← Chapters

Chapter 744

Vol. 54 Ch. 744

Chapter 744

Vol. 54 Ch. 744

ပြီးခဲ့သည့် တိုက်ပွဲအတွင်း၌ တဖက် ထျန်းမင်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူများ၏ ဒဏ်ရာပြန်သက်သာသည့် အမြန်နှုန်းက အမှန်တကယ်လည်း ကြောက်စရာဖြစ်ကြောင်း လောထျန်း ပြန်အမှတ်ရသွား၏။

၎င်းက မသေမျိုးစိတ်ဝိဥာဥ်ရေစင်၏ အကျိုးကြောင့်သာ ဖြစ်ရပေမည်။

ထိုစဥ် ကွေ့ဖန်က စကားဆက်သည်။

" အဲ့ မသေမျိုးစိတ်ဝိဥာဥ်ရေစင် နဲ့ ပတ်သက်ပြီးတော့ ဒဏ္ဍာရီကျော်တဲ့ အချက်တစ်ခုလဲ ရှိသေးတယ်ဗျ "

" ဟင်... "

လောထျန်းရော ကျန်လူများပါ သူ့အား လှည့်ကြည့်လိုက်ကြသည်။

ကွေ့ဖန်က တုန်တုန်ယင်ယင် ဆက်ပြော၏။

" ကြားဖူးတာတော့... အဲ့ မသေမျိုးစိတ်ဝိဥာဥ်ရေစင် ကိုသာ လုံလုံလောက်လောက် သောက်လိုက်ရင်.. တကယ့် မသေမျိုးခန္ဓာကိုယ် အစစ်ကို ရတယ်တဲ့ "

" မသေမျိုးခန္ဓာကိုယ် အစစ် ... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ကျူးကဲ့ကျန့် ဝင်မေးလိုက်သည်။

ကွေ့ဖန်က အသက်ပြင်းပြင်း ရှိုက်၍ ပြန်ပြော၏။

" သဘောကတော့... လုံးဝ သတ်လို့မရဘူးပေါ့ဗျာ ။ ခန္ဓာကိုယ်နဲ့ စိတ်ဝိဥာဥ် ဖျက်ဆီးခံလိုက်ရရင်တောင် အချိန်နဲ့ စိတ်စွမ်းအင် လုံလုံလောက်လောက် ရှိတာနဲ့ ပြန်အသက်သွင်းနိုင်တယ်တဲ့ "

ထို့နောက် သူ စကားခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။

" ကျုပ်တို့ ထျန်းမင်ကမ္ဘာရဲ့ ဘိုးဘေးကြီးဖြစ်တဲ့ ၊ ဒဏ္ဍာရီကျော် ထျန်းမင်ဧကရာဇ်ကြီးကလဲ အဲ့လိုပဲဗျ ။ သူက ဟိုးရှေးခေတ်ကတည်းက သေသွားခဲ့ပြီ ဆိုပေမယ့် ကျုပ်တို့ ထျန်းမင်ကမ္ဘာရဲ့ ခေတ်

အဆက်ဆက်က အစွမ်းထက်ကျင့်ကြံသူကြီးတွေက သူ တကယ်မသေဘူးလို့ ယုံပြီးတော့ သူ့ကို ပြန်အသက်သွင်းဖို့ ကြိုးစားနေခဲ့ကြတာ "

" ထျန်းမင်ဧကရာဇ် ... ဟုတ်လား "

လောထျန်းမှာ ထိုနာမည်အား တစ်နေရာတွင် ကြားဖူးသလို ခံစားလိုက်ရပြီး လိုက်ရွတ်လိုက်သည်။

ကွေ့ဖန်က ဘာကိုမှ ဖုံးကွယ်မထားရဲဘဲ ချက်ချင်း ရှင်းပြရှာ၏။

" ထျန်းမင်မဟာဧကရာဇ်ကြီး ဆိုတာ ကျုပ်တို့ ထျန်းမင်ကမ္ဘာ၊ လက်ရှိအမွေအနှစ်တွေရဲ့ ဘိုးဘေးပေါ့ဗျာ ။ သူက ကျုပ်တို့ ထျန်းမင်ကမ္ဘာရဲ့ တစ်ယောက်တည်းသော မသေမျိုးဧကရာဇ်ပဲ "

" မသေမျိုးဧကရာဇ် .... "

လောထျန်း အနည်းငယ် အံ့သြသွားရသည်။

တဖက်လူက ဆက်ရှင်းပြ၏။

" မသေမျိုးဧကရာဇ် ဆိုတာ မသေမျိုးတွေရဲ့ ဘုရင်ပေါ့ဗျာ ။ သူက အပေါ်ကမ္ဘာမှာတောင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ ။ ကျုပ် ကြားဖူးတာတော့ လူ

တစ်ယောက်ဟာ အဲ့ဒီ မသေမျိုးဧကရာဇ် အဆင့်ကို ရောက်ပြီဆိုတာနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို စိတ်တိုင်းကျစုစည်းပြီး လက်နက်အဖြစ် အသုံးချနိုင်တယ်တဲ့ ။ အဲ့လိုလက်နက်မျိုးက တကယ်ကြောက်စရာကောင်းတာ "

" ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေကို စိတ်တိုင်းကျ စုစည်းနိုင်တယ်.. ဟုတ်လား "

ဘေးမှ ကျူးကဲ့ကျန့်မှာ မနေနိုင်ဘဲ လောထျန်းအား လှည့်ကြည့်မိသွားသည်။

အစောက လောထျန်း တိုက်ခိုက်ခဲ့စဥ်တွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများကို စိတ်တိုင်းကျ စုစည်းခဲ့သည် မဟုတ်ပါလား ...

သို့ဆိုလျှင် လောထျန်း၏ အစွမ်းက မသေမျိုးဧကရာဇ် အဆင့်တွင် ရှိပါသလား ...

သူ ထို့သို့တွေးရင်း စိတ်လှုပ်ရှားသွားရသည်။

ထိုစဥ် လောထျန်းက ခေါင်းအသာညိတ်၍ ဆို၏။

" သဘောပေါက်ပြီ ။ ဒါဆိုရင်.. အဲ့ဒီ မသေမျိုးစိတ်

ဝိဥာဥ်ရေစင်က ဘယ်မှာလဲ ၊ ငါ့ကို အဲ့ဆီခေါ်သွားပေး... "

" ဒါက... "

ကွေ့ဖန်တစ်ယောက် ရှက်နေသည့်မျက်နှာကြီး ဖြစ်သွားသည်။

လောထျန်း၏ မျက်နှာ ချက်ချင်းသုန်မှုန်သွား၏။

" ငါကိုယ်တိုင် ရှာလိုက်ရမှာလား "

သူ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းအား ထပ်ထုတ်လိုက်ပြန်သည်။

ကွေ့ဖန်က အသံတုန်တုန်ဖြင့် ချက်ချင်း ပြန်ပြောရှာ၏။

" မဟုတ်ပါဘူးဗျာ... ကျုပ် ခေါ်သွားပေးပါ့မယ် "

လောထျန်း ခေါင်းညိတ်လိုက်၏။

" အဲ့လိုမှပေါ့ "

ထို့နောက် သူ ကျူးကဲ့ကျန့်ဘက် လှည့်ကြည့်၍ ဆိုသည်။

" ဒီက ကိစ္စတွေကို မင်းနဲ့ပဲ လွှဲထားလိုက်မယ်နော် ။ ငါက မသေမျိုးစိတ်ဝိဥာဥ်ရေစင်ကို သွားယူလိုက်ဦးမယ် "

" ကောင်းပါပြီ သခင်လေး "

ကျူးကဲ့ကျန့် ခေါင်းညိတ်သဘောတူလိုက်၏။

ထို့နောက်တွင်.. လောထျန်းနှင့် ကွေ့ဖန်တို့နှစ်ယောက် ထိုနေရာမှ ထွက်သွားကြပြီး ..

ဝုန်း ..

မကြာခင်မှာပင် မင်ရှန့်တောင် အောက်ခြေသို့ ရောက်လာကြသည်။

" သခင်ကြီး ၊ မသေမျိုးစိတ်ဝိဥာဥ်ရေစင် က ဒီမင်ရှန့်တောင်ရဲ့ အောက်ခြေမှာ ရှိတာပါ ။ ဒါပေမယ့် အဲ့နေရာက အင်မတန် အန္တရာယ်များတယ်ဗျ ။ ကျုပ်တို့ ကမ္ဘာသခင်ကြီးတောင် အဲ့ကို စိတ်ရှိတိုင်း မသွားရဲဘူး "

ကွေ့ဖန်က အသံတုန်တုန် ပြောရှာသည်။

လောထျန်း ဘာမှပြန်မပြောဘဲ ခေါင်းသာ ညိတ်

လိုက်၏။

ထို့နောက် သူတို့နှစ်ဦး အောက်သို့ ဆက်လျှောက်လာသည်နှင့်အမျှ ဘေးပတ်လည်မှ အမည်းရောင်စွမ်းအင်များလည်း ပိုပို၍ သိပ်သည်းလာသည်။

လောထျန်း၏ ခန္ဓာကိုယ်အား တိုက်စားရန် ကြိုးစားနေသော အမည်းရောင်စွမ်းအင်များပင် များစွာ ရှိနေပါ၏။ သို့သော် ထိုအစွမ်းအင်များက လောထျန်း၏ ခန္ဓာကိုယ်အကာအကွယ်အစွမ်းကြောင့် လောထျန်းနှင့် ဆယ်ပေခန့် အကွာမှာပင် အငွေ့ပျံပျောက်ကွယ်သွားကြရှာသည်။

လောထျန်းအနီး ကပ်နိုင်သည့် စွမ်းအင်တန်း တစ်ခုလေးပင် မရှိပါ ။

ဘေးမှ ကွေ့ဖန်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း လွန်စွာတုန်လှုပ်နေတော့၏။

သူ ယခင်က ထျန်းမင်ကမ္ဘာသခင်ကြီးနှင့်အတူ ဤ မင်ရှန့်တောင်ခြေသို့ လာခဲ့ဖူးပါသည်။ သို့သော် ထိုစဥ်က ထျန်းမင်ကမ္ဘာသခင်ကြီးမှာ အစွမ်းကုန်သုံး၍

ထျန်းမင်ဓားကို အသက်သွင်းခဲ့သည့်တိုင် ဘေးပတ်ဝန်းကျင်မှ အမည်းရောင်စွမ်းအင်များကို သူ့ခန္ဓာကိုယ်နှင့် သုံးပေအကွာအထိသာ တွန်းထုတ်နိုင်ခဲ့ပါသည်။

သို့သော် လောထျန်းကမူ ဘာမှ ထူးထူးခြားခြား မလုပ်ရပါဘဲ ယခုလို လုပ်နေနိုင်သတဲ့လား ..

ကြောက်စရာကောင်းလိုက်သည့် အစွမ်းပါပင် ။

ထျန်းမင်ကမ္ဘာသခင်ကြီးက သူ့လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်မှာ တရားပါသည်။

သူ ထိုသို့ အတွေးများနေချိန်၌ ...

ဝုန်း ...

အောက်ဘက်မှ အမည်းရောင်စွမ်းအင်လုံးတစ်ခု လိမ့်တက်လာပါ၏။

၎င်းကိုမြင်သည်နှင့် ကွေ့ဖန်တစ်ယောက် မျက်နှာကြီး ဖြူရော်သွားသည်။

" သခင်ကြီး ၊ ပြန်ကြစို့လား "

သူ တုန်တုန်ယင်ယင် ပြောလိုက်၏။

" ဘာဖြစ်လို့လဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

ကွေ့ဖန်က တံတွေးကို ခက်ခက်ခဲခဲ မြိုချရင်း ပြော၏။

" ထျန်းမင်ကမ္ဘာ ဝိဥာဥ်ကြီး ရောက်လာပြီဗျ "

" ဝိဥာဥ် .. ဟုတ်လား "

လောထျန်း အံ့အားသင့်သွားရသည်။

ကွေ့ဖန်က ရှင်းပြ၏။

" ကျုပ်တို့ ထျန်းမင်ကမ္ဘာရဲ့ အစွမ်းထက်ကျင့်ကြံသူတချို့က ဒီကိုလာပြီး မသေမျိုးစိတ်ဝိဥာဥ်ရေစင် ကို လာရှာကြတယ်ဗျ ။ အဲ့ထဲကမှ တချို့လဲ ဒီမှာပဲ သေသွားခဲ့ကြတယ် ။ အဲ့လူတွေရဲ့ ခန္ဓာကိုယ်က ဒီမှာပဲ ကျန်နေခဲ့တော့ အမည်းရောင်စွမ်းအင်တွေရဲ့ တိုက်စားတာကို နှစ်တွေအကြာကြီး ခံရပြီးတဲ့နောက်မှာ အဲ့ခန္ဓာကိုယ်တွေက အသိစိတ်မရှိတဲ့ ဝိဥာဥ်

သားရဲကြီးတွေအဖြစ် ပြောင်းသွားခဲ့ကြတယ် "

" ဒီသားရဲတွေက အမည်းရောင်စွမ်းအင်ကနေ အပြင်မထွက်နိုင်ဘူး ဆိုပေမယ့် သူတို့ကိုသတ်ဖို့က မဖြစ်နိုင်သလောက်ပဲ ။ သူတို့နဲ့ ကြုံရတာနဲ့ ပြဿနာတွေများသွားလိမ့်မယ် ။ အဲ့တော့ ကျုပ်တို့တွေ နောက်ဆုတ်ပြီး ခဏလောက်စောင့်ကြရအောင်ဗျာ... မဟုတ်ရင်လဲ တခြားလမ်းကပဲ အထဲဆက်ဝင်ရမယ် "

သူ့စကားကြောင့် လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ခဏစောင့်ရမယ်တဲ့လား..

သူ့တွင် ထိုသို့စောင့်နေရန် အချိန်မရှိပါ ။

ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပိတ်သွားပါက သူ့လက်ရှိအစွမ်းဖြင့် ထျန်းယွမ်ကမ္ဘာသို့ ပြန်ရန် မခက်လှသော်လည်း.. အလုပ်အလွန်ရှုပ်ပေလိမ့်မည်။

ထိုသို့တွေးကာ လောထျန်း ခေါင်းယမ်းလိုက်သည်။

" အဲ့လိုလုပ်လို့ မရဘူး ။ သူတို့ကို ဒီတိုင်းပဲ သတ်လိုက်မယ် "

" ဟင် ... "

ကွေ့ဖန်တစ်ယောက် မှင်သက်သွားရပြန်ပါ၏။

ထိုစဥ်မှာပင်..

ဝုန်း ...

အမည်းရောင်စွမ်းအင်များ တိုးလာပြီး မျက်နှာကြီးတစ်ခု ပေါ်လာ၏။

" ဟင်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

၎င်းမျက်နှာကြီးကို မြင်သည်နှင့် ကွေ့ဖန်ထံမှ တအံ့တသြရေရွတ်သံ ထွက်လာသည်။

" ဘာဖြစ်လို့လဲ "

လောထျန်း မေးလိုက်၏။

ကွေ့ဖန် တံတွေးကို ခက်ခက်ခဲခဲ မြိုချ၍ ပြောသည်။

" ကျုပ် ဒီ ဝိဥာဥ်သားရဲကြီးကို သိတယ်ဗျ။ သူ..

သူက အသက်ရှင်နေတုန်းက အင်မတန်အစွမ်းထက်တဲ့ မသေမျိုးတစ်ယောက်ပေါ့ဗျာ... အခုတော့ ဒီနေရာမှာ အစွမ်းထက်ဆုံး ဝိဥာဥ်ပဲ ။ ကျုပ်တို့ကံကလဲ ဆိုးလိုက်တာ ... သခင်ကြီး ၊ မြန်မြန်နောက်ဆုတ်ကြရအောင် "

ကွေ့ဖန် စိုးရိမ်တကြီး ပြောလိုက်သော်လည်း နောက်ကျသွားခဲ့ဟန်ပါပင် ...

ဝုန်း ...

ထိုစဥ်မှာပင် ဝိဥာဥ်သားရဲကြီးက လောထျန်းရှေ့ ရောက်လာကာ ပါးစပ်ဟ၍ လောထျန်းအား ကိုက်လိုက်၏။ သူ့အသွင်မှာ လောထျန်းအား ဝါးမြိုပစ်ချင်နေသယောင် ..

လောထျန်း ၎င်းကိုကြည့်ရင်း မျက်ခုံးပင့်သွားသည်။

ယား ....

သူ ဒေါသတကြီး အော်ကြီး ဝိဥာဥ်သားရဲကြီးအား လက်ဝါးဖြင့် ရိုက်ချလိုက်တော့၏။

ဘုန်း ...

ဝိဥာဥ်သားရဲကြီး၏ မျက်နှာ အပိုင်းပိုင်းပြိုကွဲသွားကာ အမည်းရောင်စွမ်းအင်များထဲ နှစ်မြုပ်သွားသည်။

သို့သော် ..

အား ....

အမှောင်ထုထဲမှ စူးစူးဝါးဝါး အော်သံတစ်သံ ထွက်လာပြီး ..

ပြိုကွဲသွားသော ဝိဥာဥ် မျက်နှာကြီးက အသွင်ပြန်ပေါ်လာသည်။

" ကျုပ်ပြောသားပဲဗျာ ... ဒီကောင်ကြီးကို သတ်လို့မရပါဘူးလို့ "

ကွေ့ဖန်က တုန်တုန်ယင်ယင် ဆို၏။

ထိုအချိန်မှာပင် ..

ဝူး ....

သူတို့နှစ်ယောက်၏ ဘေးပတ်လည်မှ အော်ဟစ်သံများစွာ ထွက်လာပါ၏။

ကွေ့ဖန် တစ်ကိုယ်လုံး တုန်သွားရပြန်တော့သည်။

" ဒါ.... ဝိဥာဥ်တွေ အများကြီးပဲ ။ သူတို့အားလုံး စုနေကြတာလား... ဘာတွေဖြစ်နေတာလဲ ။ ဒီကောင်ကြီးတွေက ခုလို တစ်ချိန်တည်း ပေါ်မလာသင့်ဘူးလေ "

သူ ပြောပြီး လောထျန်းဘက် လှည့်ကြည့်လိုက်သည်။

" သခင်ကြီး ၊ ကျုပ်တို့ ဒီကနေ မြန်မြန် ထွက်ပြေးကြရအောင်.. "

သို့သော် လောထျန်းမှာ မလှုပ်မယှက် ...

လောထျန်း ဘေးသို့ တစ်ချက်လှည့်ကြည့်လိုက်ရာ အမှန်တကယ်လည်း သူတို့ဘေးပတ်လည်၌ ဝိဥာဥ်များစွာ ဝိုင်းထားကြသည်ကို ခံစားမိလိုက်သည်။

" အားလုံး ရှိနေတာလား ၊ ကောင်းတယ်.. ။ မင်းတို့အားလုံးကို တစ်ခါတည်း ပို့ပေးလိုက်မယ် "

သူ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

" ဟင်... ကျုပ်ပြောတာ မကြားရဘူးလား သခင်ကြီး ။ အဲ့ကောင်တွေကို သတ်လို့မရဘူးဗျ "

ကွေ့ဖန်မှာ ဘေးပတ်လည် ဝိုင်းထားကြသော ဝိဥာဥ်များကို ကြည့်ရင်း ငိုချတော့မလို ဖြစ်သွားသည်။

သူ သေသွားလျှင် ထိုလူများကဲ့သို့ ဝိဥာဥ်သားရဲ မဖြစ်လိုပါ ။

သို့သော်.. သူ ထွက်လည်း မပြေးရဲပါချေ ။ သူ့ဘေးမှ လောထျန်းက ထို ဝိဥာဥ်သားရဲကြီးများထက် ပိုကြောက်စရာကောင်းသည် မဟုတ်ပါလား...

လက်ရှိ သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ လောထျန်းပါပင် ...

ထိုစဥ်မှာပင် လောထျန်းက လက်ဝါးနှစ်ဖက်ကို စု၍ မန္တာန်တစ်ခု စတင်ရွတ်ဖတ်လိုက်သည်။

All Chapters