အခန်း (၂၀၀)
Vol. 20 Ch. 200
ပါ့နန်မှလူများအတွက် ချက်ပြုတ်မှုများက ခေါင်းဆောင်များနှင့်မတူပေ။ သာမန်တပ်မဟာအဖွဲ့ဝင်များအတွက်ဖြစ်သောကြောင့် ဈေးနှုန်းကို အလွန်အမင်းမြင့်မားအောင် သုံးစွဲလိမ့်မည်မဟုတ်သကဲ့သို့ သတ်မှတ်ထားဘဲ ပါဝင်ပစ္စည်းများသည်လည်း ကွန်မြူနတီခေါင်းဆောင်များအတွက်လောက် ကောင်းမွန်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း လင်းရန်က ချက်ပြုတ်သည့်နေရာတွင် အရသာကို ဂရုစိုက်ထားသောကြောင့် ပုံမှမ် အိမ်ချက်ဟင်းလျာများထက် များစွာသာလွန်နေပေလိမ့်မည်။
အနည်းဆုံး သူမက ဆီထည့်ရာတွင် သာမန်မိသားစုထက် ပိုများနေလိမ့်မည် ။
ထို့ကြောင့် ပါ့နန်တပ်မဟာမှ လူ ၂၀ ခန့်က မနက်ပိုင်းအလုပ်ပြီးဆုံးပြီးနောက်တွင် ကွန်မြူနတီ စားဖိုဆောင်သို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်လာချိန်တွင် အခန်း၏ အလယ်နေရာရှိ စားပွဲပေါ်တွင် ၎င်းတို့၏အိမ်ရှိ ရေသုံးဇလုံများကဲ့သို့ ကြီးမားသော ကြွေရည်သုတ် ဇလုံကြီးများစွာကို တွေ့လိုက်ရသည်။
ထိုဇလုံကြီးများတွင် ဟင်းသီးဟင်းရွက်ဟင်းလျာနှင့် ထမင်းများပါဝင်သည်။
ဟင်းသီးဟင်းရွက်ဟင်းများမှာ သခွားသီး၊ ခရမ်းချဉ်သီးနှင့် ယခုရက်များတွင် အိမ်တွင်ရရှိနိုင်သော အလားတူ ဟင်းသီးဟင်းရွက်များဖြစ်ပြီး ငရုတ်သီးစိမ်းနှင့် ကြက်ဥမွှေကြော်များဖြင့် ပြည့်နေသော အိုးအသေးလေးတစ်ခုလည်း ရှိနေခဲ့သည်။
ယခုခေတ်တွင် ကြက်ဥများသည်က ကျေးလက်ဒေသမှ လူများအတွက် အသားဟင်းလျာအဖြစ် မှတ်ယူနိုင်သည်။
လင်းရန်၏ ငရုတ်သီးစိမ်းနှင့် ကြက်ဥမွှေကြော်ထဲတွင် ထူးခြားသောမွှေးရနံ့တစ်ခုရှိခြင်းကိုတော့ ထည့်ပြောစရာမလိုတော့ပေ။
သူတို့က ယနေ့တွင် ထမင်းပိုစားရန်အတွက်ပင် တွေးတောမိနေခဲ့ကြသည်။
လူအုပ်စုကြီးက ဤအစားအသောက်ပန်းကန်များကို ကြည့်ရုံဖြင့် တံတွေးမျိုချနေကြရသည်။ သူတို့အနေဖြင့် မနက်ပိုင်းတစ်လျှောက်လုံး အလုပ်လုပ်ခဲ့ရပြီးနောက် အလွန်ဆာလောင်နေကြပြီဖြစ်ကာ အခုအချိန်တွင် အမြန်စားသောက်ချင်နေခဲ့ကြသည်။
“ရဲဘော်ရှောင်လင်း၊ ငါတို့တွေ ဘယ်လိုလုပ်ရမလဲ”
တစ်စုံတစ်ယောက်က လင်းရန်ထံသို့ စတင်မေးမြန်းလာခဲ့လေ၏။
လင်းရန်က ပြုံးလိုက်ပြီး သူတို့ကို ရှင်းပြခဲ့သည်။
“လူတိုင်းက အရင်ဆုံး ဟိုဘက်မှာ အစားအသောက်သွားယူကြရမယ်၊ အစားအသောက်ယူတဲ့အချိန်မှာ ကိုယ့်နာမည်နဲ့ အလုပ်မှတ်တွေကို မှတ်တမ်းတင်ရမယ်၊
ဒီမှာ သက်သတ်လွတ်ဟင်းလျာနှစ်မျိုးနဲ့ ထမင်းတစ်ပန်းကန်ပဲ စားရင် အလုပ်မှတ်နှစ်မှတ် နုတ်ယူပါမယ်၊ ကြက်ဥမွှေကြော် ထပ်ထည့်ချင်ရင် တစ်မှတ် ထပ်တိုးပြီးနုတ်ပါမယ်၊ ထမင်းမဝသေးလို့ ထမင်းထပ်ထည့်ရင် အလုပ်မှတ် (၀.၅) ထပ်နုတ်ပါမယ်”
ပါ့နန်မှလူများမှာ ထိုစကားကို ကြားပြီးနောက် ဤအစားအသောက်သည်က လုပ်ငန်းအမှတ်နှစ်မှတ်ခန့်သာရှိပြီး များပြားခြင်းမရှိသောကြောင့် သူတိုး သေချာပေါက် တတ်နိုင်သည်ဟု တွေးတောခဲ့ကြသည်။
ထို့အပြင် အိမ်မှာ စားလျှင်လည်း အလုပ်မှတ် တစ်မှတ်ထက် ပိုပြီးကုန်ကျမည်ဖြစ်သည်။ ဤနေရာတွင် ကိုယ်တိုင်ချက်ပြုတ်စရာမလိုသည့်အပြင် အလုပ်ရှုပ်စရာမလိုသည့်အတွက်ကြောင့် အရှုံးမရှိပါချေ။
ထို့ကြောင့် စည်းကမ်းများကို ရှင်းရှင်းလင်းလင်းကြားပြီးနောက်တွင် လူတိုင်းက ဝမ်ရှို့ကျူထံသို့ တိုက်ရိုက်သွားပြီး အစားအသောက်ယူရန် တန်းစီခဲ့ကြသည်။
သူတို့က သူတို့၏အမည်များနှင့် နုတ်ယူရမည့်အလုပ်မှတ်များကို ရိုးရိုးသားသား ရေးမှတ်ခဲ့ကြသည်။
စာမတတ်သည့်လူများအတွက်တေား တခြားသူများက သူတို့အတွက် ရေးပေးခဲ့ကြသည်။
လင်းရန်ကတော့ သူတို့ရေးမှတ်ထားသော အလုပ်မှတ်များကို ကြည့်လိုက်ပြီး ၎င်းတို့၏ အလုပ်မှတ်များအပေါ်မူတည်၍ ဟင်းလျာများကို ထည့်ပေးခဲ့သည်
သူမ ကြည့်လိုက်လျှင် လူအများစုက သက်သတ်လွတ်ဟင်းလျာနှစ်မျိုးနှင့် ထမင်းတစ်ပန်းကန်ကိုသာ စားရန် ရွေးချယ်ကြပြီး လူအနည်းငယ်ကသာ ငရုတ်သီးစိမ်း ကြက်ဥမွှေကြော်ကို စားသုံးကြသည်။
လူတိုင်းသည် အလွန်ချွေတာနေကြသည်ဟု ထင်မှတ်ရသည်။
ကံကောင်းစွာဖြင့် လင်းရန်သည်လည်း ယနေ့တွင် ကြက်ဥမွှေကြော်လုပ်ခဲ့ချိန်တုန်းက ပမာဏအများအပြား မလုပ်ထားခဲ့ချေ။
လူတိုင်းက ကြက်ဥမွှေကြော်ကို စားသောက်ရန်ဆန္ဒရှိမည်မဟုတ်လောက်ဟု သူမတွေးတောမိခဲ့သည်။ တကယ်တမ်းတွင်လည်း သူမ ခန့်မှန်းထားသည့်အတိုင်းပင် လူအနည်းငယ်ကသာ ဤဟင်းလျာကို ရွေးချယ်ခဲ့ကြသည်။
သို့သော် ပြဿနာမရှိပါချေ။ ကျန်ရှိသော ဟင်းလျာများသည်က သန့်ရှင်းနေဆဲဖြစ်ပြီး ခေါင်းဆောင်များ၏ အစားအသောက်ဝိုင်း ထည့်ပေးနိုင်လိမ့်မည်။
လူတိုင်း စတင်စားသောက်နေပြီဖြစ်ကြောင်းကို မြင်လျှင် လင်းရန်လည်း လုပ်စရာမရှိတော့သည့်အတွက် ဝမ်ရှို့ကျူကိုသာ စောင့်ကြည့်ရန် ချန်ထားခဲ့လေ၏။
သူမကတော့ ခေါင်းဆောင်များအတွက် ဆက်လက်ပြင်ဆင်နေခဲ့သည်။
ခေါင်းဆောင်များက ဤအချိန်တွင် မစားခဲ့ကြသေးပေ။
ဆိုရလျှင် သူတို့က ယနေ့တွင် ပြင်ပလူများအတွက် အသစ်ဖွင့်သည့် စားဖိုဆောင်အကြောင်းကို အနည်းငယ် စပ်စုနေခဲ့ကြသည်။ ထို့ကြောင့် သူတို့က အလုပ်လုပ်နေရာမှ ထလာခဲ့ကြပြီးနောက် ရုံးခန်းပြတင်းပေါက်မှတဆင့် အပြင်ဘက်ကို ကြည့်ရှုနေခဲ့ကြသည်။
သူတို့အနေဖြင့် အပြင်သို့ထွက်သွားပါက အဖွဲ့ဝင်များက သူတို့ကို မြင်လျှင် ဆက်လက် စားသောက်ရန် ရှက်ရွံ့နေကြမည်ကို စိုးရိမ်သောကြောင့် အပြင်သို့ ထွက်လာခြင်းမရှိခဲ့ကြပေ။
လူတိုင်းက အစားအသောက်များကို အတော်လေး ကျေနပ်ပြီး ပျော်ရွှင်စွာစားနေသည်ကို မြင်လျှင် ခေါင်းဆောင်များသည်လည်း စိတ်သက်သာရာရသွားခဲ့ကြသည်။
“ကောင်းပြီ၊ ငါတို့လည်း သွားစားလို့ရပြီ!”
အပြင်ဘက်မှ အဖွဲ့ဝင်များ ထမင်းစားလို့ ပြီးလုနီးပါးကိုရောက်မှသာ သူတို့က ရုံးခန်းထဲမှ ထွက်လာပြီး လင်းရန်ရှိနေသောစားဖိုဆောင်သို့ သွားကာ ဟင်းလျာများပြင်ဆင်ရာတွင် ကူညီပေးခဲ့ကြသည်။
အပြင်ဘက်ခြံဝင်းကို ပါ့နန်တပ်မဟာမှ အဖွဲ့ဝင်များအတွက် ပေးထားရသောကြောင်း သူတို့က ရုံးခန်းထဲတွင်သာ သွားရောက်စားသောက်နိုင်ခဲ့သော်လည်း လူတိုင်းက ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်မကျေနပ်ချက်မျှ မရှိခဲ့ကြပေ။
သူတို့က ရုံးခန်းထဲသို့ အစားအစာများကို သယ်ယူလာချိန်တွင် အပြင်ဘက်ရှိ ပါ့နန်တပ်မဟာမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြပြီး ထိုသူတို့ဆီမှ ကျေးဇူးတင်ချီးကျူးစကားများကို ကြားခဲ့ကြရသည်။
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
“ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့ ခေါင်းဆောင်တို့ကို ကျေးဇူးတင်ပါတယ်”
ချန်ဝမ်နှင့် တခြားသော ခေါင်းဆောင်များကတော့ သူတို့၏ရင်ဘတ်ပေါ်ရှိ အနီရောင်လည်စည်းက ပိုမိုထင်ရှားလာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ယေဘုယျအားဖြင့် ကွန်မြူနတီ စားဖိုဆောင်တွင် မီးဖိုဆောင်ဖွင့်ခြင်း က အောင်မြင်သည်ဟု ယူဆသင့်သည်။
ကွန်မြူနတီမှ ခေါင်းဆောင်များအပြင် လင်းရန်သည်လည်း အလွန်ကျေနပ်ခဲ့သည်။
သူမ၏ အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူက မီးဖိုချောင်ထဲမှ ပန်းကန်ခွက်ယောက်များကို ဆေးကြော ပွတ်တိုက်နေသည်ကို မြင်လိုက်ရလျှင် လင်းရန်တစ်ယောက် သူမ၏လက်များက လွတ်မြောက်သွားပြီဖြစ်ကြောင်းတွေးကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ပန်းကန်ဆေးစရာမလိုတဲ့နေ့တွေက ဘယ်လောက်တောင် သာယာလိုက်သလဲ?
နေ့လယ်စာ စားချိန်ကုန်သွားပြီးနောက် သူတို့တွင်လုပ်စရာမရှိတော့သည့်အတွက် လင်းရန်နှင့် ဝမ်ရှို့ကျူတို့လည်း အိမ်သို့ အတူပြန်ခဲ့ကြသည်။
ယမန်နေ့က သူမ၏ အငယ်ဆုံးအဒေါ်ဖြစ်သူ လင်းကျန်းဖူက အထုပ်အပိုးများကို သယ်ဆောင်ကာ ဒုတိယအကြိမ်အလုပ်ခရီးကို စတင်ရန်အတွက် မြို့ထဲကို သွားခဲ့ပေပြီ။
အိမ်ထဲတွင် သူမ၏အသံမရှိသည့်အတွက လင်းရန်တစ်ယောက် အနည်းငယ်ခြောက်ကပ်နေသကဲ့သို့ ခံစားခဲ့ရသည်။
ယခုအချိန်တွင် သူမနှင့်အဘွားလင်းမှလွဲ၍ အိမ်တွင် မည်သူကမျှ အလုပ်အားတော့မည်မဟုတ်ပေ။
စုန့်ရှီးယန်တစ်ယောက်တည်းငာ ရှိနေတော့မည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် လင်းရန်က အချိန် အနည်းငယ်ကျန်နေသေးသည်ကို တွေ့ရှိခဲ့သောကြောင့် သူမ၏အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူအား ခဏလောက်နားရန် အကြံပေးလိုက်သည်။
မည်သို့ပင်ဆိုစေ သူမက နေ့လယ်ပိုင်းတွင် အလုပ်သွားရန် စီစဉ်ထားသည့်အတွက် သူမ၏ခွန်အားကို ပြန်လည်ဖြည့်တင်းခြင်းက ပိုကောင်းပေလိမ့်မည်။
ဝမ်ရှို့ကျူသည်လည်း ငြင်းဆန်ခြင်းမရှိဘဲ သူမ၏အခန်းသို့ အလျင်အမြန်ပြန်သွားခဲ့သည်။
သို့သော် သူမက အလွန် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး သေချာပေါက် အိပ်နိုင်လိမ့်မည်မဟုတ်ပေ။
အဆုံးတွင် သူမ၏စိတ်ခံစားချက်ကို လင်းမိသားစု၏အကြီးဆုံးသားဖြစ်သော လင်းကျန်းဖင်းဆီသို့ ထုတ်ဖော်ပြောဆိုချင်စိတ်ကိာ မတားဆီးနိုင်ခဲ့တော့ပေ။
ဝမ်ရှို့ကျူ ထွက်သွားပြီးနောက် လင်းရန်သည်လည်း အိမ်သို့ပြန်ပြီး ခဏလောက်လှဲအိပ်ရန် စီစဉ်ခဲ့သည်။
သို့သော် သူမသည် နှစ်လှမ်းပင် မလှမ်းရသေးမီ သူမ၏ဘေးမှ ပုရစ်အော်သံများကို ကြားလိုက်ရသည်။
ပုရစ်၏အော်သံက အလွန်ကျယ်လောင်လွန်ပြီး အလွန်ကြီးမားသော ပုရစ်များကသာ ထိုသို့သောအသံမျိုးကို ထုတ်နိုင်ပေလိမ့်မည်။
လင်းရန်တစ်ယောက် မနေနိုင်တော့ဘဲ ဘေးဘက်သို့ လှည့်ကြည့်လိုက်မုသည်။
သေချာပေသည်။ သူမအနေဖြင့် “အလွန်ကြီးမားသော” ပုရစ်ကြဤးဖြစ်သည့် စုန့်ရှီးယန်ကို မြင်တွေ့လိုက်ရသည်။
သူမ တစ်ဖက်လူကို မည်းမှောင်သော မျက်နှာနှင့် ကြည့်လိုက်မိသည်။ စုန့်ရှီးယန်က သူမကို လက်ပြနေသည်ကို မြင်လျှင် သူမ အနားသို့ လျှောက်သွားခဲ့သည်။
“ဘာလဲ”
စုန့်ရှီးယန်မှာ သူမကို အချိန်အတော်ကြာအောင် စောင့်ခဲ့ပြီးမှ လင်းရန် ရောက်ရှိလာသည်ကို တွေ့လိုက်ရလေ၏။
ထို့အပြင် ကျန်ရှိနေသည့်လင်းမိသားစုဝင်တို့က အိပ်ပျော်နေဆဲဖြစ်ပြီး မည်သူကမျှ သူတို့ကို အနှောင့်အယှက်ပေးရန် ထွက်လာလိမ့်မည်မဟုတ်ပေ။
သူ့အနေဖြင့် ဤသည်က ဘုရားသခင်မှ သူ့ကိုပေးအပ်သော ကောင်းမွန်သည့်အခွင့်အရေးတစ်ခုဖြစ်သည်ဟု ခံစားခဲ့ရသည်။
လင်းရန် ရောက်လာပြီးနောက်တွင် သူက သူမကို ချက်ချင်း စကားမပြောခဲ့ပေ။ ထိုအစား သူက လျို့ဝှက်ချက်များရှိနေသကဲ့သို့ လင်းရန်ကို ကြည့်ကာ ပြောလာခဲ့သည်။
“မင်း ကိုယ့်ကို ဒီမှာ ခဏလောက်စောင့်နေလိုက်ဦး၊ ကိုယ် မင်းကို ပေးစရာတစ်ခုရှိတယ်”
လင်းရန်ဘက်မှ မည်သည့်စကားကိုမှ မမေးနိုင်မီ စုန့်ရှီးယန်က သူ၏အခန်းသို့ ပြန်ပြေးသွားခဲ့လေသည်။
လင်းရန်တစ်ယောက် သူမ ရှိနေသည့်နေရာတွင် စောင့်ဆိုင်းနေရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ကံကောင်းစွာဖြင့် စုန့်ရှီးယန်က လျင်မြန်စွာ ထွက်သွားပြီးနောက် လျင်မြန်စွာ ပြန်လာခဲ့သည်။
သူက လက်ထဲတွင် စာတစ်စောင်ကိုကိုင်ကာ အခန်းမှ လျင်မြန်စွာ ပြန်ထွက်လာခဲ့လေသည်။
“ဒါက ဘာလဲ”
လင်းရန် သူ၏လက်ထဲရှိ စာကို သံသယဖြစ်စွာဖြင့် ကြည့်လိုက်မိသည်။
သူမက ဤနေရာတွင် ရှိနေပြီးဖြစ်၍ စုန့်ရှီးယန်မှ သူမနှင့် စာအဆက်အသွယ်လုပ်ချင်နေသည်ကတော့ မဖြစ်နိုင်လောက်ပေ။
ထို့ကြောင့် ဤစာက စုန့်ရှီးယန် သူမအတွက် ရေးသားထားခြင်း မဖြစ်နိုင်ပါချေ။
ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။
သူမ၏စိတ်ထဲတွင် ခန့်မှန်းနေချိန်တွင် စုန့်ရှီးယန်က စိုးရိမ်ပူပန်နေခြင်းမှ ရုတ်တရက် ရှက်ရွံ့လာခဲ့သည်။
“ဒီစာက... ထားလိုက်တော့၊ ဒါကို မင်းကိုယ်တိုင် ဖွင့်ပြီး ဖတ်ကြည့်လိုက်လေ”
စုန့်ရှီးယန်တစ်ယောက် ခဏတာလောက် တွန့်ဆုတ်နေခဲ့ပြီးနောက် ထိုစကားများကို ထုတ်မပြောနိုင်တော့ဘဲ အရာအားလုံးကို လင်းရန်ကိုယ်တိုင်ကြည့်ရှုဖို့အတွက် ချန်ထားရန် ဆုံးဖြတ်လိုက်သည်။
“ကျွန်မအတွက် ရေးထားတဲ့ စာလား၊ ဘယ်သူရေးတာလဲ၊ ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေရတာလဲ”