ကမ္ဘာဖျက်ဆီး လက်ချောင်းအရိုး
Vol. 54 Ch. 755
ဝုန်း...
ထို့နောက်တွင်မူ လက်ချောင်းအရိုးက လောထျန်းဆီသို့ ဟိတ်ကြီးဟန်ကြီး အမူအရာဖြင့် ပျံသန်းသွားသည်။
၎င်း ရှေ့တိုးလာတိုင်း ပတ်ဝန်းကျင်လေထု ပြိုကွဲသွားပြီး မြေပြင်လည်း အက်ကွဲသွား၏။
၎င်း ဖြတ်သွားရာ လမ်းတလျှောက်မှ မြို့များလည်း ချက်ချင်းဖျက်ဆီးခံလိုက်ရတော့သည်။
" ဒီလို လုပ်ရပ်မျိုး ဘယ်ကောင်လုပ်ရဲတာလဲကွ "
မသေမျိုးအစွမ်းကို ခန္ဓာကိုယ်ထဲ စုပ်ယူထားသော မသေမျိုး အဘိုးအိုတစ်ယောက်က လက်ချောင်းအရိုး၏ အရောင်အဝါကို အာရုံခံမိပြီး ၎င်းကိုတားရန် လေထဲ ပျံတက်လိုက်သည်။
သို့သော် သူ လက်ချောင်းအရိုးအား သေချာပင် မမြင်လိုက်ရပါ ။
ဝုန်း ..
ကျလာသော အစွမ်းထက် ဖိအားကြီးတစ်ခုကြောင့် အဘိုးအိုမှာ သွေးမှုန်အဖြစ် ရုတ်ချည်းပြောင်းသွားတော့သည်။
" ဘိုးဘေး "
အဘိုးအိုနောက်ရှိ ဂိုဏ်းသားလူငယ်တစ်အုပ်ထံမှ တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။
သို့သော် ထိုစဥ်မှာပင် ထိုလူငယ်များအပါအဝင် သူတို့ဂိုဏ်းတစ်ခုလုံး ပြာဖြစ်သွားရပါတော့၏။
ကြီးမားလှသော မြို့ကြီးတစ်မြို့မှာလည်း လက်ချောင်းအရိုး ဖြတ်သန်းသွားရာမှ ကျန်ခဲ့သော အကြွင်းအကျန်အစွမ်းဖြင့် ထိမိရုံနှင့် မြို့တစ်ဝက် ချက်ချင်းပျက်စီးသွားတော့သည်။ အသေအပျောက်မှာလည်း မရေမတွက်နိုင်အောင်ပင် ..
ထို လက်ချောင်းအရိုးက ချွန်မြည့်လှသော ဓားသွားတစ်ခုသဖွယ်.. ထျန်းယွမ်ကမ္ဘာထဲသို့ ဆက်တိုးဝင်လာသည်။
၎င်းဖြတ်သွားသည့် နေရာများ၌ သွေးချောင်းစီးသွားတော့၏။
အခြားတဖက် ... အဆုံးအစမဲ့ကောင်းကင်မြို့တော်တွင် ရှိနေကြသော လောထျန်းတို့လူစုမှာကား ထျန်းယွမ်ကမ္ဘာ၌ ဘာဖြစ်နေသည်ကို လုံးဝ မသိကြပါ ။
ထိုစဥ် သူတို့ရှေ့၌ အချုပ်အနှောင် ပွင့်သွားပြီး ၊ လျှို့ဝှက်ထွင်းစာများ ပါရှိသော တံခါးတစ်ချပ် ပေါ်လာ၏။
ထို့နောက်.. တံခါးပွင့်သွားကာ လမ်းတစ်ခု ပေါ်လာသည်။
" သွားကြစို့ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး စိတ်လှုပ်ရှားစွာ ဆိုသည်။
လောထျန်းနှင့် ကျန်လူများမှာလည်း တုန့်ဆိုင်းမနေဘဲ ချက်ချင်းလိုက်ဝင်သွားကြ၏။
" ဒါ... လျှို့ဝှက်ဒေသတစ်ခုလား... "
ဟင်းလင်းပြင်လမ်းကြောင်းထဲမှ ဖြတ်ဝင်လာကြသော လာထျန်းတို့လူစုမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
သူတို့ရှေ့တွင်ကား ကမ္ဘာငယ်တစ်ခုနှင့် တူသည့်နေရာတစ်ခု ရှိနေကာ...
စိတ်စွမ်းအင်များ ကြွယ်ဝလှပြီး ၊ မသေမျိုးစွမ်းအင်များလည်း လူးလွန့်နေကာ.. ပျောင်ပိုင်မြို့ လျှို့ဝှက်ဒေသထက်ပင် ပိုကောင်းပါသေး၏။
" အင်း.. အဲ့လိုပြောလို့ရတယ် "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်လိုက်သည်။
ထိုစဥ် ရေသံတစ်သံက အားလုံး၏ အာရုံကို ဆွဲခေါ်လိုက်နိုင်ပါသည်။
လောထျန်းတို့လူစု ချက်ချင်းခေါင်းလှည့်ကြည့်လိုက်
ရာ ... ကျောက်တုံးကြီးများကြားမှ ရေစီးကြောင်းတစ်ခု ကျနေပြီး ၎င်းရေများက ရေအိုင်တစ်ခုအဖြစ် ပေါင်းစည်းနေသည်ကို မြင်လိုက်ရသည်။
၎င်းရေအိုင်ပေါ်တွင်လည်း မှိန်ဖျော့ဖျော့ စိတ်ဝိဥာဥ်အရိပ်တစ်ခု ပေါ်လာပြီး ဝမ်းပမ်းတနည်း ငိုကြွေးသံများ ထွက်နေ၏။
၎င်းအသံမှာ အမုန်းတရားနှင့် သတိရလွမ်းဆွတ်မှုတို့ ရောယှက်နေသယောင် ...
" ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်ပဲ "
၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် လောထျန်း သိလိုက်သည်။
၎င်းမှာ ထျန်းယွမ်ကမ္ဘာ၏ တာအိုကမ္ဘာသစ်သီးဖြစ်သော ၊ ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်ပင် ...
၎င်းအား သခင်ကြီးယွမ် ဆီမှ သူ ရခဲ့ဖူးသည် မဟုတ်ပါလား ..
" ဘယ်လို... ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက် .. ဟုတ်လား "
လောထျန်းစကားကို ကြားသွားသော သခင်ကြီးထျန်းလုံနှင့် အခြားသူများဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်လာ၏။
ရှေးခေတ်ကတည်းက ပျောက်ကွယ်နေခဲ့သော ထျန်းယွမ်ကမ္ဘာ၏ တာအိုကမ္ဘာသစ်သီး ကို သူတို့ ယနေ့ မြင်ခွင့်ရလေပြီ ။
" ဟုတ်တယ်ကွ ၊ မင်းတို့ပြန်ရင် ယူသွားလို့ရတယ် ။ ဒါပေမယ့် အားလုံးတော့ ယူမသွားနဲ့နော် ။ အဲ့ကျရင် ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက် ဆက်မထွက်တော့ဘဲ လုံးဝ ပျောက်သွားနိုင်တယ် "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်သည်။
အားလုံး ခေါင်းညိတ်ပြီး ရေအိုင်သို့ အပြေးအလွှား သွားလိုက်ကြသည်။
ယောင်ချီ နတ်ဘုရားသခင်မကြီးသည်ပင် သူ့ရာထူးဂုဏ်ပုဒ်ကို ဂရုမစိုက်နိုင်တော့ဘဲ ဟင်းလင်းပြင်လက်စွပ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်၍ ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်များကို
ဂရုတစိုက်ထည့်ကာ သိမ်းလိုက်သည်။
သို့သော် သူတို့အားလုံးမှာ ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စကားကို အလေးနက်ထားပြီး မိမိကိုယ်ကို ထိန်းချုပ်၍ တစ်ယောက်ကို ပုလင်းအနည်းငယ်စီသာ ယူလိုက်ကြပါ၏။
" သခင်ကြီး ... သခင်ကြီးပြောတဲ့ ရတနာကရော ဘယ်မှာလဲဗျ "
ထိုစဥ် ချင်းဝူချုံက မေးလာသည်။
ကျန်လူများအားလုံးလည်း ထျန်းယွမ်ကမ္ဘာသခင်ကြီးအား လှည့်ကြည့်လိုက်ကြ၏။
သူပြောသွားခဲ့သော ရတနာက ဘာဖြစ်မည်ကို အားလုံး သိချင်စိတ်စောနေကြသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြောလိုက်သည်။
" ငါနဲ့ လိုက်ခဲ့ကြ "
သူ ပြောပြီး ရှေ့ဆုံးမှ ဦးဆောင်ထွက်သွား၏။
အားလုံးမှာလည်း တွန့်ဆုတ်မနေရဲဘဲ နောက်မှလိုက်သွားကြသည်။
ဤသို့ဖြင့် သူတို့လူစု အချိန်အတန်ငယ်ကြာ လျှောက်သွားကြပြီးနောက် မကြာခင်တွင်.. တွင်းကြီးတစ်ခုရှေ့ ရောက်သွားကြသည်။
" ဒါ... "
တွင်းကို ငုံကြည့်လိုက်ကြသော သူတို့လူစု၏ မျက်နှာထားများ ပြောင်းသွားကုန်ကြ၏။
တွင်းထဲတွင်ကား ရာနှင့်ချီသော ကျောက်တုံးနဂါးရုပ်ထုများကို အစီစဥ်တကျ နေရာချထားပြီး တွင်းအလယ်မှ တစ်စုံတစ်ခုကို ကာကွယ်နေဟန် တူပါသည်။
ထို ကျောက်တုံးနဂါးရုပ်ထုများ၏ ပါးစပ်များမှလည်း မသေမျိုးစွမ်းအင်များ ထွက်နေကာ မသေမျိုးစွမ်းအင်ပင်လယ်အဖြစ် ပေါင်းစပ်သွားပြီး ... ပင်လယ်အစစ်လား ၊ ပုံရိပ်ယောင်တစ်ခုလား ဆိုသည်ကိုပင် ခွဲရန်ခက်လှပါသည်။
သို့သော် ထို့ထက်ပို တုန်လှုပ်စရာကောင်းသည်မှာ ကျောက်တုံးရုပ်ထုများမှ ထွက်နေသည့် ဖိအားပင် ..
" ဒါ... ကျောက်တုံးရုပ်ထု အစစ်ရော ဟုတ်ရဲ့လား ။ အဲ့ကထွက်နေတဲ့ ဖိအားက ကျုပ်ထက်တောင် ပိုအစွမ်းထက်သေးတယ် "
သွမ့်ချန်ချိုးမှာ ထို ကျောက်တုံးနဂါးရုပ်ထုများကို ကြည့်ရင်း မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
သူ့ဘေးမှ လူများမှာလည်း ထို့နည်းတူပါပင် ။
" ဒီ ကျောက်တုံးရုပ်ထုတွေက သဘာဝက ဖန်တီးထားတဲ့ မူလမသေမျိုးလက်နက်တွေလား "
သခင်ကြီးထျန်းလုံ မေးလိုက်သည်။
သူ့စကားကြောင့် ချင်းဝူချုံ မျက်လုံးများ အရောင်လက်သွား၏။
မူလမသေမျိုးလက်နက်တွေ တဲ့လား..
၎င်းရုပ်ထုများထဲမှ တစ်ခုကို ယူပြီး ဝူလျန်နန်းတော်သို့ ပြန်ယူသွားနိုင်လျှင် မည်မျှ ကောင်းလိုက်မည်
နည်း ...
ထိုစဥ် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောသည်။
" မဟုတ်ဘူးကွ ၊ ဒီကျောက်တုံးရုပ်ထုတွေကို သာမာန်ကျောက်တုံးတွေကနေ ထွင်းထားတာ ။ စိတ်စွမ်းအင်ကျောက်တုံးတောင် မဟုတ်ဘူး "
" ဘယ်လို ... "
အားလုံး အံ့သြမှင်သက်သွားရပြန်တော့သည်။
သာမာန်ကျောက်တုံးက ဤမျှ ကြောက်စရာကောင်းသော ဖိအားကို ထုတ်လွှတ်နိုင်သတဲ့လား ...
၎င်းမှာ သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်နေလေပြီ ။
ထိုစဥ် ယောင်ချီ နတ်ဘုရားသခင်မကြီးက တစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ပြော၏။
" ဒါ.... ဟိုရတနာကြောင့် အဲ့လိုဖြစ်နေတာလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်လိုက်သည်။
" အမှန်ပဲ ၊ ဒီကျောက်တုံးရုပ်ထုတွေ အားလုံးက ဟိုထူးခြားတဲ့ ရတနာကြောင့်မို့ ဒီလောက်အစွမ်းထက်တဲ့ အရောင်အဝါတွေ ရှိနေကြတာ "
" ဒါ... "
ယောင်ချီ နတ်ဘုရားသခင်မကြီး မျက်နှာထား ချက်ချင်းပြောင်းသွားတော့သည်။
ထိုရတနာက အစွမ်းထက်မည်ကို သူမ သိထားပြီးဖြစ်သော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟုမူ ထင်မထားခဲ့ပါ ။
ထိုရတနာနှင့် နှစ်များစွာ နီးနီးကပ်ကပ် ရှိရရုံဖြင့် သာမာန်ကျောက်တုံးများက သဘာဝ မူလမသေမျိုးလက်နက်များနှင့် ယှဥ်နိုင်သည့် ဖိအားမျိုးကို ထုတ်လွှတ်နိုင်သတဲ့လား ...
ထိုရတနာက မည်မျှ အစွမ်းထက်ပါသနည်း...
" သခင်ကြီး ၊ အဲ့ရတနာက ဘယ်မှာလဲဗျ ။ ကျုပ် ဘာမှလဲ မမြင်ရဘူး "
သခင်ကြီးထျန်းလုံက ကျောက်တုံးနဂါးရုပ်ထုကို ကြ
ည့်ရင်း မေးလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်း၍ ဆို၏။
" ကြားဖူးတာတော့ အဲ့ရတနာက ပေါ်လာခဲတယ်တဲ့ ။ ဒါပေမယ့် အဲ့လိုပေါ်လာတိုင်း အခွင့်ကောင်းကြီးတစ်ခုလို့ ပြောတယ် "
" အခွင့်ကောင်း... ဟုတ်လား "
အားလုံး သိတ်ချင်စိတ် ပိုဖြစ်သွားကြသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ စကားဆက်၏။
" ဟုတ်တယ်ကွ ၊ အခွင့်ကောင်း .. ။ ငါကြားဖူးတာတော့ အဲ့ရတနာကို မြင်တဲ့သူတိုင်းက အကျိုးကျေးဇူးတွေကို ချက်ချင်းရကြတယ်တဲ့ ။ အဲ့ရတနာနဲ့ ထိမိတဲ့သူဆိုရင်... မသေမျိုးအဆင့်အောက်မှာ ရှိနေရင်တောင် အပေါ်ကမ္ဘာကို ကြိုက်တဲ့အချိန် တက်နိုင်တယ်လို့ပြောတယ် "
" ဒီလိုအခွင့်ကောင်းမျိုးကြောင့်လဲ ရှေးခေတ် ထျန်း
ယွမ်ကမ္ဘာမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီး ရှိခဲ့တာတဲ့ ။ ပြီးတော့.. ဒီဟာက ထျန်းယွမ်ကမ္ဘာ အစွမ်းရဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုပဲ "
ကြားလိုက်ရသော စကားကြောင့် သွမ့်ချန်ချိုးရော ကျန်လူများပါ အံ့သြတုန်လှုပ်ကုန်ကြသည်။
၎င်းရတနာကို ထိမိရုံဖြင့် အကျိုးအမြတ်များစွာ ရသတဲ့လား ...
ထိုသို့သော အရာမျိုးကို ကြားဖူးသည်မှာ ယခုက ပထမဆုံးပါပင် ..
" ဒါဆို.. အဲ့ရတနာ ပေါ်လာအောင် ဘယ်လိုလုပ်လို့ ရလဲဗျ "
ချင်းဝူချုံက အသက်ပြင်းပြင်းရှိုက်ရင်း မေးသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အိုးတို့အမ်းတမ်း ပြန်ပြော၏။
" ငါလဲ ဘယ်လိုသိမှာလဲကွ ။ ငါကိုယ်တိုင်လဲ ရတနာကို တစ်ခါမှ မမြင်ဖူးဘူး... "
သူ ပြောပြီး လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
" မင်းကတော့ အဲ့ရတနာကို ပေါ်လာအောင် လုပ်နိုင်မလား မသိဘူး "
" ကျုပ်လား... "
သူ့စကားကြောင့် လောထျန်း အံ့သြမှင်သက်သွားရသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်ပြ၏။
" ဟုတ်တယ် ။ မင်းမှ မလုပ်နိုင်ရင် တခြားလုပ်နိုင်မယ့်သူကို ငါတော့ မစဥ်းစားတတ်ဘူး "
လောထျန်း ခေါင်းကုတ်လိုက်ရသည်။
" ဒါပေမယ့်.. ကျုပ်ကလဲ ဘာမှမသိဘူးလေ "
" ဒီတိုင်း ကြိုးစားကြည့်ပါလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက မထူးခြားဟန်ဖြင့် ဆက်တိုက်တွန်း၏။
လောထျန်း ခေတ္တမျှ စဥ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ.. ဒါဆိုလဲ စမ်းကြည့်မယ်ဗျာ "
ထို့နောက်.. တွင်းနက်ထဲမှ ကျောက်တုံးနဂါးရုပ်ထုများ စောင့်ကြပ်နေသည့်ဘက်သို့ သူ လက်ညိုးညွှန်၍ ပြောလိုက်သည်။
" ထွက်လာခဲ့ "
အားလုံး : " ........... "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ အော်ဆဲမိတော့မလိုပါပင် ..
ရတနာတစ်ခုကို ခွေးခေါ်သလို ခေါ်နေသတဲ့လား ...
ထိုသို့ခေါ်လျှင် မည်သူက ထွက်လာပါမည်နည်း...
ထျန်းယွမ်ကမ္ဘာသခင်ကြီး စိတ်ထဲမှကြိတ်၍ ပြောနေစဥ်မှာပင် ..
ဝီ ...
နဂါးရုပ်ထုများ စောင့်ကြပ်နေသည့်နေရာမှ အဖြူရောင် အလင်းလုံးတစ်ခု ဖြည်းညင်းစွာ မျောလွင့်လာသည်။