← Chapters

အခန်း (၁၉၈)

Vol. 20 Ch. 198

အခန်း (၁၉၈)

Vol. 20 Ch. 198

ချင်းယွင်လျန်တစ်ယောက်အိမ်တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။ သူမ၏အစ်မက သားဖြစ်သူ၏ပြဿနာကို ဖြေရှင်းရန်အတွက် အလွန် စိုးရိမ်နေကြောင်းကို သိသောကြောင့် သူမထွက်လာသည်ကိုမြင်လျှင် အဓိပ္ပာယ်မရှိသော စကားများကို ပြောနေခြင်းမရှိဘဲ သူမနှင့်အတူ စက်ဘီးဂိုဒေါင်သို့ တိုက်ရိုက်သွားခဲ့သည်။

တခြားသော စစ်အုပ်ချုပ်ရေးခရိုင်များနှင့် နှိုင်းယှဉ်ပါက သူတို့၏မိသားစုဧရိယာတွင် အားသာချက်တစ်ခုရှိသည်။ ၎င်းမှာ မြို့နှင့် အတော်လေးနီးပြီး စက်ဘီးဖြင့် သွားပါက နာရီဝက်ပင် မကြာဘဲ သွားရောက်နိုင်ခြင်းဖြစ်ချေသည်။

အချိန်က လေးနာရီခွဲနေခဲ့ပြီ။ သူတို့ စောစောရောက်ပြီး ပစ္စည်းများကို မြန်မြန်ဝယ်ယူနိုင်ပါက ယနေ့ ပေးပို့သောပါဆယ်များ၏ နောက်ဆုံးအသုတ်ကို မှီနိုင်ပေလိမ့်မည်။

သို့နှင့် ညီအစ်မနှစ်ယောက် စက်ဘီးဂိုဒေါင်သို့ ရောက်လာပြီး စက်ဘီးစီးရန် ပြင်ဆင်နေစဉ် ဘေးနားမှ ပြုံးရယ်ကာပြောလာသောအသံကို ကြားလိုက်ရသည်။

“အိုး ရဲဘော်ချင်း၊ ဒီအချိန်တောင်ရှိနေပြီ ၊ ရှင်တို့ညီအစ်မနှစ်ယောက်က အပြင်ကိုထွက်ဖို့ စီစဉ်နေကြတုန်းပဲလား”

ချင်းယွင်ကျစ်တို့ ညီအစ်မနှစ်ယောက် လှည့်ကြည့်လိုက်လျှင် စစ်တပ်မိသားစုခြံဝင်းရှိ တခြားမိသားစုရဲဘော်တစ်ဦးဖြစ်သော ချန်ဟုန်ထောင်က သူတို့ကို ပြုံးပြပြီး နှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။

ဆိုရလျှင် သူတို့ညီအစ်မနှစ်ယောက်နှင့် ချန်ဟုန်ထောင်တို့ကြားမှ ဆက်ဆံရေးက သိပ်ပြီးမရင်းနှီးလှပေ။ အကောင်းဆုံးပြောရလျှင် ၎င်းတို့က အသိအကျွမ်းများသာ ဖြစ်ပေသည်။

သူတို့က အရေးကြီးသော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ရာအတွက် အလုပ်များနေသောကြောင့် ချန်ဟုန်ထောင်မှ ခဏလောက် စကားပြောချင်နေသေးသည်ကို မြင်လျှင် ချင်းယွင်လျန်က အမြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ အစ်မချန်၊ ကျွန်မတို့မှာ အခု အရေးပေါ်ကိစ္စတစ်ခုရှိလို့ အရင်သွားရမယ်၊ အားတဲ့အချိန်ကျမှ ထပ်ပြောကြရအောင်!”

ထိုသို့ပြောပြီးနောက် သူမ၏အစ်မ ချင်းယွင်ကျစ်ကို လောဆော်လိုက်လေသည်။

“အစ်မ၊ မြန်မြန်ထိုင်လေ၊ ကျွန်မတို့အမြန်သွားကြရအောင်!”

စုန့်ကျယ်၏အခြေအနေကြောင့် ချင်းယွင်ကျစ်အနေဖြင့် အပြင်ဘက်တွင် တခြားသူများကို စိတ်ကျေနပ်အောင် ပြောဆိုနေရန် မလိုအပ်ပေ။

ထို့အပြင် သူမ၏စိတ်ထားသည်လည်း မရင်းနှီးသောလူများရှေ့တွင် စကားသိပ်ပြီး ပြောဆိုလေ့ မရှိသောကြောင့် သူမက ချန်ဟုန်ထောင်အား ယဉ်ကျေးစွာ ခေါင်းညိတ်ပြခဲ့ပြီးသည်နှင့် စက်ဘီးပေါ်သို့ တက်လိုက်သည်။

သူမ နောက်ထိုင်ခုံတွင် ထိုင်ပြီးသည်ကိုမြင်လျှင် ချင်းယွင်လျန်ကလည်း ချက်ချင်းပင် မောင်းနှင်ကာ ထွက်ခွာခဲ့လေသည်။

ချန်ဟုန်ထောင်က အဆင်ပြေကြောင်း ဖော်ရွေစွာပြောဆိုခဲ့သော်လည်း ညီအစ်မနှစ်ယောက် ထွက်သွားပြီးနောက်တွင် သူမ၏မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

“ဘယ်လိုတောင် ဟန်ဆောင်နေတာလဲ! အရည်အချင်းရှိတဲ့ ယောက်ျားနဲ့ လက်ထပ်ထားရုံနဲ့ပဲ လူတိုင်းက သူမကို ဦးညွတ်ပေးနေတယ်လို့ တကယ်ကြီးထင်နေတာလား!”

ချန်ဟုန်ထောင် ဒေါသတကြီးဖြင့် တီးတိုးပြောလိုက်ပြီးမှသာ အိမ်သို့ပြန်လာခဲ့သည်။

သူမ လက်ထပ်ထားသည့်လူက တပ်မှူးတစ်ဦးသာဖြစ်ပြီး စုန့်ကျယ်၏လက်အောက်ခံတွင် တာဝန်ထမ်းဆောင်နေသည့်သူဖြစ်လေသည်။

သို့သော် သူသည်က အသက် လေးဆယ်ခန့်ရှိနေပေပြီ။ သူသာ ရာထူးတိုးနိုင်မည်ဆိုလျှင် လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင်သာ ဖြစ်နိုင်ခဲ့လိမ့်မည်။

ပုံမှန်အားဖြင့် ထိုသူက စစ်တပ်ထဲတွင် ကြိုးစားလုပ်ကိုင်ပြခဲ့သည်။ နောက်ကွယ်တွင်တော့ သူက သူမကို အချိန်ရှိပါက စုန့်ကျယ်၏ဇနီးသည်ဖြစ်သော ရဲဘော်ချင်းယွင်လျန်နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန် ပြောခဲ့သည်။

သူမနှင့် ဆက်ဆံရေးကောင်းမွန်ပါက ချင်းယွင်ကျစ်မှ သူမ၏ခင်ပွန်းအတွက် စကားကောင်းပြောပေးမည်ဖြစ်ပြီး စုန့်ကျယ်ကလည်း သူ့ကို သတိထားမိလိမ့်မည်။

ချန်ဟုန်ထောင်သည်လည်း မူလက ဤသို့စီစဉ်ခဲ့သော်လည်း သူမဘက်မှ ချင်းယွင်ကျစ်အား စိတ်အားထက်သန်စွာဖြင့် အကြိမ်များစွာချဉ်းကပ်ခဲ့ပြီးနောက်တွင် တစ်ဖက်လူက သူမနှင့်အတူ ဆက်ဆံရန်စိတ်ဝင်စားခြင်းမရှိဘဲ အလွန်မာနကြီးဝင်နေသည်ကိုသာ တွေ့ရှိခဲ့သည်။

သူတို့က နှစ်ပေါင်းများစွာကြာအောင် အိမ်နီးချင်းအဖြစ် နေထိုင်ခဲ့ပြီးနောက်တွင်ပင် သူမအနေဖြင့် စုန့်မိသားစုဆီသို့ တစ်ကြိမ်တစ်ခါမျှ ဖိတ်ကြားခြင်း မခံခဲ့ရပေ။

ဒါက သူမကိုအထင်သေးနေတာ မဟုတ်ဘူးလား!

ချန်ဟုန်ထောင် တစ်ယောက် အိမ်သို့ပြန်ပြီးနောက် သူမ၏ခင်ပွန်းသည်နှင့် စကားပြောရန် ပြင်ဆင်နေစဉ် အိမ်ရှေ့တွင် တစ်စုံတစ်ယောက် ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

“အန်တီ!”

ချန်ဟုန်ထောင်လည်း တစ်ဖက်လူကို ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ရသည်။

“ ဖေးဖေး.. နင် ဘာလို့ ဒီကို ရောက်နေတာလဲ၊ ဆေးရုံက ဒီရက်ပိုင်းမှာ အလုပ်မများဘူးလား”

သူမ၏ရှေ့တွင် ရှိနေသောသူမှာ ချန်ဟုန်ထောင်၏တူမဖြစ်လေသည်။ သူမက ယခုအချိန်တွင် စစ်ဆေးရုံ၌ အလုပ်လုပ်ကိုင်နေခဲ့သည်။ သူမက အလွန်တော်သည့် သူနာပြုတစ်ဦးဖြစ်ပြီး ရုပ်ရည်လည်း ချောမောကာ စိတ်ထားလည်းကောင်းသည်။

သို့သော် ချန်ဟုန်ထောင်ကို အလွန်အမင်း စိတ်မကျေနပ်စေသည့် အချက်တစ်ခုသာရှိသည်။ ၎င်းမှာ ဤမိန်းကလေးသည်က ချင်းယွင်ကျစ်၏သားဖြစ်သူ စုန့်ရှီးယန်ကို ကြိုက်နှစ်သက်နေပုံရလေ၏။

ချန်ဖေးဖေးက အလျင်စလိုရောက်လာပြီးနောက် ချန်ဟုန်ထောင်၏လက်မောင်းကို ကိုင်ကာ ချစ်စဖွယ်အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်မက အန်တီ့ကို လွမ်းနေလို့လေ၊ အန်တီနဲ့ဦးလေးကို လာတွေ့တာ!”

ချန်ဟုန်ထောင်က သူမ၏နဖူးကို တွန်းလိုက်ပြီး အဓိပ္ပာယ်များပါဝင်သည့် အပြုံးဖြင့် ပြောလိုက်လေသည်။

“ငါထင်တာတော့ နင်က ငါ့ကို လာတွေ့တာမဟုတ်ဘဲ တချို့လူတွေကို လာတွေ့တာနေမှာ”

“အန်တီ၊ ကျွန်မကို မစပါနဲ့တော့!”

ချန်ဖေးဖေးက ရှက်ရွံ့စွာဖြင့် သူမ၏မျက်နှာကို လွှဲလိုက်ပြီးနောက် သူမ၏သိချင်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မေးလိုက်သည်။

“ဒါဆို.. အစ်ကိုစုန့် ဒီရက်ပိုင်း ပြန်လာခဲ့သေးလား”

သူမ၏တူမက အမှန်တကယ်ပင် သူမ သဘဆာကျသည့်သူကို လာရှာကြောင်း ကြားလိုက်ရလျှင် ချန်ဟုန်ထောင်တစ်ယောက် သက်ပြင်းသာချနိုင်ခဲ့ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“ဖေးဖေး၊ နင် စုန့်ရှီးယန်ကို ဆက်တွေးနေတာကို ရပ်သင့်ပြီ ထင်တယ်၊ နင်က သူနှင့် နှစ်တွေအများကြီး သိခဲ့ကြတယ်၊ သူ ဒဏ်ရာရခဲ့တဲ့အချိန်မှာလည်း နင်က ကုသပေးတဲ့နေရာမှာ ကူညီပေးခဲ့ပေမဲ့ သူက နင့်ကို ကျေးဇူးတင်စကားတောင် ပြောမလာခဲ့ဘူး

ဒီလိုလူမျိုးက ပထမတစ်ချက်ကြည့်လိုက်ရုံနဲ့ စိတ်ထားယုတ်မာတဲ့လူမှန်း သိသာလွန်းတယ်၊ ပြီးတော့ သူက နင့်ကို လှည့်တောင်ကြည့်တာမဟုတ်ဘူး၊ နင်တို့နှစ်ယောက်က လုံးဝမသင့်တော်ဘူး!”

သေချာပေ၏။ ဤအအကြောင်းအရာများအပြင် ချန်ဟုန်ထောင်မှ သူမ၏တူမနဲ့ စုန့်ရှီးယန်တို့ အတူရှိသည်ကို မြင်ရတာ မပျော်မရွီင်ဖြစ်ရသည့် တခြားအကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။

သူမက ချင်းယွင်ကျစ်နဲ့ ဆွေမျိုးတော်စပ်ချင်စိတ်မရှိပါချေ။ သူမ၏တူမနဲ့ စုန့်ရှီးယန်တို့ကြားမှ ကိစ္စများက အမှန်တကယ်ဖြစ်လာသည်နဲ့၊ သူမက ချင်းယွင်ကျစ်ကို မကြာခဏတွေ့ရတော့မည်။

သူမ၏ မာနကြီးသည့်ညအသွင်အပြင်ကို ကြည့်ပြီး အလွန်အမင်းစိတ်ဆိုးနေရလိမ့်မည်!

ချန်ဖေးဖေးက သူမ၏အဒေါ်မှ စုန့်ရှီးယန်အပယါ်သို့ မကောင်းကြောင်းများ ပြောနေသည်ကို ကြားလျှင် သူမ၏အပြုံးက အနည်းငယ်အေးခဲသွားပြီး အမြန်ရှင်းပြလိုက်သည်။

“အန်တီ၊ အစ်ကိုစုန့်က အစကတည်းက နေမကောင်းဖြစ်နေတာလ၊ ဒါဆို သူက တခြားဘယ်လိုအကြောင်းတွေကို တွေးနိုင်ဦးမှာလဲ၊

ဒါ့အပြင် သူနာပြုတစ်ယောက်အနေနဲ့ လူနာတွေရဲ့အသက်တွေကို ကယ်တင်ပြီး ဒဏ်ရာတွေကို ကုသတာက ကျွန်မရဲ့တာဝန်ပဲ မဟုတ်ဘူးလား၊ ကျွန်မက သူ့ဆီက တစ်ခုခု ပြန်ရချင်လို့ သူ့ကို ကုသပေးခဲ့တာ မဟုတ်ဘူး...”

ချန်ဟုန်ထောင်မှာ တူမဖြစ်သူက စုန့်ရှီးယန်ကို ကာကွယ်ပေးနေသည်ကို မြင်လျှင် ဆက်လက်မပြောချင်ဆော့ပေ။

“ကောင်းပြီ၊ ကောင်းပြီ၊ နင် ဒီစကားတွေကို နားမထောင်ချင်ရင် ငါ ဘာမှဆက်မပြောတော့ဘူး၊ နင် ခုနကမေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ပြောရရင် စုန့်ရှီးယန်က ဒီတလော ပြန်မလာသေးဘူး၊ ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်၊ သူ ဘယ်ကို သွားလဲဆိုတာကိုလည်း ငါမသိဘူး”

ချန်ဖေးဖေးသည်ကား ထိုအချိန်တုန်းက ဆေးရုံတွင် ရှိနေခဲ့ပြီး စုန့်ရှီးယန် ဆေးရုံမှ ထွက်သွားပြီးနောက်တွင် သူ မည်သည့်နေရာသို့ သွားကြောင်းကို သိရှိခဲ့သည်။

သို့သော် သူမ၏အလုပ်က ချန်ထားခဲ့၍ မရသကဲ့သို့ စုန့်ရှီးယန်နှင့် သူမ၏ဆက်ဆံရေးသည်လည်း ထိုအဆင့်တွင် မရှိသေးသောကြောင့် သူမအနေဖြင့် သူ့နောက်သို့လိုက်ရန် ခက်ခဲခဲ့သည်။

စုန့်ရှီးယန်၏ စိတ်နေစိတ်ထားအရ ထိုသူက ကျေးလက်ဒေသတွင် ရက်အနည်းငယ်လောက်သာ နေထိုင်နိုင်မည်ဖြစ်ကာ အချိန်ခဏတာအတွင်းပြန်လာလိမ့်မည်ဟု သူမ တွေးခဲ့မိသည်။ သို့သော်လည်း လက်ရှိတွင် အခတိန် တစ်လကျော်လာပြီဖြစ်သော်လည်း ပြန်ရောက်လာခြင်းမရှိသေးပေ။

ဤအကြောင်းကို တွေးလိုက်မိလျှင် ချန်ဖေးဖေး၏နှလုံးသားက မသိစိတ်ဖြင့် တင်းကြပ်သွားခဲ့သည်။

“ကောင်းပြီကောင်းပြီ ၊ အဲဒီလူတွေအကြောင်းကိုမပြောတော့ဘူး၊ မင်း စားပြီးခဲ့ပြီလား ? မစားရသေးရင် ငါ မင်းအတွက် တစ်ခုခုလုပ်ပေးမယ်၊ ဒီည မင်းအန်တီရဲ့အိမ်မှာ စားသွားလိုက်တော့”

သူမ မြင်တွေ့လိုသည့်လူကို မမြင်ခဲ့ရသောကြောင့် ချန်ဖေးဖေးက စားချင်စိတ်များမရှိတော့ချေ။ ထို့ကြောင့် အပြုံးတစ်ခုနှင့်သာ ငြင်းဆန်လိုက်သည်။

“မစားတော့ဘူး အန်တီ ကျွန်မ လုပ်စရာတစ်ခုရှိနေတာကို သတိရသွားလို့ အရင်ပြန်လိာက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူမ၏အိတ်ကို ဆွဲကာ အဒေါ်ဖြစ်သူကို နှုတ်ဆက်၍ ချက်ချင်း ပြန်သွားခဲ့လေ၏။

“ဒီမိန်းကလေးကတော့ တကယ်ပဲ၊ အလကားသက်သက် အားအင်တွေကို ဖြုန်းတီးချင်နေတယ်!”

ချန်ဟုန်ထောင်တစ်ယောက် ထိုအကြောင်းကို တွေးလိုက်ပြီး အတော်လေးဒေါသထွက်သွားရသည်။ သူမက ဤမိန်းကလေးအပေါ်တွင် အလွန်ကောင်းမွန်ခဲ့သော်လည်း ဤမိန်းကလေး၏စိတ်ထဲမှာတော့ ယောက်ျားတစ်ယောက်သာ ရှိနေသည်။

“ငါ ဖေးဖေးလိုမျိုး မိန်းကလေးတစ်ယောက် အိမ်ထဲက ထွက်သွားတာကို မြင်လိုက်ရသလားလို့၊ သူမ ရောက်လာတာလား”

ထိုအချိန်တွင် ချန်ဟုန်ထောင်၏ခင်ပွန်းသည် တုချင်းက အပြင်မှ ဝင်လာခဲ့သည်။

ချန်ဟုန်ထောင်လည်း သူ့ကို မြင်လျှင် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

“အဲဒါ စုန့်မိသားစုကို လာတွေ့တဲ့ မိန်းကလေးပဲ မဟုတ်ဘူးလား၊ ဒီလိုအရှက်မရှိတဲ့ မိန်းကလေးကို ကျွန်မ ဘယ်တုန်းကမှ မမြင်ဖူးဘူး”

တုချင်းကတော့ ထိုစကားကို ကြားလိုက်ရလျှင် သူ၏မျက်လုံးများ က လင်းလက်သွားပြီး နှစ်သိမ့်လိုစွာဖြင့် ပြောလာသည်။

“မိန်းကလေးတွေ အားလုံးက ဒီလိုမဟုတ်ဘူးလား၊ ဒါ့အပြင် ခေါင်းဆောင်စုန့်ရဲ့သားပဲလေ၊ ဖေးဖေးကသာ သူ့ကို လက်ထပ်နိုင်မယ်ဆိုရင် ကောင်းတဲ့အရာပဲမဟုတ်ဘူးလား”

All Chapters