ထျန်းယွမ်ကမ္ဘာ၏ လျှို့ဝှက်ချက်
Vol. 54 Ch. 753
" ဒါ.... "
တဖက်ရှိ မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးနှင့် ကျန်လူများ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ကျူးကဲ့ကျန့်၏ အစွမ်းမှာ ကြောက်စရာကောင်းလှပါတကား ။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ ။
သို့ဆိုလျှင် သူတို့လည်း... အန္တရာယ် မကင်းတော့ပါချေ။
" အားလုံး ၊ ဘာကိုမှ ဖုံးကွယ်မထားဘဲ အစွမ်းကုန်သုံးပြီး တိုက်ခိုက်ကြ "
မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက အေးစက်စက် အသံဖြင့် ပြောလာသည်။
" ကောင်းတယ် "
နတ်ဆိုးဘုန်းတော်ကြီး နှင့် စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးတို့ တစ်ပြိုင်နက်တည်း ပြန်ပြောလိုက်ကြ၏။
ထို့နောက် သူတို့ထဲမှ တစ်ယောက်က တစ်ကိုယ်လုံးရှိ နတ်ဆိုးသွေးများအား လောင်ကျွမ်းစေလိုက်ကာ.. ကျန်တစ်ယောက်ကလည်း အလောင်းရုပ်သေးများ အားလုံးကို ထုတ်လိုက်သည်။
သို့သော် ထိုစဥ်မှာပင်...
" သတ်ပစ်ဟေ့ "
အော်သံကျယ်များ ကြားလိုက်ရပြီးနောက် ..
ပင်ပန်းနေပုံရသည့် ပျောင်ပိုင်မြို့သားတစ်စုက တိုက်ပွဲစင်မြင့်ထက်သို့ ပြေးတက်လာကြသည်ကို မြင်လိုက်ရသည်။
" ပုရွက်ဆိတ်လေးတွေက စစ်ပွဲထဲကို ဝင်ပါရဲတယ်
ပေါ့လေ "
နတ်ဆိုးဘုန်းတော်ကြီး ဒေါသူပုန်ထသွားသည်။
သူ့သွေးများ ပိုဆူပွက်လာကာ ရန်သူများဆီသို့ ပြေးသွားလိုက်၏။
ထို့နောက်တွင်ကား ..
သူ အပိုင်းပိုင်းအစစ အဖြတ်ခံလိုက်ရပါတော့သည်။
" ဘယ်လိုဖြစ်ပြီး "
၎င်းကို မြင်လိုက်ရသော စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး ကြောက်ရွံ့တုန်လှုပ်သွားကာ နောက်လှည့်ပြေးရန် ပြင်လိုက်သည်။
သို့သော်.. ထိုစဥ်တွင် သူ့နောက်၌ မိန်းမငယ်လေးတစ်ယောက် ပေါ်လာပါ၏။
ထိုမိန်းကလေးမှာ လုံယီရွှယ် ပင်...
" သေစမ်း... "
လုံယီရွှယ်က သူ့အား လက်သီးဖြင့် ထိုးလာသည်။
" တားလိုက်ကွာ "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး ဒေါသတကြီး အော်ကာ အလောင်းရုပ်သေးဖြင့် တားရန်ကြိုးစားလိုက်သည်။
သို့သော်....
ဘုန်း...
အလောင်းရုပ်သေးများအားလုံး လွင့်ထွက်ကုန်ပါ၏။
ထို့နောက်တွင် လုံယီရွှယ်က သူ့ဘေးသို့ ရောက်လာသည်။
" ဟမ့်.. မင်းက ငါ့ကို အနီးကပ်တိုက်ခိုက်ရဲတယ်ပေါ့လေ ။ ငါ့ရဲ့ သေမင်းအဆိပ်ကို စမ်းကြည့်လိုက် "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး လှောင်ပြုံးဖြင့် ပြောလိုက်၏။
သို့သော်.. စကားဆုံးချိန်မှာပင် သူ့ဘေးမှ အလင်းရောင် မှိန်သွားသည်ကို ခံစားလိုက်ရပါသည်။
သူ ချက်ချင်းခေါင်းမော့ကြည့်လိုက်ရာ ... ရွှေရောင်ငှက်ကြီး၏ လက်သည်းချွန်များ သူ့ထံသို့ ရောက်လာသည်ကို မြင်လိုက်ရ၏။
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးမှာ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အပိုင်းပိုင်း ဖြတ်ခံလိုက်ရပါတော့သည်။
" ဟင်... "
၎င်းကို မြင်လိုက်ရသော တဖက်မှ လုံယီရွှယ် ဒေါသူပုန်ထသွား၏။
" ဘုရင်ကျင်းဖန် ၊ နင်က ဘာဖြစ်လို့ ငါ့ခေါင်းကို လာလုသွားရတာလဲ "
သူမ ဒေါသတကြီး အော်လိုက်သည်။
ဘုရင်ကျင်းဖန် ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံးတုန်သွား၏။
" အင်... ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာပါ "
လုံယီရွှယ် ဒေါသမပြေသေးပါ ။
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ ၊ ငါက နှေးတယ်လို့ ပြောချင်တာလား ။ နင် ငါနဲ့ တိုက်ခိုက်ချင်တာလား "
" ကျုပ် အဲ့သဘောနဲ့ပြောတာ မဟုတ်ပါဘူးဗျာ "
ဘုရင်ကျင်းဖန် ချက်ချင်းခေါင်းယမ်းလိုက်ရသည်။
" မသိချင်ဘူး ... ငါ့ခေါင်းကို ပြန်ပေး "
လုံယီရွှယ် ဒေါသတကြီးအော်ကာ ဘုရင်ကျင်းဖန်ဆီ ပြေးသွားလိုက်သည်။ ဘုရင်ကျင်းဖန်မှာ ကြောက်လွန်း၍ ချက်ချင်းနောက်လှည့်ပြီး ထွက်ပြေးလိုက်ရ၏။
ထိုနှစ်ယောက်၏ ပြေးတမ်းလိုက်တမ်း ကစားနေမှုကြောင့် တိုက်ပွဲကွင်းပြင် တစ်ခုလုံး ပို၍ရှုပ်ထွေးသွားရပါတော့သည်။
၎င်းကိုကြည့်နေသော မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးမှာ မျက်နှာဆိုးရွားစွာ ပျက်နေတော့၏။
" ဒါ ... ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ။ အဲ့လို မဖြစ်သင့်ဘူးလေ... "
သူ ခေါင်းကို အဆက်မပြတ် ယမ်းရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်ချိန်တွင်လည်း သူ့အစီစဥ်ထဲ၌ ဘာပြစ်ချက်မှ ရှိမနေပါ ။
အဘယ့်ကြောင့် ယခုလို ဖြစ်သွားခဲ့ရပါသနည်း ။
သူ ထိုသို့ တွေးနေစဥ်မှာပင် ..
" မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး ၊ နင်က ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ ရန်သူပဲ "
သူ့နောက်မှ အမျိုးသမီးသံတစ်သံ ထွက်လာ၏။
မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားကာ ချက်ချင်းနောက်လှည့်ကြည့်လိုက်သည်။
နျိုထျဲ့ချူ နှင့် သူ့သား နျိုဝူဖုန်းတို့က တင်းပုတ်တစ်
လက်စီ ကိုင်၍ သူ့နောက်တွင် ရပ်နေကြပါ၏။
" ငါးရောင်ခြယ်နတ်နွား ပါလား.. မင်းတို့က ငါ့ကို အာခံရဲတယ်ပေါ့လေ "
ထိုနှစ်ယောက်ကို ကြည့်ရင်း မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး မျက်ခုံးပင့်သွားသည်။
တဖက်မှ နျိုထျဲ့ချူကမူ သူ့အား စကားပြန်ပြောရန်ပင် ပျင်းပုံဖြင့် နျိုဝူဖုန်းကိုသာ လှမ်းပြော၏။
" အတူတူ တိုက်ခိုက်ကြမယ် "
" ဟုတ်ကဲ့ "
နျိုဝူဖုန်း ပြန်ပြောလိုက်သည်။
ထို့နောက်တွင်မူ.. ငါးရောင်ခြယ်နတ်နွား နှစ်ကောင်က ဘယ်တစ်ဖက် ညာတစ်ဖက်မှနေ၍ တင်းပုတ်များကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြပြီး မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး ရှိရာသို့ ရွယ်လိုက်ကြသည်။
" မင်းတို့ ငါ့ကို လျှော့တွက်လို့ရမယ် မထင်နဲ့ "
မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး၏ ဒေါသတ
ကြီး အော်သံနှင့်အတူ သူ့ကိုယ်မှ နတ်ဘုရားအလင်းတန်းတစ်ခု တိုးထွက်လာသည်။
" မဟာအလင်းတန်း မှော်သိုင်းပညာ "
အော်သံတစ်သံနှင့်အတူ ထိုနတ်ဘုရားအလင်းတန်းက နျိုထျဲ့ချူတို့နှစ်ယောက်ထံ တိုးဝင်သွား၏။
ထို နတ်ဘုရားအလင်းတန်းမှာ အစွမ်းထက်ပြီး ကြောက်စရာ ကောင်းလွန်းလှသဖြင့် တိုက်ပွဲစင်မြင့် တစ်ခုလုံးပင် တုန်ခါနေတော့သည်။
သို့သော် နျိုထျဲ့ချူတို့ နှစ်ယောက်ကမူ ၎င်းကို ဂရုစိုက်ဟန်မတူပါ ။
အလင်းတန်းက အနားသို့ ရောက်ချိန်မှာပင် နျိုထျဲ့ချူ အော်လိုက်သည်။
" သတ်ပစ် "
ဘုန်း ... ဘုန်း ..
နျိုထျဲ့ချူတို့ နှစ်ယောက်၏ တင်းပုတ်များ
တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကြ၏။
ဘုန်း ...
တင်းပုတ်နှင့် နတ်ဘုရားအလင်းတန်းတို့ ထိပ်တိုက်တွေ့သွားကာ နတ်ဘုရားအလင်းတန်း ရုတ်ချည်း ပြိုကွဲသွားတော့သည်။
ထို့နောက်တွင် ... ကြောက်မက်ဖွယ် အစွမ်းနှစ်ခုက မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးထံ ဆက်တိုးဝင်လာ၏။
သူ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပါ..
" ဘယ်လိုဖြစ်ပြီး ... "
မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး၏ မျက်နှာပေါ်တွင် အခြေအနေကို လက်မခံနိုင်ဟန် အထင်းသား ...
တဖက်မှ နှစ်ယောက်မှာ သူ့စိတ်တိုင်းကျ သတ်ဖြတ်နိုင်ခဲ့သော ငါးရောင်ခြယ်နတ်နွားများ ဖြစ်ကြ
ပါသည်။
ယခုတွင်မူ.. သူက ထိုနှစ်ယောက်၏ လက်ချက်ဖြင့် သေရတော့မည်တဲ့လား ..
သူ လက်မခံနိုင်ပါ ...
မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း ..
သူ ...
ဘုန်း ..
ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီး ... နျိုထျဲ့ချူတို့၏ တိုက်ခိုက်မှုဖြင့် မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး သေသွားရတော့သည်။
တိုက်ပွဲစင်မြင့်ပေါ်ရှိ ရန်သူများအားလုံး ရှင်းသွားလေပြီ ။
ဝီ ...
ထိုစဥ်မှာပင် တိုက်ပွဲစင်မြင့်၏ ကန့်သတ်ချက်
အချုပ်အနှောင်များ ပြန်ပွင့်သွားပါ၏။
" ဒါ... ငါတို့ နိုင်သွားတာလား "
ချင်းဝူချုံမှာ သု့ရှေ့တွင် ဖြစ်ပျက်နေသော အရာများကိုကြည့်ရင်း မယုံနိုင် ဖြစ်နေသည်။
အမှန်တွင်မူ.. သူတစ်ယောက်တည်းတင်မက ၊ သူ့ဘေး ရှိနေကြသော လူများလည်း ထို့နည်းတူပါပင် ။
မကြာခင်လေးကပင် သူတို့ ကူကယ်ရာမဲ့ ဖြစ်နေခဲ့ကြသေးပါ၏။
သို့သော်.. ယခုတွင်မူ .
ဤအဖြစ်ပျက်များက အမှန်ရော ဟုတ်ပါရဲ့လား..
ထျန်းမင်ကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကြားပြီးနောက်တွင်မူ လက်ရှိ သူတို့ အိမ်မက်မက်နေခြင်း မဟုတ်ကြောင်း သိလိုက်ရပါသည်။
သို့သော် လူအများစု၏ မျက်နှာထားများ ပိုပို၍
ထူးဆန်းကုန်ကြပါ၏။
" သခင်လေးလောထျန်း ပြောတော့ ထျန်းမင်ကမ္ဘာက မယုံနိုင်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာဆို "
ချင်းဝူချုံ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" ဟုတ်တယ် ၊ ကျုပ်က ဒီတိုက်ပွဲမှာ သေဖို့တောင် အသင့်ပြင်ထားတာ "
သွမ့်ချန်ချိုးကလည်း ဆိုသည်။
" ဘာတွေဖြစ်နေတာလဲ .. "
သခင်ကြီးထျန်းလုံကလည်း လောထျန်းအား မေးခွန်းထုတ်သည့် မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းမှ ထိုသူများကို ကြည့်နေသော လောထျန်းမှာကား ... ချက်ချင်း မျက်နှာကြီးလွှဲသွားပြီး သူတို့ကို မမြင်ချင်ယောင် ဆောင်နေ၏။
ထိုစဥ် ကျူးကဲ့ကျန့်က လောထျန်းဆီသို့ လျှောက်လာကာ ပြောသည်။
" အခု အဓိကရန်သူတွေကို ရှင်းပြီးသွားပြီဆိုတော့.. ကျန့်ဟွမ်တောင် နဲ့ မဟာအလင်းတန်းဂိုဏ်းက ဂိုဏ်းသားတွေကို ဘာလုပ်ကြမလဲ သခင်လေး "
ထိုစကားကို ကြားသောအခါ လောထျန်း ကျူးကဲ့ကျန့်အား လှည့်ကြည့်လိုက်သည်။
ကျူးကဲ့ကျန့်က ကျန့်ဟွမ်တောင် ဂိုဏ်းသားများအတွက် အသနားခံလို၍ ထိုသို့မေးနေခြင်းဖြစ်ကြောင်း သူ သိပါ၏။
ကျူးကဲ့ကျန့်သည် ကျန့်ဟွမ်တောင်၏ နတ်ဘုရားသားတော်ဟောင်း မဟုတ်ပါလား ။
ထို့ကြောင့် လောထျန်း ခဏတာမျှ စဥ်းစားကာ ပြန်ပြောလိုက်သည်။
" အရင်ဆုံး သူတို့ကို စစ်ဆေးကြည့်လိုက်ပါ ။ ထျန်းမင်ကမ္ဘာကို လက်နက်ချဖို့ အတင်းဖိအားပေးခံခဲ့ရတဲ့ သူတွေကို ချမ်းသာပေးမယ် ။ ကျန်တဲ့သူတွေကိုတော့ ဘာကိုမှ သနားမနေဘဲ သတ်ပစ်လိုက် "
ထိုစကားကိုကြားမှ ကျူးကဲ့ကျန့် စိတ်အေးသွားဟန်
ဖြင့် သက်ပြင်းချလိုက်၏။
လောထျန်းက အားလုံးကို သတ်ရန် မပြောခဲ့ဘူး မဟုတ်ပါလား ..
" အဲ့ကိစ္စကို ကျုပ်တာဝန်ယူလိုက်ပါ့မယ် "
ကျူးကဲ့ကျန့် ပြောပြီးနောက် သူ့လူများနှင့်အတူ ထွက်သွားသည်။
ထိုအချိန်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းဘေးသို့ ထပ်ရောက်လာ၏။
" ထျန်းမင်ကမ္ဘာက ဖျက်ဆီးခံလိုက်ရပြီဆိုတော့... ထျန်းယွမ်ကမ္ဘာ ခဏ ဘေးကင်းသွားပြီ ။ ဒါပေမယ့်... ဒါ အစပဲ ရှိသေးတယ်ကွ "
သူ ပြောသည်။
လောထျန်း သူ့ဘက်လှည့်ကြည့်လိုက်၏။
" သခင်ကြီးဆိုလိုတာက.. အပေါ်ကမ္ဘာ လား "
ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်နှာတည်ဖြင့် ခေါင်းညိတ်သည်။
" ဟုတ်တယ်ကွ ။ ထျန်းယွမ်ကမ္ဘာကို ဆူးတစ်ချောင်းလို သဘောထားတဲ့ အင်အားကြီးအဖွဲ့တွေ အပေါ်ကမ္ဘာမှာ အများကြီးရှိတယ်။ ငါတို့ ထျန်းယွမ်ကမ္ဘာက အားနည်းပြီး တခြားကမ္ဘာတွေရဲ့ သတ်ဖြတ်တာကို ခံနေရခဲ့ရတုန်းကတော့ ကိစ္စမရှိဘူးပေါ့ကွာ ။ ဒါပေမယ့် ငါတို့ကမ္ဘာ တိုးတက်လာတာကို တွေ့တာနဲ့ သူတို့အားလုံး ငါတို့ကို ပစ်မှတ်ထားလာကြမှာပဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုကိစ္စကို အတွင်းကျကျ နားလည်ထားသူတစ်ယောက်ဟု ပြော၍ရပါသည်။
လောထျန်း သိချင်စိတ်ဖြင့် ဆက်မေး၏။
" ဘာဖြစ်လို့လဲဗျ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေတ္တမျှ စဥ်းစားနေပြီးမှ ပြန်ဖြေသည်။
" အင်း ... မင်းက ဒါတွေကိုသိဖို့ ထိုက်တန်တဲ့သူဆိုတော့ ငါမင်းကို ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူး "
သူ ပြောပြီး လောထျန်းကိုကြည့်၍ မေးလာသည်။
" ထျန်းယွမ်ဓားကို ပြင်ပြီးသွားပြီလား "
လောထျန်း ခေါင်းညိတ်လိုက်၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အလေးအနက် မျက်နှာထားဖြင့် ဆိုသည်။
" ဒါဆိုရင်... မင်းကို ထျန်းယွမ်ကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေ လိုက်ပြပေးမယ် "