← Chapters

စိတ်စွမ်းအင်ကို ကုန်ခမ်းအောင် စုပ်ယူခြင်း

Vol. 54 Ch. 748

စိတ်စွမ်းအင်ကို ကုန်ခမ်းအောင် စုပ်ယူခြင်း

Vol. 54 Ch. 748

" သူက တကယ်ကြီး မသေမျိုးတစ်ယောက်လား "

လောထျန်း ခေါင်းတလားအား တအံ့တသြ ကြည့်လိုက်သည်။

ဝီ ...

သူ ပြောပြီး ခေါင်းတလားထဲသို့ လက်ထည့်၍ အမည်းရောင်အငွေ့လုံးတစ်ခုကို ထုတ်လိုက်၏။

" ငါ့ကို လွတ် ... ငါ့ကို လွတ်စမ်း "

အမည်းရောင်အငွေ့ဆီမှ တအံ့တသြ အော်သံကြီး ထွက်လာသည်။

" မင်းက မသေသေးဘူးကိုး "

လောထျန်း အမှန်တကယ်ပင် အံ့သြသွားရသည်။

အမည်းရောင်အငွေ့က ကြောက်ရွံ့နေသည့် အသံဖြ

င့် ပြော၏။

" မင်း ဘယ်သူလဲ... ဒီလောက် ကြောက်စရာကောင်းတဲ့ စိတ်ဝိဥာဥ်အစွမ်းကို စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးကပဲ ပိုင်နိုင်တာလေ ။ မဟုတ်မှလွဲရော.. မင်းက စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးလား "

စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး တဲ့...

ထိုနာမည်ကို ကြားသည်နှင့် လောထျန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ မူလဇစ်မြစ်မှာ စိတ်ဝိဥာဥ်တစ်သောင်းသခင်ကြီး ဖြစ်ကြောင်း သူ သိထားပါ၏။

လောထျန်း တဖက်လူကို ကြည့်ကာ မေးလိုက်သည်။

" မင်း စိတ်ဝိဥာဥ်တစ်သောင်းသခင်ကြီး အကြောင်းကို ဘယ်လောက်သိထားလဲ "

အမည်းရောင်အငွေ့က ချက်ချင်းပြန်ဖြေသည်။

" ဟင်... မင်းက စိတ်ဝိဥာဥ်တစ်သောင်းသခင်ကြီး မဟုတ်ဘူးပဲ ။ မင်းသာ စိတ်ဝိဥာဥ်တစ်သောင်းသခင်

ကြီး ဆိုရင် ခုချိန် ငါ သေနေလောက်ပြီ ။ မင်း ဘယ်သူလဲ "

လောထျန်း မျက်မှောင်ကြုံ့လိုက်၏။

" မင်းကို ငါက မေးနေတာလေ ။ မင်းက မေးခွန်းပြန်ထုတ်ရမှာ မဟုတ်ဘူး "

ဝုန်း...

သူ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်ပြီး အမည်းရောင်အငွေ့အား တင်းတင်းကြပ်ကြပ် ချုပ်နှောင်လိုက်သည်။

" အား .... "

အမည်းရောင်အငွေ့ ဆီမှ စူးစူးဝါးဝါး အော်သံကျယ်ကြီး ထွက်လာသည်။

" ငါ မေးတာကို ဖြေစမ်း ၊ မင်းက ထျန်းမင်ဧကရာဇ်ကြီးလား "

လောထျန်း ထပ်မေးလိုက်၏။

အမည်းရောင်အငွေ့ တုန်သွားကာ ကြောက်ကြောက်လန့်လန့် ပြန်ဖြေသည်။

" မဟုတ်... မဟုတ်ပါဘူးကွာ "

" ဟင်... ဒါဆို မင်း ဘယ်သူလဲ "

လောထျန်း အံ့အားသင့်သွားရသည်။

ကွေ့ဖန်၏ ပြောစကားများအရ ဤနေရာမှာ ထျန်းမင်ဧကရာဇ်ကြီးအား အသက်ပြန်သွင်းရန်အတွက် စီစဥ်ထားသည့်နေရာဟု ဆိုရာ ခေါင်းတလားထဲမှ လူသည် ထျန်းမင်ဧကရာဇ်ကြီးသာ ဖြစ်ရမည်ဟု သူ ထင်ထားခဲ့ပါ၏။

သို့သော် မဟုတ်ဘူးတဲ့လား ...

အမည်းရောင်အငွေ့က တုန်တုန်ယင်ယင်ဖြင့် ဆက်ပြောပြသည်။

" ငါက ထျန်းမင်ကမ္ဘာရဲ့ မျိုးဆက် ၇ ဆက်မြောက် ကမ္ဘာသခင်ကြီးပါ ။ ဒီနေရာက ထျန်းမင်ဧကရာဇ်ကြီးကို အသက်ပြန်သွင်းဖို့ ပြင်ဆင်ထားတဲ့နေရာဆိုတာ မှန်ပါတယ် ။ ဒါပေမယ့်... လွန်ခဲ့တဲ့ နှစ် သိန်းချီကာလလောက်က ၊ ငါ လှည့်စားခံခဲ့ရပြီးတော့ ဒီနည်း

လမ်းနဲ့ နန်းလုတာကို ခံခဲ့ရတယ် ။ အဲ့နောက်တော့ ငါက ဒီ ယဇ်ပူဇော်ခြင်း အစီအမံကို ပြောင်းပစ်ပြီး ထျန်းမင်ဧကရာဇ်ကြီးအဖြစ် ပြန်အသက်သွင်းနိုင်အောင် လုပ်ခဲ့တာပဲ "

" အင်... "

လောထျန်း အံ့အားသင့်သွားကာ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားသည်။

ထျန်းမင်ကမ္ဘာက ဤမျှ ရှုပ်ထွေးလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။

" မင်းက လှည့်စားခံခဲ့ရတယ်.. ဟုတ်လား ၊ ဘယ်သူက လှည့်စားခဲ့တာလဲ "

လောထျန်း မေးလိုက်သည်။

မျိုးဆက် ၇ ဆက်မြောက် ထျန်းမင်ကမ္ဘာသခင်ကြီးက အသံတုန်တုန်ဖြင့် ပြန်ဖြေ၏။

" ငါလဲ မသိဘူးကွ ၊ ငါသိတာတော့ အဲ့လူက အင်မတန်အစွမ်းထက်တယ် ဆိုတာပဲ ။ သူက ထွင်းစာလေးတစ်လုံးတည်းနဲ့ ထျန်းမင်သခင်ကြီးကို လှည့်စားပြီးတော့ ငါ့ကို ဒီနေရာဆီ အောင်အောင်မြင်မြင်

ရောက်အောင် ပို့ပေးခဲ့တာ "

ထျန်းမင်ကမ္ဘာသခင်ကြီးမှာ လက်ရှိတွင် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းဖြင့် ချုပ်နှောင်ခြင်းကို ခံထားရသဖြင့် သူ လိမ်ပြောပါက လောထျန်း မသိဘဲနေမည် မဟုတ်ပါချေ ။

ထို့ကြောင့် သူ လိမ်မပြောရဲပါ ။

တဖက်မှ လောထျန်းက မျက်မှောင်ကြုံ့၍ ဆက်မေး၏။

" ထွင်းစာ... ဘယ်လိုထွင်းစာမျိုးလဲ "

ထိုအချိန်တွင််မူ ထျန်းမင်ကမ္ဘာသခင်ကြီးက သူ့မေးခွန်းကို မဖြေလိုဟန်ဖြင့် ခေတ္တမျှ တွန့်ဆုတ်သွားသည်။

သို့သော်.. လောထျန်းက သူ့အား စူးစူးရဲရဲ စိုက်ကြည့်လာသဖြင့် မည်သို့မှ မတတ်နိုင်ဘဲ အသံတုန်တုန်ဖြင့် ဆက်ပြောလိုက်ရသည်။

" ထွင်းစာက... ခေါင်းတလားထဲမှာပါ ... "

လောထျန်း ခေါင်းတလားထဲသို့ တည်နေရာ

ရွှေ့ပြောင်းသွားလိုက်၏။

သူ အထဲရောက်သည်နှင့် ခေါင်းတလားထဲ ဖြည်းညင်းစွာ မျောလွင့်နေသော ထွင်းစာတစ်လုံးကို မြင်လိုက်ရပါသည်။

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

" ဒီထွင်းစာကို ရင်းနှီးနေသလိုပဲ "

ထို့နောက်တွင်မူ... သူ ရုတ်တရက် မှတ်မိသွားသည်။

" ဒီအရောင်အဝါက ဆုမီတောင်က အဝါရောင်ရေပူစမ်းပင်လယ် အောက်မှာရှိတဲ့ ရှေးဟောင်းခေါင်းတလားကြီးထဲက ထွင်းစာနဲ့ အတူတူပဲ "

ဆုမီတောင်မှတဆင့် ၊ ထို ရှေးဟောင်းထွင်းစာ၏ ပိုင်ရှင်မှာ အပေါ်ကမ္ဘာတွင် ပြဿနာပေါင်းစုံ ဖြစ်စေခဲ့သော မဟာနတ်ဆိုးကြီးတစ်ပါးဖြစ်ကြောင်း လောထျန်း သိခဲ့ရပါ၏။

ထို့ကြောင့်လည်း နတ်ဆိုးကြီး ချုပ်နှောင်ခံခဲ့ရခြင်းပင် ။

ယခုလည်း မျှော်လင့်မထားစွာပင် ထိုသူက ဤနေရာတွင်ပါ ထွင်းစာတစ်ခု ချန်ထားခဲ့သတဲ့လား ...

ထိုသူက ထျန်းမင်ကမ္ဘာအား စစ်တုရင်အရုပ်တစ်ခုအဖြစ် အသုံးချလိုသည်မှာ အသိသာပါပင် ။

လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးနောက် ထွင်းစာဆီသို့ လက်ညိုးညွှန်လိုက်သည်။

" မဖြစ်ဘူး... မလုပ်နဲ့ "

တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီးက အလန့်တကြား အော်ပြီး တားရန်ကြိုးစားလာ၏။

သို့သော် သူ မည်သို့ တားနိုင်ပါမည်နည်း ။

ဝှစ် ..

အသံတစ်သံနှင့်အတူ ထွင်းစာမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထိုထွင်းစာ ပျောက်ကွယ်သွားသည်နှင့် .... ဒေါသထွက်နေသည့် မျက်လုံးတစ်စုံက အဆုံးမဲ့သော အချိန်နဲ့လေထုကို ဖြတ်၍ သူ့အား စိုက်ကြည့်နေသည်ကို လောထျန်း ခံစားလိုက်ရ၏။

သို့သော်.. သူ ထိုမျက်လုံးအစုံအား ရှာဖွေရန် ကြိုးစားလိုက်ချိန်တွင်မူ.. ဘာကိုမှ မမြင်ရပါချေ။

ကြောက်မက်ဖွယ် အရာကြီးတစ်ခုက သူ့အား အလွန်မုန်းတီးနေသည်မှာ သိသာပါသည်။

သို့သော်... လောထျန်း ၎င်းအား ဂရုမစိုက်လှပါချေ။

သူနှင့် တဖက်လူကြား၌ ရန်ငြိုးရှိထားပြီးဖြစ်ရာ ... သူ ထပ်လုပ်လိုက်သော ကိစ္စများက ဘာထူးတော့မည်နည်း ။

ထို့နောက်တွင် လောထျန်းက အမည်းရောင်အငွေ့ဘက် လှည့်ကြည့်၍ ပြောလိုက်သည်။

" မင်းကို မေးဦးမယ် ... မသေမျိုးစိတ်ဝိဥာဥ်ရေစင်က မသေမျိုးခန္ဓာကိုယ် အစစ်ကို တကယ်ကြီး

ဖန်တီးနိုင်တာလား "

တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီး တုန်သွားကာ ပြန်ပြောရှာ၏။

" မှန်ပါတယ် ၊ ဒါပေမယ့် ထျန်းမင်ဧကရာဇ်ကြီးလို မသေမျိုးခန္ဓာကိုယ်ကို ရဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ ။ ဟိုး ရှေးခေတ်တည်းကနေ ဒီနေ့ခေတ်အထိ ထျန်းမင်ဧကရာဇ်ကြီး တစ်ယောက်တည်းကပဲ အဲ့အဆင့်ကို ရခဲ့ဖူးတာ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အဲ့လောက်ဆိုရပြီ ၊ မသေမျိုးစိတ်ဝိဥာဥ်ရေစင်က ဘယ်မှာလဲ "

ထျန်းမင်ကမ္ဘာသခင်ကြီးမှာ အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ဖိနှိပ်လာသည်ကို ခံစားလိုက်ရသဖြင့် မလိမ်ရဲတော့ပါချေ ။

သို့မဟုတ်ဘဲ လိမ်ပြောလိုက်လျှင် သူ သေသည်ထက်ပင် ပိုဆိုးသော ညှင်းပမ်းနှိပ်စက်မှုကို ခံရမည် မဟုတ်ပါလား ။

" မသေမျိုးစိတ်ဝိဥာဥ်ရေစင်က ဒီ စိတ်စွမ်းအင်သွေးကြောအမြစ်တွေရဲ့ စိတ်စွမ်းအင်ကြောင့် ဖိနှိပ်ခံထားရတာမို့ မစီးထွက်နိုင်ဘူး ။ ဒီတော့ မသေမျိုးစိတ်ဝိဥာဥ်ရေစင်ကို ရနိုင်တဲ့နည်းက နှစ်မျိုးပဲရှိတယ် "

သူ အမှန်တိုင်းပင် ဖြေလိုက်သည်။

" အဲ့နည်းလမ်းကို ပြော "

လောထျန်း ဆက်မေး၏။

ထျန်းမင်ကမ္ဘာသခင်ကြီး သက်ပြင်းချ၍ စကားဆက်သည်။

" ပထမတစ်နည်းကတော့ ဒီ စိတ်စွမ်းအင်သွေးကြော အမြစ်တွေရဲ့ စိတ်စွမ်းအင်တွေကို ကုန်သွားအောင် စုပ်ယူပစ်ဖို့ပဲ ။ ဒါမှ မသေမျိုးစိတ်ဝိဥာဥ်ရေစင်က ဖိနှိပ်မခံရတော့ဘဲ သူ့အလိုလို ပေါ်လာမှာ ။ ဒါပေမယ့် အဲ့လိုလုပ်ဖို့က မဖြစ်နိုင်ဘူး ။ ဒီ စိတ်စွမ်းအင်သွေးကြောတွေရဲ့ အသိဉာဏ်က ဖျက်ဆီးခံလိုက်ရပြီ ဆိုပေမယ့် ဒီလောက်များတဲ့ စိတ်စွမ်းအင်တွေကို ဘယ်သူက စုပ်ယူနိုင်မှာလဲ "

" ဒါ့ကြောင့်မို့ ဒုတိယနည်းကိုပဲ ရွေးဖို့ အကြံပေးချင်

တယ် ။ အဲ့နည်းက..... "

ထျန်းမင်ကမ္ဘာသခင်ကြီး ပြောနေဆဲမှာပင် ...

လောထျန်းက ခေါင်းယမ်း၍ စကားဖြတ်ပြော၏။

" ရပြီ ၊ ထပ်ပြောဖို့ မလိုတော့ဘူး "

" ဟင် ... မင်းက... ဘာလုပ်မလို့လဲ "

ထျန်းမင်ကမ္ဘာသခင်ကြီး တုန်လှုပ်သွားသည်။

လောထျန်းကမူ သူ့ကို လျစ်လျူရှုကာ စိတ်စွမ်းအင်သွေးကြောများ၏ အလယ်သို့ လျှောက်သွားလိုက်၏။

" ဟေ့ ... မင်း ဒီစိတ်စွမ်းအင်တွေ အားလုံးကို စုပ်ယူဖို့ စဥ်းစားနေတာလား ၊ အိမ်မက် မက်မနေနဲ့နော် ။ မသေမျိုးဧကရာဇ် အစစ်တစ်ယောက် ရောက်လာရင်တောင် ဒီ စိတ်စွမ်းအင်သွေးကြောတွေ အားလုံးကို စုပ်ယူဖို့ မဖြစ်နိုင်ဘူး ။ ပြီးတော့ ဒီနေ့ခေတ်မှာ မသေမျိုးဧကရာဇ် တစ်ယောက် ပေါ်လာဖို့ဆိုတာလဲ မဖြစ်နိုင်ဘူးလေ ။ အဲ့လိုမဟုတ်ရင် ငါက ငါ့ရဲ့ဆရာတွေနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်တဲ့လုပ်ရပ်မျိုး

ဘာလို့လုပ်ခဲ့မှာလဲ "

ထျန်းမင်ကမ္ဘာသခင်ကြီး ပြောလိုက်သည်။

သို့သော် လောထျန်းက သူ့အမေးကို ပြန်မဖြေဘဲ သူ့ဟာသူသာ ရေရွတ်လိုက်၏။

" ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ် ၊ ရှူသွင်း ... "

ထို့နောက်တွင် ..

ဝုန်း ...

ဘေးပတ်လည်ရှိ စိတ်စွမ်းအင်သွေးကြောများဆီမှ စိတ်စွမ်းအင်များက လောထျန်းဆီ တိုးဝင်လာကြသည်။

လောထျန်းက ၎င်းစွမ်းအင်များအားလုံးကို တစ်ချက်တည်းဖြင့် စုပ်ယူလိုက်၏။

" မင်း ... "

တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားရတော့သည်။

စိတ်စွမ်းအင်များအား ထိုသို့ စုပ်ယူနိုင်သူကို သူ့ဘဝတလျှောက်လုံး ယခုမှ ပထမဆုံး တွေ့ဖူးခြင်းပင်...

ထိုသို့ ဆက်စုပ်ယူနေလျှင် လောထျန်းကိုယ်မှ ဒန်တျန်များ ပေါက်ကွဲထွက်မသွားနိုင်ဘူးလား ။

" ဟင်... ငါက ဘာလို့ သူ့ကိုစိတ်ပူနေတာလဲ ။ သူ့ ဒန်တျန်တွေ ပေါက်ကွဲပြီး သေသွားရင် ငါလဲ လွတ်သွားပြီလေ ။ စိတ်စွမ်းအင်တွေကို မြန်မြန်သာ ဆက်ပြီးစုပ်ယူစမ်းကွာ ... ငါ မင်းသေမှာကို စောင့်ကြည့်နေမယ် "

သူ တွေးလိုက်သည်။

သို့သော်... အချိန်ကြာလာသည်နှင့်အမျှ လောထျန်းကိုယ်ထဲသို့ စိတ်စွမ်းအင်ပမာဏ မရေမတွက်နိုင်အောင် ဝင်သွားခဲ့ပြီးသည်အထိ... လောထျန်းက အကောင်းတိုင်း ရှိနေဆဲပါပင် ။

ဤမျှမကသေးပါ ...

ဝီ ..

သူ့ကိုယ်မှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု တိုးထွက်လာပါ၏။

" ဟူး ... နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီ ။ ဒါပေမယ့်.. အဲ့လောက်နဲ့ မရသေးဘူး ။ တုကျဲ့အဆင့် ၉ ထိပ်ဆုံးကိုရောက်ဖို့ အဝေးကြီးလိုသေးတယ် ။ ထပ်ကြိုးစားကြည့်မယ်ကွာ "

လောထျန်း ရေရွတ်ကာ စိတ်စွမ်းအင််များကို ဆက်ပြီးစုပ်ယူလိုက်သည်။

" ဒီမအေ %##$$ "

ထျန်းမင်ကမ္ဘာသခင်ကြီး လုံးဝ ဆွံ့အနေရတော့၏။

ဤမျှ စိတ်စွမ်းအင်ပမာဏ များစွာကို စုပ်ယူပြီးသွားသည့်တိုင် ကျင့်ကြံခြင်း အဆင့်ငယ်လေး တစ်ဆင့်သာ တက်သွားခဲ့သတဲ့လား ။

သို့သော် ထိုစဥ်မှာပင် လောထျန်းပြောခဲ့သည့် စကားတစ်ခုကို သူ ပြန်သတိထားမိသွားပါသည်။

" သူက ဘယ်ကျင့်ကြံခြင်းအဆင့်ကို ကျင့်ကြံနေတာလို့ ပြောလိုက်တာလဲ ..."

ထျန်းမင်ကမ္ဘာသခင်ကြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

All Chapters