← Chapters

အခန်း (၁၉၆)

Vol. 20 Ch. 196

အခန်း (၁၉၆)

Vol. 20 Ch. 196

လော်ပင်း တုန်လိလိဆီသို့ သွားနေရင်းဖြင့် လင်းကျန်းဖူ ရပ်နေခဲ့သည့်နေရာသို့ ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်လေ၏။

သို့သော်လည်း ထိုအချိန်တွင် လင်းကျန်းဖူာ ထွက်ခွာသွားပြီဖြစ်ကြောင်းကိုသာ တွေ့မြင်လိုက်ရသည်။ သူမ၏နောက်ကျောဘက်တွင် လွမ်းဆွတ်သည့်ခံစားချက်တစ်စုံတစ်ရာကိုမှ မတွေ့နိုင်ခဲ့တော့ပေ။

လော်ပင်း သူမထွက်ခွာသွားသည်ကို မြင်လျှင် ရင်ထဲတွင် အဆင်မပြေမှုများကို ခံစားလိုက်ရသည်။

သူမက သူ့အပေါ် တကယ်ကြီး ခံစားချက်တွေမရှိတော့ဘူးလား။

ဒီလိုမှ မဟုတ်ရင် သူမက ဘာလို့ သူ့ကို နောက်တစ်ခေါက်လောက်တောင် လှည့်မကြည့်တော့တာလဲ။

ယနေ့ လင်းကျန်းဖူ ဝတ်ထားသည့်အဝတ်အစားကို ကြည့်လိုက်လျှင် သူမက အနက်ရောင်လည်ထောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာဖြီးထားသည်။

အဓိကအချက်မှာ သူမ၏ စိတ်ခံစားချက်နှင့် အသွင်အပြင်ဖြစ်ပေသည်။ မသိသူများက သူမကို မြို့ကြီးမှ ပြန်လာသော အမျိုးသမီးငယ်တစ်ဦးဟု ထင်ကြလိမ့်မည်။

သို့သော် ယခုအချိန်၌ သူတွင် တုန်လိလိရှိနေပြီဖြစ်သောကြောင့် သူနှင့်လင်းကျန်းဖူကြားတွင် မည်သည့်အရာမျှ ရှိနိုင်တော့မည်မဟုတ်ပေ။

နောက်ဆုံးတွင် လော်ပင်းတစ်ယောက် သူ့၏ရင်ထဲမှ နောင်တများကို ဖယ်ရှားကာ ပစ္စည်းများကို ကားထဲသို့ အမြန်တင်လိုက်ပြီးနောက် တုန်လိလိကို သွားခေါ်ခဲ့သည်။

သို့သော် တစ်ဖက်မှ လင်းကျန်းဖူ၏နှလုံးသားသည်လည်း သူမ ထွက်သွားသည့်အချိန်တွင် အပြင်ပန်း၌မြင်တွေ့ရသကဲ့သို့ တည်ငြိမ်နေခဲ့ခြင်း မဟုတ်ပါချဆ။

သူမအနေဖြင့် လော်ပင်းနှင့် တုန်လိလိတို့ အတူရှိနေသည့် အဖြစ်မှန်ကို လက်ခံထားပြီးဖြစ်သော်လည်း သူတို့နှစ်ယောက်က သူမ ရှေ့တွင် ပြဿနာရှာနေသည်ကို မြင်တွေ့ရချိန်တွင်တော့ အဆင်မပြေမှုတချို့ကိုခံစားရသေးသည်။

ထိုသည်က လွမ်းဆွတ်မှုမျိုးမဟုတ်ဘဲ စိတ်မကျေနပ်မှုတစ်ခုသာ ဖြစ်ပေသည်။

သို့သော် တုန်မိသားစုာ တုန်လိလိနှင့် လော်ပင်းကို အမှန်တကယ် အတူဆက်နေခွင့်ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

သူမ မည်သို့ပြောရမည်ကိုပင် မသိတော့။

သို့သော် ၎င်းတို့၏ကိစ္စများက သူမနှင့်မသက်ဆိုင်တော့ပေ။ သူမအနေဖြင့် အိမ်ပြန်ရောက်ပြီးလျှင် နောက်နှစ်ရက်အကြာ၌ မြို့သို့ အလုပ်သွားနိုင်တော့မည်ဖြစ်ကြောင်းကို သူမ၏မိသားစုထံသို့ မည်သို့ပြောပြရမည်ဆိုသည်ကိုသာ တွေးသင့်သည်။

ဤသည်က သတင်းကောင်းတစ်ခုဖြစ်သောကြောင့် သူမအနေဖြင့် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲရမည်!

ကံကောင်းစွာဖြင့် သူမက မြို့ထဲမှ အစားအသောက်အချို့ကို ကြိုတင်ဝယ်ယူလာခဲ့သည်။ ညနေဘက် လူတိုင်း အလုပ်မှပြန်ရောက်သည့်အချိန်တွင် စားပွဲပေါ်တွင် ပြင်ဆင်ထားရန် အစားအသောက်များ အလုံအလောက်ရှိနေခဲ့သည်။

လင်းကျန်းဖူတစ်ယောက် သတင်းကောင်းနှင့်အတူ ပြန်လာခဲ့သောကြောင့် လင်းမိသားစုသည်လည်း အမှန်တကယ်ပင် စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ကြသည်။

ယနေ့ခေတ်သည်ကား အမျိုးသမီးများက အိမ်တွင်သာနေ၍ ကလေးများကို မွေးမြူစောင့်ရှောက်သည့် ခေတ်မဟုတ်တော့ပေ။

မြို့ထဲတွင် နေထိုင်သူများက မြို့ထဲတွင် အလုပ်လုပ်ကြပြီး မြို့နယ်တွင် အလုပ်လုပ်သူများက မြို့နယ်တွင် အလုပ်လုပ်နိုင်ခဲ့သည်။ ထို့အပြင် အမျိုးသမီးများကိုယ်တိုင်ပင် ခေါင်းဆောင်များအထိ ဖြစ်နေနိုင်ခဲ့ကြပေပြီ။

အဘွားလင်းမှာ သူမ၏ ကလေးများကို ကြည့်ရင်း စိတ်သက်သာရာရသွားခဲ့သည်။

နောက်ထပ် လာမည့်နေ့များက သေချာပေါက် ပို၍ကောင်းမွန်လာပေလိမ့်မည်။

*

ချင်းယွင်ကျစ်ဘက်တွင်တော့ စုန့်ရှီးယန်၏ စာကို လက်ခံရရှိပြီးနောက်တွင် စာပို့သမားက လူမှားသွားသလားဟုပင် ထင်ခဲ့မိသည်။

ဤကောင်လေး တစ်နေ့နေ့တွင် အသိစိတ်ရှိလာပြီး သူ၏အမေအိုကြီးကို သတိရလာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ချင်းယွင်ကျစ် စိတ်လှုပ်ရှားစွာဖြင့် စာအိတ်ကို အမြန်ဖွင့်လိုက်ပြီး သူမ၏သားမှ သူမကို လွမ်းဆွတ်သည့်အကြောင်းများကို တွေ့မြင်ရနိုင်မလားဟု တွေးလိုက်မိသည်။

သို့သော်လည်း သူမ စာကို ဖွင့်ဖောက်ကာ ဖတ်ကြည့်လိုက်ချိန်တွင်တော့ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားခဲ့လေသည်။

ဒီကောင်စုတ်လေးက တကယ်ကို အသိတရားရှိလာပြီလို့ထင်လိုက်တာ!

သူက သူလိုချင်တဲ့အရာတစ်ခုခုအတွက် စာရေးလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ဘူး။

သို့သော်လည်း ချင်းယွင်ကျစ်သည်ကား စုန့်ရှီးယန်မှ အဘယ်ကြောင့် အကူအညီလာတောင်းကြောင်းကို တွေးရှိခဲ့ရပြီးချိန်တွင်တော့ သူမ၏မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်းနှင့် ကြီးထွားလာခဲ့တော့သည်။

သူမ၏ညီမဖြစ်သူမှ လွန်ခဲ့သည့်ရက်အနည်းငယ်က ခွဲခြမ်းစိတ်ဖြာချက်မှာ လုံးဝမမှားကြောင်း ထွက်ပေါ်လာခဲ့သည်။

စုန့်ရှီးယန်ဆိုသည့် ကောင်စုတ်လေးက လင်းရန်အမည်ရှိသော ကျေးလက်တောသူလေးကို အမှန်တကယာ ချစ်မိသွားပြီး သူတို့နှစ်ဦးသည်လည်း အောင်မြင်စွာ ချစ်ကြိုက်သွားခဲ့ပြီဖြစ်သည်။

ဤမိန်းကလေးက ကျေးလက်ဒေသမှ ဖြစ်သော်လည်း သူတို့မိသားစုသည်လည်း ချမ်းသာခဲ့သော မိသားစုမဟုတ်သောကြောင့် မိန်းကလေး၏ မွေးဖွားရာဇာတိအပေါ် မနှစ်သက်ခြင်း မရှိပါချေ။

ဆိုရလျှက် သူမက မိန်းမကောင်းလေးဖြစ်နေသရွေ့ သူမ၏သားဖြစ်သူကိုယ်တိုင် ရှာတွေ့ပြီး သူ ချစ်ခင်နှစ်သက်သရွေ့၊ ထိုစုံတွဲသာ တစ်သက်တာလုံး ပျော်ရွှင်စွာ အတူတကွနေထိုင်နိုင်ပါက သူမ အလွန်ကျေနပ်ပျော်ရွှင်လိမ့်မည်။

သို့သော်လည်း ယခုအချိန်တွင် သားဖြစ်သူမှ ထိုမိန်းကလေးနှင့် ကောင်းမွန်စွာ ဆက်လက်လက်တွဲနိုင်မလားဆိုသည်ကို ဆွေးနွေးရန် ကျန်ရှိနေသေးသည်။

ဒီတော့ သူက သူမဆီမှာ ဘာတွေကိုများ အကူအညီတောင်းချင်နေတာလဲ?

ချင်းယွင်ကျစ်တစ်ယောက် စုန့်ရှီးယန်၏ အကူအညီတောင်းစာကို နောက်တစ်ကြိမ် မဖတ်ဘဲမနေနိုင်ခဲ့ပေ။ ထို့နောက်တွင်တော့ မအောင်နိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။

ထိုအချိန်တွင် အိမ်တံခါးက တွန်းဖွင့်ခံလိုက်ရပြီး လူတစ်ယောက် ဝင်လာခဲ့ကာ နက်ရှိုင်းလှသော အသံဖြင့် မေးလာလေ၏။

“ဘာတွေကြည့်နေတာလဲ”

ချင်းယွင်ကျစ်သည် တံခါးဘက်သို့ မော့ကြည့်လိုက်လျှင် သူမ၏ခင်ပွန်းသည် စုန့်ကျယ် အလုပ်မှ ပြန်လာသည်ကို တွေ့လိုက်ရလေသည်။

သူမ၏အပြုံးက ပျောက်ကွယ်သွားပြီး စာကို ခေါက်သိမ်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

စုန့်ကျယ်သည်ကား မူလက ပေါ့ပါးသော အမူအရာရှိနေခဲ့သော်လည်း ဇနီးဖြစ်သူ၏ အေးစက်လှသောမျက်နှာထားကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် အထီးကျန်လွန်းသည်း ခွေးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

သို့သော်လည်း ချင်းယွင်ကျစ်က တစ်ဖက်သို့ မျက်နှာလှည့်ထားသောကြောင့် စုန့်ကျယ်၏ အမူအရာကို မမြင်လိုက်ရပေ။ သူမ စုန့်ကျယ်၏ သြရှသည့် အသံကိုသာ ကြားလိုက်ရသည်။

“ဒါဆို ကိုယ် စာကြည့်ခန်းထဲကို သွားပြီး ကိစ္စတစ်ခု သွားဖြေရှင်းလိုက်ဦးမယ်”

ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။

သူမ၏မျက်စိရှေ့တွင် စာကြည့်ခန်းတံခါး ပိတ်သွားသည်ကို မြင်လိုက်ရလျှင် ချင်းယွင်ကျစ်တစ်ယောက် ဒေါသထွက်စွာဖြင့် ဆိုဖာကို မထိုးဘဲ မနေနိုင်တော့ပေ။

ဒီမကောင်းတဲ့လူက ပိုပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတွေလုပ်လာတယ်!

မဖြေဘူးဆိုရင် နောက်ထပ်မေးခွန်းတွေ ထပ်မေးရမယ်ဆိုတာကို မသိဘူးလား။

မျှော်လင့်ထားတဲ့အတိုင်း သူရဲ့သားဖြစ်သူ ပြောခဲ့သလိုပဲ စုန့်ကျယ်ရဲ့ စိတ်ထဲမှာ အလုပ်ကိစ္စတွေပဲ ရှိနေတယ်!

တကယ်လို့ သူသာ သူရဲ့အလုပ်နှင့်ပတ်သက်ပြီး အလုပ်အရမ်းများနေတယ်ဆိရင်လည်း သူ့ဘဝတစ်လျှောက်လုံး အဲဒီအလုပ်နဲ့ပဲ အတူနေထိုင်သင့်တယ်!

ချင်းယွင်ကျစ်တစ်ယောက်ဒေါသထွက်စွာဖြင့် စာကိုယူကာ ပြတ်သားစွာ ထရပ်လိုက်ပြီး သူမ၏ညီမ ချင်းယွင်လျန်ထံသို့ သွားကာ သူမ၏သားအား လက်တွဲဖော်ရှာရန်အတွက်မည်သို့ကူညီရမည်ကို ဆွေးနွေးရန် တွေးလိုက်သည်။

စာကြည့်ခန်းထဲတွင် ရှိနေသောစုန့်ကျယ်ကတော့ တံခါးပိတ်သံကို ကြားလိုက်ရသည်နှင့် ရုတ်တရက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ထို့နောက် သူ၏မျက်လုံးများက စားပွဲ၏ ညာဘက်ထောင့်ရှိ သူနှင့်ချင်းယွင်ကျစ်၏ဓာတ်ပုံကို လှမ်းကြည့်လိုက်မိသည်။

သူ၏ လက်အောက်ခံများရှေ့တွင် အမြဲတစေ နည်းဗျူဟာများကို ပြတ်သားစွာချလေ့ရှိသော စုန့်ကျယ်မှာ ရုတ်တရက် ဝမ်းနည်းလာခဲ့ပြီး ကူကယ်ရာမဲ့ဖြစ်နေပုံရသည်။

အမျိုးသားတစ်ယောက်က အသက်လေးဆယ် အရွယ်သို့ရောက်ပြီးလျှင် ဆွဲဆောင်မှုများ ပျောက်ကွယ်သွားတတ်ပြီး ဇနီးသည်ဖြစ်သူမှ စိတ်ရှည်သည်းခံနိုင်မှုများ ကုန်ဆုံးလာကာ သူ့နှင့်အတူ အိမ်တွင်ပင် အချိန်ဖြုန်းချင်စိတ်မရှိတော့ဟု ပြောကြသည်။

အဲဒီစကားက အမှန်တကယ်ဖြစ်လာနိုင်လောက်လား။

စုန့်ကျယ်တစ်ယောက် ထိုအကြောင်းကို ပို၍ တွေးလေလေ၊ ပို၍ ကြောက်ရွံ့လာလေလေဖြစ်လာရသည်။

ချင်းယွင်ကျစ် ထွက်သွားပြီးနောက် သူ ခဏတာလောက် တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ပြတ်ပြတ်သားသား ထရပ်လိုက်ပြီး ရေချိုးခန်းသို့သွား၍ မှန်ရှေ့တွင် ရပ်လိုက်သည်။

ထို့နောက် သာမန်ကာလျှံကာ ပုံ ဟန်ဆောင်ကာ ပုံစံအနည်းငယ်လှည့်ပတ်ကြည့်လိုက်လေ၏။ ထို့နောက်တွင် သူ၏အသားက ယခင်ကထက် ပိုမည်းနေပုံရသည်ကို တွေ့လိုက်ရသည်။

သို့သော် ညိုမှောင်သော အသားအရေရှိခြင်းက ကြံ့ခိုင်မှု၏သင်္ကေတမဟုတ်ပါလား။

သို့ပေမဲ့..

သူ၏ဇနီးသည်မှ တစ်နေ့လုံးရွံရှာသော အမူအရာနှင့် သူ့ကို ထပ်မကြည့်ချင်စေချင်တော့သည့်အတွက် စုန့်ကျယ်၏ ဆုံးဖြတ်ချက်က ရုတ်တရက် မသေချာမရေရာမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထင်တဲ့အတိုင်း အဲဒီကောင်စုတ်လေး စုန့်ရှီးယန်ကို အိမ်မှာထားတာက ပိုကောင်းတယ်။

ဒါဆို သူ့ရဲ့ဇနီးကလည်း အိမ်မှာပဲ ပိုနေလိမ့်မယ်။

အဲဒီကောင်လေး ကျေးလက်ဒေသမှာ ဘယ်လိုနေလဲ မသိဘူး။ ချွမ်ဖန်းတပ်မဟာက နေရောင်ခြည်က ပိုပြီး ပြင်တာဆိုတော့ သူ့ရဲ့ အသားတွေက အများကြီး မည်းနေမှာ သေချာတယ်။

စုန့်ကျယ်တစ်ယောက် စိတ်ထဲတွင် သူကိုယ်တိုင်ထက် ပို၍မည်းမှောင်သော သားဖြစ်သူ စုန့်ရှီးယန်ကို တွေးတောကြည့်လိုက်သည်။

ထို့နောက်တွင် စုန့်ကျယ်၏ စိတ်ခံစားချက်ကာ ရုတ်တရက် ပိုမိုပေါ့ပါးလာပြီး အနည်းငယ် ပျော်ရွှင်လာသလိုပင် ခံစားလိုက်ရလေ၏ ။

သားဖြစ်သူနှင့် နှိုင်းယှဉ်ပြီးနောက်မှာ သူရဲ့ဇနီးသည်က သားဖြစ်သူထက် သူ့ကိုပိုပြီး သဘောကျလာမှာသေချာတယ်။

အိုး.. သူကတော့ အဲဒီကောင်စုတ်လေး နောက်နှစ်ရက်အတွင်း ပြန်လာမဲ့ မြင်ကွင်းကို မျှော်လင့်နေပြီ!

မည်သည့်အရာတွင်ဖြစ်စေ သူ၏ စုန့်ရှီးယန်အပေါ် နားလည်မှုအရ တစ်လနားခြင်းက ထိုကောင်လေးအတွက် အဆုံးစွန်အထိ တောင့်ခံနိုင်လောက်သော အချိန်ဖြစ်သည်။

ထိုကောင်စုတ်လေးက ယခုအချိန်တွင် အလွန်အလုပ်အားလပ်နေသည့်အတွက် သူ့ကို အပြစ်တင်ဝေဖန်ရန် ပြန်လာဖို့ ပြင်ဆင်နေလောက်မည်ဖြစ်ကြောင်းကို သူ သေချာပေါက်သိနေခဲ့သည်။

သားဖြစ်သူ စုန့်ရှီးယန်တစ်ယောက် သူ၏အချစ်ရအတွက် စိတ်ပူနေရသည့်အတွက် တခြားသော ကိစ္စများကို မတွေးနိုင်သေးကြောင်းကို မသိသော အဖေအိုကြီးမှာ အလွန်ရှားပါးလွန်းသော မျှော်လင့်ချက်အပြည့်ပါသည့် အပြုံးကို ဖော်ပြလာခဲ့သည်။

သူကတော့ သားဖြစ်သူ ပြန်လာမဲ့အချိန်ကို မျှော်လင့်နေပြီ!

All Chapters