← Chapters

အခန်း (၁၉၄)

Vol. 20 Ch. 194

အခန်း (၁၉၄)

Vol. 20 Ch. 194

စုန့်ရှီးယန်တစ်ယောက် လင်းကျန်းအန်းဘက်မှ လင်းရန်အပေါ်ညမည်မျှတင်းကျပ်စွာ စောင့်ကြပ်နေသည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏အနာဂတ်မှာ အနည်းငယ် ဝေဝါးလာခဲ့သည်ဟု ရုတ်တရက် ခံစားမိသွားရ၏။

သူ့အနေနဲ့ မည်သို့လုပ်ရမည်ကိုပင် မသိတော့ပေ။

သို့သော်လည်း ကိစ္စမရှိပါချေ။ သူ ပြင်ပ အကူအညီ ရှာနိုင်ပေသေးသည်။

ထို့ကြောင့် နောက်တစ်နေ့သို့ရောက်ရှိလာချိန်တွင် ကျန်ရှိသည့် လင်းမိသားစုများအားလုံး အလုပ်သို့သွားကြပြီးနောက် စုန့်ရှီးယန်က လင်းရန်နှင့် တီးတိုးပြောပြီး သူနှင့်အတူ ထပ်မံ၍ အပြင်သို့ လမ်းလျှောက်ထွက်ချင်ခြင်း ရှိ၊ မရှိ မေးမြန်းလိုက်သည်။

လင်းရန်က သူ့ကို စိုက်ကြည့်ကာ မျက်နှာသေဖြင့် ငြင်းဆိုလိုက်သည်။

“ကျွန်မ မသွားချင်ဘူး”

သူမအနေဖြင့် ယမန်နေ့ကကဲ့သို့ လမ်းတစ်လျှောက်လုံး စကားမပြောဘဲ နေရသည့် အခြေအနေမျိုးကို နောက်ထပ် မကြုံတွေ့လိုတော့ပေ။

သို့သော်လည်း စုန့်ရှီးယန်ကတော့ ယမန်နေ့က အတွေ့အကြုံကို အလွန်ပင် ကောင်းမွန်သကဲ့သို့ ခံစားရပုံရသည်။

လင်းရန်တစ်ယောက် တစ်ဖက်လူကို အမှန်တကယ်ပင် နားမလည်နိုင်တော့ပေ။

စုန့်ရှီးယန်ကလည်း သူမ၏ ငြင်းဆန်မှုကို ရရှိလိုက်သည့်အတွက် အလွန်အမင်း ဝမ်းနည်းခြင်းမရှိပါချေ။ သူ့အနေဖြင့် လင်းရန်နှင့်အတူ နေဆာလှုံရင်း လမ်းလျှောက်ခွင့် မရသည့်အတွက်သာ အနည်းငယ်လောက် နောင်တရနေခဲ့သည်။

“ကောင်းပြီ၊ ဒါဆို ကိုယ် ဒီနေ့ မင်းကို အလုပ်လိုက်မပို့ပေးတော့ဘူး၊ ကိုယ် မြို့ကို သွားရဦးမယ်ဆိုတော့ အရင် သွားလိုက်မယ်”

ထိုသို့ပြောပြီးနောက်တွင် စုန့်ရှီးယန်က မြို့ဆီသို့ အလျင်အမြန် လျှောက်သွားခဲ့လေ၏။

သူက မြို့ကို ထပ်သွားဦးမလို့လား?

ဘာလို့လဲ နောက်ထပ် တစ်ခုခု ဝယ်ဖို့ ပြင်ဆင်နေတာလား?

လင်းရန် မျက်မှောင်ကြုတ်လိုက်မိပြီး စုန့်ရှီးယန် ပြန်လာပါက တစ်ဖက်လူကို ထိုကိစ္စနှင့် ပတ်သက်၍ ပြောရဦးမည်ဟု တွေးတောလိုက်မိသည်။

စုန့်ရှီးယန်က ချမ်းသာသည်ဆိုလျှင်ပင် သူတို့အပေါ်တွင် ထိုမျှလောက်အထိ ပိုက်ဆံများကို စိတ်လွတ်လက်လွတ်ဖြုန်းတီးနေရန် မလိုအပ်ပါချေ။

သူမက သူ့၏ ပိုက်ဆံကြောင့် သူနှင့်အတူရှိရန် သဘောတူခဲ့ခြင်း မဟုတ်ပေ။ သူ့အနေနဲ့ သူမအတွက် ထိုမျှများပြားသည့် ပစ္စည်းများကို ဝယ်ယူပေးခဲ့သည်က သူမကို အသေးအဖွဲကိစ္စများကအစ လောဘကြီးသူအဖြစ် ထင်ရစေသည်။

ထို့အပြင် လက်ဆောင်ပေးသည့်အချိန်တွင်လည်း စဉ်းစားဆင်ခြင်ရန်သာ လိုအပ်ပေသည်။

သူ့ကို သေချာပေါက် ပြောရလိမ့်မယ်!

ပိုက်ဆံကို ကိုယ့်လက်ထဲမှာ စုထားတာ ပိုမကောင်းဘူးလား။

တကယ်လို့ သူမသာ ပိုက်ဆံတွေကို ဘယ်လိုမျိုး သုံးရမယ်ဆိုပြီး မထိန်းချုပ်နိုင်ဘူးဆိုရင် သူမ ကူညီပြီးစုပေးလို့ရတယ်!

သို့သော်လည်း လင်းရန်က ဤတစ်ကြိမ်တွင် အတွေးလွန်ခဲ့ခြင်းသည်။ အဘယ်ကြောင့်ဆိုသော် စုန့်ရှီးယန် ဤတစ်ကြိမ် မြို့သို့ သွားခဲ့ခြင်းက ပစ္စည်းများကို သွားယူရန်မဟုတ်ဘဲ စာပို့ရန်အတွက်သာ ဖြစ်ပေ၏။

သူ၏ ဖခင်ဖြစ်သူ စုန့်ကျယ်နှင့် သူ၏ ဆက်ဆံရေးက မကောင်းသော်လည်း သူ၏မိခင် ချင်ယွင်ကျစ် နှင့် သူ၏ ဆက်ဆံရေးကတော့ အလွန်ပင် ကောင်းမွန်ပေသည်။

သူတို့နှစ်ယောက်က တစ်ယောက်ထံတွင် ကိစ္စ တစ်ခုခုဖြစ်ခဲ့ပါက သူငယ်ချင်းများကဲ့သို့ ပြောဆို ဆွေးနွေးကြလေ့ရှိသည်

သို့သော်လည်း သူ၏ချစ်သူနှင့်ပတ်သက်သော အရေးကြီးကိစ္စကို အောင်မြင်နိုင်ခဲ့ပြီဖြစ်သောကြောင့် သူ့အနေဖြင့် ချင်ယွင်ကျစ်ထံမှ ဖုံးကွယ်ထားရန် မတွေးခဲ့တော့ပေ။

သေချာပေ၏။

သူ ဤစာကို ပို့ရသည့် နောက်ထပ် ပိုမိုအရေးကြီးသည့် အကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။ သူ့အနေဖြင့် သူ၏ မိခင်ထံမှ သူအတွက် နည်းလမ်းများကို အကူအညီတောင်းရန်ပင်ဖြစ်ပေ၏။

သူက လင်းကျန်းအန်းထံမှ စိတ်ကျေနပ်မှုကို အမြန်ဆုံးရယူပြီး သူ၏သမီးကို သူ့ထံသို့ စိတ်ချစွာ အပ်နှံရန် မည်သို့လုပ်ရမည်ဖြစ်ကြောင်းကို အကြံတောင်းချင်ခဲ့သည်။

အဟမ်း ...

သူ့ရဲ့ အဘိုးကလည်း အရင်တုန်းက သူရဲ့အဖေကို လုံးဝ သဘောမကျခဲ့ဘူးလို့ ပြောခဲ့တာကို သူမှတ်မိသေးတယ်။

ဒါကြောင့် သူ့ရဲ့အဖေက ယောက္ခမဖြစ်သူအပေါ် ဘယ်လိုနည်းလမ်းမျိုးကို သုံးပြီး အောင်မြင်နိုင်ခဲ့လဲဆိုတာကို သူ သိချင်မိတယ်။

အကောင်းဆုံးနည်းလမ်းက သူ့အဖေ စုန့်ကျယ်ကို တိုက်ရိုက်ပြောပြမေးမြန်းရန် ဖြစ်သော်လည်း စုန့်ရှီးယန်မှာ သူ့အဖေနှင့် နှစ်ယောက်တည်း စကားမပြောလိုပါချေ။

ထို့ကြောင့် အမေဖြစ်သူဆီသို့ အကူအညီတောင်းရန်သာ လုပ်ဆောင်နိုင်တော့သည်။

ဤစာက သူ၏မျှော်လင့်ချက်များကို အပြည့်အဝထည့်သွင်းထားသော စာတစ်စောင်ဖြစ်ပေသည်။

စာကို စာတိုက်မှူးထံသို့ လွှဲပြောင်းပေးလိုက်ချိန်ကတည်းက သူ့အနေဖြင့် ချင်းယွင်ကျစ်ထံမှ အကြောင်းပြန်စာကို လက်ခံရရှိဖို့မျှော်လင့်နေခဲ့ပေပြီ။

စာပို့ပြီးနောက် စုန့်ရှီးယန် စာတိုက်ထဲမှ ထွက်လာသည်။

မမျှော်လင့်ဘဲ စာတိုက်တံခါးမှ ထွက်လာသည်နှင့် လူတစ်ယောက်က သူ့ကို ဝင်တိုက်မိခဲ့လေသည်။

သို့သော်လည်း ဝင်တိုက်ခံရသူမှာ စုန့်ရှီးယန် ဖြစ်နေလျှင်ပင် သူ၏ကိုယ်ခန္ဓာက တည်ငြိမ်နေခဲ့ပြီး အနည်းငယ်သာ လှုပ်သွားခဲ့သည်။

သူ့ကို ဝင်တိုက်မိသည့်လူကတော့ မြေပြင်ပေါ်သို့ လဲကျလုနီးနီး ဖြစ်သွားခဲ့လေသည်။

စုန့်ရှီးယန်ဘက်မှ ထိုလူကို ကူညီထိန်းပေးလိုက်သောကြောင့်သာ ထိုလူက မလဲကျဘဲ မတ်တပ်ရပ်နေနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုလူက ခေါင်းမော့ကြည့်ပြီးနောက် စိတ်မရှည်စွာဖြင့် ပြောလာခဲ့သည်။

“မင်းမှာ မျက်လုံးမပါဘူးလား.. ”

သူကနောက်ဆုံးစကားလုံးကို မပြောနိုင်သေးခင် သူ့ရှေ့တွင် မတ်တပ်ရပ်နေသော စုန့်ရှီးယန်က မည်မျှ အရပ်ရှည်ကြောင်းကို တွေ့လိုက်ရသောကြောင့် နောက်ဆုံးသော စကားလုံးကို တိတ်တဆိတ် မြိုချလိုက်ရသည်။

စုန့်ရှီးယန်လည်း သူ၏အရှေ့မှလူက အရှုံးပေးလိုက်သည်ကို မြင်သောကြောင့် သူ့ကို စကားပြန်ပြောဝန် မလုပ်ခဲ့တော့ပေ။

ထိုလူက အလျင်စလိုဖြင့် သူ့ကိုဝင်တိုက်မိသည်မှာ သိသာထင်ရှားသော်လည်း တစ်ဖက်လူကိုသာ အပြစ်တင်ရန် စိတ်အားထက်သန်နေခဲ့သည်။

စုန့်ရှီးယန်လည်း သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်နှာပေါ်တွင် အမူအရာကသ်းမဲ့စွာဖြင့် ထွက်ခွာလာခဲ့သည်။

စုန့်ရှီးယန် အဝေးသို့ ထွက်သွားချိန်တွင် နောက်ဘက်မှ မကျေမနပ်ပြောဆိုသံကို ခပ်တိုးတိုးကြားလိုက်ရသည်။

“ကျစ်! လူကို အရေးလုပ်မသွားဘူး၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ မကောင်းတဲ့လူပဲ!”

အရှေ့ဘက်ဘူတာရုံတွင် စောင့်နေသော တုန်လိလိကတော့ စိတ်မရှည်ဖြစ်နေခဲ့ပေပြီ။

နေရောင်ခြည်က ပူလောင်စွာ ထွက်ပေါ်လာနေပြီဖြစ်ကာ အနီးအနားတွင် ဝင်ရောက် နားခိုစရာနေရာမျိုးလညား မရှိပေ။

သူမအနေနဲ့ အလွန်ပူလောင်နေရသော်လည်း စာတိုက်တံခါးဝတွင် အချိန်ဆွဲနေသော လော်ပင်ကို မြင်လိုက်ရသည်။ သူမသည် သူ့ကို မဆူငေါက်ဘဲ မနေနိုင်တော့ပေ။

“လော်ပင်! ရှင် အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ မြန်မြန်သွားမယ်! ဒီလောက်တောင် နှေးကွေးလေးတွဲနေတာ ရှင့်ကိုယ်ရှင် ယောက်ျားတစ်ယောက်ဆိုတာကိုရော သိသေးရဲ့လား”

လော်ပင်းလည်း ထိုစကားကို ကြားလိုက်ရချိန်တွင် အမြန်သတိဝင်လာခဲ့ပြီး စာတိုက်တံခါးဝသို့ ပြေးသွားခဲ့သည်။

“ လိလိ၊ ခဏလေးစောင့်ဦး၊ ကိုယ် အခု ပြန်လာခဲ့မယ်!”

မကြာမီအချိန်တွင်ပင် ရှုကျစ်ဝမ်၏ ခြေသံများက တဖြည်းဖြည်းဝေးကွာသွားသော်လည်း စုန့်ရှီးယန်ကတော့ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

လော်ပင်း၊ လိလိ?

သူ ဘာလို့ ဒီနာမည်နှစ်ခုကို ရင်းနှီးနေတယ်လို့ ထင်နေတာလဲ။

လင်းရန်ရဲ့ စတုတ္ထအဒေါ် လင်းကျန်းဖူရဲ့ ခင်ပွန်းဟောင်းက လော်ပင်းဖြစ်ပြီး သူရဲ့လက်ရှိ ရည်းစားဖြစ်သူက တုန်လိလိ မဟုတ်ဘူးလား။

ဒါဆို သူ့ကိုဝင်တိုက်မိတဲ့လူက အဲဒီလူလား။

စုန့်ရှီးယန်တစ်ယောက် ထိုအကြောင်းကို စဉ်းစားနေခဲ့ကာ မနေနိုင်တော့ဘဲ နောက်ကို လှည့်ကြည့်လိုက်မိသည်။ ဤအချိန်တွင် လော်ပင်းမှာ “လိလိ” အမည်ရှိ အမျိုးသမီးအား အလွန် နိမ့်ကျသောအမူအရာမျိုးဖြင့်ည မြှောက်ပင့်လိုစွာ ပြုံးနေသည်ကို တွေ့လိုက်ရလေသည်။

စုန့်ရှီးယန်တစ်ယောက် ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

အကယ်၍ ၎င်းတို့ကသာ ထိုနှစ်ယောက်ဆိုပါက ဤသို့သော ဆက်ဆံရေးမျိုးနှင့် အေးချမ်းစွာ ဆက်လက်နေထိုင်နိုင်ပါမည်လား။

စုန့်ရှီးယန်က တုန်လိလိတွင် ကိုယ်ဝန်ရှိနေသည်ကို မသိပေ။ ပုံမှန်ဆက်ဆံရေးမှာ ထိုသို့ မဖြစ်နိုင်ကြောင်းကိုသာ သိပေသည်။

ဤနယ်ပယ်တွင် အတွေ့အကြုံမရှိသည့် ဝက်သားမစားဖူးသော သူ့ကဲ့သို့လူမျိုးပင် ဝက်တွေပြေးနေသည်ကို မြင်ဖူးပေသည်!

ဥပမာအားဖြင့် သူ့အနေဖြင့် လင်းရန်နှင့် မျက်နှာချင်းဆိုင်တွေ့သောအချိန်မျိုးတွင် အလွန်သတိအနေအထားရှိနေသော်လည်း ဤမျှလောက် ကိုယ့်ကိုယ်ကိုယ်နိမ့်ပါးစေကာ ကျွန်တစ်ယောက်ကဲ့သို့ည မပြုမူပေ။

လော်ပင်းကို ကြည့်နေသော တုန်လိလိ၏ မျက်နှာပေါ်ရှိ အမူအရာကလည်း ရွံရှာမှုနှင့် မကျေနပ်မှုများ ပြည့်နေသည်မှာ သိသာထင်ရှားပေသည်။ သို့သော်လည်း အဘယ်ကြောင့် သူနှင့်အတူ ဆက်နေရန် အတင်းအကျပ် လုပ်ဆောင်နေသည်ကိုတော့ သူ မသိပါချေ။

စုန့်ရှီးယန်တစ်ယောက် သူ ထိုနှစ်ဦး အမှမ်တကယ် နားမလည်နိုငသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းကိုခါရမ်းကာ လှည့်ထွက်သွားခဲ့သည်။

ဆိုရလျှင် သူ့၏အတွေးက မှန်ကန်နေခဲ့သည်ပင်။ လော်ပင်းနှင့် တုန်လိလိတို့၏ လက်ရှိဆက်ဆံရေးမှာ တစ်ခုခုအဆင်မပြေဖြစ်နေကြောင်းကို သူတို့နှစ်ဦးစလုံး ခံစားနေရသည်။

တစ်ယောက်က တုန်လိလိ၏ နောက်ခံအဆင်အသွယ်များ အကြောင်းကို စဉ်းစားနေပြီး ကျန်တစ်ဦးကတော့ သူမ၏ ဗိုက်ထဲမှ ကလေးကို လက်မလွှတ်ချင်ခဲ့ပေ။ သိာ့ဖြစ်၍ သူတို့နှစ်ဦးက ဤနည်းအတိုင်းသာ ဆက်လက်နေထိုင်နိုင်တော့သည်။

တုန်လိလိအနေဖြင့် ဗိုက်ထဲမှ ကလေးကို အဘယ်ကြောင့် မစွန့်လွှတ်ချင်သနည်းဆိုသည့်အကြောင်းကို ပြောရလျှင် ..

လွန်ခဲ့သည့်တစ်ရက်တွင် သူမ၏အမေက သူမကို သားဖွားဆရာမထံသို့ ခေါ်သွားပြီး အခြေအနေကို အတည်ပြုခဲ့ခြင်းနှင့် ဆက်စပ်နေခဲ့သည်။ သားဖွားဆရာမက သူမ၏သွေးခုန်နှုန်းကို ကြည့်ပြီး စကားတစ်ခုပြောခဲ့သည်။

သူမ၏ ခန္ဓာကိုယ်မှာ ကျန်းမာရေးမကောင်းကြောင်း၊ နောင်အနာဂတ်တွင် ကိုယ်ဝန်ဆောင်ရန် အဆင်မပြေတော့မည်ကို စိုးရိမ်ရကြောင်း ပြောခဲ့လေသည်။ ထို့ကြောင့် ဤကိုယ်ဝန်ကို တတ်နိုင်သမျှ ဆက်ထားရန်၊ ကိုယ်ဝန်ဖျက်ချခြင်း မပြုရန်နှင့် ကိုယ်ဝန်ဖျက်ချခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ကြောင်း၊ သို့သော် နောင်တွင် သေချာပေါက် ကိုယ်ဝန်ရနိုင်ရန်မသေချာမည်ဖြစ်ကြောင်းကို ပြောပြခဲ့သည်။

သားဖွားဆရာမပြောခဲ့သည့်စကားများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တုန်လိလိအနေဖြင့် သူမ၏စကားများကြောင့် ကြောက်ရွံ့သွားခဲ့ရသည်။

သို့သော် ကလေးကိုဆက်လက်ထားရှိရန် ဆုံးဖြတ်ဖို့အတွက် အရေးကြီးဆုံးမေးခွန်းမှာ...

ကလေးမွေးလာပြီးနောက် ကလေးက သူမနဲ့ တူလောက်မည်လား၊ သို့မဟုတ် တခြားလူတစ်ယောက်နဲ့ တူနေမည်လားဆိုသည်ကို သိချင်သောကြောင့် ဖြစ်ပေသည်။

သူမက သူမ၏ဗိုက်ကို ပွတ်သပ်ကာ သူမ၏ နှလုံးသားထဲတွင်ရှိနေသော လူ၏အကြောင်းကို တွေးလိုက်မိရင်း လော်ပင်းကို သတိလက်လွတ် ကြည့်လိုက်မိသည်။

သူမ၏ မျက်လုံးများတွင် အပြစ်ရှိနေသကဲ့သို့ အရိပ်အယောင်များဖြစ်ပေါ်လာရသော်လည်း ဤအကြောင်းကို သူမကိုယ်တိုင်မှလွဲ၍ တခြားမည်သူကမှ မသိလောက်ကြောင်း ပြန်တွေးမိပြန်သည်။

All Chapters