အခန်း (၉၂)
Vol. 7 Ch. 92
လောင်စွန်းသည် ခေါင်းခါပြီး ပြောလိုက်သည်။
" ဒါက မဆိုးဘူးလို့ပဲ ငါပြောနိုင်တယ်။ "
" ဒီရှေးဟောင်းပစ္စည်းရဲ့တန်ဖိုးက ဒီပစ္စည်းကို ထုတ်လုပ်ခဲ့တဲ့ ခုနှစ် နဲ့ ပစ္စည်းရဲ့ ရှားပါးမှုအပေါ်ဘဲ မူတည်တာ မဟုတ်ဘူး။ ဒီပစ္စည်းရဲ့ သမိုင်းကြောင်းတစ်လျှောက် အရေးပါမှု နဲ့ ထိုအချိန်အတွင်း အကျိုးသက်ရောက်မှုအပေါ်မှာလည်း မူတည်နေတယ်။ဒါက ဒီမတိုင်ခင် ငါတို့မြင်ခဲ့ရတဲ့ ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားချပ်လိုပေါ့။"
"ဧကရာဇ်ဆောင်ဟွေ့ကျုံက သူကိုယ်တိုင်လည်း ဘုရင်တစ်ပါးဖြစ်ပြီးတော့ ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်လည်းဖြစ်တယ်။ သူတီထွင်ခဲ့တဲ့ သေးသွယ်တဲ့ရွှေ လက်ရေးလှရေးနည်းပုံစံက လူတွေကြားထဲမှာ အရမ်းပဲ ကျော်ကြားတယ်။ "
" ဒါပေမဲ့ ဝန်ကြီးတွေသောက်တဲ့ ဒီချန်ဇုံခွက်အနည်းငယ်ကတော့ ကွဲပြားခြားနားတယ်။ "
" ဒီပစ္စည်းတွေ ထုတ်လုပ်ခဲ့တဲ့ မင်းဆက်က ထူးခြားတဲ့ အကျိုးသက်ရောက်တစ်ခုရှိဖို့အတွက် နန်းသက်က အရမ်းကို တိုတောင်းလွန်တယ်။ပြီးတော့ ဒီပစ္စည်းတွေက ကျော်ကြားမှုလည်း သိပ်မရှိတဲ့အပြင် လက်ရာလည်း သိပ် မမြောက်ဘူး။ ဒါ့အပြင် ဒီချန်ဇုံခွက်တွေကလည်း နည်းနည်းပဲရှိတယ်။ "
" ထုတ်လုပ်တဲ့ အရေအတွက် များရင် ၊သဘာဝအတိုင်းပဲ ပစ္စည်းရဲ့ တန်ဖိုးကလည်း လျော့ကျသွားတတ်တယ်။ ဒါကြောင့် ဒီချန်ဇုံခွက်တွေက ယွမ်နှစ်သန်း ၊ယွမ်သုံးသန်း နီးပါးလောက်ပဲ ထိုက်တန်လိမ့်မယ်။ ဒါပေမဲ့ မင်း ဒီချန်ဇုံခွက် အစုံလိုက်ကို စုဆောင်းနိုင်ခဲ့ရင် တန်ဖိုးက ကြီးကြီးမားမားမြင့်တက်သွားလိမ့်မယ်။ "
" တန်ဖိုးအားလုံးက အနည်းဆုံး နှစ်ဆလောက် မြင့်တက်သွားလိမ့်မယ်။ "
" ဒါပေမဲ့ ဒါက တော်တော်ဖြစ်နိုင်ချေမရှိတဲ့ အရာတစ်ခုဘဲ။ ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ
ချန်ဇုံခွက်စုစုပေါင်းက အများဆုံး ၄၀ ၊ဒါမှမဟုတ် ၅၀ခွက်လောက်ပဲ ကျန်တော့တာကြောင့်ဘဲ။ ပြီးတော့ အဲ့ဒီကျန်ခဲ့တဲ့ခွက်တွေကိုလည်း နာမည်ကြီးရှေးဟောင်းပစ္စည်းစုဆောင်းသူတွေက စုဆောင်းထားကြတယ်။ " ဟု လောင်စွန်းက ယုံကြည်မှုရှိရှိပြောပြီး သူ့၏ ကျွမ်းကျင်မှုကို ပြသခဲ့သည်။
ဝမ်ပန်ဇီသည် မျှော်လင့်ချက်ဖြင့် လောင်စွန်းကို မေးမြန်းခဲ့သည်။
" လောင်စွန်း ၊ မင်း ဒီချန်ဇုံခွက်တွေကို စိတ်ဝင်စားလား ?။ "
ဝမ်ပန်ဇီသည် အခုတစ်ခေါက်ဝယ်ယူရာတွင် လောင်စွန်းလည်း ပါဝင်ယှဥ်ပြိုင်လိမ့်မယ်လို့ တကယ့်ကိုမျှော်လင့်နေခဲ့သည်။
ဒါမှဘဲ သူတို့ ကြီးကြီးမားမား မဆုံးရှုံးမှာ ဖြစ်သည်…။
လောင်စွန်းသည် ခေါင်းခါပြီး ဝမ်ပန်ဇီကို ပြောလိုက်သည်။
" ငါ့အတွက်တော့ ဒီချန်ဇုံခွက်တွေရဲ့ စုဆောင်းမှုတန်ဖိုးက အရမ်းနိမ့်လွန်းတယ်။ ပြီးတော့ ငါလည်း ဒီချန်ဇုံခွက်တွေကို မကြိုက်ဘူး။ ငါအမှန်တကယ် စိတ်ဝင်စားတာက ဝမ်ဇုံခွက်တွေဘဲ။ "
လောင်စွန်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တချက်လက်သွားပြီး ပြောလိုက်သည်။
" ဒဏ္ဍာရီတွေအရတော့၊ ဒီဝမ်ဇုံခွက်ငါးခွက်ကို ထိုအချိန်က တစ်နိုင်ငံလုံးမှာအတော်ဆုံးဖြစ်တဲ့ လက်မှုပညာသည်တွေကို ဘုရင်က ဆင့်ခေါ်ပြီးတော့ သူ့ရဲ့ လက်အောက်မှာ ပြုလုပ်ခိုင်းခဲ့တယ်။ ကံဆိုးချင်တော့ အဲ့ဒီမင်းဆက်ပျက်သုန်းပြီးတဲ့နောက်မှာ ဝမ်ဇုံခွက်တွေက လူတွေရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။ "
" လူအချို့ကတော့ အဲ့ဒီဝမ်ဇုံခွက်တွေကို ဘုရင်ရဲ့ အုတ်ဂူထဲမှာ ဘုရင်နဲ့အတူတူ မြှုပ်နှံခဲ့တယ်လို့ ပြောကြတယ်။ အချို့ကတော့ အဲ့ဒီဝမ်ဇုံခွက်တွေက ကံဆိုးစေတာကြောင့် နောက်ပိုင်းမျိုးဆက်တွေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်လို့ ပြောကြတယ်။ ဒါ့အပြင် အဲ့ဒီမင်းဆက်ပျက်သုန်းပြီးတဲ့နောက်မှာ နန်းတော်အတွင်းမှာရှိတဲ့ ဝမ်ဇုံခွက်တွေက အခိုးခံခဲ့ရတယ်လို့ ယုံကြည်တဲ့သူတွေတောင်ရှိသေးတယ်။ "
" လူတိုင်းကတော့ အမျိုးမျိုးပြောကြတာဘဲ ။မှန်လား ၊မမှန်လားတော့ ငါလည်း မသိဘူး။ "ဟု လောင်စွန်းက ပြောလိုက်သည်။
ဝမ်ပန်ဇီသည် လောင်စွန်းကို ထပ်မေးမြန်းခဲ့သည်။
" လောင်စွန်းရဲ့ အမြင်အရ ၊အဲ့ဒီဝမ်ဇုံခွက်တွေက ဘယ်လောက်တန်ကြေးရှိလောက်မယ် ထင်လဲ ? "
" ဘယ်လို ပြောရမလဲ …၊ ဒီဝမ်ဇုံခွက်တစ်ခွက်ရဲ့ တန်ကြေးက အနည်းဆုံး ယွမ်သန်း၁၀၀ တန်ကြေးရှိတယ်။ အကယ်၍ အဲ့ဒီခွက်ကို ယွမ် သန်း၂၀၀ နဲ့ရောင်းရင်တောင် ငါ အံ့ဩမှာ မဟုတ်ဘူး။ ဒါ့အပြင် အဲ့ဒီဝမ်ဇုံခွက် အစုံလိုက်ကို ရောင်းချရင် ၎င်းရဲ့ တန်ကြေးက နှစ်ဆဖြစ်သွားလိမ့်မယ်။ အဲ့ဒီဝမ်ဇုံခွက်အစုံကို ယွမ် ၂ဘီလီယံနဲ့ ရောင်းရင်တောင် အံ့အားသင့်စရာ မဟုတ်ဘူး။ "
" ဘာကြောင့်လဲဆိုတော့ ငါသာဆိုရင် အဲ့ဒီဝမ်ဇုံခွက်အစုံလိုက်ကို ယွမ် ၂ ဘီလီယံနဲ့ လဲလှယ်ဖို့အတွက် ဆန္ဒရှိတာကြောင့်ဘဲ။ " ဟု လောင်စွန်းက ဖြေခဲ့သည်။
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝမ်ပန်ဇီသည် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်သည်။
" ဝမ်ဇုံခွက်တစ်ခွက်က ယွမ် သန်း၁၀၀ တန်တယ် ဟုတ်လား ?"
" ယွမ်သန်း၂၀၀နဲ့ ရောင်းရင်တောင် အံ့ဩစရာမဟုတ်ဘူး ၊ ဟုတ်လား ?။ "
" အဲ့ဒီခွက်အစုံလိုက်ဆိုရင် တန်ကြေးက ၂ဆဖြစ်သွားလိမ့်မယ်ပေါ့ ၊ဟုတ်လား ? "
" ယွမ် ၂ဘီလီယံနဲ့ေတာင် လဲလှယ်ဖို့ ဆန္ဒရှိတယ်လား ? "
လောင်စွန်း၏ မျက်လုံးများက စူးရှသွားခဲ့သည်။
" မင်းကို ကြည့်ရတာ အရမ်းအံ့ဩနေပုံရတယ်။ အဲ့ဒီဝမ်ဇုံခွက်အစုံလိုက်က မင်းမှာရှိနေတာလား ? "
" မ….မဟုတ်ပါဘူး။ အဲ့လို အရမ်းတန်ဖိုးရှိတဲ့ အရာကို ငါက ဘယ်လိုလုပ်ပြီးတော့ ပိုင်နိုင်မှာလဲ ? ။ အကယ်၍ အဲ့ဒီဝမ်ဇုံခွက်အစုံလိုက်ကို ငါ သာ ပိုင်ရင် ၊ငါ သူဌေး ဖြစ်နေပြီပေါ့။ " ဟု ဝမ်ပန်ဇီက ပြောလိုက်သည်။
ထို့နောက် ဝမ်ပန်ဇီသည် ရယ်မောပြီး ဝူကောကို ကြည့်လိုက်သည်။ ဒါပေမဲ့လည်း သူတို့ရဲ့ မျက်လုံးထဲမှာတော့ ပျော်ရွှင်မှုတွေကို ခက်ခက်ခဲခဲ ဖုန်းကွယ်နေရသည်။
ဘာကြောင့်လဲဆိုတော့ သူတို့တွင် ဝမ်ဇုံခွက်တစ်ခွက်ထဲသာလျှင်ရှိတာမဟုတ်ပဲနဲ့ ဝမ်ဇုံခွက်အစုံလိုက် ရှိနေတာကြောင့် ဖြစ်သည်။
ဘယ်နေရာက ရခဲ့တာလဲ…. ?
ထုံးစံအတိုင်းပဲ သူတို့သည် တော်ဝင်ဂူသင်္ချိုင်းအချို့ကို တူးဖော်ရာမှ ခုယူလာတဲ့ချန်ဇုံခွက်တွေနဲ့အတူ ၎င်းတို့ကို ရရှိခဲ့ခြင်းဖြစ်သည်။
သူတို့ရဲ့ လက်ထဲမှာရှိတဲ့ ထိုဝမ်ဇုံခွက်တွေက ယွမ်၂ဘီလီယံ တန်ကြေးရှိတဲ့ အရာတွေပဲ ဖြစ်သည်။
အကယ်၍ သူတို့သာ ၎င်းတို့ကို ရောင်းစားလိုက်လျှင် သေချာပေါက် ချမ်းသာလိမ့်မည်ဖြစ်သည်။
အခုချိန်တွင် ဝူကောနှင့် ဝမ်ပန်ဇီတို့နှစ်ယောက်စလုံးသည် အတော်လေးကို ဝမ်းသာနေခဲ့သည်။
ခုနတုန်းက ဘီလီယံအနည်းငယ်ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ဓာတ်ကျနေသော သူတို့၏ စိတ်များသည် ယခုအချိန်တွင် ပြန်လည်ပြီး စိတ်သက်သာရာရလာခဲ့သည်။
…....
ထိုအချိန်တွင် လင်ပေ့ဖန်သည် ဝူကောကို အချက်ပြခဲ့သည်။
ဝူကောသည် ရှေ့တိုး၍ ချန်ဇုံခွက်တစ်ခွက်ကို ကောက်ကိုင်လိုက်သည်။ထို့နောက်သူသည် ကြိုက်နှစ်သက်ဟန်ဆောင်ပြီး နောက်ဆုံးမှာတော့ ခေါင်းညိတ်၍ ပြောလိုက်သည်။
" ဒါက အစစ်ပဲ ၊ စုဆောင်းဖို့ ထိုက်တန်တယ်။ "
လင်ပေ့ဖန်သည် ပြုံးပြီး ပြောလိုက်သည်။
" အစ်ကိုဝူကတောင် အစစ်ဖြစ်တယ်လို့ အတည်ပြုပြီးပြီဆိုတော့ သူဌေး ဈေးပြောပါ။ အကယ်၍ ဈေးက သင့်တော်ရင် ငါဝယ်မယ်။ "
ဝမ်ပန်ဇီသည် ဝူကော၏ အချက်ပြတဲ့အကြည့်ကို မသိဟန်ဆောင်ပြီး ပြောလိုက်သည်။
" ယွမ် ၃သန်း ၊ တစ်ခွက်ကို ယွမ်သုံးသန်း ၊ အကယ်၍ မင်း ကြိုက်ရင် ယူ ၊မကြိုက်ရင် မယူနဲ့။ငါတော့ တစ်ပြားမှမလျော့ပေးဘူး။ "
ခုနတုန်းက သူသည် ဘီလီယံအနည်းငယ် ဆုံးရှုံးခဲ့ရတာကြောင့် နှလုံးသွေးယိုစီးနေခဲ့သည်။ ထို့ကြောင့်သူသည် ဆုံရှုံးမှုအနည်းငယ်ကို လျော့ချနိုင်အောင် လင်ပေ့ဖန်စီကနေပြီးတော့ ပိုက်ဆံအနည်းငယ်ကို ပြန်ယူရမည်ဖြစ်သည်။
လင်ပေ့ဖန်သည် ဝူကောကို လှည့်ကြည့်ပြီး မေးလိုက်သည်။
" ဒါက ထိုက်တန်လား ? "
ဝူကောသည် ခဏကြာတွေးပြီး ပြန်ပြောလိုက်သည်။
" ချန်ဇုံခွက်တစ်ခွက်အတွက် ယွမ်သုံးသန်းဆိုတဲ့ တန်ကြေးက ဈေးကွက်ထဲမှာ အမြင့်ဆုံးဈေးနှုန်းဘဲ။ ဒါပေမဲ့ ဒီပစ္စည်းက တန်ဖိုးပြန်တက်ဖို့အတွက် အလားအလာကြီးကြီးမားမားရှိတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဒီချန်ဇုံခွက်တစ်ခွက်ကနေပြီးတော့ ယွမ်တစ်သန်းလောက်အမြတ်ပြန်ရဖို့ဆိုတာက ပြဿနာတစ်ခုမဟုတ်ဘူး။ ဘော့စ်လင်၊ဒါက ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုဘဲ ။ "
" ဒီလူငယ်လေး ပြောတာမှန်တယ် ။ ချန်ဇုံခွက်တစ်ခွက်ကို ယွမ်၃သန်းပေးပြီးတော့ဝယ်တာက တကယ်ဘဲ မမြတ်ဘူး။ ဒါပေမဲ့ ဒီချန်ဇုံခွက်က တန်ဖိုးပြန်တက်နိုင်တဲ့ အလားအလာကြီးကြီးမားမားရှိတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဒီချန်ဇုံခွက်ရဲ့ တန်ဖိုးက မြင့်တက်လာလိမ့်မယ်။ " ဟု ပြောပြီးနောက် လောင်စွန်းက ခေါင်းညိတ်ခဲ့သည်။
" အစ်ကိုဝူနဲ့ လောင်စွန်းတို့ကတောင် ဒါက အရောင်းအဝယ်ကောင်းတစ်ခုလို့ ယုံကြည်နေတယ်ဆိုတော့ ကျွန်တော်ဒါကိုဝယ်လိုက်မယ်။ "
ထို့နောက် လင်ပေ့ဖန်သည် သူ့ရဲ့ ဘဏ်ကဒ်ကို မြန်မြန်ယူထုတ်ပြီး ငွေပေးချေခဲ့သည်။
တစ်ခွက်ကို ၃သန်းစီနဲ့ ငါးခွက်ဆိုတော့ စုစုပေါင်း ပေးချေရမည့် ငွေပမာဏက ယွမ်၁၅သန်းဖြစ်သည်။ထိုငွေပမာဏက သူ့အတွက်တော့ သိသာထင်ရှားတဲ့ ငွေပမာဏတစ်ခုမဟုတ်ပေ။
လင်ပေ့ဖန်သည် ငွေပေးချေပြီးနောက် ချန်ဇုံဝိုင်ခွက်တွေကို ရရှိခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် လောင်စွန်းသည် အော်ပြောခဲ့သည်။
" ခဏ "
လင်ပေ့ဖန်သည် လောင်စွန်းကို ပြုံးပြီး မေးလိုက်သည်။
" လောင်စွန်း ၊ ဒီခွက်တွေက တစ်ခုခုဖြစ်လို့လား ? "
လောင်စွန်းသည် မျက်မှောင်ကြုတ်၍ လင်ပေ့ဖန်လက်ထဲက ချန်ဇုံခွက်တွေကို ဂရုတစိုက်ကြည့်ပြီး ပြောလိုက်သည်။
" မင်းရဲ့ချန်ဇုံခွက်တွေက ဒီမတိုင်ခင် ငါမြင်ဖူးခဲ့တဲ့
ချန်ဇုံခွက်တွေနဲ့ အနည်းငယ်ကွဲပြားပုံရတယ်။ ငါ အနီးကပ် တချက်လောက် ကြည့်လို့ရနိုင်မလား ? "
" ရတာပေါ့ " ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ၎င်းတို့ကို လောင်စွန်းလက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
" ကျေးဇူးတင်ပါတယ် "ဟု ပြောပြီး လောင်စွန်းသည် ဂရုတစိုက်ဖြင့် လက်ခံခဲ့သည်။
ခဏကြာစစ်ဆေးပြီးနောက်တွင် သူသည် အတော်လေးကို စိတ်လှုပ်ရှားလာခဲ့သည်။
" ကွဲပြားတယ် ၊တကယ့်ကို ကွဲပြားတယ်။ ဟား…ဟား"
ဝမ်ပန်ဇီက လောင်စွန်းကို မေးမြန်းလိုက်သည်။
" ဒီချန်ဇုံခွက်တွေက ဘယ်လိုကွဲပြားတာလဲ ? ။
ချန်ဇုံခွက်တွေအကုန်လုံးရဲ့ ပုံသဏ္ဍာန်က အတူတူပဲမဟုတ်ဘူးလား ? "
" တကယ်တော့ ၊ချန်ဇုံခွက်တွေအကုန်လုံးရဲ့ ပုံသဏ္ဍာန်က အတူတူကြီးပဲ။ ဒါပေမဲ့ မင်းရဲ့ ချန်ဇုံခွက်တွေနဲ့ ငါအရင်တုန်းက အကြိမ်တစ်ဒါဇင်လောက်မြင်ခဲ့ဖူးတဲ့ ချန်ဇုံခွက်က အနည်းငယ် ကွဲပြားတယ်။ ဒီအမှတ်ကို ကြည့်လိုက်…ပြီးတော့ ဒီနေရာကိုရောပဲ…."
လောင်စွန်းသည် နေရာအနည်းငယ်ကို ယုံကြည်မှုရှိစွာဖြင့် ထောက်ပြ၍ အသေးစိတ်ရှင်းပြခဲ့သည်။
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လူတိုင်းကထိတ်လန့်သွားခဲ့သည်။
" ဒါဆိုရင် ၊ ဒီချန်ဇုံခွက်တွေက အတုလို့ မင်းဆိုလိုချင်တာလား ? "
" မဟုတ်ဘူး ၊ဒီချန်ဇုံခွက်တွေက အတုလုံးဝမဟုတ်ဘူး။ ဒီချန်ဇုံခွက်တွေရဲ့ လက်မှုပညာနဲ့ အရည်အသွေးက ၊ငါ အကြိမ်တစ်ဒါဇင်လောက် မြင်ခဲ့ဖူးတဲ့ ချန်ဇုံခွက်တွေနဲ့ အတူတူပဲ။ ဒါပေမဲ့ ဒါက ချန်ဇုံခွက်တွေနဲ့ မတူညီတဲ့ ဖန်တီးပုံကွဲပြားခြားနားမှုအချို့ရှိတယ်။ ဒါက တော်တော်တော့ တူတယ်…။
" ဘာနဲ့ တူတာလဲ ? "
လောင်စွန်းသည် စိတ်လှုပ်ရှားသောပသံဖြင့် ပြောလိုက်သည်။
" ဒါက ဒဏ္ဍာရီလာ ဝမ်ဇုံခွက်တွေနဲ့ တူတယ်။ "
" ဝမ်ဇုံခွက်တွေ "
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လူတိုင်းသည် ထိတ်လန့်သွားခဲ့သည်။
မကြာသေးမီက ဝမ်ဇုံခွက်တွေရဲ့ မြင့်မားသောတန်ဖိုးအကြောင်းကို လောင်စွန်းပြောတာ သူတို့ ကြားခဲ့ရသည်။
ဝမ်ဇုံခွက်တစ်ခွက်၏ တန်ကြေးက ယွမ်သန်း ၁၀၀ရှိပြီး ယွမ်သန်း၂၀၀နဲ့ ရောင်းချရင်တောင် အံ့ဩစရာမဟုတ်ပေ။
အကယ်၍ ဝမ်ဇုံခွက်အစုံလိုက်ကို ရောင်းချလျှင် ၎င်း၏ တန်ဖိုးက နှစ်ဆဖြစ်သွားပြီး ၎င်းကယွမ်၂ဘီလီယံထိုက်တန်လိမ့်မည်ဖြစ်သည်။
" လောင်စွန်း ၊ ဝမ်ဇုံခွက်အစစ်တွေက ဒီချန်ဇုံခွက်တွေရဲ့ အထဲထဲမှာ ဖွက်ထားတာလို့ ရှင်ထင်နေတာလား ? ။ ဒါက ပန်းချီထပ်ဆွဲခြင်းလို့လား ? " ဟု ဆောင်ယုချင်းက စိတ်ကူးယှဉ်ပြီး ပြောလိုက်သည်။
" အရမ်းဖြစ်နိုင်တယ်။ ရှေးခေတ်လူတွေက သူတို့ရဲ့ ရတနာတွေကို ထိန်းသိမ်းဖို့အတွက် ဒီလိုနည်းလမ်းမျိုးကိုပဲ မကြာခဏ အသုံးပြုတတ်ကြတယ်။ ငါ အဲ့ဒီလိုမျိုးပုံစံ ရတနာတွေကို အကြိမ်အများကြီး မြင်ဖူးတယ်။ " ဟု လောင်စွန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
ဝမ်ပန်ဇီ နှင့် ဝူကောတို့သည် သူတို့၏ စိတ်ထဲတွင် ဆိုးရွားတဲ့ သတိပေးချက်တစ်ခုကို ခံစားခဲ့ရသည်။
သူတို့ရဲ့ ရတနာတွေကို သူတို့မသိလိုက်ဘဲနဲ့ နောက်တစ်ခေါက်မှားပြီးတော့ တန်ဖိုးဖြတ်မိခဲ့ပြန်ပီလား... ?
ဒါက မဖြစ်နိုင်ဘူး…။
ဘာကြောင့်လဲဆိုတော့ ဝမ်ဇုံခွက်အစစ်တွေက သူတို့ရဲ့ မြေအောက်သိုလှောင်ခန်းထဲမှာ ဖုန်းကွယ်ထားတာကြောင့်ဖြစ်သည်။
ဒါကြောင့် ဝမ်ဇုံခွက်အစစ်တွေက ဒီနေရာမှာ ရှိလိမ့်မည် မဟုတ်ပေ…။