အခန်း (၁၉၁)
Vol. 20 Ch. 191
လင်းရန် အိမ်ပြန်ရောက်ပြီးချိန်တွင် အဘွားလင်းက မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးကာစသာ ရှိသေးပြီး ကျန်ရှိသည့် လင်းမိသားစုမှာတော့ နေ့လယ်စာစားပြီးနောက် အနားယူနေခဲ့ကြသည်။
လင်းရန်လည်း ထိုအခြေအနေကို မြင်လျှင် သူမ၏ အကြီးဆုံးအဒေါ်ကို ထိုကိစ္စအကြောင်းကို ပြောပြရန် သို့မဟုတ် အကြီးဆုံးအဒေါ်၏အမြင်ကို မေးမြန်းရန်အတွက် အလျင်မလိုတော့ဘဲ အဘွားလင်းကို ဦးစွာ ပြောပြလိုက်လေ၏။
အဘွားလင်းကတော့ ထိုအကြောင်းကို သိလိုက်ရလျှင် ချက်ချင်းပင် ဝမ်းသာအံ့ဩသွားခဲ့၏။
“ဒီလောက်တောင် ကောင်းတဲ့ကိစ္စမျိုးတွေ ရှိနေသေးတာလား၊ လုပ်ရမှာပေါ့! သေချာပေါက် လုပ်ကို လုပ်ရမယ်၊ ဒါပေမဲ့ မင်းသာ အကြီးဆုံးချွေးမကို ခေါ်သွားမယ်ဆိုရင် ကွန်မြူနတီက ဘာမှမပြောဘဲနေပါ့မလား”
မည်သို့ပင်ဆိုစေ လင်းရန်သာ ဝမ်ရှို့ကျူအား ကွန်မြူနတီသို့ ခေါ်သွားခဲ့မည်ဆိုပါက နှစ်ယောက်ကြားမှ ဆက်ဆံရေးကို လျှို့ဝှက်ထား၍ မရနိုင်ပါချေ။
ကွန်မြူနတီခေါင်းဆောင်များက လင်းရန်အနေဖြင့် သူမ၏ အကျီးဆုံးအဒေါ်ကို အကူအဖြစ် ခိုင်းစေရန် ခေါ်လာမည့်အကြောင်းကို သိသွားခဲ့ပါက လင်းရန်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ကိုယ်ကျိုးရှာသည်ဟု ထင်သွားနိုင်သည်မဟုတ်ပါလား။
သေချာပေသည်။
လင်းရန်သည်လည်း အဘွားလင်း၏ စိုးရိမ်ပူပန်မှုများကို ဟိုးယခင်အချိန်များကတည်းက စဉ်းစားထားခဲ့သည်ပင်။
သို့သော်လည်း နေ့လယ်ပိုင်းတွင် ကွန်မြူနတီ ခေါင်းဆောင်များက ဤအကြောင်းကို ပြောသည့် အခြေအနေအရ သူတို့အနေဖြင့် ထိုကိစ္စကို သိပ်ပြီး အာရုံစိုက်လိမ့်မည် မဟုတ်ဟု သူမ ယုံကြည်သည်။
“အဘွား စိတ်မပူပါနဲ့၊ ဒီကစ္စကို ဘယ်သူကမှ စကားတွေပြောလာမှာ မဟုတ်ပါဘူး၊ အကြီးဆုံးအဒေါ်ကလည်း အလုပ်ကို အရမ်းကြိုးစားပြီး လုပ်ကိုင်တတ်တယ်လေ၊ ဒီလို အလုပ်ကြိုးစားတဲ့လူမျိုးကို ခေါင်းဆောင်တွေက သဘောကျမှာသေချာတယ်
သူတို့က ခေါ်တာ နောက်ကျတယ်လို့တောင် တွေးနေဦးမှာ၊ ဘယ်လိုလုပ်ပြီး တာဝန်မဲ့တဲ့ စကားတွေ ပြောနိုင်မှာလဲ၊ အဆိုးဆုံးအနေနဲ့ အကြီးဆုံးအဒေါ်က မသင့်တော်ဘူးလို့ သူတို့ထင်တယ်ဆိုရင်တောင် သူမကို အရင်ဆုံး စမ်းသပ်ခိုင်းလို့တာပဲလေ၊ စမ်းပြီးတော့ လုပ်ခွင့်မပေးသေးဘဲနဲ့ အခြေအနေကို သူတို့ ဘယ်လိုသိနိုင်မှာလဲ”
လင်းရန် ပြောသည့်စကားကို ကြားပြီးနောက် အဘွားအိုလည်း စိတ်သက်သာရာ ရသွားလေ၏။
“ကောင်းပြီ၊ ခဏနေလို့ သူ နိုးလာရင် အဲဒီကိစ္စကို ပြောပြလိုက်မယ်၊ မင်းအခု သွားပြီး အနားယူလိုက်တော့လေ၊ မနက်တစ်ပိုင်းလုံး ပင်ပန်းလာမှာပဲ”
လင်းရန်သည်က ဤမနက်ခင်းတွင် အလွန်စောစီးစွာ ထွက်သွားခဲ့သည်။
ထို့ကြောင့် အဘွားလင်းက ကွန်မြူနတီတွင် ကိစ္စတစ်ခုခုရှိနေခဲ့သောကြောင့် သူမကို ထိုမျှစောစောလာခိုင်းခြင်းဖြစ်လိမ့်မည်ဟု တွေးနေခဲ့လေ၏။
ထိုသို့ဆိုပါက သူမ၏ မြေးမလေးမှာ မနက်တစ်ပိုင်းလုံး ပင်ပန်းခဲ့ရသည် မဟုတ်ပါလား။
အဘွားလင်း၏ စိုးရိမ်ပူပန်သည့် အကြည့်ကို ရင်ဆိုင်လိုက်ရသောကြောင့် လင်းရန်တစ်ယောက် အပြစ်ရှိသကဲ့သို့ ခံစားမိသွားခဲ့ရသည်။
မည်သို့ပင်ဆိုစေ သူမနှင့် စုန့်ရှီးယန်တို့ နှစ်ယောက်တည်းသာ ယနေ့ မနက်တွင် အဘယ်ကြောင့် စောစောထွက်သွားသည်ကို သိကြလိမ့်မည်။
“ကောင်းပါပြီ အဘွား၊ ဒါဆို ကျွန်မ အနားယူတော့မယ်၊ အဘွားလည်း အနားယူတော့လေ”
လက်ရှိအချိန်မှာ အမှန်တကယ်ပင် ပူပြင်းနေပြီး နေ့လယ်ခင်းတွင် အပြင်ဘက်ရှိ နေရောင်ခြည်က ကြောက်မက်ဖွယ် ပူပြင်းနေခဲ့သောကြောင့် လူတိုင်းက ဤအချိန်တွင် နေ့လည်ခင်းအိပ်ခြင်းကို အကျင့်ဖြစ်နေခဲ့ကြသည်။
အဘွားလင်းလည်း လင်းရန်၏စကားကို သဘောတူကြောင်း လက်ဝှေ့ရမ်းပြလိုက်ပြီးနောက် လင်းရန်လည်း သူမ၏ အခန်းဘက်သို့ လျှောက်သွားခဲ့၏။
သို့သော်လည်း သူမ၏ အိမ်ခန်းဘက်ဆီသို့ ပြန်သွားရင်းဖြင့် မျက်လုံးများက စုန့်ရှီးယန် နေထိုင်သည့် အခန်းဆီသို့ မသိစိတ်မှ လှမ်းကြည့်မိသွားသည်။
ကံမကောင်းစွာဖြင့် အခန်းတံခါးက ပိတ်ထားခဲ့ပြီး အထဲတွင် မည်သည့်အရာများ ဖြစ်နေသည်ကို မမြင်နိုင်သကဲ့သို့ စုန့်ရှီးယန် အခန်းထဲတွင် ရှိ၊ မရှိကိုလည်း မသိနိုင်ပေ။
သို့သော်လည်း လင်းရန်တစ်ယောက် သူမ၏ ခေါင်းပေါ်ရှိ ပူပြင်းတောက်လောင်နေသော နေကို ကြည့်လိုက်မိ၏။ စုန့်ရှီးယန်သာ အရူးတစ်ယောက်မဟုတ်ပါက ဤအချိန်တွင် အပြင်ဘက်၌ လျှောက်သွားနေလိမ့်မည်မဟုတ်ပေ။
ထိုသူက အိပ်ရာပေါ်တွင် အိပ်ပျော်နေလောက်ပြီ။
လင်းရန်တစ်ယောက် မနက်ပိုင်းမှ သူမနှင့်အတူ လမ်းလျှောက်ထွက်ချင်သည့် စုန့်ရှီးယန်၏ စိတ်အားထက်သန်သော အမူအရာကို တွေးလိုက်မိပြန်သည်။
တကယ်တမ်းတွင်တော့ သူတို့နှစ်ဦးလုံးမှာ လမ်းတစ်လျှောက်လုံး တိတ်တဆိတ်သာ ရှိနေကြပြီး စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။
တစ်ဖက်လူသည်လည်း ပတ်ဝန်းကျင်ရှိ ရှုခင်းများကို အာရုံနစ်မြောစွာ ကြည့်နေခဲ့၏...
လင်းရန်၏ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ အခန်းဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
သူ ဘာလုပ်နေလဲဆိုတာကို စိတ်ပူနေမဲ့အစား အပြင်ဘက်မှာ နေလှမ်းထားလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်!
လင်းရန် မမျှော်လင့်ထားသည်မှာကား သူမ နေ့လယ်ခင်းအိပ်နေပြီဟု ထင်ထားသော စုန့်ရှီးယန်မှာ လက်ရှိအချိန်တွင် အခန်းထဲ၌ မရှိနေခဲ့ဘဲ အပြင်ဘက် နေပူကျဲထဲတွင် ရှိနေခဲ့သည်။
သူက အိတ်ကြီးတစ်လုံးကို ပခုံးပေါ်တွင် တင်ထားခဲ့ပြီး ပူပြင်းသော နေရောင်အောက်၌ လမ်းလျှောက်နေခဲ့သည်ပင်။
နေအပူချိန်က ပြင်းထန်လွန်းလှပြီး ပခုံးပေါ်ရှိ လေးလံသောအိတ်မှာလည်း ပေါ့ပါးခြင်း မရှိသော်လည်း စုန့်ရှီးယန်ထံတွင် ညည်းညူရန် ရည်ရွယ်ချက် မရှိပါချေ။
အဘယ်ကြောင့်ဆိုသော် သူသည်က နေပူဒဏ်ကို ခံရန် ဆန္ဒရှိနေပြီး ထိုကဲ့သို့အရာမျိုးကိုလည်း ခံနိုင်ရည်ရှိနေ၍ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ အသစ်စက်စက် ချစ်သူဖြစ်သော လင်းရန်အတွက် လက်ဆောင်ဖြစ်ပေ၏။ သူမက ဤပစ္စည်းများကို မြင်သောအချိန်တွင် အလွန်ပျော်ရွှင်နေလိမ့်မည်!
လင်းရန် အိမ်ခန်းသို့ ပြန်၍ အိပ်စက်ခဲ့ပြီး မကြာမီအချိန်တွင်ပင် စုန့်ရှီးယန်တ်ယောက် သူ၏ ပစ္စည်းများဖြင့် ပြန်ရောက်လာခဲ့သည်။
အဘွားအိုင သူ့ကို မြင်လျှင် အလျင်အမြန် နှုတ်ဆက်လိုက်လေ၏။
“အို၊ ရှောင်စုန့်၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ဘာလို့ ဒီလိုမျိုး အိတ်ကြီးကိုသယ်ပြီး ပြန်လာတာလဲ၊ နေ့လယ်ခင်းက နေအပူဆုံးအချိန်ပဲ၊ မင်းထွက်သွားချင်တယ်ဆိုရင်တောင်မှ ညနေလောက်မှ ထွက်သွားသင့်တာ”
အဘွားအိုက စုန့်ရှီးယန်၏ နဖူးပေါ်ရှိ ချွေးများကို ကြည့်ပြီးအလျင်အမြန် မတ်တပ်ရပ်လိုက်ကာ ခြေဖျားထောက်ပြီး ချွေးများကို သုတ်ပေးလိုက်သည်။
စုန့်ရှီးယန်လည်း ပခုံးပေါ်ရှိ ချွေးများကို သုတ်လိုက်ကာ ရှက်ရွံ့စွာပြောလိုက်လေ၏။
“အဘွား၊ ကျွန်တော် အဆင်ပြေပါတယ်”
လူငယ်လေးက အခုအချိန်ထိ တက်ကြွနေသည်ကို မြင်လျှင် အဘွားလင်း ပြုံးလိုက်မသည်။
သို့သော်လည်း သူမက စုန့်ရှီးယန် အပူရှပ်မည်ကို မစိုးရိမ်ဘဲ မနေခဲ့ပါချေ။
သူမက စုန့်ရှီးယန်၏ ပခုံးပေါ်ရှိ အိတ်ကြီးကို အမြန်ဆုံး ချပေးလိုက်ပြီးနောက် အနည်းငယ် သိလိုစွာ မေးလိုက်မိသည်။
“ရှောင်စုန့်၊ မင်း ဘာတွေ ထမ်းလာတာလဲ၊ ဒီလိုအိတ်ကြီးနဲ့တောင် ယူလာတယ်”
ထိုအိတ်မှာ အနည်းဆုံး ကီလိုဂရမ် ဆယ်ဂဏန်းလောက်တော့ လေးလိမ့်မည်ထင်ရ၏။
စုန့်ရှီးယန်သည်လည်း အဖွားလင်း၏မေးခွန်းကို ကြားလျှင် ဖုံးကွယ်ထားချင်စိတ်မရှိခဲ့ပေ။ ဆိုရလျှင် ဤသည်မှာ သူ့အနေဖြင့် လင်းမိသားစုအတွက် ပြင်ဆင်ထားခြင်းပင် မဟုတ်ပါလား။
အဓိကအားဖြင့် လင်းရန်အတွက် ပြင်ဆင်ထားသော်လည်း ကျန်ရှိသည့် လင်းမိသားစုအတွက်လည်း ပါဝင်ပေသည်။
“အဘွား၊ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရက်က မြို့ကိုသွားပြီး ဒီပစ္စည်းတွေကို ပြင်ဆင်ပေးဖို့ ကျွန်တော့်သူငယ်ချင်းကို အကူအညီတောင်းခဲ့တာပါ၊ သူ့ရဲ့မိသားစုက ကမ်းရိုးတန်းဒေသမှာနေတော့ သစ်သီးတွေနဲ့ ပင်လယ်စာတွေ ပေါတယ်လေ၊ ဒါကြောင့် သူ့ကို နည်းနည်းလောက် ပြင်ဆင်ပေးဖို့ ခိုင်းခဲ့တာ”
လင်းမိသားစု၏နေရပ်မှာ ကုန်းတွင်းပိုင်းတွင်ရှိနေပြီး ကမ်းရိုးတန်းဒေသများနှင့် ဝေးကွာသောကြောင့် သူတို့အများစုမှာ ပင်လယ်စာအကြောင်းကို ကြားပင် မကြားဖူးကြပါချေ။
စားဖူးရန်အတွက်ဆိုလျှင် ပို၍ ဝေးပေလိမ့်မည်။
စုန့်ရှီးယန် သယ်လာသည့် အပူပိုင်းဒေသ သစ်သီးများသည်လည်း ထိုအတိုင်းပင် ဖြစ်ပေ၏။
အဘွားလင်းက သူ့၏စကားကိုကြားလျှင် ချက်ချင်းပင် ဆူပူလာခဲ့၏။
“မင်းဆိုတဲ့ ကလေးကတော့၊ ဘာတွေသွားဝယ်နေတာလဲ၊ ငါတို့အိမ်မှာ အကုန်ရှိတယ်လေ၊ မင်း သစ်သီးစားချင်ရင် နေ့လယ်ဘက်လောက်ကို ကွမ်းချင်းကို တောင်ပေါ်သွားပြီး ခူးခိုင်းလိုက်မယ်၊
တောင်ပေါ်မှာ တောသစ်သီးတွေအများကြီးရှိနေတာတောင် ဘယ်သူမှ စားချင်စိတ် မရှိကြဘူး”
ထိုတောသစ်သီးများက အနည်းငယ်ခါးသော်လည်း ဤဘက်ခေတ်ကာလတွင်တော့ ရတနာပစ္စည်းများအဖြစ် သတ်မှတ်နိုင်၏။
သို့သော်လည်း ဤနေရာဒေသရှိ လူများကမူ ငယ်ရွယ်စဉ်ကတည်းက အများကြီး စားခဲ့ရသောကြောင့် ဖြစ်နိုင်သည်။ အရွယ်ရောက်လာချိန်တွင် မစားချင်ကြတော့ပေ။
ပုံမှန်အားဖြင့် တပ်မဟာထဲမှ ကလေးတချို့ကသာ တောင်ပေါ်သို့ တက်ကာ ခူးစားလေ့ရှိကြပြီး ကျန်ရှိသည့် လူကြီးများကတော့ စားရမည်ကိုပင် ပျင်းရိကြ၏။ ထိုအသီးများကို ဂရုစိုက်ကြတော့ပေ။
ထို့ကြောင့် အဘွားလင်းက စုန့်ရှီးယန်မှ သူ သယ်လာသည့်အိတ်ထဲတွင် သစ်သီးများပါသည်ဟု ပြောလာသည့်စကားကို ကြားလိုက်ရချိန်တွင် ထိုလူငယ်က ပိုက်ဆံများကို အတော်လေး ဖြုန်းတီးလိုက်သည်ဟု ခံစားမိသွားရသည်။
စုန့်ရှီးယန်လည်း အဘွားလင်း၏စကားများကို ချက်ချင်း ပြန်မဖြေခဲ့ပေ။
သူ သယ်ယူလာခဲ့သည့် သစ်သီးများမှာ အပူပိုင်းဒေသမှ လိုင်ချီး၊ အုန်းသီး၊ ပိန္နဲသီး၊ ဒူးရင်းသီး စသည့် ကောင်းမွန်သော သစ်သီးများဖြစ်ပြီး တုန်ဖန်းတပ်မဟာဘက်တွင် တွေ့ဖို့ကိုမဆိုထားနှင့်၊ မြို့ပေါ်တွင်ပင် တွေ့ရဖို့ ခက်ခဲနိုင်သည်ဟု ပြောနိာင်ပေ၏။
မှန်ပေ၏။ အရေးအကြီးဆုံးအချက်မှာ ဤသစ်သီးများ၏ အရသာက ချိုမြိန်နူ့ညံ့ပြီး မိန်းကလေးများ သေချာပေါက် သဘောကျကြမည့် အရသာများဖြစ်သည်။
ပင်လယ်စာနှင့် ပတ်သက်လျှင်တော့_ ၎င်းတို့ကို အခြောက်ခံထားသော်လည်း လင်းရန်၏ ဟင်းချက်ရခြင်းကို ကြိုက်နှစ်သက်သည့် စိတ်နေစိတ်ထားပြောင့် မှာယူခဲ့ခြင်းဖြစ်သည်။
ဤပင်လယ်စာများမှာ သူမ မကြိုးစားရသေးသည့် ဟင်းလျာတစ်ခု ဖြစ်လိမ့်မည်ဟု သူ ခံစားမိ၏။ ဤပစ္စည်းများကို သူမ၏လက်ထဲသို့ ပေးအပ်လိုက်ပြီးနောက်တွင် သူမကို ဟင်းလျာအသစ်များ ဖန်တီးရန် ပို၍ လှုံ့ဆော်ပေးနိုင်လိမ့်မည်!
ဒါကြောင့် ဤပစ္စည်းများမှ် မည်မျှပင် လေးလံနေသည်ဖြစ်စေ စုန့်ရှီးယန်တစ်ယောက် ပင်ပန်းသည်ဟု မခံစားရပေ။
အချိန်ခဏကြာမှ စုန့်ရှီးယန်တစ်ယောက် သတိဝင်လာခဲ့ပြီး အဘွားလင်း၏စကားကို အပြုံးနှင့် ပြန်ဖြေခဲ့သည်။
“ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ မိသားစုဝင်တွင် အများကြီး ရှိတာပဲ၊ ကျွန်တော်တို့ စားချင်တာကို အကုန်စားလို့ရတယ်လေ”
သူ့၏ထိုကဲ့သို့ အမူအရာကို မြင်လျှင် အဘွားလင်းလည်း မည်သည့်စကားကိုမှ ထပ်မပြောတော့ပေ။
နောက်ဆုံးတွင် သူမက စုန့်ရှီးယန်၏ ပစ္စည်းများကို ကူညီရှင်းပေးခဲ့ပြီးနောက်တွင် လင်းမိသားစုမှ လူများလည်း တစ်ယောက်ပြီးတစ်ယောက် အိပ်ယာမှ ထလာကြတော့၏။