Chapter 746
Vol. 54 Ch. 746
ပြီးနောက်တွင်မူ လောထျန်းက တူကြီးအား အေးဆေးပင် ပြန်သိမ်းလိုက်သည်။ သူ့နောက်မှ အရိပ်ကြီးလည်း ပျောက်ကွယ်သွား၏။
ထို့နောက် သူ လက်ခုပ်တစ်ချက်တီး၍ ဆိုသည်။
" ကဲ.. ပြဿနာကို ရှင်းပြီးသွားပြီ "
" ဒါ.... "
တဖက်မှ ကွေ့ဖန်မှာအား သူ့ကိုကြည့်ရင်း အံ့သြမှင်သက်လျက် ...
သူ့ရှေ့မှ ပြိုကျသွားသော ကျောက်တံခါးကြီးကို တစ်လှည့် ၊ လောထျန်းကိုတစ်လှည့် ကြည့်ရင်း မယုံနိုင် ဖြစ်နေပါတော့၏။
ဟိုးရှေးခေတ်ကတည်းက ယနေ့ခေတ်ထိ တံခါးကြီးအား အနည်းငယ်လေး ပျက်စီးအောင်ပင် လုပ်နိုင်သူ မရှိခဲ့သေးပါချေ။ ထိုသို့သော တံခါးကြီးက ယခု လုံးဝ ပြိုကျသွားသတဲ့...
ထိုစဥ် တဖက်မှ လောထျန်းမှာကား ကျောက်တံခါးထဲသို့ ခြေချလိုက်လေပြီ ။
ကွေ့ဖန် ခေတ္တမျှ တွန်ဆုတ်နေပြီးမှ အံကြိတ်၍ လိုက်ဝင်သွား၏။
သူ အထဲဝင်ဝင်ချင်းမှာပင် မှင်သက်သွားရပါတော့သည်။
" အဲ့ဒါ... ဘာကြီးလဲ "
ကွေ့ဖန် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူ့ရှေ့တွင်ကား ... ကြီးမားလှသော အချုပ်အနှောင် လေထုတစ်ခု ရှိနေပါ၏။
ထိုလေထုကို ကာရံထားသော ဘေးပတ်လည် အကာအရံများတွင်လည်း မရေမတွက်နိုင်သော ထူးဆန်းသားရဲများကို ချိတ်ဆွဲထားကာ ၎င်းတို့က အချုပ်အနှောင် လေထုဘက် မျက်နှာမူထားကြသည်။
၎င်းသားရဲများ၏ ပါးစပ်များ၊ နှာခေါင်းများ၊ မျက်လုံးများနှင့် နားပေါက်များမှလည်း စိတ်စွမ်းအင်များ အဆက်မပြတ်ပင် ထွက်အန်ကျနေပါသေး၏။
ကွေ့ဖန် ၎င်းကိုကြည့်နေရင်း ရုတ်တရက် အသိဝင်သွားသည်။
" ဒါ ... စိတ်စွမ်းအင်သွေးကြောရဲ့ အမြစ်ပဲ ။ ကမ္ဘာသခင်ကြီးက အဲ့ဒါကို ဒီမှာ ချုပ်နှောင်ထားမယ်လို့ ငါ လုံးဝ မထင်မိ... "
" ဟင်... အဲ့ဒါ ဘာကြီးလဲ "
ထိုစဥ်မှာပင် လောထျန်းအသံကို သူ ကြားလိုက်ရသည်။
ကွေ့ဖန် ချက်ချင်း လှည့်ကြည့်လိုက်ရာ လောထျန်းက ထိုလေထု၏ အလယ်တည့်တည့်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။
ထိုနေရာ၌ ... အမည်းရောင် ခေါင်းတလားကြီးတစ်ခုလည်း ရှိနေသည်။
ထို ခေါင်းတလားကြီးမှာ လုံးဝ ချုပ်နှောင်ခံထားရပုံ မရှိဘဲ ကြားပေါက်များမှနေ၍ အမည်းရောင်စွမ်းအင်များ စီးဝင်သွားလိုက် ၊ ပြန်ထွက်လာလိုက် ဖြစ်နေပါ၏။
ခေါင်းတလားကြီး၏ ဘေးပတ်လည်တွင် ရှိနေသည့် ထွင်းစာများကလည်း သားရဲများထံမှ လာသည့် စိတ်စွမ်းအင်များကို စုပ်ယူနေကာ ခေါင်းတလားထဲသို့ အဆက်မပြတ် စီးဝင်နေကြသည်။
ကွေ့ဖန် ၎င်းကိုကြည့်ရင်း အံ့သြသွားရကာ ခေါင်းကုတ်၍ ပြောလိုက်သည်။
" ဒါ... ဘာလဲဆိုတာ ကျုပ်လဲ မသိဘူးဗျ ။ ဒါပေမယ့် ခန့်မှန်းကြည့်ရရင်တော့ မသေမျိုးဧကရာဇ်ကြီး ထျန်းမင်ရဲ့ ခေါင်းတလား ဖြစ်မယ်နဲ့တူတယ် "
" အင်... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
လောထျန်း မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
လောထျန်း၏ အမူအရာကြောင့် ကွေ့ဖန်တစ်ယောက် လန့်သွားကာ မြန်မြန်ရှင်းပြလိုက်ရသည်။
" ဒီလိုပါဗျာ ... ကျုပ်တို့ ထျန်းမင်ကမ္ဘာသားတွေနဲ့
အပေါ်ကမ္ဘာ ၊ ထျန်းမင်နန်းတော်က လူတွေက ထျန်းမင်ဧကရာဇ်ကြီးကို ပြန်အသက်သွင်းဖို့အတွက် ပွဲတစ်ခု စီစဥ်ထားတယ်ဗျ "
" ပြောတာတော့ ထျန်းမင်ဧကရာဇ်ကြီးက မသေမျိုးခန္ဓာကိုယ် အစစ်ကို ရထားတဲ့အတွက် .. လုံလောက်တဲ့ စိတ်စွမ်းအင်တွေနဲ့ စိတ်ဝိဥာဥ်တွေကိုသုံးပြီး ယဇ်ပူဇော်လိုက်ရင် ပြန်အသက်ရှင်လာနိုင်တယ်တဲ့ "
ထို့နောက် သူ ခေါင်းတလားကို ကြည့်ကာ စကားဆက်သည်။
" ဒီ ခေါင်းတလားက အဲ့ပွဲအတွက် အဓိကသော့ချက်ကြီးနဲ့တူတယ် ။ ဒါပေမယ့် ကျုပ်ရဲ့ရာထူးက သိပ်မကြီးတော့ အဲ့ထက် ပိုနက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေကိုတော့ မသိပါဘူးဗျာ "
သူ အမှန်တကယ်လည်း ညာပြောနေခြင်း မဟုတ်ပါချေ ။ မင်ရှန့်တောင်အား လေထဲမြှောက်အောင် လုပ်ပေးထားသည့် အမည်းရောင်စွမ်းအင်များက ဤခေါင်းတလားမှ လာသည်ဆိုသည့် အချက်ကိုပင် သူ ယခုမှ သိလိုက်ရခြင်း ဖြစ်ပါ၏။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ငါက ထျန်းမင်ဧကရာဇ်တွေ ဘာတွေ စိတ်မဝင်စားဘူး ။ ဟို မသေမျိုးစိတ်ဝိဥာဥ်ရေစင် က ဘယ်မှာရှိလဲပဲ သိချင်တာ "
သူ ဤနေရာသို့ ဝင်လာခဲ့ရသည့် ရည်ရွယ်ချက်မှာ ထျန်းမင်ကမ္ဘာ၏ တာအိုကမ္ဘာသစ်သီးဖြစ်သော ၊ မသေမျိုးစိတ်ဝိဥာဥ်ရေစင်ကို ယူရန်ပင် မဟုတ်ပါလား ...
သူ့စကားကို ကြားသောအခါ ကွေ့ဖန် ချက်ချင်းခေါင်းငုံ့သွားပြီး ပြော၏။
" အဲ့ဒါတော့... ကျုပ် မသိပါဘူး ။ ဒီ ခေါင်းတလားအောက်မှာ ရှိနေတာများလား "
လောထျန်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ တစ်နေရာလုံးတွင် စိတ်ဝိဥာဥ်ရေစင်၏ အစအနလေးပင် မရှိကြောင်း တွေ့လိုက်ရသည်။
ထို ခေါင်းတလား၏ အောက်ခြေတွင်မူ တစ်စုံတစ်ခုကို ဖိနှိပ်ထားဟန် တူပါ၏။
လောထျန်း များစွာ တွေးမနေတော့ဘဲ လက်ဆန့်
ထုတ်၍ ခေါင်းတလားပေါ်သို့ ဖိလိုက်သည်။
၎င်းကိုကြည့်နေသော ကွေ့ဖန်တစ်ယောက် တုန်လှုပ်သွားရပြန်၏။
ထျန်းမင်ဧကရာဇ်ကြီး၏ ခေါင်းတလားကို လောထျန်းက နေရာရွှေ့တော့မည်လား ...
ထိုစဥ်မှာပင် တဖက်မှ လောထျန်း လှုပ်ရှားလိုက်သည်။
ဝုန်း ...
ခေါင်းတလားကြီး ဘေးသို့ ရွှေ့သွား၏။
ထိုအချိန်မှာပင်...
ဘုန်း ...
ခေါင်းတလားအောက်ခြေမှ အစွမ်းထက်သော အသက်အစွမ်းတစ်ခု တိုးထွက်လာတော့သည်။
" ဟင်... ဒီ အရောင်အဝါက... မသေမျိုးစိတ်ဝိဥာဥ်ရေစင်ရဲ့ အရောင်အဝါပဲ "
ကွေ့ဖန် တအံ့တသြ ရေရွတ်လိုက်သည်။
အမှန်တွင်ကား သူ မပြောလျှင်ပင် ဘာဖြစ်နေသည်ကို လောထျန်း ရိပ်မိပြီးသားပင် ။
ခေါင်းတလားကြီး အောက်ခြေ၌ ဖိနှိပ်ထားသည့်အရာမှာ အမှန်တကယ်လည်း မသေမျိုးစိတ်ဝိဥာဥ်ရေစင် ဖြစ်ပါ၏။
လောထျန်း လက်ဆန့်၍ ၎င်းကို ယူရန် ပြင်လိုက်သည်။
သို့သော် . ထိုစဥ် ...
" မသေမျိုးစိတ်ဝိဥာဥ်ရေစင်က.... ဧကရာဇ်ကြီးရဲ့အပိုင်ပဲ.... မင်းက ယူရဲတယ်ပေါ့ .. သေစမ်း "
ခက်အက်အက် အသံတစ်သံ ထွက်လာ၏။
" ဟင်... "
လောထျန်း ထိုအသံကိုကြားပြီး အံ့အားသင့်သွားကာ ဘေးဘီသို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်မူ သူ့အကြည့်က ခေါင်းတလားကြီးဆီ ရောက်သွား၏။
" အသံက အဲ့ကနေ လာခဲ့တာလား "
လောထျန်း တအံ့တသြ မေးလိုက်သည်။
တဖက်မှ ကွေ့ဖန်မှာကား အသံကိုကြားကြားချင်း ဒူးထောက်ချလိုက်၏။
သူ့တစ်ကိုယ်လုံးလည်း ဆိုးဆိုးရွားရွားပင် တုန်နေကာ ... ခေါင်းတလားကိုကြည့်၍ တုန်တုန်ယင်ယင် ပြောလိုက်သည်။
" ဧကရာဇ်ကြီးလား... ဧကရာဇ်ကြီးလား ခင်ဗျာ "
သို့သော် ခေါင်းတလားထဲမှ ပြန်ဖြေသံ ထွက်မလာခဲ့ပါ ။
ထိုအစား အမည်းရောင်စွမ်းအင်များသာ ၎င်းဆီမှ လွတ်ထွက်လာပါ၏။
ကွေ့ဖန် ခဏတာမျှ မှင်သက်နေပြီးနောက် လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
" သခင်ကြီး.. ပြေးကြစို့ "
သို့သော် လောထျန်းကမူ အရောင်လက်နေသော မျက်လုံးများဖြင့် ခေါင်းတလားအား ကြည့်နေပြီး တအံ့တသြ ဆို၏။
" သူက တကယ်ကြီး အသက်ရှင်နေသေးတာလား ။ သူက တကယ်ကြီး မသေမျိုးတစ်ယောက်လား "
အကယ်၍ ထျန်းမင်ဧကရာဇ်ကြီးသာ ထိုနည်းအတိုင်း အမှန်တကယ် ပြန်အသက်သွင်းနိုင်ပါက.. မသေမျိုးစိတ်ဝိဥာဥ်ရေစင်၏ အစွမ်းက အမှန်တကယ် အံ့သြစရာပါပင် ။
ထိုသို့သော ပစ္စည်းမျိုးကို သူ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း ။
ယား ...
ထိုစဥ်မှာပင် ခေါင်းတလားထဲမှ အော်သံတစ်သံ ထပ်ထွက်လာပြန်သည်။
ထိုအော်သံတွင် ပါဝင်သော ကြောက်မက်ဖွယ် ဖိအားကြီးက ကွေ့ဖန်အား နောက်လွင့်သွားအောင် လုပ်လိုက်ပြီး... ကွေ့ဖန်၏ ခန္ဓာကိုယ်က ကျောက်တံခါးနှင့် ခပ်ပြင်းပြင်း ရိုက်မိသွားတော့၏။
လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။
" မင်း တကယ်ကြီး အသက်ရှင်နေသေးတာလားဆိုတာ ကြည့်ဦးမယ် "
သူ ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံလက်ဝါးကို အသက်သွင်းပြီး ရွှေရောင်လက်ကြီးတစ်ဖက်က ခေါင်းတလားအား ဆုပ်ကိုင်လာ၏။
ဝီ ....
ခေါင်းတလားကြီးမှာလည်း အန္တရာယ်ကို အာရုံခံမိသည့်အလား ၎င်းပေါ်မှ မရေမတွက်နိုင်သော အမည်းရောင်ထွင်းစာများ အရောင်လက်လာပြီး .. စုစည်းကာ လောထျန်း၏ လက်ကြီးကို ခုခံလာကြသည်။
သို့သော် ... ၎င်းထွင်းစာများမှာ လောထျန်း၏ ရွှေရောင်လက်ဝါးကြီးအောက်၌ စက္ကူများသဖွယ်
ဖြစ်သွားပြီး အပိုင်းပိုင်း ပြိုကွဲသွားကြပါ၏။
အား...
ခေါင်းတလားထဲမှ အံကြိတ်ငြီးငြူးသံ ထွက်လာသည်။
ထို့နောက်တွင်... ၎င်းဆီမှ လက်မည်းကြီးတစ်ခု တိုးထွက်လာ၏။
ထိုလက်ကြီး ပေါ်လာသည်နှင့် လေထုတစ်ခုလုံးလည်း မငြိမ်မသက် ဖြစ်လာသည်။
" အား.... "
ခပ်လှမ်းလှမ်းတွင် ရှိနေသော ကွေ့ဖန်ဆီမှ ဆိုးရွားသော နာကျင်မှုကို ခံစားနေရသည့် အော်သံကြီး ထွက်လာ၏။
" ဟင်... မင်းက ဘာဖြစ်နေတာလဲ "
လောထျန်း သူ့ကိုကြည့်ရင်း နားမလည်နိုင် ဖြစ်သွားရသည်။
သို့သော်.. ကွေ့ဖန်မှာ သူ့အမေးကို ပြန်မဖြေနိုင်ရှာပါ ။
ထိုအချိန်မှာပင် ခေါင်းတလားကြိး ပိုပွင့်လာကာ အထဲမှ လက်မည်းကြီး၏ ပိုင်ရှင် ထရပ်လာသည်။
ဝီ ..
သူ ရပ်လိုက်သည်နှင့် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုက လေထုတစ်ခုလုံးအား ဖိနှိပ်လာ၏။
ကွေ့ဖန်မှာ ထိုဖိအားကြောင့် မေ့လဲကျသွားတော့သည်။
၎င်းကိုမြင်သော ခေါင်းတလားထဲမှ လူကြီးက လှောင်ပြုံးဖြင့် ပြောသည်။
" ငါ အခွင့်အရေး ပေးနေတဲ့အချိန်မှာ တန်ဖိုးမှ မထားခဲ့ကြတာကိုး ။ အခုတော့ မင်းတို့အားလုံး ဝိဥာဥ်တွေ ဖြစ်သွားရတော့မယ် "
သူ ပြောပြီး လောထျန်းရှိရာသို့ လက်လှမ်းလိုက်
သည်။
ထို့နောက်...
ဝုန်း ...
သူ့လက်က လောထျန်းအား ထိလိုက်ပါ၏။
" ဟင်... ခင်ဗျားကြီးက ဘာလုပ်မလို့လဲ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
သူ အလွန်လည်း အံ့သြနေရပါ၏။ ထိုကောင်ကြီးက အပြင်ထွက်လာလာချင်း သူ့ကို တိုက်ရိုက်မတိုက်ခိုက်ဘဲ လက်ဖြင့်သာ လာတို့နေသတဲ့လား ...
ဘယ်လိုအကျင့်မျိုးပါနည်း ..
သို့သော် .. တဖက်မှ အရိပ်နှင့်တူသော လူကြီးက အံ့သြမှင်သက်သွားဟန်ဖြင့် သူ့အား တအံ့တသြ ပြန်မေးလာသည်။
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ၊ မင်း.. ဘာမှ မဖြစ်ဘူးလား "
လောထျန်း သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်လိုက်သည်။
" ခင်ဗျားကြီးကသာ ဖြစ်တော့မှာ ။ ခင်ဗျား ဘယ်သူလဲ.. ဘာကိစ္စ ကျုပ်ကို လာထိရတာလဲ "
တဖက်လူကြီး နှာခေါင်းရှုံ့လိုက်၏။
" ထူးဆန်းတဲ့ ကောင်လေးပဲ ၊ ကောင်းတယ်ကွာ ။ အခုတော့ မင်းက ငါ့အပိုင် ဖြစ်သွားပြီ ။ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့အတွက် အခွံအဖြစ်သုံးပြီးတော့ စောစော ပြန်အသက်သွင်းလို့ ရသွားပြီပေါ့ကွာ "
" ဟင်.... "
ကြားလိုက်ရသော စကားကြောင့် လောထျန်း အံ့အားသင့်သွားရသည်။ သူ့ခန္ဓာကိုယ်ကို အခွံအဖြစ် သုံးမယ်တဲ့လား ...
ထိုကောင်ကြီးက ဘာတွေ ပြောနေပါသလဲ...
ထိုစဥ်မှာပင် အရိပ်နှင့်တူသော လူကြီးက အော်ရယ်ပြီး လောထျန်း၏ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လာကာ ပြောသည်။
" ခန္ဓာကိုယ်ကို အပိုင်သိမ်းစေ "