလေးအတွက်နဲ့ မင်းရဲ့ လောဘကြီးတဲ့ စိတ်ကို မပြောင်းလဲ နိုင်သေးဘူးလား ..?

ဝူကောသည် တွေးရင်းတွေးရင်းနဲ့ အတော်လေးကို စိုးရိမ်လာခဲ့သည်။ထို့နောက် သူသည် လင်ပေ့ဖန်ကို ပြောလိုက်သည်။

" ဘော့စ်လင် ၊ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး "

လင်ပေ့ဖန်က ဝူကောကို ပြန်မေးမြန်းခဲ့သည်။

" အစ်ကိုဝူ ၊မင်းမှာ ကိစ္စတစ်ခုရှိလို့လား ? "

" ကျွန်တော့်အထင် ဆိုင်ရှင်က စိတ်လိုက်မာန်ပါနဲ့ ပြုမူလိုက်တာ ဖြစ်လိမ့်မယ်။ သူ ကျိုးကြောင်းစီလျော်သွားအောင်လို့ ကျွန်တော် ကြိုးစားကြည့်ပါရစေ။ "

လင်ပေ့ဖန်သည် ခေါင်းခါပြီး ပြောလိုက်သည်။

" ဒါက အရမ်း ပြဿနာများတယ်။ ငါ့အထင် ဒါကို ငါ့နည်းလမ်းနဲ့ပဲ ကိုင်တွယ်လိုက်တာ ကောင်းလိမ့်မယ်ထင်တယ်။ "

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် ပိုပြီးတော့တောင်မှ စိုးရိမ်သွားခဲ့သည်။

" ဘော့စ်လင် ၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အခွင့်အရေးတစ်ခုပေးပါ။ "

လင်ပေ့ဖန်သည် နောက်ဆုံးမှာတော့ ခေါင်းညိတ်ခဲ့သည်။

" ကောင်းပြီ ၊ မင်းက အရမ်းပဲ တိုက်တွန်းနေတော့လည်း ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။"

ဝူကောသည် စိတ်သက်သာရာ ရသွားခဲ့သည်။

" ကျေးဇူးတင်ပါတယ် ၊ဘော့စ်လင် "

လင်ပေ့ဖန်သည် ဝူကော၏ ပုခုံးကို ပုတ်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" အစ်ကိုဝူ မင်းအကောင်းဆုံး လုပ်ပါ။ အကယ်၍ ဒါက အလုပ်မဖြစ်လည်း ကိစ္စမရှိပါဘူး။ အတိုးကော အရင်းရောပေါင်းပြီးတော့ သူမျိုချထားသမျှကို ပြန်ထွေးထုတ်ပစ်အောင် ငါ လုပ်ပစ်မယ်။ "

ထိုစကားကြောင့် ဝူကောသည် တုန်တုန်ယင်ယင်ဖြစ်သွားခဲ့သည်။ ထို့နောက်သူသည် ဝမ်ပန်ဇီကို အချက်ပြပြီး ပြောလိုက်သည်။

" သူဌေးဝမ် ၊ ကျွန်တော်တို့ အထဲမှာ စကားကောင်းကောင်းပြောကြရအောင်။ "

ဝမ်ပန်ဇီသည်လည်း ဟန်ဆောင်ပြီး ပြောလိုက်သည်။

" ကောင်းပြီ ၊ ငါတို့ စကားကောင်းကောင်းပြောကြရအောင်။ "

ထို့နောက်သူတို့နှစ်ယောက်သည် အိမ်နောက်ဖေးခြံထဲသို့ ဝင်သွားခဲ့သည်။

ဝမ်ပန်ဇီသည် ရုတ်တရက် သူ့ရဲ့ ဟန်ဆောင်မှကို ရပ်လိုက်ပြီး စိတ်လှုပ်ရှားလာခဲ့သည်။

" ဝူကော ၊ငါတို့ ဘာကို ရှာဖွေတွေ့ရှိခဲ့လဲဆိုတာ မင်းသိလား ? ။ဒါက ကမ္ဘာပေါ်မှာ အမျိုးအစားတစ်ခုတည်းရှိတဲ့ ယွမ်၃ဘီလီယံကျော်တန် ဝမ်ဇုံခွက်အစုံလိုက်ဘဲ။ အကယ်၍ ငါသာ အဲ့လို လူလည်မကျခဲ့ဘူးဆိုရင် ၊ငါတို့ ဒီပစ္စည်းတွေကို ပြန်မရနိုင်တော့ဘူး။ "

ဝူကောက ဝမ်ပန်ဇီကို တိုက်တွန်းခဲ့သည်။

" ပန်ဇီ ၊ မင်း အခု ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်စေလုနီးပါး ဖြစ်စေခဲ့တယ်ဆိုတာကို မင်း နားလည်လား ?"

ဝမ်ပန်ဇီသည် ပဟေဠိဖြစ်စွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။

" ဘာဘေးအန္တရာယ်လဲ ? "

" မင်းက လင်ပေ့ဖန်ရဲ့ ဝမ်ဇုံခွက်တွေကို တကယ်ပဲ လောဘကြီးပြီးတော့ လိုချင်တယ်ပေါ့လေ။ ဒါက ယွမ်သုံးဘီလီယံကျော်ပဲ ထိုက်တန်တာ။ ဒါပေမဲ့ မင်း ဘယ်လို ငရဲနဲ့ ရင်ဆိုင်ရမလဲဆိုတာကို မင်းသိလား ?"

" သူက ဒုတိယမျိုးဇာတ်သူဌေးသားလေး တစ်ယောက်ပဲလေ။ သူက ဘာလုပ်နိုင်မှာမို့လို့လဲ ?။ "

ထို့နောက် ဝမ်ပန်ဇီသည် အထင်အမြင်သေးသောအမူအရာဖြင့် ပြောလိုက်သည်။

" ငါတို့ ဂူသင်္ချိုင်းအတွင်းမှာ ဒုက္ခမျိုးစုံနဲ့ အန္တရာယ်မျိုးစုံကို ရင်ဆိုင်ခဲ့ဖူးတယ်မလား ?။ ပြီးတော့ ငါတို့မရင်ဆိုင်ခဲ့ဖူးတဲ့ လေ နဲ့ မိုးကရော ရှိလို့လား ?။ ငါတို့က သူ့လို ဒုတိယမျိုးဇာတ်သူဌေးသားတစ်ယောက်ကို ဘာလို့ ကြောက်ရမှာလဲ ? ။ "

ဝူကောသည် သူ့၏ဦးခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။

" မင်းတကယ်ပဲ သူ့ကို လျော့တွက်နေတယ်။ ဂူသင်္ချိုင်းထဲက ငါတို့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ကျုံဇီအဆိပ်တွေထက်တောင် သူက ပို ကြောက်ဖို့ကောင်းတယ်။ သူကတော့ ငါတို့ရဲ့ ခန္ဓာကိုယ်ကိုသာ ထိခိုက်စေမှာမဟုတ်ဘူး။ သူက ငါတို့ကို သေချင်စိတ်ပေါက်တဲ့အထိကို ကစားလိမ့်မယ်။ "

" သူက အဲ့လောက်တောင် တကယ်ပဲ ကြောက်စရာကောင်းလို့လား ? " ဟု ဝမ်ပန်ဇီက မေးမြန်းခဲ့သည်။

" မင်းစိတ်ကူးထားတာထက်ကို သူက ပို ကြောက်ဖို့ကောင်းတယ်။ ငါ မင်းကို ပြောလိုက်မယ်။ မင်း ဒီနေ့သူ့ကို ဖျန်ကျလိုက်ရင် ၊ သူက မနက်ဖြန်ကျရင် မင်းဖျန်ကျထားတဲ့ဟာတွေကို အတိုးကော၊အရင်းရောပေါင်းပြီးတော့ သူက ပြန်ယူလိမ့်မယ်။ ပြီးရင် မင်းဘဝတစ်ခုလုံး ထောင်ထဲမှာပဲ နေရအောင်လို့ သူက လုပ်ပစ်လိမ့်မယ်။ ဒါ့အပြင် မင်းမှာ ရှိတဲ့ အရာရာတိုင်းကို သူက ယူသွားလိမ့်မယ်။ "ဟု ပြောပြီးနောက် ဝူကောသည် သူ့အတိတ်ဘဝက အရာအားလုံးကို သတိရမိခဲ့သည်။

…......

အရင်ဘဝတုန်းက သူသည် ဝမ်ပန်ဇီကြောင့် လင်ပေ့ဖန်ကို ဆန့်ကျင်မိခဲ့သည်။

ရက်အနည်းငယ်အကြာတွင် သူတို့ နှစ်ရှည်လပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့ရသော စည်းစိမ်ဥစ္စာများကို ဆုံးရှုံးခဲ့ရပြီး သူတို့လည်း ထောင်ထဲသို့ ပို့ခံခဲ့ရသည်။ထို့ပြင် သူတို့ထောင်ထဲက ပြန်ထွက်လာပြီးနောက်တွင် လင်ပေ့ဖန်နှင့် နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ခဲ့ကြသည်။

လင်ပေ့ဖန်၏ နည်းလမ်းများက အရမ်းပဲကောက်ကျစ်သည်။သူသည် သူတို့၏ အားနည်းချက်များကိုသာ အမြဲတမ်းပစ်မှတ်ထားပြီး တိုက်ခိုက်၍ သူတို့ကို ထောင်ထဲသို့ တစ်ကြိမ်ပြီးတစ်ကြိမ်ပို့ခဲ့သည်။ထို့ပြင် သူတို့ နက်ရှိုင်းတဲ့ တောတောင်များတွင် ပုန်းနေရင်တောင်မှ သူတို့ရဲ့ ရန်သူက သူတို့ကို အမြဲတမ်းရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် သူတို့တစ်ဘဝလုံး တစ်ခြားလူ၏ လက်အောက်တွင်သာ အသက်ရှင်ခဲ့ရသည်။

ထို့ကြောင့် သူသည် ဒုတိယအခွင့်အရေးရရှိချိန်တွင် သူ့ရဲ့အချစ်ဆုံး သူငယ်ငယ်ချင်းကို တူညီတဲ့ အမှားမျိုး နောက်တစ်ခါ ထပ်မလုပ်စေချင်ခဲ့ပေ။

" မင်းငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား ? " ဟု ဝမ်ပန်ဇီက ပြောလိုက်သည်။

" ငါမင်းကို ဘယ်အချိန်က လှည့်စားခဲ့ဖူးလို့လဲ? "ဟု ဝူကောက ပြောလိုက်သည်။

" ဒါ အမှန်ဘဲ "

" ပန်ဇီ ၊ ငါ အခု လေးလေးနက်နက်ပြောနေတာ။ ဒီဝမ်ဇုံခွက်တွေ သူ့ကို ပြန်ပေးလိုက်။ " ဟု ဝူကောက မျက်နှာထား ခပ်တင်းတင်းဖြင့် ပြောလိုက်သည်။

" ငါအဲ့ပစ္စည်းတွေကို ပြန်မပေးနိုင်ပါဘူး ၊။ ဒီပစ္စည်းတွေက အစထဲက ငါတို့ပစ္စည်းတွေပဲ။ ငါကဘာကြောင့် အဲ့ပစ္စည်းတွေကို ပြန်ပေးရမှာလဲ ? "ဟု ဝမ်ပန်ဇီက အကျိုးသင့်အကြောင်းသင့်ပြောခဲ့သည်။

" ပန်ဇီ ၊ငါဒါကိုလုပ်နေရတာက မင်းကောင်းဖို့အတွက်ပဲ။ အကယ်၍ မင်း အဲပစ္စည်းတွေ သူ့ကိုပြန်မပေးရင် ငါမင်းနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်တောက်လိုက်မယ်။ ပြီးရင် အဲ့ပစ္စည်းတွေကို ငါကိုယ်တိုင်ယူပြီးတော့ သူ့ကိုပြန်ပေးမယ်။ အကယ်၍ အဲလိုဖြစ်လာရင် မင်းငါ့ကိုအပြစ်မတင်နဲ့။ " ဟု ဝူကောက လေးနက်စွာဖြင့် သတိပေးခဲ့သည်။

ထိုစကားကိုကြားလိုက်ရသော အချိန်တွင် ဝမ်ပန်ဇီသည် ထိတ်လန့်သွားခဲ့သည်။

ဒါက သူ့ရဲ့ သူငယ်ချင်း အရမ်းအလေးအနက်ဖြစ်တာကို ပထမဆုံးအကြိမ် သူ မြင်ရခြင်းဖြစ်သည်။

ထို့ပြင် သူ့သူငယ်ချင်း၏ မျက်နှာပေါ်တွင်လည်း သူ့အတွက် အမှန်တကယ်စိုးရိမ်နေကြောင်း ဖော်ပြနေခဲ့သည်။

သူသည် အနည်းငယ် ထိတ်လန့်သွားသလို ခံစားခဲ့ရပြီး ပြောလိုက်သည်။

" လုပ်စမ်းပါ ဝူကောရာ ၊ ဒါက အရမ်းများသွားပြီမဟုတ်ဘူးလား?။ ငါက မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းလေ။ ငါတို့ငယ်ငယ်ကတည်းက ဘောင်းဘီတစ်ထည်တည်းကို အတူတူလဲဝတ်ပြီးတော့တောင် ကြီးပြင်းလာခဲ့ကြတာလေ။ ဒါကိုမင်းကငါ့ကိုမကူညီဘဲနဲ့ အပြင်လူကို ကူညီပြီးတော့ ငါနဲ့တောင် အဆက်အသွယ်အားလုံးကို ဖြတ်တောက်သေးချင်တယ်ပေါ့လေ။ ဒါက အရမ်းများသွားပြီ မဟုတ်ဘူးလား ? "

" ငါဘယ်တုန်းကမှ အပြင်လူကို မကူညီခဲ့ဘူး။ငါမင်းကိုပဲအမြဲတမ်း ကူညီနေတာ။"

ထို့နောက် ဝူကောသည် ဝမ်ပန်ဇီကို စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်ပြီး မျက်ရည်စမ်းတမ်းစမ်းတမ်းဖြင့် ပြောလိုက်သည်။

" ပန်ဇီ ၊ ငါမင်းကို နောက်တစ်ကြိမ် ထပ်ပြီးတော့ မဆုံးရှုံးချင်ဘူး။ အဲ့ဒါကို မင်းသိလား ?။ "

ထိုအချိန်တွင် ဝမ်ပန်ဇီသည် တုန်လှုပ်သွားခဲ့ပြီး သူ့အချစ်ဆုံးသူငယ်ချင်းက သူ့ကို ရိုးရိုးသားသားပြောတာလို့ သူခံစားခဲ့ရသည်။

" ငါ မင်းကို ပြောလိုက်မယ်။ ဝမ်ဇုံခွက်တွေက အရေးကြီးတယ် ။ ဒါပေမဲ့ ငါ့အတွက်တောာ့ မင်းရဲ့ဘဝက ပိုပြီးတော့တောင်အရေးကြီးသေးတယ်။ အကယ်၍ ငါ အဲ့ပစ္စည်းတွေကို ဆုံးရှုံးရင် ငါ ပြန်ရှာနိုင်သေးတယ်။ ဒါပေမဲ့ ငါ မင်းကို ဆုံးရှုံးလိုက်ရရင်တော့ ငါ တစ်ဘဝလုံးဆုံးရှုံးရမှာ။ အဲ့တာကို မင်းသိလား ? " ဟု ဝူကောက လေးနက်စွာဖြင့် ပြောလိုက်သည်။

( AT - အဲ့တာကြောင့် ကိုယ့်ဘေးနားက လူတွေ ရှိနေတုန်း တန်ဖိုးထားပါဗျ ၊ ထွက်သွားမှ နောင်တမရပါနဲ့။ )

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝမ်ပန်ဇီသည် ပါးစပ်ဖွင့်ပြီး ပြောလိုက်သည်။

" ငါကမင်းအတွက် တကယ်ပဲ အရေးကြီးတာလား?။"

ဝူကောသည် လေးနက်စွာဖြင့် ခေါင်းညိတ်ခဲ့သည်။

" တကယ့်ကို အရေးကြီးတယ်။ "

ဝမ်ပန်ဇီသည် သူ့၏ ပါးစပ်ကို နောက်တစ်ကြိမ်ဖွင့်ပြီး ပြောခဲ့ပြန်သည်။

" အဲ့တာဆို ငါက အန်တီလျူထက် ပိုအရေးကြီးလား ?။ "

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကော၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။

" ဒီဖေ …..... "

" ရော့ ၊ဒီမှာ မင်းရဲ့ ဝမ်ဇုံခွက်တွေ " ဟု ပြောပြီးနောက် ဝမ်ပန်ဇီသည် တုံ့ဆိုင်းစွာဖြင့် သူ့လက်ထဲက ဝမ်ဇုံခွက်တွေကို ပြန်ပေးခဲ့သည်။

All Chapters