← Chapters

တုကျဲ့အဆင့် ၉ ထိပ်ဆုံး ၊ ထျန်းမင်ကမ္ဘာအား ခမ်းခြောက်အောင် လုပ်ခြင်း

Vol. 54 Ch. 749

တုကျဲ့အဆင့် ၉ ထိပ်ဆုံး ၊ ထျန်းမင်ကမ္ဘာအား ခမ်းခြောက်အောင် လုပ်ခြင်း

Vol. 54 Ch. 749

ဝုန်း ..

တဖက်မှ လောထျန်းမှာ ဆက်ကျင့်ကြံနေပြီး စိတ်စွမ်းအင်သွေးကြောများထဲမှ စိတ်စွမ်းအင်များကို ဆက်စုပ်ယူနေပါ၏။

ဤနေရာ၌ စိတ်စွမ်းအင်သွေးကြောများ မရေမတွက်နိုင်အောင်ပင် ရှိပြီး .. ၎င်းတို့ထဲမှ အချို့ဆိုလျှင် ထျန်းမင်ကမ္ဘာမှ စိတ်စွမ်းအင်သွေးကြောများ မဟုတ်ကြပါချေ ။

၎င်းတို့မှာ ထျန်းမင်ကမ္ဘာသခင်ကြီးက ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှတဆင့် မရေမတွက်နိုင်သော ကမ္ဘာငယ်များကို ဖျက်ဆီးပြီး ယူလာခဲ့သော စိတ်စွမ်းအင်သွေးကြောများ ဖြစ်ပါသည်။

ထို စိတ်စွမ်းအင်သွေးကြောများက တစ်နှင့်တစ်ခု ရောယှက်ပေါင်းစပ်နေကာ ထျန်းမင်ကမ္ဘာ တစ်ခုလုံး

နှင့် ဆက်နွယ်ထားပြီး ...

ထျန်းမင်ကမ္ဘာ တစ်ခုလုံးအား စိတ်စွမ်းအင်များ ပို့လွှတ်ပေးနေပါ၏။

သို့သော်... လက်ရှိတွင်မူ... စိတ်စွမ်းအင်များ ထုတ်လွှတ်နေခဲ့ကြသည့် ထို စိတ်စွမ်းအင်သွေးကြောများက ထျန်းမင်ကမ္ဘာ အနှံ့မှ စိတ်စွမ်းအင်များကို ပြန်လည်စုပ်ယူနေကြလေပြီ ။

ထျန်းမင်ကမ္ဘာ ရှေးဟောင်းမြို့တစ်မြို့၌ ...

" ဘာတွေဖြစ်နေတာလဲ... စိတ်စွမ်းအင်တွေ ဘာလို့ ပျောက်ကုန်တာလဲ "

အဘိုးအိုတစ်ယောက်က တုန်လှုပ်စွာ အော်မေးလာသည်။

" အကြီးအကဲ ... မြို့ထဲက စိတ်စွမ်းအင်တွေတင် မကဘူးဗျ. ၊ ကျုပ်ကိုယ်ထဲက စိတ်စွမ်းအင်ရောပဲ "

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက််မှာလည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ အထိန်းချုပ်မဲ့စွာဖြင့်

အပြင်သို့ စီးထွက်နေကြသည်ကို သတိထားမိကာ တုန်လှုပ်သွားသည်။

" အင်... ကျုပ်.. ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် မတည်ငြိမ်တော့ဘူး "

လူငယ်တစ်ယောက်မှာလည်း သူ့ကျင့်ကြံခြင်း အခြေအနေကို သတိထားမိကာ မျက်နှာဖြူဖျော့သွားသည်။

ဝုန်း...

ထိုစဥ်မှာပင် မြို့၏ အကာအကွယ် အစီအမံကလည်း စိတ်စွမ်းအင် ကုန်ခမ်းလာမှုကြောင့် ပြိုကွဲပျက်စီးသွား၏။

" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

အဘိုးအိုမှာ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေတော့သည်။

" ဟား ဟား... ဒါ ဝဋ်လည်တာပဲကွ... ဝဋ်လည်

တာ.. "

ထိုစဥ် အစေခံတစ်ယောက် ဖြစ်ဟန်တူသည့် အဘိုးအိုတစ်ဦးက အားပါးတရ အော်ရယ်သည်။

" မင်း ဘာပြောလိုက်တယ် "

အားလုံးက သူ့အား အေးစက်စက် မျက်လုံးများဖြင့် လှည့်ကြည့်လာကြ၏။

ရူးချင်ယောင်ဆောင်နေခဲ့သော အဘိုးအိုက ပြော၏။

"မင်းတို့ ထျန်းမင်ကမ္ဘာက ကမ္ဘာငယ်တွေ အများကြီးကို ဖျက်ဆီးပြီးတော့ သူတို့ရဲ့ စိတ်စွမ်းအင်သွေးကြောတွေကို ယူ ၊ အမွေအနှစ်တွေကို ဖျက်ဆီး ၊ ပြီးရင် လူတွေကိုပါ အခိုင်းအစေတွေလို ဆက်ဆံခဲ့ကြတာလေ ။ ဝဋ်ဆိုတာ ပြန်လည်တတ်မှန်း မင်းတို့အခုတော့ သိလိုက်ရပြီ မဟုတ်လား ။ ဒီနေ့တော့ မင်းတို့အလှည့် ပြန်ရောက်လာပြီပေါ့ကွာ "

ထိုအဘိုးအိုသည် ထျန်းမင်ကမ္ဘာသို့ အခိုင်းအစေအဖြစ် ဖမ်းခေါ်ခံလာခဲ့ရသူ တစ်ယောက်မှန်း သိသာ

ပါသည်။

အဘိုးအိုမှာ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေကိုကြည့်ရင်း သူ့ရင်ထဲမှ ဒေါသနှင့် အမုန်းတရားတို့ ပြေလျော့သွားသလိုပင် ခံစားလိုက်ရပါ၏။

ထိုစဥ် ထျန်းမင်ကမ္ဘာမှ အဘိုးအိုက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြောသည်။

" မင်းလို ဘာမဟုတ်တဲ့ အခိုင်းအစေကများ ထျန်းမင်ကမ္ဘာကို အဲ့လိုပြောရဲနေတယ်ပေါ့လေ ။ သေစမ်းကွာ "

သူ ပြောပြီး တဖက်လူအား အသေသတ်ရန် လက်ဝါးဖြင့် ရိုက်လိုက်၏။

သို့သော်... သူ ထိုသို့ ရိုက်လိုက်ချိန်မှာပင် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ ကုန်ခမ်းနေသည်ကို သိလိုက်ရပါသည်။.

သူ့လက်ဝါးချက်၌ မည်သည့်အစွမ်းမှ ပါမနေခဲ့ပါ ။

" ဒါ... "

သူ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

ဝုန်း ...

တစ်ချိန်တည်းမှာပင် သူတို့ မျက်စိတစ်ဆုံးရှိ မရေမတွက်နိုင်သော မသေမျိုးတောင်များ ပြိုကျလာပြီး.... ထျန်းမင်ကမ္ဘာတစ်ခုလုံး အဆုံးသတ်တော့ ရောက်တော့မလို ဖြစ်လာခဲ့ပါ၏။

" ဘာတွေဖြစ်နေတာလဲကွာ... "

" နတ်ဘုရားက အပြစ်ပေးလိုက်တာများလား "

ထျန်းယွမ်ကမ္ဘာ မှ လူများအားလုံး ကူကယ်ရာမဲ့ ဖြစ်ကုန်ကြတော့သည်။

သူတို့ ထျန်းမင်ကမ္ဘာ၏ စိတ်စွမ်းအင်များ ကုန်ဆုံးလာသည့်နှုန်းမှာ မျက်စိဖြင့်ကြည့်၍ပင် မြင်နေရပါသည်။

စိတ်စွမ်းအင်များ အားလုံးသာ ကုန်သွားခဲ့ပါက သူတို့ထျန်းမင်ကမ္ဘာမှာ ကမ္ဘာပျက်မည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

သူတို့အတွက် အနာဂါတ်လည်း ရှိတော့မည် မဟုတ်ပါ ။

ထိုစဥ်တွင် မင်ရှန့်တောင်အောက်၌.. စိတ်စွမ်းအင်များကို စုပ်ယူနေသော လောထျန်းကိုယ်မှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု တိုးထွက်လာသည်။

ဝီ ...

ထိုစိတ်စွမ်းအင်အလင်းတန်းမှာ အရောင်လက်လွန်း၍ တစ်နေရာလုံး လင်းလက်နေတော့သည်။

လောထျန်း သက်ပြင်းရှည်ကြီး ချလိုက်၏။

" ဟူး ... ဒီ တုကျဲ့အဆင့်၉ ကို ရောက်ဖို့က တကယ်မလွယ်တာပဲ ။ ပြဿနာက စိတ်စွမ်းအင်ပဲ.... အစပိုင်းမှာ စိတ်စွမ်းအင်တွေ အဲ့လောက်များပြီးတော့... အခု ဘာလို့ စုပ်ယူလို့မရတော့တာလဲ "

လောထျန်း ခေါင်းယမ်း၍ ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။

ထိုစဥ် သူ အံ့သြသွားရပါ၏။

အဘယ့်ကြောင့်ဆိုသော်... သူ့ခေါင်းပေါ်ရှိ စိတ်စွမ်းအင်သွေးကြောများက ညိုးနွှမ်းခမ်းခြောက်ပြီး အမှိုက်များလို ဖြစ်နေသောကြောင့်ပင် ။

၎င်းတို့က သဲမှုန်များလို အောက်သို့ အဆက်မပြတ် ကျနေကြပါ၏။

" ဒါ... "

လောထျန်း ၎င်းကိုကြည့်ရင်း မှင်သက်သွားရတော့သည်။

ထို စိတ်စွမ်းအင်သွေးကြောများက လုံးဝ ခမ်းခြောက်သွားကြလေပြီ ။

" ဒါ... ငါ့ကြောင့် ဖြစ်သွားတာလား "

လောထျန်း ထျန်းမင်ကမ္ဘာသခင်ကြီးဘက်သို့ တအံ့တသြ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ထျန်းမင်ကမ္ဘာသခင်ကြီးမှာကား ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေရှာပါ၏။

သူ့ဘဝတလျှောက်လုံး ဤမျှဒေါသထွက်စရာကောင်းသော အဖြစ်မျိုးနှင့် မကြုံခဲ့ဖူးပါချေ။

လူတစ်ယောက်တည်းက ခဏတာလေး ကျင့်ကြံရုံဖြင့် စိတ်စွမ်းအင်သွေးကြော များစွာကို ခမ်းခြောက်သွားအောင် လုပ်နိုင်ခဲ့သတဲ့လား ။

ထို စိတ်စွမ်းအင်သွေးကြောများမှာ ထျန်းမင်ဧကရာဇ်ကြီးကို ပြန်အသက်သွင်းရန် နှစ်ပေါင်းများစွာကြာ ကြိုပြင်ဆင်ထားခဲ့ရခြင်း ဖြစ်ပါသည်။

" မဟုတ်မှလွဲရော... သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ကြောက်စရာကောင်းရုံတင်မကဘူး ... သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကပါ မသေမျိုးဧကရာဇ်အဆင့် ရှိနေတာလား "

ထျန်းမင်ကမ္ဘာသခင်ကြီး၏ ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။

အမှန်တွင်မူ... လောထျန်းသည် စိတ်စွမ်းအင်သွေးကြောမှ စိတ်စွမ်းအင်များအားလုံးကို စုပ်ယူခဲ့ရုံမကဘဲ ..

ထျန်းမင်ကမ္ဘာတလျှောက် ဆက်နွယ်ထားသော စိတ်စွမ်းအင်သွေးကြောများမှတဆင့် ထျန်းမင်ကမ္ဘာ တစ်ခုလုံးနီးပါးအား စုပ်ယူထားသည်ကို ထျန်းမင်ကမ္ဘာသခင်ကြီး မသိသေးပါချေ။

ထို့နောက်တွင်မူ ...

လောထျန်း ခြေထောက်အောက်ရှိ မြေပြင်ထဲမှ ကြည်လင်သော စိမ့်စမ်းရေများ စီးထွက်လာပါ၏။

" မသေမျိုးစိတ်ဝိဥာဥ်ရေစင် လား... "

၎င်းကိုမြင်သည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

သူ ချက်ချင်း ခြေဆောင့်ထိုင်ချလိုက်ပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ ယောက်ဇွန်းတစ်ချောင်းထုတ်၍ ရေကိုခပ်ကာ သောက်လိုက်သည်။

ဂလု ..

သို့သော် သောက်ပြီးချိန်တွင်မူ လောထျန်း မျက်မှောင်ကြုံ့သွားပါ၏။

" ဟင်... ဘာလို့ အပြောင်းအလဲကို မခံစားမိရတာလဲ "

သူ ထျန်းမင်ကမ္ဘာသခင်ကြီးဘက် နားမလည်နိုင်စွာ လှည့်ကြည့်လိုက်သည်။

" မင်း လက်ချက်ကြောင့်လား "

လောထျန်း၏ မျက်နှာ ချက်ချင်းသုန်မှုန်သွားကာ သူ့တစ်ကိုယ်လုံးမှလည်း လူသတ်အရိပ်အငွေ့များ ထုတ်လွှတ်လာသည်။

ထျန်းမင်ကမ္ဘာသခင်ကြီးမှာကား ဆွံ့အလျက် ...

" ကျိန်ဆို ကျိန်ရဲပါတယ်ကွာ... ငါ ဘာမှ မလုပ်ရပါဘူး "

သူ ငိုသံကြီးဖြင့် ပြောလိုက်တော့သည်။

လောထျန်းက အေးစက်စက်ဆက်ပြော၏။

" မင်းကြောင့်မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်မှာလဲကွ "

တဖက်လူက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောရှာသည်။

" သေချာစဥ်းစားကြည့်လိုက်ရင်... တကယ်တမ်းတော့... "

" ဟင်... ဘာပြောချင်တာလဲ "

လောထျန်း မျက်မှောင်ကြုံ့၍ ဆက်မေးလိုက်သည်။

ထျန်းမင်ကမ္ဘာသခင်ကြီးက အောင့်သက်သက်မျက်နှာဖြင့် ပြန်ပြော၏။

" ခုနက. ... မင်း ကျင့်ကြံနေတဲ့အချိန်မှာ မသေမျိုးစိတ်ဝိဥာဥ်ရေစင်ရဲ့ အသက်အစွမ်းအားလုံးကိုပါ စုပ်ယူလိုက်မိတာလား .. "

" ဘာပြောတယ် .. "

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားရပြီး ငူငူကြီး ဖြစ်သွားသည်။

ထျန်းမင်ကမ္ဘာသခင်ကြီးက ဆက်ရှင်းပြ၏။

" ခုနက မင်း နောက်ဆုံးကျင့်ကြံခြင်းအဆင့်ကို တက်တဲ့အချိန် ၊ စိတ်စွမ်းအင်သွေးကြောတွေထဲက စိတ်စွမ်းအင်က မလုံလောက်တော့ဘူးလေ ။ အဲ့အချိန်မှာ

မင်းက အသက်ပြင်းပြင်း ထပ်ရှူလိုက်တော့ မသေမျိုးစိတ်ဝိဥာဥ်ရေစင်ရဲ့ အသက်အစွမ်းကို စုပ်ယူလိုက်သလို ဖြစ်သွားတာ နေမယ် ။ ပြီးတော့ မင်းက တခြားဟာတွေဆီကနေလဲ စိတ်စွမ်းအင်တွေကို စုပ်ယူခဲ့သေးတယ်... "

သူ ပြောပြီး ခပ်လှမ်းလှမ်းရှိ ထောင့်တစ်နေရာ၌ သတိမေ့လဲကျနေသော ကွေ့ဖန်အား ညွှန်ပြလိုက်သည်။

ကွေ့ဖန်တစ်ယောက်မှာ ထိုစဥ်တွင် အသက်အရွယ် အလွန်အိုမင်းနေဟန်တူပြီး ... မကြာခင် သေတော့မည့် လူတစ်ယောက်လိုပါပင် ။

" ဒါ.... "

လောထျန်း မှင်သက်သွားရတော့သည်။

ထိုလူသည် သူနှင့် နီးနီးတွင် ရှိနေခဲ့သဖြင့် အစောက သူကျင့်ကြံစဥ် ၊ စိတ်စွမ်းအင်များ မလုံလောက်ချိန်၌ ထိုလူထံမှ စိတ်စွမ်းအင်များ အားလုံးကို စုပ်ယူမိခဲ့ဟန်ပါပင် ။

" ဒါပေမယ့်... မသေမျိုးစိတ်ဝိဥာဥ်ရေစင်ကို စုပ်ယူမိတယ်ဆိုရင် ... ငါ့ကိုယ်က အပြောင်းအလဲတချို့တော့ ကြုံရမှာ မဟုတ်ဘူးလား ။ ဘာဖြစ်လို့ ဘာမှမခံစားရတာလဲ... ။ မဟုတ်မှလွဲရော .. "

လောထျန်း ဖြစ်နိုင်ချေတစ်ခုကို တွေးမိကာ သူ့ အရှုပ်အထွေးခန္ဓာကိုယ်အား အသက်သွင်းလိုက်သည်။

ဝုန်း ...

ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက် အရိပ်ကြီး ချက်ချင်းပေါ်လာကာ အရှုပ်အထွေးလက်နက်ခြောက်ခုလည်း ထင်ထင်ရှားရှား ပေါ်လာ၏။

" ဘာမှလဲ ပြောင်းမသွားပါလား ... ဟင်... မဟုတ်သေးဘူး "

ထိုစဥ် လောထျန်း တစ်ခုကို သတိထားမိသွားပြီး သေချာကြည့်လိုက်ရာ... သူ့ဘေး၌ အရှုပ်အထွေး စည်းမျဥ်းများ စီးဆင်းနေကြသည်ကို မြင်လိုက်ရ

သည်။

ထို စည်းမျဥ်းများမှာ လောထျန်း ဆန္ဒရှိသည့်အတိုင်း ... မှော်လက်နက်များအဖြစ် ပြောင်းနိုင်သလို ၊ စိတ်ဝိဥာဥ်အစစ်များနှင့် ထူးခြားသားရဲများအဖြစ်လည်း အသက်ရှင်လာနိုင်ပြီး မတူညီသော သိုင်းကွက်ဆယ့်နှစ်မျိုးကို တိုက်ခိုက်နိုင်ကြပါ၏။

ထိုသိုင်းကွက် တစ်ခုစီတိုင်းမှာလည်း ကြောက်မက်ဖွယ်ပါပင် ...

လောထျန်းမှာ ၎င်းအား အချိန်အတန်ကြာ ကြည့်နေပြီးမှ အသိဝင်လာသည်။

" အရှုပ်အထွေးခန္ဓာကိုယ်က အဆင့် ၆ ကို တန်းရောက်သွားတာလား "

ဤမျှနှင့် မပြီးသေးပါချေ ...

" ဒါ ... "

ထိုစဥ်မှာပင် သူ့ခေါင်းပေါ်၌ ထူးခြားသော ထွင်းစာတစ်ခု ရှိနေသည်ကို လောထျန်း ရုတ်တရက်

သတိထားမိသွားပါသည်။

" အသက်နှင့် သေဆုံးခြင်း တို့ရဲ့ လမ်းစဥ်ပါလား "

ထိုထွင်းစာအား လက်ဖြင့် အသာထိလိုက်သည်နှင့် ၎င်းတွင်ပါဝင်သော အစွမ်းကို လောထျန်း ချက်ချင်းနားလည်သွား၏။

ထိုထွင်းစာတွင် လုံးဝဆန့်ကျင်ဘက်ဖြစ်သော အစွမ်းနှစ်ခု ပါဝင်နေပေသည်။

ထို့နောက်တွင် လောထျန်း ထျန်းမင်ကမ္ဘာသခင်ကြီးဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။

" မင်း... ဘာလုပ်မလို့လဲ "

ထျန်းမင်ကမ္ဘာသခင်ကြီး လန့်သွားကာ တုန်တုန်ယင်ယင် ပြောသည်။

" လက်လျှော့လိုက်နော်... ငါ့ကို သတ်လို့မရဘူးကွ ။ တကယ်လို့ မင်း ငါ့ကို သတ်လိုက်ရင်တောင် ငါက တခြားနည်းတွေသုံးပြီး အသက်ပြန်ရှင်အောင် လုပ်နိုင်တယ် "

လောထျန်းက အေးဆေးပင် ပြန်ပြော၏။

" တကယ်ကြီးလား "

သူ ပြောပြောဆိုဆိုပင် လက်ဆန့်ထုတ်လိုက်ရာ .... သူ့လက်ထဲမှ အဖျက်အဆီး စွမ်းအင်များ စီးဆင်းလာကြသည်။

All Chapters