ကြောက်မက်ဖွယ် ဝိဉာဉ်အရိပ်
Vol. 54 Ch. 747
သူ့စကား ဆုံးသည်နှင့် ထူးဆန်းသော အရောင်အဝါတစ်ခုက တစ်နေရာလုံး လွင့်ပျံ့လာသည်။
အမည်းရောင် အရိပ်ကြီးထံမှ လူယုတ်မာရယ်သံကြီး ထွက်လာ၏။
ထိုသို့သော အခွင့်ကောင်းမျိုး သူ့ရှေ့သို့ ရောက်လာမည်ဟု သူ ထင်မထားသည်မှာ အမှန်ပါပင် ။
သူ ပြီးပြည့်စုံသော ခန္ဓာကိုယ်အခွံတစ်ခုကို စောင့်နေခဲ့သည်မှာ ကြာလှလေပြီ ။
သို့သော်... ထိုစဉ်၌ တစ်စုံတစ်ခု လွဲနေသည်ကို အရိပ်ကြီး သတိထားမိသွားပါသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ... လက်ဝါးကြီးတစ်ခုက သူ့ခေါင်းဆီသို့ လာနေသည်ကို မြင်လိုက်ရ၏။
ဘုန်း ..
ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ အရိပ်မည်းကြီး ဘေးဘက်နံရံသို့ လွင့်ထွက်သွားတော့သည်။
သူ့ကိုယ်မှာ ယခင်ကတည်းက တည်ငြိမ်ခြင်း မရှိသည့်အတွက် အမည်းရောင်အငွေ့အဖြစ် ချက်ချင်းပြောင်းသွားကာ အချိန်အတန်ကြာသည်အထိ ပြန်မစုစည်းနိုင်ဘဲ ရှိနေတော့၏။
ထိုတခဏ၌ လေထုတစ်ခုလုံးကို လွှမ်းခြုံထားသော ဖိအားကြီးလည်း ပျောက်ကွယ်သွားသည်။
သို့သော်.. အမည်းရောင် အငွေ့ကမူ ဒေါသထွက်ပုံမရဘဲ.. စိတ်လှုပ်ရှားသွားဟန်သာ တူပါ၏။
" ဟား ဟား... ကောင်းတယ်ကွာ ၊ သိပ်ကောင်းတယ် ။ မင်းရဲ့ ခန္ဓာကိုယ်က ငါထင်ထားတာထက်တောင် အစွမ်းထက်နေတာပဲ ။ မင်းရဲ့ ခန္ဓာကိုယ်ကိုသာ ယူပြီးသွားရင် ငါ ခဏလေးနဲ့ ထိပ်ဆုံးအစွမ်းကို ပြန်ရနိုင်တော့မှာ "
အမည်းရောင်အငွေ့က ပြောပြောဆိုဆိုပင် လောထျ
န်းဆီသို့ ထပ်ရောက်လာပြန်သည်။
လောထျန်းက ၎င်းအား မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏။
" ဒီကောင်က အသက်ရှင်အောင် ဘယ်လိုနေရမယ်ဆိုတာတောင် မသိဘူးပဲ "
သူ တီးတိုးရေရွတ်လိုက်သည်။
တဖက်မှ အမည်းရောင်အငွေ့က လှောင်ပြုံးဖြင့် ပြောလာ၏။
" ကောင်လေး... ခုခံဖို့ကို လက်လျှော့လိုက်ပါကွာ ။ မင်း ငါ့လက်က မလွတ်နိုင်ပါဘူး ။ မင်းရဲ့ ခန္ဓာကိုယ်က အစွမ်းထက်တာတော့ ဟုတ်ပါပြီ... မင်းရဲ့ စိတ်ဝိဉာဉ်အစွမ်းက ဘယ်လိုရှိလဲ "
ဝီ ...
ထိုစဉ်မှာပင် အမည်းရောင်အငွေ့များကြား၌ အမည်းရောင် အလင်းတန်းတစ်ခု အရောင်လက်လာသည်။
" မင်းရဲ့ အသိစိတ်ပင်လယ်ကို ကြည့်လိုက်မယ် "
ပြောပြောဆိုဆိုပင် အမည်းရောင်အလင်းတန်းက လောထျန်းအား ဘေးမှတိုက်ခိုက်ပြီး သူ့ အသိစိတ်ပင်လယ်ထဲ တိုးဝင်ရန် ကြိုးစားလာပါ၏။
သို့သော် ...
လောထျန်းက လက်ကို ထပ်မြှောက်လိုက်သည်။
" ဟင်... ငါ့ကို ရိုက်ချင်သေးတယ်ပေါ့ ။ အသုံးမဝင်ဘူးကွ... လက်ရှိမှာ ငါက စိတ်ဝိဉာဉ်ပဲ ။ မင်း မလုပ်နိုင် .... "
အမည်းရောင်အငွေ့က လောထျန်းအား လှောင်ရန်ပြင်လိုက်၏။
သို့သော်... ထိုစဉ်မှာပင် .
ဘုန်း ..
လောထျန်း၏ လက်ဝါးကြီးက အမည်းရောင်အငွေ့ပေါ်သို့ ကျလာပြီး ....
အမည်းရောင်အလင်းတန်း နှင့်အတူ အငွေ့များပါ ပျောက်ကွယ်သွားကြတော့သည်။
" ဘယ်လိုဖြစ်ပြီး .... "
အချိန်အတန် ကြာသွားပြီးမှ အမည်းရောင်အငွေ့၏ တအံ့တသြ ရေရွတ်သံ ထွက်လာ၏။
" မင်း ဘယ်လိုလုပ်လိုက်တာလဲ ။ မင်းက ဘယ်လိုဖြစ်ပြီးတော့ ငါ့ကို တိုက်ခိုက်လို့ ရနေတာလဲ "
သူ လောထျန်းအား တုန်လှုပ်စွာ မေးလိုက်သည်။
လောထျန်းကလည်း တဖက်လူကိုကြည့်ကာ တအံ့တသြ ပြန်မေး၏။
" မင်းက မသေသေးဘူးလား... "
အမည်းရောင်အငွေ့က လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" မင်းက ငါ့ကို ဘာထင်နေတာလဲကွ ။ မင်းရဲ့အစွမ်းလောက်နဲ့ ငါ့ကို သတ်လို့ရမယ် ထင်တာလား "
လောထျန်းက တဖက်လူကို ကြည့်ကာ ပြော၏။
" မင်း ဘယ်သူဆိုတာ ငါ စိတ်မဝင်စားဘူး ။ ငါ့ခန္ဓာကိုယ်ကို ယူရဲရင်တော့ မင်း သေရမှာပဲ "
ဝုန်း ..
စကားဆုံးသည်နှင့် လောထျန်းကိုယ်မှ လူသတ်အရိပ်အငွေ့များ ပေါက်ကွဲထွက်လာသည်။
" မင်း.... "
အမည်းရောင်အငွေ့ အသံများပင် တုန်သွားသယောင်...
သို့သော် တခဏအကြာတွင် သူ လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။
" ကောင်လေး... မင်းက တကယ်လဲ အစွမ်းထက်တာပဲ ။ ဒါပေမယ့် ... မင်းကံဆိုးတာက.. ဒီပွဲမှာ ငါနိုင်သွားခဲ့ပြီ "
" အင်.... "
လောထျန်း အံ့သြသွားရသလို ခေါင်းလည်း ရှုပ်သွားသည်။
အမည်းရောင်အငွေ့က အသံကျယ်ကြီးဖြင့် အော်ရယ်ရင်း ထပ်ပြောလာ၏။
" မင်း ငါ့ကို ရိုက်လာတာကို ငါက ဒီတိုင်း ငြိမ်ပြီးခွင့်ပြုထားတယ် ထင်လို့လား ။ မင်း ခုနက ငါ့ကို နှစ်ကြိမ်တိုက်ခိုက်လိုက်တဲ့အချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ငါ့ရဲ့အစွမ်းတွေ ထည့်ပြီးတော့ ထွင်းစာတွေနဲ့ အမှတ်အသား လုပ်ထားပြီးပြီကွ ။ ခုချိန်ကစပြီးတော့ မင်းရဲ့ အသိစိတ်ပင်လယ်ကို ငါ တိုက်ရိုက်ထိန်းချုပ်လို့ ရသွားပြီ "
အမည်းရောင်အငွေ့က ပြောကာ ရုတ်တရက် လှုပ်ရှားသွားသည်။
ထို့နောက်... အမည်းရောင်အငွေ့များအားလုံး ပျောက်ကွယ်သွား၏။
" ဒါ.... "
လောထျန်းမှာကား ၎င်းကိုကြည့်ရင်း အံ့အားသင့်ပြီး နားမလည်နိုင် ဖြစ်လျက် ..
ထိုစဉ်မှာပင်... လောထျန်း၏ အသိစိတ်ပင်လယ် အတွင်းပိုင်းတစ်နေရာ၌ အမည်းရောင်အငွေ့များ ပြန်
ပေါ်လာသည်။
ထိုအငွေ့များ လူးလွန့်လှုပ်ရှားသွားပြီးနောက် အမည်းရောင် အရိပ်တစ်ခု ပုံပေါ်လာ၏။
" ဟား ဟား... နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ ။ အခု သူ့ အသိစိတ်ပင်လယ်ကို ထိန်းချုပ်ပြီးတော့ ခန္ဓာကိုယ် အပိုင်သိမ်းလိုက်ဖို့ပဲ ကျန်တော့တယ် "
အရိပ်ကြီးက ပြောပြီး လက်ဖြင့် အစီအမံများလုပ်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်... ထိုစဉ်တွင်..
" မင်းက ဒီရောက်နေတာကိုး "
လောထျန်း၏အသံက နေရာစုံမှ ပေါ်လာ၏။
" ဟင်... ရှာတွေ့သွားပြီလား ။ ဒါပေမယ့် မင်းနောက်ကျသွားပြီ "
အမည်းရောင် အရိပ်ကြီးက ကောက်ကျစ်စွာ ရယ်လိုက်သည်။
" နောက်ကျသွားပြီ.. ဟုတ်လား ၊ ဘာလို့လဲ "
လောထျန်း၏ အသံက မေး၏။
အမည်းရောင်အငွေ့က လှောင်ပြုံးဖြင့် ပြောသည်။
" ငါက မင်းရဲ့ အသိစိတ်ပင်လယ်ကိုတောင် ကျူးကျော်ပြီးသွားပြီလေ ။ ဒီနေရာမှာ မင်းရဲ့ ခန္ဓာကိုယ် ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ပဲကောင်းကောင်း... အသုံးမဝင်တော့ဘူး ။ အသိစိတ်ပင်လယ်ထဲမှာ စိတ်ဝိဉာဉ်အစွမ်း တစ်ခုတည်းကပဲ အရေးပါတာ ။ မင်းရဲ့ စိတ်ဝိဉာဉ်အစွမ်းက ငါ့ထက် ပိုပြီးအစွမ်းထက်မယ်လို့တော့ မထင်ဘူးမဟုတ်လား "
" ထားပါလေ... မင်းက ဘယ်လိုနေနေ သေရတော့မှာဆိုတော့... မင်းမသေခင် သင်ခန်းစာအသစ်လေးတွေ ပြောပြပေးမယ် "
ထိုစဉ်မှာပင် အရိပ်ကြီး၏ ကိုယ်၌ အမည်းရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားကာ ဆက်ပြောလာ၏။
" အသိစိတ်ပင်လယ်ထဲက စိတ်ဝိဉာဉ်အစွမ်းရဲ့ အား
ကို ခန္ဓာကိုယ်အရွယ်အစားကို ကြည့်ပြီး ခွဲခြားလို့ရတယ်ကွ ။ သာမာန်လူတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်အစွမ်းဆိုရင် အလွန်ဆုံးမှ အရွယ်အစား တစ်လက်မလောက်ပဲ ရှိနိုင်တာ ။ တစ်ပေလောက်ထိ ရှိရင်တောင် အဲ့လူကို တော်တဲ့ စိတ်ဝိဉာဉ်ပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်လို့ရပြီ "
" သုံးပေလောက်အထိ ရောက်ရင်တော့ ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ပညာရှင် ပေါ့ကွာ "
သူ ပြောနေရင်း စကားခဏရပ်ပြီးမှ ပြုံး၍ ဆက်ပြော၏။
" ငါ့ရဲ့ စိတ်ဝိဉာဉ်အရိပ်က ဘယ်လောက်ရှည်လဲ သိရဲ့လား "
သူ ပြောပြီး လက်နှစ်ဖက် ဆန့်ထုတ်လိုက်သည်။
" ဆယ်ပေကွ... ။ အသိစိတ်ပင်လယ်ထဲမှာ ဆယ်ပေရှိတဲ့ စိတ်ဝိဉာဉ်ခန္ဓာကိုယ်ဆိုတာ တကယ်ကို ပြိုင်ဘက်ကင်းပဲ "
ထို့နောက် သူ ဘေးဘီသို့ လှည့်ကြည့်ကာ အပြုံးဖြင့် ဆက်ပြောသည်။
" မင်းကရော ဘယ်လိုလဲ ။ မင်းရဲ့ စိတ်ဝိဉာဉ်က ဘယ်မှာလဲ ပြောပါဦး ။ ငါ ဘာလို့ မင်းကို မမြင်ရတာလဲ... ။ မဟုတ်မှလွဲရော မင်းရဲ့ ခန္ဓာကိုယ်က သုံးလက်မတောင် မရှိတာများလား "
အရိပ်ကြီးက ထိုသို့ပြောပြီး အရူးတစ်ယောက်သဖွယ် ထပ်အော်ရယ်လိုက်ပြန်၏။
သို့သော်... ထိုစဉ်မှာပင် ..
ဝုန်း ...
လောထျန်း၏ အသိစိတ်ပင်လယ်က ရုတ်တရက် မငြိမ်မသက် ဖြစ်လာသည်ကို သူ ခံစားလိုက်ရသည်။
ဆယ်ပေရှည်သော သူ့ စိတ်ဝိဉာဉ်ခန္ဓာကိုယ်ဖြင့်ပင် ခြေငြိမ်ငြိမ်ရပ်ရန် ခက်ခဲသွားပါ၏။
" ဟင်... ဘာတွေဖြစ်နေတာလဲ ။ ကြောက်လွန်းလို့ မင်းရဲ့ အသိစိတ်ပင်လယ် ပြိုကွဲတော့မလို ဖြစ်သွားရတာလား "
အရိပ်မည်းကြီး တအံ့တသြ မေးလိုက်သည်။
ထိုအချိန်မှာပင် လောထျန်း၏ စကားသံ တစ်လုံးချင်း ထွက်လာပါ၏။
" အင်... ဒီမှာကိုး... ။ ရှာမရတော့ ဘယ်များရောက်နေသလဲလို့ကွာ "
" ဟင်... မင်းက ဘယ်မှာလဲ "
အရိပ်မည်းကြီး အနည်းငယ် တုန်လှုပ်သွားဟန်တူကာ ဘေးဘီသို့ ဝေ့ကြည့်လိုက်သည်။
သို့သော်.. ဘာကိုမှ မမြင်ရပါချေ။
" အပေါ်ကို မော့ကြည့်လိုက် "
ထိုစဉ် လောထျန်း၏အသံ ထပ်ထွက်လာပြန်၏။
" အပေါ်ကို ကြည့်ရမှာ ဟုတ်လား ... "
အရိပ်မည်းကြီး အံ့အားသင့်သွားကာ အပေါ်သို့ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
ထို့နောက်တွင်... သူ့တစ်ကိုယ်လုံး ကြက်သေ သေသွားတော့၏။
သူ လောထျန်းအား မြင်လိုက်ရလေပြီ ။
လောထျန်း၏ ခန္ဓာကိုယ်မှာ ကြီးလွန်းလှ၍ သူ အတိအကျပင် မပြောနိုင်ပါ ....
" ပေတစ်သောင်း .... ပေတစ်သိန်း .. မဟုတ်သေးဘူး ၊ ပေ ဆယ်သန်းထက်တောင် ပိုဦးမှာ "
လောထျန်း၏ ခန္ဓာကိုယ် မည်မျှ ကြီးသလဲဆိုပါက .... သူ ၎င်းအား အသိစိတ်ပင်လယ်ကြီးအဖြစ် ထင်မှတ်မိသည်အထိပါပင် ။
လောထျန်း၏ ခေါင်းပေါ်တွင်လည်း နေများသဖွယ် ကြီးမားလှသော အလင်းလုံးကိုးခုက ဖြည်းညင်းစွာ လည်နေပါသေး၏။
အရိပ်မည်းကြီးမှာ ၎င်း အလင်းလုံးများက ဘာမှန်း မသိသည့်တိုင် ၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် သေမတတ် ကြောက်ရွံ့သွားရတော့သည်။
" အား... အဲ့ဒါ ဘာတွေလဲ "
သူ ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်၏။
သူ့ရှေ့မှ လောထျန်းက ဤမျှ ကြောက်စရာကောင်းမည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။
ထိုစဉ်မှာပင် လောထျန်း၏ စိတ်ဝိဉာဉ်အရိပ်ကြီးက လက်ချောင်းတစ်ဖက် ထုတ်၍ သူ့အား ဖိခြေရန် ပြင်လာပါသည်။
ဝုန်း ..
အရိပ်မည်းကြီးမှာ ကမ္ဘာတစ်ခုလုံး ပြိုကွဲသွားတော့မလို ခံစားလိုက်ရ၏။
" မဖြစ်ဘူး ... "
သူ တုန်လှုပ်စွာ ပြော၍ လောထျန်း၏ လက်ချောင်းအား အကောင်းဆုံးကြိုးစား ခုခံလိုက်သည်။
သို့သော်... သူ့တိုက်ခိုက်မှုမှာ လောထျန်းရှေ့၌ ခြင်တစ်ကောင်က ဥက္ကာခဲကြီးအား ပြန်တိုက်ခိုက်ရန် ကြိုးစားနေသလိုပါပင် ...
၎င်းက ဘာမှ အသုံးမဝင်ခဲ့ပါ ။
ဘုန်း ...
လောထျန်း၏ လက်ချောင်း ကျလာပြီး ၊ အမည်းရောင်အငွေ့များ အစအနလေးပင် မကျန်ခဲ့ဘဲ လုံးဝ ပျောက်ကွယ်သွားကြတော့၏။
ဝီ ...
အားလုံး ပြီးသွားပြီးနောက်.. လောထျန်း မျက်လုံးပြန်ဖွင့်လိုက်ရာ ... အားလုံးက ယခင်အတိုင်း တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်။
" ဟိုလူ သေသွားပြီလား "
သူ တီးတိုးရေရွတ်လိုက်၏။
သို့သော်... ရုတ်တရက် သူ မျက်မှောင်ကြုံ့၍ အမည်းရောင်ခေါင်းတလားအား လှည့်ကြည့်လိုက်သည်။
ဝီ ..
ထိုစဥ် ခေါင်းတလားအတွင်း၌ အမည်းရောင်အငွေ့သစ်များ စုစည်းလာပြန်ပါ၏။