← Chapters

အခန်း (၁၉၉)

Vol. 20 Ch. 199

အခန်း (၁၉၉)

Vol. 20 Ch. 199

တုချင်း၏ စိတ်အားထက်သန်လွန်းလှသော စကားများကို ကြားလိုက်လျှင် ချန်ဟုန်ထောင် သူ့ကို တစ်ချက်ကြည့်လိုက်မိသည်။ သူမအနေဖြင့် ဤလူကို လက်ထပ်ပေါင်းသင်းခဲ့သည်က နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ် တုချင်း၏အတွေးများကို မခန့်မှန်းနိုင်ဖို့ဆိုသည်က လုံးဝ မဖြစ်နိုင်ပါချေ။

သူသည် ခေါင်းဆောင်စုန့်နှင့် ဆွေမျိုးတော်စပ်ရန် အခွင့်အရေးများကို ဆက်လက်ရှာဖွေလိုနေခြင်းသာဖြစ်သည်မဟုတ်ပါလော။

သို့သော် သူမကတော့ သူမ၏တူမကို ထိုမိသားစုနှင့် လက်ထပ်စေလိုခြင်း မရှိပေ။ စုန့်ရှီးယန်က ပထမတစ်ချက်ကြည့်လိုက်ရုံနှင့် ချန်ဖေးဖေးကို စိတ်မဝင်စားကြောင်း သိမြင်နိုင်ပေသည်။ ထို့အပြင် သူမသည်လည်း ချင်းယွင်ကျစ်၏ ယောက္ခမ မဖြစ်ချင်ပါချေ။

“ဒီကိစ္စကို ဆက်မပြောနဲ့တော့၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သဘောတူမှာမဟုတ်ဘူး၊ ရှင် ရာထူးတိုးချင်ရင် အလုပ်မှာ တခြားနည်းလမ်းတစ်ခုရှာပြီး လုပ်လိုက်၊ ဖေးဖေးအကြောင်းကို တွက်ချက်မနေနဲ့!”

ချန်ဟုန်ထောင် ထို့ပြောခဲ့ပြီးနောက် ညစာပြင်ဆင်ရန်အတွက် အိမ်ထဲသို့ ဝင်သွားကာ တုချင်းကိုတော့ လျစ်လျူရှုလိုက်သည်။

တုချင်းကတော့ ချန်ဟုန်ထောင်ကို စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

ဒီရူးနှမ်းနေတဲ့မိန်းမကတော့! ဦးနှောက်ကိုမရှိဘူး!

ချန်ဖေးဖေးနှင့် စုန့်ရှီးယန်တို့သာ အတူရှိနေမယ်ဆိုရင် သူလည်းပဲ အကျိုးအမြတ်ရနိုင်တယ်ဆိုပေမဲ့ အကျိုးအမြတ်အများဆုံး ရရှိနိုင်တဲ့လူတွေက ချန်မိသားစုမဟုတ်ဘူးလား။

သူမက ချန်မိသားစုဝင် ဖြစ်နေပေမဲ့ သူမရဲ့လက်မထပ်ခင်ကမိသားစုအကြောင်းကို လုံးဝမစဉ်းစားပေးဘူး!

တုချင်းက ထိုအကြောင်းကို တွေးလိုက်ပြီးနောက် သူ၏အကြံက မှန်ကန်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူ့အနေဖြင့် ချန်ဖေးဖေးကို ကူညီပေးရန် အချိန်ရှာရပေတော့မည်။

ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့ဘက်တွင်တော့ သူတို့က အရာအားလုံးကို အချိန်မီပြင်ဆင်လိုက်နိုင်ခဲ့ပြီး စာတိုက်ပိတ်ခါနီးဆဲဆဲတွင် ပို့ဆောင်လိုက်ကြသည်။

စာတိုက်ရှိ ရဲဘော်များက သူတို့ ပေးလိုက်သောပစ္စည်းများကို နောက်ဆုံးအဖြစ်ထုပ်ပိုးနေသည်ကို မြင်မီသာ သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားခဲ့ကြသည်။

“အစ်မ၊ အခု စိတ်မပူနဲ့တော့၊ ဘာကိစ္စမှ ဖြစ်မလာဘူးဆိုရင် ဒီပစ္စည်းတွေက ရှောင်လင်းရဲ့မြို့ကို သေချာပေါက် ရောက်သွားလိမ့်မယ်. ရှောင်လင်းတို့ရဲ့မိသားစုက ဒါကိုမြင်ပြီးသွားရင် သူတို့လည်း သေချာပေါက် စိတ်ချလက်ချဖြစ်သွားမှာပါ”

ချင်းယွင်ကျစ်က ထိုမြင်ကွင်းကို တွေးတောလိုက်ကာ မရယ်မောဘဲမနေနိုင်တော့ပေ။

“ငါလည်း အဲဒီလို မျှော်လင့်ပါတယ်၊ အဲဒီကောင်လေးက ပိုကြိုးစားပြီး တရုတ်နှစ်သစ်မတိုင်ခင် ရှောင်လင်းကို အိမ်ပြန်ခေါ်လာနိုင်ရင်တော့ အကောင်းဆုံးပဲ”

တရုတ်နှစ်သစ်မတိုင်ခင် အချိန် နှစ်တစ်ဝက်လောက် ကျန်ရှိနေသေးသည်။

စုန့်ရှီးယန်က တရုတ်နှစ်သစ်ကာလအတွင်း သေချာပေါက် ပြန်လာလိမ့်မည်။ သို့သော် ဤတစ်ကြိမ်တွင် ချင်းယွင်ကျစ်က သူပြန်လာခြင်းရှိ၊ မရှိကို ဂရုမစိုက်တော့ပေ။

သူမက လင်းရန် သူနှင့်အတူ ပါလာနိုင်မည်လားဆိုသည်ကိုသာ ပူပန်နေတော့သည်။

အကယ်၍ လင်းရန်ကို ပြန်ခေါ်လာနိုင်ပါက အလွန်ပင် ကောင်းပေလိမ့်မည်။

ချင်းယွင်လျန်တစ်ယောက် လင်းရန်ကို တွေ့မြင်လိုသည့် သူမ၏ခံစားချက်များကို မဖုံးကွယ်တော့သည်ကို မြင်လိုက်ရသောကြောင့် သူမ၏ဘေးတွင်ရှုနေသာ ချင်းယွင်ကျစ်လည်း မအောင့်အီးနိုင်တော့ဘဲ တိုက်ရိုက် ရယ်မောလိုက်သည်။

ညီအစ်မနှစ်ယောက် စိတ်ပျော်ရွှင်စွာဖြင့် အတူတကွ ရယ်မောလိုက်ကြပြီးနောက် စက်ဘီးများကိုစီးကာ စစ်တပ်အိမ်ရာဝင်းသို့ ပြန်လာကြလေ၏။

သူတို့ ထွက်သွားသည့်အချိန်တွင် မနီးမဝေးနေရာတွင်ရှိနေသော ချန်ဖေးဖေးက သူတို့နှစ်ယောက်ကို မြင်တွေ့ရလိုက်သည်။ သို့သော်လည်း သူမသည်က ချင်းယွင်ကျစ်နှင့် မရင်းနှီးသောကြောင့် တိုက်ရိုက်သွားပြီး နှုတ်ဆက်ရန်အတွက် ရှက်ရွံ့နေခဲ့သည်။

သူမအနေဖြင့် ထိုသို့လုပ်ဆောင်ချက်ကြောင့် ချင်းယွင်ကျစ်မှ သူမအပေါ် မကောင်းသော စိတ်ခံစားချက်ကို ကျန်ရစ်စေမည်ကို စိုးရိမ်နေခဲ့သည်။

သို့သော်လည်း...

သူမ ချင်းညီအစ်မတို့ မတိုင်ခင်က ထွက်ခွာသွားသောနေရာသို့ လှမ်းကြည့်လိုက်သည်။

စာတိုက်လား။

သူတို့က တစ်ခုခုပို့နေတာ ဒါမှမဟုတ် တစ်ယောက်ယောက်ဆီကို စာရေးနေတာများ ဖြစ်နိုင်လောက်လား။

အကြောင်းပြချက်တစ်ခုခုကြောင့် ချန်ဖေးဖေးအနေဖြင်် ချင်းယွင်ကျစ်က စုန့်ရှီးယန်နှင့် ဆက်သွယ်တာဖြစ်လိမ့်မည်ဟူသော သေချာသော အတွေးတစ်ခုရှိနေခဲ့သည်။

ထိုအပြောင်းကို သဘောပေါက်လိုက်သည်နှင့် သူမက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး စိတ်ကိုဆုံးဖြတ်လိုက်ကာ စာတိုက်သို့ တိုက်ရိုက်သွားခဲ့သည်။

သူမ၏အတန်းဖော်တစ်ဦးက ထိုစာတိုက်တွင် အလုပ်လုပ်နေခဲ့သည်။

သူမသာ ယနေ့ ဤနေရာတွင်ရှိနေပါက ချင်းယွင်ကျစ်တို့ ပစ္စည်းများကိုပို့ခဲ့သည့် နေရပ်လိပ်စာကို သူမထံမှ သိရှိနိုင်ပေလိမ့်မည်။

ဘုရားသခင်က ချန်ဖေးဖေးကို ကောင်းချီးပေးနေခြင်းဖြစ်နိုင်သည်။

သူမ စာတိုက်သို့ ဝင်သွားပြီးနောက်တွင် သူမ၏အတန်းဖော်က ထိုနေရာတွင် ရှိနေခဲ့လေ၏။

သူမက စိတ်ရွှင်လန့်စွာဖြင့် ချက်ချင်း ရယ်မောလိုက်ပြီး သူငယ်ချင်းဖြစ်သူဆီသို့ သွားခဲ့သည်။

နောက်ဆုံးတွင်တော့ ခက်ခက်ခဲခဲကြိုးစားပြီးနောက်တွင် ချန်ဖေးဖေးတစ်ယောက် စုန့်ရှီးယန်၏လက်ရှိနေရပ်လိပ်စာကို ရရှိခဲ့တော့သည်။

သူမက လက်ထဲတွင် စက္ကူရွက်အပိုင်းလေးကို ကိုင်ဆောင်ကာ စာတိုက်မှ ထွက်လာပြီး သူမ၏မျက်နှာသည်လည်း ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နေခဲ့သည်။

သူမက စုန့်ရှီးယန်တစ်ယောက် သူ၏ရဲဘော်နှင့်အတူ ထိုသူ၏ဇာတိမြို့သို့ လိုက်သွားခြင်းကိုသာ သိထားခဲ့ပြီး တိကျသောလိပ်စာကိုတော့ မသိခဲ့ချေ။

သူ့၏လက်ရှိအခြေအနေကိုတောင် သိရှိနိုင်ဖို့နည်းလမ်းမရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် တစ်ဖက်လူ၏ လိပ်စာကို ရရှိခဲ့ပေပြီ။

စုန့်ရှီးယန်က ဤမျှ အချိန်ကြာမြင့်သည်အထ ပြန်မလာသေးဘဲ ထိုရွာငယ်လေးတွင်သာ ရှိနေသေးသည်ကို တွေးလိုက်မိလျှင် သူမ စိုးရိမ်လာမိရသည်။

သူ့ရဲ့ခြေထောက်ဒဏ်ရာက ပိုဆိုးလာတဲ့အတွက်ကြောင့် အချိန်တွေကြာလာတာတောင် မထွက်ခွာနိုင်သေးတာလား?

ထိုသို့ တွေးလိုက်မိလျှင် ချန်ဖေးဖေး၏နှလုံးသားက မသိစိတ်ဖြင့် တင်းကျပ်သွားခဲ့ရသည်။

မဖြစ်သေးဘူး စိတ်ချရအောင် သူမ သွားကြည့်ရမယ်!

လင်းရန်နှင့် ဝမ်ရှို့ကျူတို့က ပါ့နန်

တပ်မဟာမှ လူများအတွက် စားဖိုဆောင်တစ်ခုဖွင့်ရန် ပြင်ဆင်ခဲ့ကြသည်။ နှစ်ရက်ကြာအောင် ပြင်ဆင်ပြီးနောက်ထို စားဖိုဆောင်သည်လည်း စတင်လည်ပတ်နိုင်ခဲ့ပေပြီ။

လင်းရန်က စားဖိုမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး သူမ၏အဒေါ် ဝမ်ရှို့ကျူကတော့ည အကူတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူတို့နှစ်ယောက်လုံးက ကွန်မြူနတီစားဖိုဆောင်၏ ဝန်ထမ်းများဖြစ်လာခဲ့ကြသည်။

ပါ့နန်တပ်မဟာအတွက်ကတော့ ကွန်မြူနတီမှ ၎င်းတို့၏နေ့လယ်စာပြဿနာကို ဖြေရှင်းပေးရန် ဆန္ဒရှိကြောင်းကို သိရှိပြီးနောက် ငြင်းပယ်ရန် ရည်ရွယ်ချက်မရှိရုံသာမက အလွန်အမင်း ပျော်ရွှင်နေခဲ့ကြသည်။

သူတို့အားလုံးက ကွန်မြူနတီကို အလွန်ကောင်းမွန်ပြီး ချီးကြူးခဲ့ကြသည်။ သူတို့တွင် အခက်အခဲများရှိနေချိန်တွင် သူတို့အတွက် ချက်ချင်းဖြေရှင်းပေးသည့်အတွက် အလွန်ကျေးဇူးတင်ခဲ့ကြသည်။

ထို့အပြင် ကွန်မြူနတီမှ ပေးထားသည့် စည်းကမ်းများသည်လည်း အလွန်ကျိုးကြောင်းဆီလျော်သည်။

ထိုသို့စားသောက်ရန်အတွက် ၎င်းတို့၏အလုပ်မှတ်များကို တိုက်ရိုက်နုတ်ယူမည်ဖြစ်ပြီး စားသောက်သည့် နေရာတွင် ငွေပေးချေရန် တောင်းဆိုလိမ့်မည်မဟုတ်ပေ။

အလုပ်မှတ်များက နှစ်ကုန်ပိုင်းကိုရောက်လျှင် ၎င်းတို့၏စာရင်းများမှ နှုတ်ယူမည်ဖြစ်သော်လည်း ၎င်းတို့၏ကိုယ်ပိုင်အိတ်ကပ်ထဲမှ မထုတ်ရသည်ကို တွေးလိုက်မိလျှင် သူတို့က သိပ်ပြီး နှမျောတွန့်တိုမှုကို မခံစားရတော့။

ထို့အပြင် သူတို့ မည်သူ့ဆီကကြားလာရကြောင်းကို မသိရသော်လည််း ကွန်မြူနတီစားဖိုဆောင်မှ လက်ရှိစားဖိုမှူးမှာ မူလစားဖိုမှူးကျိုးထက် ပို၍ အချက်အပြုတ်ကောင်းမွန်ကြောင်းကို ပြောဆိုနေခဲ့ကြသည်။

ကွန်မြူနတီခေါင်းဆောင်တွေကဘ တစ်လခွဲအတွင်းမှာပဲ အလေးချိန်တွေ အများကြီး တိုးလာကြတာ!

အစိုးရပိုင်စားသောက်ဆိုင်ကိုတောင် တစ်ခါမှ မရောက်ဖူးသည့် သူတို့ကဲ့သို့ သာမန်လူများက အနိမ့်ဆုံးသော စျေးနှင့် အရသာရှိသည့် အစားအစာများကို စားသောက်နိုင်လိမ့်မည်။

ဒါက သူတို့အတွက် ကံကောင်းမှုပဲ မဟုတ်ဘူးလား!

ထို့ကြောင့် ဤစားဖိုဆောင်တွင်စားသောက်ရမည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ငြင်းဆန်ခြင်းမရှိတော့ပေ။

သို့နှင့် ဤအဆိုပြုချက်ကို အပြည့်အဝ အတည်ပြုခဲ့ပြီးနောက် ကွန်မြူနတီခေါင်းဆောင်များသည်လည်း လူတိုင်းဆီမှ ချီးကျူးမှုကို ရရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင်ခဲ့ကြသည်။

သို့သော် ဤကိစ္စကို ပထမဆုံးအဆိုပြုသူက လင်းရန်ဖြစ်ကြောင်းကို တွေးတောလိုက်ချိန်တွင် သူတို့က လင်းရန်ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံလာကြတော့သည်။

ဒီရှောင်လင်းက ကံကောင်းစေတဲ့ကြယ်ပွင့်လေးဖြစ်နိုင်တယ်!

ယနေ့သည်က ကွန်မြူနတီစားဖိုဆောင်ကို ပြင်ပအတွက် စတင်ဖွင့်လှစ်သည့် ပထမဆုံးနေ့ဖြစ်လေ၏။

လင်းရန်က ဝမ်ရှို့ကျူကို မနက်အစောကြီးကတည်းက ကွန်မြူနတီသို့ ခေါ်ဆောင်လာခဲ့သည်။

ဝမ်ရှို့ကျူ၏လစာကတော့ လွန်ခဲ့သည့် နှစ်ရက်ကတည်းက သဘောတူခဲ့ပြီးဖြစ်သည်။

သူမက စားဖိုမှူးအကူတစ်ယောက်အဖြစ် အလုပ်လုပ်သောကြောင့် သူမ၏လစာက လစဉ် ခုနစ်ယွမ်သာရှိပြီး ၎င်းက လင်းရန်၏တစ်ဝက်မျှသာဖြစ်သည်။

ထပ်ပေါင်းထောက်ပံ့မှုကတော့ မရှိပေ။ သို့သော်လည်း ခုနစ်ယွမ်တောင် ရှိနေသေးပြီး ဝမ်ရှို့ကျူအတွက် လုံလောက်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏အလုပ်ချိန်များက နေ့စဥ်နေ့တိုင်း မနက်မှနေ့လယ်အထိသာဖြစ်သည်။

နေ့လယ်ခင်းဘက်တွင်တော့ သူမက အလုပ်မှတ်များ ရရှိနိုင်ရန် နေ့လယ်ပိုင်းအလုပ်တွင် ဆက်လက်ပါဝင်နိုင်ကြောင်းကို တပ်မဟာနှင့် ဆွေးနွေးခဲ့သည်။

သို့ဆိုပါက သူမအနေဖြင့် အလုပ်နှစ်ခုတောင် ရှိနေခဲ့ပြီး အကျိုးအမြတ်များစွာ ရရှိသူက သူမသာဖြစ်သည်။

ဤကဲ့သို့အကျိုးအမြတ်များကို ရရှိနိုင်ခဲ့သည်က သူမ၏တူမ လင်းရန်မှ သူမအတွက် ရှာဖွေပေးခဲ့သည့်အတွက်ကြောင့်ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ရှို့ကျူအနေဖြင့် လင်းရန်ကိကြည့်သော အကြည့်များက သူမ၏သားအရင်းနှစ်ယောက်ကို ကြည့်သည်ထက်ပင် ပိုမိုကာနူးညံ့နေခဲ့သည်။

“ရှောင်လင်း၊ ဆေးကြောပြီး လှီးဖြတ်ရမယ့်အရာတွေအားလုံးကို လုပ် ပြီးသွားပြီ၊ တခြားပြင်ဆင်စရာတွေ တစ်ခုခု ရှိသေးလား ကြည့်လိုက်ပါဦး”

လင်းရန်က တစ်ချက်လောက်ကြည့်လိုက်ပြီး ဝမ်ရှို့ကျူမှာ သူမ ထင်ထားသည့်အတိုင်း အလုပ်ကို လျင်မြန်စွာနှင့် ဂရုတစိုက် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိလိုက်ရသောကြောင့် အလွန်ကျေနပ်သွားခဲ့သည်။

“အကြီးဆုံးအဒေါ်၊ အဒေါ်လုပ်ထားတာတွေက အရမ်းအဆင်ပြေတယ်၊ အခု ထမင်းသွားချက်လိုက်တော့လေ၊ ကျွန်မ ဟင်းတွေ စပြီးချက်ပြုတ်လိုက်တော့မယ်”

“ကောင်းပြီ!”

ထမင်းချက်ခြင်းဆိုသည်က ဝမ်ရှို့ကျူကို အခက်တွေ့စေသောအလုပ်မျိုး မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ထမင်းချက်ခြင်းတွင် ဟင်းခတ်အမွှေးအကြိုင်များ သုံးစွဲရန် မလိုအပ်သောကြောင့် သူမအတွက် အလွန်ရိုးရှင်းနေခဲ့သည်။

ကံကောင်းစွာဖြင့် ကွန်မြူနတီက အပြင်ဘက်အတွက် စားဖိုဆောင်ဖွင့်ရန် ဆုံးဖြတ်ပြီးသည်နှင့် တစ်ညအတွင်း မီးဖိုအသစ်တစ်ခုကို တည်ဆောက်ခဲ့သောကြောင့် ဝမ်ရှို့ကျူက မီးဖိုအသစ်တွင် ထမင်းကိုချက်နိုင်ခဲ့သည်။

လင်းရန်က ဤအချိန်ကို အခွင့်ကောင်းယူပြီး ချက်ပြုတ်ခြင်းကို စတင်ခဲ့သည်။

All Chapters