← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

" ငါ မယုံဘူး ၊ဒါက အမှန်ဆိုတာကို ငါမယုံဘူး "

" ဘာလို့ ဝမ်ဇုံခွက်တွေက ဒီမှာရှိနေရတာလဲ ? "

" ဒီပစ္စည်းတွေက ဒီမှာ မရှိနေသင့်ဘူး။ "ဟု ပြောပြီးနောက် ဝမ်ပန်ဇီသည် အိမ်နောက်ဖေးခြံထဲသို့ အမြန်ပြေးသွားခဲ့သည်။

ထို့နောက်သူသည် ကုတင်အောက်မှ သေတ္တာကြီးတစ်လုံးကို ယူထုတ်ခဲ့သည်။သေတ္တာထဲတွင် သူစုဆောင်းထားသည့် အဖိုးထိုက်တန်တဲ့ဝမ်ဇုံခွက်များ ရှိနေခဲ့သည်။ထို့ပြင်ခွက်များကလည်း စုစုပေါင်းငါးခွက်တိတိရှိပြီး တစ်ခွက်မှ မပျောက်ခဲ့ပေ။

" ဒါက အမှန်မဖြစ်နိုင်ဘူး။ဒါတွေက သေချာပေါက်အမှန်မဖြစ်နိုင်ဘူး။ "

ထို့နောက်သူသည် တုန်ယင်စွာဖြင့် သေတ္တာထဲမှာ ခွက်တစ်ခွက် ကောက်ကိုင်ပြီး ၎င်းခွက်၏မျက်နှာပြင်ကို သူ့၏လက်သည်းဖြင့် ကုတ်ခြစ်ခဲ့သည်။နှစ်ချက်ခြစ်ပြီးနောက် ခွက်၏အပေါ်ယံရွှေအလွှာက ကွာကျသွားခဲ့ပြီး ကြေးနီရောင်ထွက်ပေါ်လာခဲ့သည်။

ခဏကြာပြီးနောက် သနားစရာကောင်းတဲ့ အော်ဟစ်သံတစ်ခုက အိမ်နောက်ဖေးခြံထဲကနေ ထွက်လာခဲ့သည်။

ဝူကောတစ်ယောက်ထဲသာလျှင် ထိုအော်ဟစ်သံကြီး၏ အဓိပ္ပာယ်ကို နားလည်ခဲ့သည်။

သူ အရမ်းအရမ်းကို နားလည်သည်။

ဝမ်ပန်ဇီသည် အိမ်နောက်ဖေးခြံထဲသို့ ပြေးသွားပြီး သူတို့လက်ထဲမှာရှိတဲ့ ဝမ်ဇုံခွက်တွေက အစစ်ဟုတ်လား၊မဟုတ်လားဆိုတာကို သွားအတည်ပြုတာ ဖြစ်လိမ့်မည်ဖြစ်သည်။

နောက်ဆုံးမှာတော့ သူတို့ဟာတွေအားလုံးက အတုတွေဖြစ်ပြီး လင်ပေ့ဖန်လက်ထဲက ခွက်တွေက တကယ်ပဲ ဝမ်ဇုံခွက်အစစ်တွေ ဖြစ်တယ်ဆိုတာကို သူသိရှိသွားတာ ဖြစ်လိမ့်မည်။ထို့ကြောင့် သူသည် သူ့ရင်ထဲက ဒေါသတွေကို ဖွင့်ထုတ်ရန် အော်ဟစ်လိုက်ခြင်း ဖြစ်လိမ့်မည်ဖြစ်သည်။

ရိုးရိုးသားသားပြောရရင်တော့ ယခုအချိန်တွင် သူသည်လည်း ဝမ်ပန်ဇီလို တကယ် အော်ဟစ်ချင်နေခဲ့သည်။

ဒါပေမဲ့ သူ မအော်ဟစ်နိုင်ပေ။

သူသည် သူ့ရဲ့ ဒဏ်ရာတွေကို မျိုသိပ်ပြီး ရင်ထဲတွင် တိတ်တိတ်ကလေး ငိုကြွေးနေရုံသာ တတ်နိုင်သည်။

ထိုအချိန်တွင် လောင်စွန်းသည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောခဲ့သည်။

" လူငယ်လေး ၊ မင်း ဒီဝမ်ဇုံခွက်အစုံလိုက်ကို ရောင်းမှာလား ? ။ငါ ဒီဝမ်ဇုံခွက်အစုံလိုက်ကို ယွမ်သုံးဘီလီယံနဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိတယ်။ "

သူ့ရဲ့ မျက်လုံးများက အနီရောင်သို့ပြောင်းသွားခဲ့သည်။ထို့နောက် သူသည် လက်ရာမြောက်ပြီး လှပတဲ့ ဝမ်ဇုံခွက်တစ်ခွက်ချင်းစီကို ကြည့်ပြီး ရူးသွပ်လုနီးပါးဖြစ်နေခဲ့သည်။

ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားချပ်ကို သူမြင်တုန်းကတောင် သူသည် ဒီလောက်ထိ စိတ်မလှုပ်ရှားခဲ့ပေ။

လင်ပေ့ဖန်သည် ခေါင်းခါပြီးပြောလိုက်သည်။

" ငါ မရောင်းဘူး။ ဒီဝမ်ဇုံခွက်အစုံလိုက်ကို ငါ တကယ်ကြိုက်တယ်။ "

" အရမ်း မြန်မြန် မငြင်းပါနဲ့။ အကယ်၍ ယွမ်သုံးဘီလီယံက မလုံလောက်ဘူးဆိုရင် ၃.၂ ဘီလီယံ ၊၃.၅ဘီလီယံနဲ့ ငါ ကမ်းလှမ်းမယ်။ "ဟု လောင်စွန်းက အတော်လေးကို စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

၃.၅ဘီလီယံ !!

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် အနီးနားရှိလူတိုင်းက ထိတ်လန့်သွားခဲ့ကြသည်။

ထိုငွေပမာဏက သာမှန်ပမာဏတစ်ခုမဟုတ်ပေ။ ၎င်းက အရမ်းများပြားသော ငွေပမာဏတစ်ခုဖြစ်သည်။

ထိုငွေပမာဏက လူတစ်ယောက် အလုပ်မလုပ်ပဲနဲ့ တစ်ဘဝလုံး အေးအေးဆေးစားနိုင်သောက်နိုင်သည်။ထို့ပြင် ၎င်းငွေပမာဏက အိမ်ငှားစားဖို့အတွက် အဆောက်အဦးတစ်ခုလုံးကို ဝယ်ယူရင်တောင် လုံလောက်တာထက်ကို ပိုနေေသးသည်။

ယွမ်၃.၅ ဘီလီယံ !!

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် ကြက်သေသေသွားခဲ့သည်။

သူတို့က တကယ်ပဲ…....၃.၅ဘီလီယံထိုက်တန်တဲ့ ရတနာတစ်ခုကို လွှဲပြောင်းပေးမိခဲ့တာလား…?။

ဒီလိုလုပ်ရပ်မျိုးကို လုပ်မိဖို့အတွက် လူတစ်ယောက်က ဘယ်လောက်တောင် မိုက်မဲလိုက်မလဲ…....?။

ဝူကောသည် သူ့မျက်နှာကိုသူ တကယ်ပဲ ဖြတ်ရိုက်ချင်နေခဲ့သည်။

လင်ပေ့ဖန်က နောက်တစ်ကြိမ် ခေါင်းခါပြီး ပြောလိုက်ပြန်သည်။

" ကျွန်တော် ဒီပစ္စည်းတွေကို ဘယ်ပိုက်ဆံပမာဏနဲမှ ရောင်းမှာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က ပိုက်ဆံချို့တဲ့တဲ့လူတစ်ယောက်လည်း မဟုတ်ဘူး။ "

" အကယ်၍ မင်း ပိုက်ဆံကို စိတ်မဝင်စားဘူးဆိုရင် ၊ငါ တခြားအရည်အေသွးမြင့်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ လဲလှယ်ပေးနိုင်တယ်။ "

ထို့နောက် လောင်စွန်း၏ မျက်လုံးများက အနီရောင်သို့ ပြောင်းသွားပြီး ပြောလိုက်သည်။

" ငါ့မှာ ဝမ်တုံးအဆောက်အဦးရဲ့ရှယ်ယာ၁၅ရာခိုင်နှုန်းရှိတယ်။ အဲ့ဒီဝမ်တုံးအဆောက်အဦးရဲ့ ရှယ်ယာ၁၅ရာခိုင်နှုန်းကို ငါ မင်းကို လွှဲပြောင်းပေးနိုင်တယ်။ "

လောင်စွန်း၏ စကားကြောင့် အနီးနားရှိလူတိုင်းသည် နောက်တစ်ကြိမ် ထိတ်လန့်သွားခဲ့ပြန်သည်။ထိုအရာက သာမန်ပိုင်ဆိုင်မှုတစ်ခု မဟုတ်ပေ။ ၎င်းက အတော်လေးကို အရည်အသွေးမြင့်တဲ့ ပိုင်ဆိုင်မှုတစ်ခုပဲဖြစ်သည်။

ဝမ်တုံးအဆောက်အဉီးက မိုဟိုင်မြို့ရဲ့ စီးပွားရေးအချက်အချာနေရာမှာ တည်ရှိသော ကြီးမားတဲ့ရုံးအဆောက်အဦးကြီး တစ်ခုဖြစ်သည်။ ထိုအဆောက်အဦးအပါအဝင် မြေကွက်၏ တန်ဖိုးသည် ဘီလီယံ၂၀ကျော်တန်ကြေးရှိနေပြီဖြစ်သည်။

ထို့ကြောင့် လောင်စွန်းပိုင်ဆိုင်တဲ့ရှယ်ယာ၁၅ရာခိုင်နှုန်းက ယွမ်၃ဘီလီယံထိုက်တန်လိမ့်မည် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ထိုအဆောက်အဦးမှ ဌားရမ်းခဝင်ငွေကို ရရှိခြင်းဖြစ်သည်။ထို့ပြင် ၎င်းအဆောက်အဦး၏ နှစ်စဉ်ဌားရမ်းခ ဝင်ငွေမှာ ယွမ်၁ဘီလီယံကျော်ဖြစ်သည်။

လောင်စွန်း၏ ရှယ်ယာ၁၅ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် ၎င်းမှ တစ်နှစ်လျှင် ယွမ်သန်း၁၅၀ ဝင်ငွေရရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

၎င်းက ငွေထုတ်စက်တစ်ခုလိုမျိုး ဖြစ်နေသည်။

လောင်စွန်းက ဝမ်တုံးအဆောက်အဦးမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုကို တကယ်ပဲ လွှဲပြောင်းပေးဖို့ ဆန္ဒရှိနေသည်။

ရုတ်တရက်လေထုထဲတွင် ငြူစူမှုနှင့် မနာလိုမှုဖြင့် ပြည့်သွားခဲ့သည်။

ဝူကောသာလျှင် သူ့ကိုယ်ကိုသူ ဓားနဲ့ မသေမချင်းတစ်ချက်ပြီး တစ်ချက်ထိုးချင်နေခဲ့သည်။

ဒါပေမဲ့လည်း လင်ပေ့ဖန်က ဆက်ပြီး ငြင်းနေခဲ့သည်။

" ငါ မရောင်းဘူး။ ဒီဝမ်ဇုံခွက်အစုံလိုက်ကို ငါ တကယ်ကြိုက်တယ်။ "

" အရမ်းမြန်မြန် မငြင်းနဲ့ဦး။ အကယ်၍ မင်းက ဒါကို စိတ်မဝင်စားဘူးဆိုရင် ၊ ငါမှာရှိတဲ့ မှောင်တိုင် စတော့ရှယ်ယာတွေ၊ universe holdings စတော့ရှယ်ယာတွေ ၊ အိုင်ဖုန်း စတော့ရှယ်ယာတွေ ပြီးတော့....။ ဒီရွေးချယ်မှုတွေနဲ့လည်း ငါတို့ဆွေးနွေးနိုင်တယ်။ " ဟု လောင်စွန်းက စိတ်အားထက်သန်စွာဖြင့် အသနားခံလိုက်သည်။( universe holdings ကို ဘယ်လို ပြန်ရမလဲ 😮💨။ apple stocksကိုတော့ အိုင်ဖုန်းစတော့ရှယ်ယာတွေလို့ပဲ ပြန်ထားပါတယ်ဗျ။ )

.

အနီးနားရှိလူတိုင်းသည် နောက်တစ်ကြိမ်ထပ်ပြီး ထိတ်လန့်သွားခဲ့ပြန်သည်။

လောင်စွန်း၏ အပြုအမှုက လင်ပေ့ဖန်ကို စိတ်တိုင်းကျ ရွေးချယ်ခွင့်ပေးလိုက်သလို ဖြစ်နေခဲ့သည်။တစ်နည်းအားဖြင့် သူသည် လင်ပေ့ဖန်ကို သူ့ပိုင်ဆိုင်မှုတွေ အကုန်လုံး ပေးလိုက်သလို ဖြစ်နေခဲ့သည်။

.....

ဝူကော အတွက်ကတော့......

ကောင်းပြီ ၊ သူ့အကြောင်း ဆက်မပြောတော့ဘူး…....။

သူ အသည်းကွဲနေတာလုံလောက်ပြီ ။

သူ ဒီထက်ပိုပြီးတော့လည်း ဝမ်းနည်းစရာ မလိုအပ်တော့ဘူး။

လောင်စွန်း၏ အသနားခံမှုကို မျက်နှာချင်းဆိုင်၍

လင်ပေ့ဖန်သည် နောက်တစ်ကြိမ်ခေါင်းခါပြီး ပြောလိုက်သည်။

" လောင်စွန်း ၊ မင်း ဘယ်လောက်ပဲ ကမ်းလှမ်း ၊ကမ်းလှမ်း ကိစ္စမရှိဘူး။ ငါ မင်းကို ရောင်းမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ငါ ဒီဝမ်ဇုံခွက်အစုံလိုက်ကို တကယ်ကြိက်လို့ဘဲ။ပြီးတော့ ငါ ဒီပစ္စည်းတွေကို မိသားစုပိုင် အမွေအနှစ်တစ်ခုအဖြစ် သိမ်းထားချင်တယ်။ "

" မင်း တကယ် စိတ်မပြောင်းလဲဘူးလား?။ ငါ့မှာ ရှိ…....."

လင်ပေ့ဖန်သည် မည်းမှောင်သောမျက်နှာအမူအရာဖြင့် လောင်စွန်းပြောနေတာကို ဖြတ်ပြောလိုက်သည်။

" ငါ စိတ်ကို မပြောင်းလဲနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ မပြောင်းလဲဘူး။ "

နောက်ဆုံးမှာတော့ လောင်စွန်းသည် စိတ်ပျက်အားငယ်စွာဖြင့် လက်လျော့ခဲ့သည်။

" ဒါဆိုရင်လည်း ကောင်းပြီ ။ ဒီဝမ်ဇုံခွက်တွေကို ငါ နောက်တစ်ခေါက် ကြည့်လို့ ရနိုင်မလား ? ။ သိပ်မကြာပါဘူး။ "

" ရတာပေါ့ ၊မင်းကြည့်နိုင်တယ်။ "

ထို့နောက် လင်ပေ့ဖန်သည် တစ်ဖက်သို့လှည့်လိုက်ပြီး ထုံထိုင်းနေတဲ့ ဝူကောကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခဲ့သည်။

" အစ်ကိုဝူ ၊ ကျေးဇူးတင်ပါတယ်။ "

" မင်းငါ့ကို နောက်ထပ် စပရိုက်ကြီးကြီးတစ်ခုပေးခဲ့တာဘဲ။ "

" ဒီဝမ်ဇုံခွက်က တန်ဖိုးမဖြတ်နိုင်တဲ့ ဝမ်ဇုံခွက်အစုံလိုက်ဘဲ။ ပြီးတော့ မင်းက ငါ့အတွက် ဒီအရာတွေကို ရရှိအောင်လို့ စီစဉ်ပေးခဲ့တယ်။ "

" ယွမ်၃ဘီလီယံထိုက်တန်တဲ့အရာကို ယွမ်၁၀သန်းကျော်နဲ့ပဲ ဝယ်ယူနိုင်ခဲ့တယ်။ ဟား...ဟား…."

" အရင်က ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားချပ်ကို ပေါင်းလိုက်ရင်……"

" အစ်ကိုဝူ ၊ ငါမင်းကို ကျေးဇူးတင်ပါတယ်။ ငါ မင်းကို အရမ်း အရမ်း ကျေးဇူးတင်တယ်။ "

" မင်းက အမှန်တကယ်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်တစ်ပွင့်ဘဲ။ "

" ဟား.....ဟား...."

လင်ပေ့ဖန် စိတ်လှုပ်ရှားစွာဖြင့် ဝူကောရဲ့ နောက်ကျောကို ပုတ်လိုက်တဲ့ အသံက ပဲ့တင်ထပ်နေသည်။

ဝူကောသည် အသက်မဲ့နေသောခန္ဓာကိုယ်တစ်ခုကဲ့သို့ လုံးဝ ထုံထိုင်းနေသလို ခံစားခဲ့ရသည်။ထို့ပြင် သူ့၏ နှလုံးသားကလည်း အေးစက်နေပြီး သူ့၏ လက်များနှင့် ခြေထောက်များကလည်း အေးစက်နေခဲ့သည်။

သူသည် လင်ပေ့ဖန်နှင့် အတူတူ လိုက်ပါ ရယ်ချင်ခဲ့သည်။ ဒါပေမဲ့လည်း သူဘယ်လောက်ပဲ ကြိုးစားကြိုးစား မပြုံးနိုင်ဘူးဆိုတာကို သူ သိခဲ့သည်။ သူသည် သူ့၏ ပါးစပ်ကိုတောင်မှဘဲ မဖွင့်နိုင်ခဲ့ပေ။

အကယ်၍ သူသည် သူ့ရဲ့ ပါးစပ်ကိုသာ ဖွင့်လိုက်ပါက သူ အော်ငိုမိပြီး အငိုမရပ်နိုင်မှာကို ကြောက်နေခဲ့သည်။

ထိုအချိန်တွင် သူသည် အိမ်နောက်ဖေးခြံထဲတွင် ပုံးနေသော ဝမ်ပန်ဇီကို အရမ်း မနာလိုဖြစ်ခဲ့သည်။

အနည်းဆုံးတော့ ဝမ်ပန်ဇီသည် သူ့ရဲ့ မျက်ရည်များကို ထိန်းထားစရာမလိုပဲနဲ့ လွတ်လွတ်လပ်လပ်အော်ငိုနိုင်သည်။

နောက်ဆုံးမှာတော့ သူသည် အားနည်းစွာဖြင့် ပြောခဲ့သည်။

" ဘော့စ်လင် ၊ ဂုဏ်ပြုပါတယ်။ "

" ဒါက အပြန်အလှန်ဂုဏ်ပြုပွဲတစ်ခု ဖြစ်သင့်တယ်။ "

လင်ပေ့ဖန်သည် ပျော်ရွှင်စွာဖြင့် ရယ်မောပြီး ပြောလိုက်သည်။

" ငါ အမြတ်တစ်ခုရတိုင်း ငါ မင်းကို မမျှမတဆက်ဆံလို့လား ?။ ငါတို့ ကုမ္ပဏီကို ပြန်ရောက်ရင် ငါမင်းကို သေချာပေါက် ရက်ရက်ရောရောဆုချမယ်။ ငါ မင်းကို ယွမ်၁၀သန်း ဆုချပေးမယ်။ ပြီးတော့ မင်းရဲ့ရာထူးကိုလည်း တိုးပေးမယ်။ "

ယွမ်၃ဘီလီယံကျော် ဆုံးရှုံးပြီးတဲ့နောက်မှာ သူသည်

ယွမ်၁၀သန်း ဆုချခံခဲ့ရပြီး ရာထူးလည်းတိုးခံခဲ့ရသည်။

ဝူကောသည် ရင်ထဲတွင် ဗလောင်ဆူပြီး အော်ငိုချင်နေခဲ့သည်။

" အစ်ကိုဝူ ၊ဘာလို့ မင်းမပြုံးတာလဲ?။ ငါ ပေးတဲ့ ဆုကို မင်း မကျေနပ်လို့လား ? "ဟု လင်ပေ့ဖန်က ဝူကောကို မေးလိုက်သည်။

ဝူကောသည် ခေါင်းညိတ်ပြီး မျက်ရည်စမ်းတမ်းစမ်းတမ်းနဲ့ ပြန်ဖြေလိုက်သည်။

" မဟုတ်ပါဘူး ၊ ဘော့စ်လင်ရဲ့ ဆုကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ "

" ဒါဆိုရင် မင်းဘာလို့ငိုနေတာလဲ ? "

" ကျွန်တော်ငိုနေတာက ဘာကြောင့်လဲဆိုတော့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီးတော့ အရမ်းဝမ်းသာသွားလို့ပါ။ အရင်တုန်းက ဘော့စ်လင်ကလွဲရင် ကျွန်တော့်ကို ဘယ်သူ့ကမှ ကောင်းကောင်းမဆက်ဆံခဲ့ကြဘူး။ "

လင်ပေ့ဖန်သည် ဝူကော၏ပုခုံးကို ပျော်ရွှင်စွာဖြင့် ပုတ်ပြီးပြောလိုက်သည်။

" ဟုတ်တာပေါ့ ၊ဟုတ်တာပေါ့! အခုပဲ ငါမင်းကို ကောင်းကောင်းဆက်ဆံမှာမဟုတ်ဘူး။ အနာဂတ်မှာလည်း ငါ မင်းကို ပိုပြီးတော့တောင် ကောင်းကောင်းဆက်ဆံမယ်။ အစ်ကိုဝူ မင်းငိုချင်နေရင် ငိုလိုက်။ မအောင့်ထားနဲ့။ ငါတို့အားလုံးက မင်းရဲ့ ခံစားချက်ကို နားလည်ပါတယ်။ "

ဝူကောသည် ရုတ်တရက် အသံဗျဲကြီးဖြင့် အော်ဟစ်ငိုယိုခဲ့သည်။

" ဝါး ……....ရွတ်…..ဝါး…...."

သူသည် သူ့မိဘတွေ သေသွားသလိုမျိုး နှလုံးကြေကွဲစွာ ၊ယူကြုံးမရဖြစ်စွာဖြင့် အော်ဟစ်ငိုယိုခဲ့သည်။[AN- မိဘတွေရှိတောင် ဂရုစိုက်ကြပါဗျ၊ ဆော်တွေကိုတောင် အချိန်ပေးနိုင်ရင် မိဘတွေကိုလည်း အချိန်ပေးပါဗျ ၊peace ]

....

ထို့အချိန်တွင် ဝမ်ပန်ဇီသည် ရုတ်တရက် ပြေးထွက်လာခဲ့သည်။

ထို့နောက် သူသည် ဝမ်ဇုံခွက်ငါးခွက်စလုံးကို တင်းကျပ်စွာဖြင့် ဆုပ်ကိုင်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

" ငါ ဒီခွက်တွေကို မရောင်းဘူး။ ဒီဝမ်ဇုံခွက် ငါးခွက်ကို ငါ မရောင်းဘူး။ ငါ မင်းတို့ရဲ့ ပိုက်ဆံကို ပြန်ပေးမယ်။ “

All Chapters