← Chapters

Chapter 750

Vol. 54 Ch. 750

Chapter 750

Vol. 54 Ch. 750

" ဒါ.... "

ထျန်းမင်ကမ္ဘာသခင်ကြီး ထိတ်လန့်တုန်လှုပ်သွားသည်။ သို့သော် ထိုစဥ်မှာပင် သူ အသွင်ပြောင်းထားသော အမည်းရောင်အငွေ့ များက လောထျန်းလက်ထဲမှ အဖျက်အဆီး လမ်းစဥ်ဆီသို့ ရွေ့လျားသွားပြီး ... သူ လုံးဝ ပျောက်ကွယ်သွားရတော့၏။

ဘာမှ မကျန်ခဲ့တော့ပါချေ ...

" အင်း... စွမ်းအင်လှုပ်ရှားမှုတွေလဲ ဘာမှမတွေ့ရတော့ဘူး ဆိုတော့ ကြည့်ရတာ သူ တကယ်သေပြီနဲ့တူတယ် ။ ဒီ အဖျက်ဆီးလမ်းစဥ်က အားလုံးကို ဖျက်ဆီးပစ်နိုင်တာပဲ... တကယ်အစွမ်းထက်တယ် "

လောထျန်း ခေါင်းညိတ်၍ ရေရွတ်လိုက်ပြီးနောက်... အဖျက်အဆီး လမ်းစဥ်အား ပြန်သိမ်းလိုက်သည်။

" အသက်အစွမ်း လမ်းစဥ်ကရော .... "

လောထျန်း မျက်လုံးမှိတ်၍ အာရုံစိုက်ကာ အသက်အစွမ်း လမ်းစဥ်အား ထုတ်လွှတ်လိုက်သည်။

ဝီ ..

သူ့ကိုယ်ထဲမှ အဆုံးမဲ့သော အသက်အစွမ်းများ တိုးထွက်လာပြီး သူ့ကိုယ်အား အကာအကွယ် ပေးလာ၏။

လတ်တလော သူ အသက်ဆုံးနိုင်သည့် ဒဏ်ရာမျိုး ရလျှင်ပင် တမဟုတ်ချင်း ပြန်ကောင်းနိုင်သကဲ့သို့ လောထျန်း ခံစားလိုက်ရသည်။

" မသေမျိုးဖြစ်ရတဲ့ ခံစားချက်က ဒီလိုလား ....ဒါပေမယ့် ဒီအစွမ်းက ငါ့အတွက် ဘာမှအသုံးဝင်မယ့်ပုံလဲ မပေါ်ဘူး "

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

လက်ရှိ သူ့အား သေစေနိုင်လောက်သည့် ဒဏ်ရာမျိုးရအောင် လုပ်နိုင်သူမှာ အနည်းငယ်လေးသာ ရှိနိုင်သည် မဟုတ်ပါလား ။

" ထားပါလေ... ငါ့အသက်ကို ကယ်နိုင်တဲ့ နောက်တစ်နည်း ရှိထားတယ်လို့ပဲ ယူဆရမှာပေါ့ "

လောထျန်း ရေရွတ်လိုက်သည်။

ထို့နောက်တွင်မူ... သာမာန် စိမ့်စမ်းရေသာ ဖြစ်နေပြီဖြစ်သော မသေမျိုးစိတ်ဝိဥာဥ်ရေစင်ကို ကြည့်ရင်း သူ အနည်းငယ်လည်း နှမျောစိတ် ဖြစ်သွားပါ၏။

သူ ထို မသေမျိုးစိတ်ဝိဥာဥ်ရေစင်အား မရခဲ့သည့်တိုင် သူ့ အရှုပ်အထွေးခန္ဓာကိုယ်က နောက်တစ်ဆင့် တက်သွားခဲ့ပြီး အသက်နှင့် သေဆုံးခြင်း သဘောတရားများကိုလည်း နားလည်ခဲ့ရသည်ဖြစ်ရာ ဤခရီးက တန်သည်ဟုပင် ပြောရပေမည်။

ထို့နောက်တွင်မူ... သူ ပြန်လှည့်မထွက်ခင်မှာပင် ဝိဥာဥ်သခင်ကြီး ၊ ကွေ့ဖန် က လုံးဝ သေသွားခဲ့ပြီဖြစ်သည့်အတွက် သူ ခေါင်းယမ်းလိုက်သည်။

အစပိုင်းတွင် လောထျန်းသည် ကွေ့ဖန်အား သတ်ရမည်လား ၊ မသတ်ရမည်လား ဆိုသည်ကို စိတ်ထဲ ဒွိဟဖြစ်နေခဲ့သေးပါ၏။

ယခုတွင်ကား ထိုသို့ ဖြစ်နေစရာ မလိုတော့ပါချေ ။

ထိုသို့တွေးပြီး ... သူ ထိုလေထုမှ ထွက်လာကာ အကြိမ်အနည်းငယ် တည်နေရာရွှေ့ပြောင်း လိုက်သည်။

လောထျန်းတစ်ယောက် ထျန်းမင်ကမ္ဘာထဲသို့ ပြန်ရောက်ချိန်တွင်ကား... အံ့သြမှင်သက်သွားရပါတော့၏။

" ဟင်... ဘာတွေ ဖြစ်ကုန်တာလဲ "

သူ ဘေးဘီသို့ ကြည့်ရင်း တအံ့တသြ ရေရွတ်လိုက်သည်။

အစောက သူ မှတ်မိခဲ့သော ထျန်းမင်ကမ္ဘာမှာ စိမ်းစိုလန်းဆန်းကာ ခမ်းနားလှပါ၏။

သို့သော်.. ယခုတွင်မူ သူ့မျက်စိတဆုံး မိုင်ထောင်ချီအကွာအဝေးအထိ ခြောက်ကပ်ကာ ကန္တာရကြီးလို ဖြစ်နေပါသည်။

" ဒီမှာ ဘာတွေဖြစ်နေတာလဲ "

လောထျန်း တအံ့တသြ မေးလိုက်သည်။

" သခင်လေး "

ထိုစဥ် လောထျန်းနောက်မှ ပျောင်ပိုင်မြို့သား တစ်ယောက်၏ စိုးရိမ်တကြီး အသံတစ်သံ ထွက်လာပါ၏။

" ဟင်.... မင်း ဘာဖြစ်နေတာလဲ "

လောထျန်း နောက်လှည့်ကြည့်လိုက်ရာ မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်ပြီး အလွန်အားနည်းနေဟန်ရှိသည့် ပျောင်ပိုင်မြို့သားကို တွေ့သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။

တဖက်လူငယ်က မောပန်းနေဟန်ဖြင့် အသက်ကို အနိုင်နိုင်ရှူနေရင်း ပြန်ပြောရှာသည်။

" သခင်လေး ၊ ဒီ ထျန်းမင်ကမ္ဘာမှာ ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီဗျ "

" ထူးဆန်းတယ်... ဘာထူးဆန်းတာလဲ "

လောထျန်း မေးလိုက်သည်။

လူငယ်လေးက တုန်တုန်ယင်ယင်ဖြင့် ပြန်ပြော၏။

" ခုနတုန်းက ကျုပ်တို့... တိုက်ခိုက်ခံခဲ့ရတယ် "

" တိုက်ခိုက်တယ်... ဘယ်သူက တိုက်ခိုက်တာလဲ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ထျန်းမင်ကမ္ဘာ၌ သူ့လူများအား တိုက်ခိုက်ရဲသည့်သူ ရှိပါသလား ...

ထိုလူများက သေချင်နေလေပြီ ...

လောထျန်းကိုယ်မှ လူသတ်အရိပ်အငွေ့များ ချက်ချင်း ထွက်လာ၏။

" ဘယ်သူ့လက်ချက်လဲဆိုတာ ကျုပ်တို့ မသိဘူးဗျ "

" အင်... "

လောထျန်း အံ့အားသင့်သွားရတော့သည်။

ဘယ်သူတိုက်ခိုက်မှန်း မသိပါဘဲ... ဘယ်လိုကြောင့် တိုက်ခိုက်ခံခဲ့ရပါသနည်း ။

လူငယ်က ချက်ချင်းရှင်းပြရှာသည်။

" တဖက်လူ သုံးသွားတဲ့နည်းက အင်မတန် အံ့သြစရာကောင်းပြီးတော့ အင်မတန်လဲ ရက်စက်တယ်ဗျ ။ သူက ရန်သူ မိတ်ဆွေ ခွဲမနေဘဲ အားလုံးကို တိုက်ခိုက်ခဲ့တာ "

" ဘယ်လိုတိုက်ခိုက်ခဲ့တာလဲ "

လောထျန်း၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ လက်သွားသည်။

" ဘယ်လိုတိုက်ခိုက်လိုက်လဲတော့... မပြောတတ်ဘူး ။ သူက ကျုပ်တို့ကိုယ်ထဲက စိတ်စွမ်းအင်တွေနဲ့ မသေမျိုးစွမ်းအင်တွေကို တိုက်ရိုက် စုပ်ယူနိုင်တယ်... "

လူငယ်က မျက်နှာငယ်လေးဖြင့် ပြော၏။

လောထျန်း : " ........... "

" စိတ်စွမ်းအင်တွေနဲ့ မသေမျိုးအစွမ်းတွေကို စုပ်ယူသွားတယ်လို့ ပြောတာလား... "

လောထျန်း အပြစ်မကင်းသည့် မျက်နှာလေးဖြင့် ပြန်

မေးလိုက်သည်။

လူငယ် ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ဗျ ။ ကျုပ်တို့ကိုယ်ထဲက စွမ်းအင်တွေ အထိန်းအကွပ်မဲ့ စီးထွက်ကုန်တာ ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်ရန်သူက ဘယ်သူမှန်းတောင် မသိလိုက်ရပါဘူးဗျာ ... ဒီနည်းက တကယ်ကို ကြောက်စရာကြီးပဲ "

လောထျန်း အူကြောင်ကြောင်ဖြင့်သာ ခေါင်းကုတ်လိုက်ရသည်။

" အင်း.... အသေအပျောက်တော့ မရှိဘူးမဟုတ်လား "

လူငယ် ခေါင်းယမ်းပြသည်။

" အဲ့လိုတော့ မရှိဘူးဗျ ။ ဒါပေမယ့်.. ကျုပ်တို့ကိုယ်ထဲက စိတ်စွမ်းအင် တော်တော်များများတော့ စုပ်ယူခံလိုက်ရတယ် ။ အဲ့တုန်းက အကိုလောဖန်နဲ့ ကျန်တဲ့သူတွေ မူလမသေမျိုးလက်နက်ကို သုံးပြီး ခုခံဖို့ ကြိုးစားခဲ့ကြသေးတယ် ။ ဒါပေမယ့် အလုပ်မဖြစ်ပါဘူး... "

လောထျန်း သူ့နဖူးမှ ချွေးကို သုတ်လိုက်သည်။

" နောက်တော့ ကျုပ်တို့ စိတ်စွမ်းအင်ကျောက်တုံးတွေ ထုတ်ပြီး ကျုပ်တို့ကိုယ်ထဲကို စိတ်စွမ်းအင်တွေ ပြန်ဖြည့်ဖို့ ကြိုးစားလိုက်သေးတယ် ။ ဒါပေမယ့်.. စိတ်စွမ်းအင်ကျောက်တုံးတွေက ချက်ချင်း ကြေမွသွားပြီးတော့ စိတ်စွမ်းအင်အဖြစ် ပြောင်းပြီး စုပ်ယူခံလိုက်ရရောဗျာ "

လူငယ်က ကြောက်စိတ် မပြယ်သေးဟန်ဖြင့် ဆက်ပြောရှာ၏။

လောထျန်း တံတွေးမြိုချလိုက်မိသည်။

" ပြီးတော့ ထပ်ရှိသေးတယ် သခင်လေးရဲ့ ။ အစပိုင်းတော့ အဲ့လူက ကျုပ်တို့ကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ထင်နေတာ ။ ဒါပေမယ့် နောက်ပိုင်းတော့ အဲ့လိုမဟုတ်မှန်း သိခဲ့ရတယ် "

လူငယ်က မျက်နှာတည်ဖြင့် ဆက်ပြောလာသည်။

" ဘာလဲ ပြောပါဦး "

လောထျန်း အပြစ်မကင်းစွာ မေးလိုက်၏။

" အဲ့ကောင်က ကျုပ်တို့ကိုတင် ပစ်မှတ်ထားနေတာ မဟုတ်ဘူးဗျ ။ သူက ထျန်းမင်ကမ္ဘာသားတွေကိုလဲ အဲ့လိုပဲ ရက်ရက်စက်စက် လုပ်ခဲ့တာ ။ ကျုပ်တို့ ကြည့်လိုက်သမျှ နေရာတိုင်းမှာရှိတဲ့ မသေမျိုးတောင်တွေနဲ့ မြင့်မြတ်နယ်မြေက စိတ်စွမ်းအင်တွေအားလုံး စုပ်ယူခံလိုက်ရတာ မြင်ခဲ့ရတယ် ။ ပြီးတော့ ထျန်းမင်ကမ္ဘာက လူတွေရဲ့ ကိုယ်ထဲမှာရှိတဲ့ စိတ်စွမ်းအင်တွေကလဲ အဲ့ကောင်ကြီးရဲ့ စုပ်ယူတာကို ခံခဲ့ကြရတယ် "

" အသက်ကြီးကြီး အဘိုးကြီးတွေ တော်တော်များများဆိုရင် စိတ်စွမ်းအင်တွေ ကုန်ခမ်းကုန်ကြတာ ။ အစွမ်းနိမ့်တဲ့ သူတွေကတော့ ကျင့်ကြံခြင်းအဆင့် ပျက်စီးပြီး ဒီတိုင်း ရိုးရိုးသာမာန် လူတွေအဖြစ် ပြောင်းကုန်ကြတာဗျ ။ ပြီးတော့... အနီးနားမှာရှိတဲ့ စိတ်စွမ်းအင်သွေးကြောတွေအားလုံးလဲ ခမ်းခြောက်ကုန်ကြပြီ ။ တနည်းပြောရရင် အခု ထျန်းမင်ကမ္ဘာက ကမ္ဘာပျက်တော့မယ့် အခြေအနေကို ရောက်နေပြီဗျ "

" အဲ့ကောင်ကြီးက သူ့လူတွေကိုတောင် တော်တော်

ရက်စက်လွန်းပါတယ်ဗျာ ။ သခင်လေးရော အဲ့လိုပဲ ထင်တယ်မဟုတ်လား "

လူငယ်က လောထျန်းအား အလေးအနက် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

လောထျန်း ချောင်းအနည်းငယ်ဟန့်လိုက်၏။

" အင်း ... တော်တော်ဆိုးတာပဲ "

လောထျန်း၏ ထူးထူးဆန်းဆန်း အမူအရာကြောင့် လူငယ် စိုးရိမ်စွာ ဆက်ပြောလာသည်။

" သခင်လေး ၊ သတိလွတ်လို့ မဖြစ်ဘူးနော် ။ အဲ့ကောင်ကြီးက စိတ်စွမ်းအင်တွေ အများကြီးကို စုပ်ယူထားတာဆိုတော့... ကြောက်စရာ သိုင်းကွက်ကြီးတစ်ခုအတွက် ပြင်ဆင်နေတာပဲ ဖြစ်ရမယ် ။ သခင်လေး သေချာသတိထားမှ ဖြစ်မယ် "

ထိုသို့ပြောနေစဥ်တွင် သူ့မျက်လုံးထဲ၌လည်း စိုးရိမ်နေဟန် အထင်းသား ...

လောထျန်း သူ့ကိုကြည့်ရင်း အိုးတို့အမ်းတမ်းဖြင့် လက်ယမ်းပြ၍ ပြောလိုက်၏။

" အဟမ်း ... ငါ အဲ့ပြဿနာကို ဖြေရှင်းပြီးသွားပြီ "

" ဟင် ... ဖြေရှင်းပြီးသွားပြီ ... ဟုတ်လား ၊ သခင်လေး သူ့ကို သတ်လိုက်ပြီလား "

လူငယ်လေးက တအံ့တသြ မေးသည်။

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" အင်း.... "

လူငယ်က လောထျန်းအား အထင်ကြီးလေးစားစွာ လှမ်းကြည့်ရှာသည်။

" ပြိုင်ဘက်က ကမ္ဘာတစ်ခုလုံးရဲ့ စိတ်စွမ်းအင်တွေကို ကုန်ခမ်းသွားအောင် စုပ်ယူနိုင်တာတောင်... သခင်လေးက ခြစ်ရာလေးတစ်ခုတောင် မထင်ဘဲ အဲ့လူကို ရှင်းပစ်နိုင်တယ် ။ သခင်လေးက တကယ်ကို ကျုပ်တို့သခင်လေး ပီသပါပေတယ်ဗျာ "

လောထျန်း သူ့စကားကို ဆက်နားမထောင်နိုင်တော့သဖြင့် လက်ကာပြ၍ ပြောလိုက်ရ၏။

" အဲ့ကိစ္စကို ထားလိုက်ပါ ။ အခု အားလုံးကို ထျန်းယွမ်ကမ္ဘာဆီ ပြန်ကြဖို့ ပြောလိုက်တော့ "

ဤတိုက်ပွဲ၌ သူတို့ ထျန်းယွမ်ကမ္ဘာ နိုင်သွားခဲ့လေပြီ

။

နိုင်သည်မှ ရိုးရိုးတန်းတန်း နိုင်ခြင်းမဟုတ်ပါ ။

သူတို့ ပြိုင်ဘက်အား လုံးဝ အနိုင်ယူနိုင်ခဲ့ရုံမက ၊ ထျန်းမင်ကမ္ဘာ၏ အနာဂါတ်ကိုလည်း ဖြတ်တောက်ပစ်နိုင်ခဲ့ပါ၏။

ထျန်းမင်ကမ္ဘာ၏ အစွမ်းထက်ကျင့်ကြံသူများမှာလည်း ထို ကမ္ဘာပျက်ကာလတွင် သေဆုံးသွားကြရမည်မှာ သေချာပါသည်။

အကယ်၍ အပေါ်ကမ္ဘာမှ သူတို့အား ကူညီပေးလာခဲ့လျှင်ပင် ထျန်းမင်ကမ္ဘာ ပြန်ကောင်းလာရန်အတွက် အနည်းဆုံး နှစ်တစ်သိန်းခန့် အချိန်ယူရပေမည်။

လက်ရှိတွင်ကား.. ထျန်းမင်ကမ္ဘာမှာ အခွံကြီးသက်သက်သာ ကျန်ပါတော့၏။

ဤသို့ဖြင့် မကြာခင်မှာပင် လောထျန်း၏ အမိန့်အရ ထျန်းမင်ကမ္ဘာကို တန်ပြန်တိုက်ခိုက်ခဲ့ကြသော ပျောင်ပိုင်မြို့သားများအားလုံး လူပြန်စုလိုက်ကြသည်။

ထို့နောက် လောထျန်း၏ ဦးဆောင်မှုနှင့်အတူ သူတို့အားလုံး ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှတဆင့် ထျန်းယွမ်ကမ္ဘာသို့ ပြန်ဝင်သွားကြတော့၏။

ထိုစဥ် အပေါ်ကမ္ဘာ ၊ ထျန်းမင်နန်းတော်၌ ....

ဝုန်း ....

ခန်းမတစ်ခုထဲ၌ မြည်သံကျယ်တစ်သံ ပေါ်လာပြီး .... ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသော ထျန်းမင်သခင်ကြီး သွေးအန်သွားသည်။

" ထျန်းမင်သခင်ကြီး "

" သခင်ကြီး "

ခန်းမထဲ ရှိနေသူများအားလုံး သူ့အား စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။

သူတို့ထျန်းမင်နန်းတော်၏ လက်ရှိ ဂိုဏချုပ်ကြီးဖြစ်သော ၊ မသေမျိုးဘုရင်ဘွဲ့ ရထားသူ ထျန်းမင်သခင်ကြီးက သွေးအန်သွားသတဲ့လား .

ဘာတွေ ဖြစ်နေပါသလဲ ..

ထိုစဥ် ထျန်းမင်သခင်ကြီးက ခေါင်းကို လက်ဖြင့်ကိုင်ရင်း ဖြူရော်နေသော မျက်နှာဖြင့် တုန်တုန်ယင်ယင် ဆိုသည်။

" ထျန်းမင်ကမ္ဘာမှာ တစ်ခုခု ဖြစ်သွားခဲ့ပြီ ။ ငါ့ရဲ့ နတ်ဘုရားအသိစိတ် .... "

သူ့ဘေးတွင် ရှိနေသော အဘိုးအိုတစ်ယောက် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

ထျန်းမင်သခင်ကြီးက ထျန်းမင်ကမ္ဘာ၌ သူ့နတ်ဘုရားအသိစိတ် ချန်ခဲ့သည်ကို သူ သိပါသည် ။

သူ ထျန်းမင်သခင်ကြီးကို ကြည့်ပြီး တုန်လှုပ်စွာ မေးလိုက်၏။

" သခင်ကြီးရဲ့ နတ်ဘုရားအသိစိတ်ကို တစ်ယောက်ယောက် ဖျက်ဆီးလိုက်တာလား "

ထျန်းမင်သခင်ကြီး၏ နတ်ဘုရားအသိစိတ်မှာ သာမာန် မသေမျိုးဘုရင်တစ်ယောက်၏ အစွမ်းမျိုးရှိ

ပါသည်။

အကယ်၍သာ ထိုနတ်ဘုရားအသိစိတ်ကို တစ်ယောက်ယောက်က ဖျက်ဆီးလိုက်သည်ဆိုလျှင်... ထိုသူက အစွမ်းထက်ကြောင်း သိသာပါ၏ ။

ထို့ထက်ပို အရေးကြီးသည်မှာ ထျန်းမင်ကမ္ဘာက ထျန်းမင်ဧကရာဇ်ကြီး၏ ပြန်အသက်သွင်းခြင်းနှင့် ဆက်စပ်နေခြင်းပင် ။

သို့သော်.. ထျန်းမင်သခင်ကြီးက အံကြိတ်၍ ပြန်ပြောသည်။

" ဖျက်ဆီးလိုက်တာ မဟုတ်ဘူး ... "

ထိုစကားကိုကြားမှ အဘိုးအို စိတ်အေးသွား၏။

မဖျက်ဆီးလိုက်ဘူးဆိုလျှင် ကောင်းသည် မဟုတ်ပါလား ...

ထိုစဥ်.. ထျန်းမင်သခင်ကြီးက စကားဆက်သည်။

" အဲ့ကောင်က.. ငါ့ရဲ့ နတ်ဘုရားအသိစိတ်ကို

လွတ်မြောက်အောင် လုပ်ပေးလိုက်တာ "

All Chapters