← Chapters

အဆုံးအစမဲ့ ကောင်းကင်မြို့တော်

Vol. 54 Ch. 754

အဆုံးအစမဲ့ ကောင်းကင်မြို့တော်

Vol. 54 Ch. 754

သူ့စကားကြောင့် လောထျန်း သိချင်စိတ် ပိုဖြစ်သွားရသည်။

ထို့နောက် သူလက်ယမ်း၍ ကောင်းကင်နှင့်မြေကြီး မီးဖိုအား ခေါ်လိုက်၏။

" အရိုအသေပေးပါတယ် သခင်ကြီး "

ကောင်းကင်နှင့်မြေကြီးမီးဖို၏ အဖုံးက အဖွင့်အပိတ်လုပ်၍ ဆိုလာသည်။

" ဟင်... ဒါက.... "

၎င်းကို မြင်သောအခါ ထျန်းယွမ်ကမ္ဘာသခင်ကြီး သိသိသာသာပင် အံ့သြတုန်လှုပ်သွား၏။

လောထျန်းက များစွာ ရှင်းပြမနေဘဲ ကောင်းကင်နှင့်မြေကြီးမီးဖိုကို ကြည့်၍သာ မေးလိုက်သည်။

" ထျန်းယွမ်ဓား ဘယ်မှာလဲ "

" သခင်ကြီးအတွက် အသင့်ပြင်ထားတာ ကြာပြီဗျ "

ကောင်းကင်နှင့်မြေကြီးမီးဖို ပြောပြီး အဖုံး ရုတ်တရက် ပွင့်သွား၏။

ချွှင် ...

မသေမျိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ရုတ်ချည်းထိုးတက်သွားသည်။

အရပ်မျက်နှာပေါင်းစုံမှ စွမ်းအင်များလည်း လှုပ်ရှားလာကာ ထျန်းယွမ်ကမ္ဘာ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။

" လောထျန်း ၊ ထျန်းယွမ်ဓားကို မြန်မြန်ဖိနှိပ်လိုက် ။ ဒီဓားက လက်ရှိ ပိုင်ရှင်မရှိသေးဘူးဆိုတော့ ကမ္ဘာအစွမ်းကိုသာ အသက်သွင်းလိုက်ရင် ပြဿနာတွေ ဖြစ်ကုန်လိမ့်မယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အလျင်စလို ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်ပြီး လက်ဆန့်ထုတ်၍ ထျန်းယွမ်ဓား၏ ဓားနှောင့်ကို ဆုပ်ကိုင်လိုက်သည်။

၎င်းကိုမြင်သော ထျန်းယွမ်ကမ္ဘာသခင်ကြီး ချက်ချင်းဝင်ပြော၏။

" လောထျန်း ၊ အခု သေချာနားထောင် ။ ထျန်းယွမ်ဓားကို ဘယ်လိုသန့်စင်ရမယ်ဆိုတာ ငါ မင်းကို သင်ပေး .... "

သို့သော် သူ့စကား မဆုံးခင်မှာပင် ..

ဝီ ..

လောထျန်းလက်ထဲရှိ ထျန်းယွမ်ဓားက မသေမျိုးအလင်းတန်းတစ်ခု ရုတ်တရက် ထုတ်လွှတ်လာပါ၏။

ထို့နောက်တွင် ၎င်း မသေမျိုးအလင်းတန်းက သူ့ကိုယ်သူ ပြန်ထိန်းချုပ်ကာ အလွန်ငြင်သာနူးညံ့သွားသည်။

အချုပ်အနှောင်အစွမ်းများလည်း ပြန်ငြိမ်ကျသွား၏။

" သန့်စင်လို့ ပြီးသွားပြီ ။ ဒါနဲ့... သခင်ကြီး ခုနတုန်းက ဘာပြောမလို့လဲ "

လောထျန်းက ထျန်းယွမ်ကမ္ဘာသခင်ကြီးဘက် လှည့်၍ မေးလာသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီး : " ....... "

" သူ့ကို မမြင်ရတာ တစ်လလောက်ရှိသွားတော့ သူ ဘယ်လိုဘီလူးမျိုးလဲဆိုတာ ငါ မေ့သွားတယ် "

သူ တွေးလိုက်သည်။

ထို့နောက် သူ အရှက်ပြေချောင်းဟန့်ပြီး လောထျန်းအား ပြောလိုက်၏။

" ဟုတ်ပြီ .... မင်းနဲ့အတူ အစွမ်းထက်တဲ့ လူနည်းနည်းလောက်ကို ခေါ်လာပြီး ငါနဲ့လိုက်ခဲ့ "

ထိုစကားကို ကြားသောအခါ လောထျန်း နောက်လှည့်၍ လုံယီရွှယ် ၊ နျိုထျဲ့ချူ ၊ လောရုံ ၊ လောရှောင်ရှောင်း နှင့် အခြားသူများကို ခေါ်လိုက်သည်။

ထိုသူများသာမက ... သခင်ကြီးထျန်းလုံ

အပါအဝင် အခြား ကမ္ဘာပေါ်မှမသေမျိုး အချို့ကိုလည်း တစ်ပါတည်း ခေါ်ခဲ့လိုက်ပါ၏။

အားလုံးလူစုပြီးနောက် ထျန်းယွမ်ကမ္ဘာသခင်ကြီးက နေရာတွင်ပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းလိုက်သည်။

ထို့နောက်တွင်.. အလင်းတန်းတစ်ခု လက်လာကာ သူတို့လူစု နေရာမှ ပျောက်ကွယ်သွား၏။

ထိုစဥ် ကန္တာရတစ်ခု၌ ...

ဝီ ...

စိတ်စွမ်းအင် အလင်းတန်းတစ်ခု လက်သွားပြီး လောထျန်းတို့လူစု ပေါ်လာကြသည်။

" ဒါက.... "

လောထျန်း ရောက်ရောက်ချင်း ဘေးဘီသို့ လှည့်ကြည့်လိုက်ရာ သူ့ဘေးပတ်လည်တွင် ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများသာ ရှိနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ အချိန်မည်မျှကြာ စွန့်ပစ်

ခံထားရသော ရှေးဟောင်းမြို့ပျက်ကြီး တစ်ခုမှန်း မသိပါ ...

သခင်ကြီးထျန်းလုံက ပျက်စီးနေသော နံရံတစ်ခုဆီ လျှောက်သွား၍ ကြည့်လိုက်သည်။ ထို့နောက်.. သူ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

" ဒါ.. ဘယ်လိုဖြစ်နိုင်မှာလဲ.. "

သူ တုန်လှုပ်စွာ ဆိုသည်။

" ဟင်... ဘာဖြစ်လို့လဲ.. "

ကျန်လူများအားလုံးလည်း လှည့်ကြည့်လိုက်ကြ၏။

သခင်ကြီးထျန်းလုံက ဟောင်းနွမ်းပျက်စီးပြီး သဲများအဖြစ် ပြောင်းတော့မလို ဖြစ်နေသော နံရံအပိုင်းအစတစ်ခုကို ကိုင်ရင်း ပြောသည်။

" ဒါ ... မသေမျိုးလက်နက်တွေကို သန့်စင်တဲ့နေရာမှာ သုံးတဲ့ သဘာဝရတနာတစ်မျိုးဖြစ်တဲ့ ၊ မိုးကြိုးတိမ်တိုက်ကျောက်တုံး ပဲကွ ။ ဒါပေမယ့်.. အခုလို အခြေနေတောင် ဖြစ်သွားရတာဆိုတော့.. ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ "

သူ့စကားကြောင့် ကျန်လူများ အံ့အားသင့်ကုန်ကြ

ကာ ဘေးဘီသို့လှည့်ကြည့်၍ ရှာဖွေလိုက်ကြသည်။

" ကြည့်လိုက်ဦးဟေ့ ၊ ဒီတံခါးချပ်ကလဲ ပျက်စီးနေပြီ ။ ဒါပေမယ့်.. ဒီဟာက မသေမျိုးသစ်ပင်ရဲ့ ပင်စည်ဆိုတာ သေချာတယ် "

" ကြမ်းပြင်မှာလဲ မသမျိုးလက်နက် အပျက်အစီးတွေ ရှိတယ်ကွ "

အားလုံး အံ့သြမှင်သက်သွားရတော့သည်။

ထိုစဥ် ယောင်ချီ နတ်ဘုရားသခင်မကြီးက ဘေးဘီသို့ လှည့်ကြည့်ရင်း ရုတ်တရက် ပြောလာ၏။

" ဒါ ... အဆုံးအစမဲ့ ကောင်းကင်မြို့တော် ဖြစ်နိုင်လား... "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သူမအား အံ့သြနေသည့် မျက်နှာထားဖြင့် လှည့်ကြည့်၍ ပြောလိုက်သည်။

" ဒီမြို့နာမည်ကို မှတ်မိတဲ့သူ ရှိသေးတာလား "

ထိုတခဏ၌ ကျန်လူများအားလုံးလည်း ယောင်ချီနတ်ဘုရားသခင်မကြီး ဘက် လှည့်ကြည့်လိုက်

ကြ၏။

ယောင်ချီနတ်ဘုရားသခင်မကြီးက မြန်မြန်ရှင်းပြသည်။

" ကျွန်မ အဲ့နာမည်ကို ယောင်ချီရဲ့ သဘာဝစိတ်ဝိဥာဥ် သခင်မကြီးဆီက ကြားခဲ့တာ ။ သူကလဲ အဲ့အကြောင်းကို ငယ်ငယ်က ကြားခဲ့ဖူးတာလို့ပြောတယ် ။ သိပ်မကြာခင်တုန်းကတော့ သခင်မကြီးက ဒီ အဆုံးအစမဲ့ကောင်းကင်မြို့တော်ဆီ သွားနိုင်တဲ့လမ်းကို ရှာတွေ့ပြီး သွားစုံစမ်းကြည့်ဖို့ ပြင်လိုက်သေးတယ် ။ ဒါပေမယ့်... သူ ဒဏ်ရာဆိုးဆိုးရွားရွားရပြီး သေခါနီး ဖြစ်သွားခဲ့ရတာ "

သခင်ကြီးထျန်းလုံ မျက်မှောင်ကြုံ့သွားသည်။

" ဒဏ်ရာဆိုးဆိုးရွားရွား ရတယ်.. ဟုတ်လား ။ ဟိုတစ်ခါ သခင်လေးလောထျန်း သူ့ကို ဒဏ်ရာကုပေးလိုက်တုန်းကလား "

ယောင်ချီနတ်ဘုရားသခင်မကြီး ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ရှင့် ။ ဒါပေမယ့်.. သခင်မကြီးက လမ်းကိုပဲ တွေ့ပြီးတော့ ဒီကို မရောက်ခဲ့ဘူး "

ချင်းဝူချုံလည်း မျက်မှောင်ကြုံ့သွားသည်။

" ဒါနဲ့ ၊ ဒီ အဆုံးအစမဲ့ကောင်းကင်မြို့တော်က ဘာလဲဆိုတာ မပြောရသေးဘူးနော် "

ယောင်ချီနတ်ဘုရားသခင်မကြီး ရှက်သွားဟန်ဖြင့် ပြော၏။

" ကျွန်မလဲ ဒီတိုင်း အကြမ်းဖျင်းပဲ ကြားဖူးထားတာပါ ။ ကြားတာတော့ ဒီ အဆုံးအစမဲ့ကောင်းကင်မြို့တော်က ရှေးခေတ်က... ထျန်းယွမ်ကမ္ဘာ အစွမ်းအမြင့်ဆုံးကို ရောက်နေတဲ့အချိန်မှာ ထျန်းယွမ်ကမ္ဘာရဲ့ တစ်ခုတည်းသော မြင့်မြတ်နယ်မြေတဲ့ ။ ဒီမြို့က လက်ရှိ ထျန်းယွမ်ကမ္ဘာရဲ့ မြင့်မြတ်နယ်မြေတွေနဲ့ သဘောတရားချင်း မတူဘူးလို့လဲ ပြောတယ် ။ ဒီနေရာက တကယ့်ကို အထွတ်အမြတ်ထားတဲ့ နေရာတစ်ခုပဲ "

ယနေ့ခေတ် ထျန်းယွမ်ကမ္ဘာတွင်မူ.. စိတ်ဝိဥာဥ်မသေမျိုးအဆင့် အစွမ်းရှိသော ကမ္ဘာပေါ်မှမသေမျိုးတစ်ယောက် ရှိသည်နှင့် မြင့်မြတ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်၍ ရနေလေပြီ ။

သို့သော် အဆုံးအစမဲ့ကောင်းကင်မြို့တော်ကမူ

ထိုသို့ မဟုတ်ပါ ။

သူမစကားကို နားထောင်နေသော ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်လိုက်သည်။

" အမှန်ပဲကွ ၊ ဒါတွေကို သိဖို့ဆိုတာ မလွယ်ဘူး ။ ဒါပေမယ့်... အဆုံးအစမဲ့ကောင်းကင်မြို့တော် က မင်းတို့တွေ ထင်ထားတာထက်တောင် ပိုအစွမ်းထက်နိုင်တယ် "

" ဟင် ... "

အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီး သက်ပြင်းချ၍ စကားဆက်၏။

" ငါသိသလောက်ဆိုရင် ရှေးခေတ်က.. အဆုံးအစမဲ့ကောင်းကင်မြို့တော်မှာ အစွမ်းထက် မသေမျိုးဘုရင်တွေ အများကြီး ရှိခဲ့ဖူးတယ်တဲ့ ။ သူ့အောက်အဆင့်က မသေမျိုးသခင်ကြီးတွေဆို ပိုတောင်များသေးတယ်တဲ့ ။ အဲ့လို တိုက်ခိုက်ရေးအင်အားစုမျိုး ရှိထားလို့လဲ အပေါ်ကမ္ဘာက သူတို့ကို ကြောက်ရတယ်လို့ ပြောတယ် "

ပြောနေရင်း သူ့မျက်နှာပေါ်တွင် ခါးသီးမှုအရိပ်အယောင်တို့ ပေါ်လာသည်။

" ဒါပေမယ့် ... ကမ္ဘာပျက်ကပ်ကြီးတစ်ခုနဲ့ ကြုံရပြီးနောက်မှာတော့ ခုလိုတွေ ဖြစ်သွားရတာပေါ့ကွာ "

" အဲ့ဒါ ဟို လက်ချောင်းအရိုးကြောင့်လား "

ယောင်ချီ နတ်ဘုရားသခင်မကြီး မေးလာ၏။

အားလုံး သူမဘက် လှည့်ကြည့်လိုက်ကြပြန်သည်။

ရှေးခတ်က ထျန်းယွမ်ကမ္ဘာ ဖျက်ဆီးခံခဲ့ရသည့်အကြောင်းကို သူတို့ သိထားပြီးဖြစ်သော်လည်း ကောလဟလ အပြောများနှင့် ထင်ရာခန့်မှန်းထားသည့် စကားအချို့ကိုသာ ကြားဖူးခဲ့ပါသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာမူ ထိုခေတ်နှင့် အနီးစပ်ဆုံး မွေးဖွားလာခဲ့သည့် သူတစ်ယောက်ဖြစ်ရာ .. သူက ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့ထက် များစွာပိုသိပါ၏။

ထင်ထားသလိုပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ ဆိုသည်။

" ဟုတ်တယ်ကွ ၊ ဒါပေမယ့် တကယ်တိုက်ခိုက်ခဲ့တာတော့ အဲ့လက်ချောင်းအရိုး တစ်ခုတည်းမဟုတ်ဘူး ။ တခြား ထူးဆန်းပြီးတော့ အင်အားကြီးတဲ့ အဖွဲ့တွေအများကြီးလဲ တိုက်ခိုက်ခဲ့ကြသေးတယ် "

" ဒီလောက် အစွမ်းထက်ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတဲ့ အဆုံးအစမဲ့ကောင်းကင်မြို့တော်က အဲ့ ထူးဆန်းတဲ့အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကိုတော့ လုံးဝ မခုခံနိုင်ခဲ့ကြဘူး ။ တစ်မြို့လုံးက ခဏလေးနဲ့ ဖျက်ဆီးခံခဲ့ရတာပေါ့ကွာ "

" ဘယ်လို... "

လောထျန်းအပါအဝင် ကျန်လူများအားလုံး အံ့သြမှင်သက်ကုန်ကြသည်။

ဤမျှ ကြောက်စရာတိုက်ခိုက်ရေးအင်အားစုမျိုး ပိုင်ဆိုင်ထားသည့် အဆုံးအစမဲ့ကောင်းကင်မြို့တော်က ခဏလေးနဲ့ ဖျက်ဆီးခံခဲ့ရသတဲ့လား ...

တဖက် ရန်သူများက မည်မျှ အစွမ်းထက်ကြပါသနည်း ...

ထိုစဥ် သခင်ကြီးထျန်းလုံက မျက်မှောင်ကြုံ့၍ ဝင်မေးသည်။

" အဲ့လောက်အစွမ်းထက်တဲ့ သူတွေက ထျန်းယွမ်ကမ္ဘာကို ဘာလို့တိုက်ခိုက်ကြတာလဲဗျ ။ အဆုံးအစမဲ့ကောင်းကင်မြို့တော်မှာ မသေမျိုးဘုရင်တွေတောင် အများကြီးရှိတာဆိုရင်တောင် .. တိုက်ရမှာ မတန်ဘူးလေ ။ ဒါမှမဟုတ်... ဒီမှာ သူတို့လိုချင်တဲ့ တခြားအရာတစ်ခု ရှိလို့များလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ်ကွ ၊ မင်းပြောတာမှန်တယ် "

သူ ထိုသို့ပြောကာ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" အဆုံးအစမဲ့ကောင်းကင်မြို့တော်မှာ တကယ်လဲ အင်မတန်ထူးခြားတဲ့ ရတနာတစ်ခုရှိတယ် ။ အပေါ်ကမ္ဘာက အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေရော ၊ ရှေးဟောင်းသားရဲကြီးတချို့ပါ လိုချင်နေကြတဲ့ ရတနာပေါ့ကွာ "

အားလုံးက သိချင်စိတ်ပြင်းသည်် မျက်နှာထားများဖြ

င့် ပြိုင်တူမေးလာကြ၏။

" အဲ့ဒါ ဘာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းမော့၍ ပြန်ဖြေသည်။

" ငါလဲ မသိဘူးကွ "

အားလုံး : " ....... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ ရာထူးဂုဏ်ပုဒ်နှင့် သူတို့၏ဘိုးဘေးဆိုသော အသိသာ ခေါင်းထဲမရှိထားပါက သူတို့ သူ့အား ဆဲရေးမိမည်မလွဲပါ ။

ထိုစဥ် ထျန်းယွမ်ကမ္ဘာသခင်ကြီးက အားလုံးကို ခပ်ယဲ့ယဲ့အပြုံးဖြင့်ကြည့်ကာ ပြောလာ၏။

" ငါ မင်းတို့ကို တမင်မပြောတာ မဟုတ်ပါဘူးကွာ ။ ငါလဲ တကယ်ကို မသိတာပါ ။ တကယ်တော့ အဆုံးအစမဲ့ကောင်းကင်မြို့တော်က သခင်ကြီးတွေတောင် အဲ့ရတနာက ဘာမှန်း မသိခဲ့ကြဘူး "

ထို့နောက် သူစကားခဏရပ်ပြီး အားလုံး၏ မျက်နှာထားကို ကြည့်ပြီးမှ လက်ယမ်း၍

ပြောသည်။

" ထားပါလေ... အဲ့ဒါကို ငါလဲ သေချာမရှင်းပြတတ်ဘူး ။ မင်းတို့ကိုယ်တိုင်မြင်ရင် နားလည်သွားကြပါလိမ့်မယ် "

သူ လောထျန်းဘက် လှည့်ကြည့်ကာ ဆက်ပြော၏။

" လောထျန်း ၊ မင်းရဲ့ အချုပ်အနှောင်အစွမ်းကို သုံးပြီးတော့ ဒီက အချုပ်အနှောင်ကို ဖွင့်လိုက် "

လောထျန်း ခေါင်းညိတ်၍ သူ့လက်ထဲရှိ ထျန်းယွမ်ဓားထဲမှ အချုပ်အနှောင်အစွမ်းများကို မြေကြီးထဲ ပို့လွှတ်လိုက်သည်။

ချွှင် ...

အဆုံးအစမဲ့ကောင်းကင်မြို့တော် အပျက်အစီးများအားလုံး ရုတ်တရက် အရောင်လက်သွားကာ အနည်းငယ် တုန်ခါလာသည်။

ထို့နောက်တွင် ... တံခါးတစ်ချပ် ဖြည်းညင်းစွာ ပွင့်လာ၏။

တစ်ချိန်တည်းမှာပင် ... မိုင်ထောင်ပေါင်းများစွာ ဝေးသောတစ်နေရာ၌ ..

ဝုန်း ...

ထျန်းယွမ်ကမ္ဘာ၏ အကာအရံ ပျက်စီးသွားကာ ထူးဆန်းသော အနီရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်နေသည့် လက်ချောင်းရိုးတစ်ခုက ဟင်းလင်းပြင်လေထုထဲမှ တိုးထွက်လာပြီး ..လောထျန်းတို့လူစု ရှိသည့်ဘက်သို့ ဦးတည်လိုက်သည်။

All Chapters