← Chapters

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း (၂၀၁)

Vol. 21 Ch. 201

လင်းရန်တစ်ယောက် စုန့်ရှီးယန်၏တုံ့ပြန်မှုကြောင့် နားမလည်နိုင်စွာ စိတ်လှုပ်ရှားသွားခဲ့ရသည်။

သို့နှင့် အဖြေကို သိရစေရန်အတွက် သူ၏လက်မှ စာအိတ်ကို ယူပြီး ဖွင့်ဖတ်လိုက်လေသည်။

သို့သော်လည်း လင်းရန် ထိုစာထဲမှအကြောင်းအရများကို ဖတ်ကြည့်လိုက်ပြီးနောက်တွင် သူမ၏မျက်နှာက နီရဲလာခဲ့ရသည်။

မမျှော်လင့်ထားသည့်အရာများသာ မဟုတ်ခဲ့ပါက ဤစာကို စုန့်ရှီးယန်၏မိခင်က ရေးထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သေချာတာပေါ့။ ဒါက အရေးအကြီးဆုံးအချက်မဟုတ်သေးဘူး။

အရေးအကြီးဆုံးအချက်သည်က အမေစုန့်က စာထဲတွင် သူမကို အလွန်ချီးကျူးနေခဲ့ပြီး စုန့်ရှီးယန်ကိုလည်း လင်းရန်ကို ကောင်းကောင်းဆက်ဆံရန်နှင့် သူမကို အမြန်ဆုံးအိမ်သို့ ခေါ်လာနိုင်စေဖို့ ကြိုးစားရန် ပြောထားခဲ့သည်။

မစ္စစုန့်က လင်းရန်ကို တွေ့ရရန်အတွက် မစောင့်နိုင်ဖြစ်နေခဲ့သည်ကို မည်သူမဆို မြင်နိုင်ခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် လင်းရန်တစ်ယောက် ဤထိတ်လန့်မှုကြီးထဲမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး စုန့်ရှီးယန်ဘက်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်လိုက်ကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်မိသည်။

“ရှင်.. ရှင်တို့ရဲ့မိဘတွေကို ကျွန်မတို့အကြောင်း ပြောပြပြီးပြီလား”

စုန့်ရှီးယန်က ရိုးသားစွာပင် ခေါင်းညိတ်၍ ဝန်ခံလာခဲ့လေ၏။

“အင်း.. အစကတော့ ကိုယ်က ကိုယ့်ရဲ့အမေက ကိုယ်တို့ကိစ္စကို ဦးလေးလင်းဘက်က သဘောတူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးဖို့ အကူအညီတောင်းခဲ့တာ၊ ဒါပေမဲ့ ကိုယ့်ရဲ့အမေက...”

တကယ်တမားတွင် ဤကိစ္စအတွက် စာကို ပေးပို့ခဲ့ချိန်က စုန့်ရှီးယန်ကိုယ်တိုင်ကပင် သူ၏အမေမှ လင်းရန်ကို အလွန်ကျေနပ်ပြီး ချစ်ခင်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည်လည်း အမေဖြစ်သူ၏စာကြောင့် အလွန်ပျော်ရွှင်ခဲ့သည်။

သူ ရှင်းပြပြီးနောက်တွင် လင်းရန်က စကားမပြောလာတော့သည့်အတွက် စုန့်ရှီးယန်၏နှလုံးသားက စတင် တုန်ယင်လာခဲ့ရသည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကိုယ့်ရဲ့အမေပဲ ဒီအကြောင်းကို သိထားသေးတာ၊ အမေက အဖေ့ကို မပြောထားသေးဘူး၊ ကိုယ့်ရဲ့အမေက အရမ်းကိုကောင်းမွန်တဲ့လူပဲ၊

တကယ်လို့ ကိုယ်တို့တွေ အဲဒီလို ဘာမှ မပတ်သက်တော့ရင်တောင် သူက မင်းအကြောင်းကို ဘာမှ ပြောမှာ မဟုတ်ဘူး”

စုန့်ရှီးယန်အနေဖြင့် လင်းရန်နှင့် လမ်းခွဲရန် မတွေးခဲ့ဖူးသောကြောင့် “လမ်းခွဲခြင်း” ဟူသော စကားလုံးကို “အဲဒီလို” ဟူသော စကားလုံးဖြင့်သာ တိုက်ရိုက် အစားထိုးခဲ့သည်။

လင်းရန်က ဤအချိန်ထိ စကားမပြောလာသေးသည်ကို မြင်လျှင် စုန့်ရှီးယန်တစ်ယောက် အမှန်တကယ်ပင် စိုးရိမ်ပူပန်လာခဲ့ရသည်။

“ရန်ရန်၊ မင်း စိတ်ဆိုးနေတယ်ဆိုရင် ကိုယ်အမေကိုယ်စား ကိုယ် မင်းကို တောင်းပန်ပါတယ် ဟုတ်ပြီလား..

ကိုယ် တကယ်ပဲ အဲဒီအချိန်တုန်းက အများကြီး မစဉ်းစားခဲ့မိဘူး၊ ဦးလေးလင်းက မင်းနဲ့ပတ်သက်ပြီး ငါ့အပေါ်မှာ အတော်လေး ကာကွယ်နေတယ်လို့ပဲ တွေးခဲ့မိတာ ဒါကြောင့် ကိုယ် စိုးရိမ်လာခဲ့လို့”

ထို့ကြောင့် ပြင်ပအကူအညီကို ရှာဖွေခဲ့ခြင်းဖြစ်ပေသည်။

လင်းရန်က စိတ်ဆိုးနေခဲ့ခြင်းမဟုတ်ပါချေ။

သူမက အလွန်အမင်း ထိတ်လန့်သွားရုံသာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ဤခေတ်မှလူများတွင် ချိန်းတွေ့ခြင်းနှင့် လက်ထပ်ခြင်းကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ မိဘများ၏ထင်မြင်ချက်များက အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ကောင်းကောင်းသိထားသည်။

တချို့နေရာများတွင် “ကြင်ဖက်တွေ့ဆုံကာလက်ထပ်ခြင်းနှင့် ကိုယ်တိုင်မတွေ့ဖူးသော်လည်း မိဘများ၏စီစဥ်ပေးမှုကြောင့် လက်ထပ်ခြင်း” ဆိုသည့် အလေ့အထများက ဆက်လက်တည်ရှိနေသေးသည်။

ထို့ကြောင့် စုန့်ရှီးယန်က ဤအကြောင်းကို သူ၏မိသားစုထံသို့ ပြောပြခဲ့ခြင်းအပေါ်တွင် သူမထံ၌ ပြောဆိုစရာ စကားများမရှိပါချေ။

ကောင်းပြီ။ ရုတ်တရက်ဆန်လွန်းလို့ နည်းနည်းလောက် စိတ်လှုပ်ရှားသွားရုံပါပဲ။

“ဒီစကားတွေက ရှင့်ရဲ့အမေ တကယ်ပြောခဲ့တာလား၊ ရှင့်ဘက်က ပြောခိုင်းခဲ့တာတွေတော့မဟုတ်ဘူးမလား”

လင်းရန်အနေဖြင့် မယုံကြည်နိုင်သေးပါချေ။ ကိစ္စများက မည်သို့ပင်ဖြစ်နေပါစေ သူမက စုန့်ရှီးယန်၏အမေနှင့် လူကိုယ်တိုင်မတွေ့ထူးသေးပေ။

ထို့ကြောင့် လက်ရှိ သူမအပေါ် ခံစားချက်မှာ မိဘတစ်ဦးတည်းသာရှိသော မိသားစုတွင် ရှိနေသည့် ရုပ်ရည်ချောမောသော ကျေးလက်နေမိန်းကလေးတစ်ဦးအဖွစ်သာ ရှိနေပေလိမ့်မည်။

စုန့်ရှီးယန်၏မိသားစုအခြေအနေအကြောင်းကို လွန်ခဲ့သည့်အကြိမ်က သူ ကိုယ်တိုင် စာတစ်စောင် ရေးသား၍ ပေးပြီးကတည်းက လင်းရန် အလွန်ရှင်းလင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။

သူ၏ဖခင်ဖြစ်သူက စစ်တပ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်းကို ပြောစရာပင် မလိုတော့ပေ။ သူ၏မိခင်ဖြစ်သူက စစ်ရေးဘင်ခရာအဖွဲ့၏ အရေးပါသော အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။

အဘိုးမိသားစုသည်လည်း သာမန်မိသားစုမဟုတ်ပေ။ အတိုချုပ်အားဖြင့်ပြောရလျှင် တစ်ဖက်လူထံတွင် ထင်ရှားသော မိသားစုနောက်ခံရှိနေခဲ့သည်။

ထိုသို့သောမိသားစုမှ လူများအနေဖြင့် ၎င်းတို့၏ချွေးမအတွက် လိုအပ်ချက်များက နည်းလိမ့်မည်မဟုတ်ဟု ယူဆရသည်။

မည်သူကမှ ဤမစ္စစုန့်က တွေးထားသည်ထက် အလွန်အမင်းဆက်ဆံရလွယ်ကူနိုင်လိမ့်မည်ဟု မျှော်လင့်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ စုန့်ရှီးယန်မှ သူမ ခဏတာလောက် စိတ်ချစေရန်အတွက် သူဒအမေဖြစ်သူကို ဤသို့စာရေးသားရန် ကြိုတင်တောင်ဆိုခဲ့ခြင်းလားဟု တွေးမိခဲ့ခြင်းပင်ဖြစ်ပေသည်။

စုန့်ရှီးယန်ကတော့ လင်းရန်ဘက်မှ ထိုကဲ့သို့ထင်ကြေးပေးမှုမျိုးကိုပင် စဉ်းစားနေခဲ့ကြောင်းကို ကြားလုုက်ရလျှင် ခဏတာလောက် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ရသည်။

သူက လင်းရန်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်

“ကိုယ့်ရဲ့စာကို မနက်တုန်းကမှ စာပို့သမားက ပို့လိုက်တာလေ၊ မင်း နောက်တစ်ခေါက်လောက် ထပ်ပြီး စဉ်းစားကြည့်လိုက် ၊ ကိုယ် ဒီရက်ပိုင်းတွေအတွင်း ခရိုင်မြို့ကိုသွားခဲ့လို့လား၊ ကိုယ် စာပို့ဖို့အတွက်တောင် အခွင့်အရေးမရခဲ့ဘူးလေ၊ ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့အမေက ပူးပေါင်းကြံစည်နိုင်အောင်သွားပြီး ပြောခဲ့မှာလဲ’

လင်းရန်လည်း ထိုအကြောင်းကို တွေးလိုက်မိသည်။

စုန့်ရှီးယန်က ဤရက်များတွင် အိမ်တွင်သာ နေထိုင်ခဲ့သည်။ အဖေလင်းကို အကူအညီပေးရန်အတွက် တပ်မဟာဌာနချုပ်သို့ တစ်ခါတရံ သွားသည်မှလွဲ၍ ဤတပ်မဟာမှ တစ်ခါမျှ မထွက်ခွာဖူးပုံရသည်။

ထို့ကြောင့် ဤစာသည်က အမှန်တကယ် အစစ်အမှန်ဖြစ်ပုံရသည်!

“ဒါပေမယ့် ရှင့်ရဲ့အမေ.. မဟုတ်ဘူး သူမက ကျွန်မရဲ့အကြောင်းကို အရင်ကတည်းက သိခဲ့တာလား”

လင်းရန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး အတွေးတစ်ခု ပေါ်လာရကာ သူမ၏မျက်နှာပေါ်တွင် အံ့သြထိတ်လန့်သည့်အရိပ်အရောင်များဖြစ်လာရသည်။

“ရှင် အရင်တုန်းက ကျွန်မကို ပေးခဲ့တဲ့ အလှကုန်ပစ္စည်းတွေကလည်း ရှင့်အမေ ပြင်ဆင်ထားတာလား!”

ထိုသို့ဆိုလျှင် အမေစုန့်က ထိုအချိန်ကတည်းက တစ်ခုခုကို သဘောပေါက်နေခဲ့သည်ဟု ဆိုလိုသည် မဟုတ်ပါလား။

စုန့်ရှီးယန်က ရိုးသားစွာ ခေါင်းညိတ်ပြလိုက်ပြန်သည်။

“ကိုယ်က မင်းတို့ မိန်းကလေးတွေ ဘယ်လိုအရာမျိုးကို ကြိုက်လဲဆိုတာ မသိဘူး၊ ဒါကြောင့် ကိုယ် သူတို့ကို မေးရုံပဲ တတ်နိုင်ခဲ့တာ...”

“အာ!”

အမစုန့်က သူတို့၏အကြောင်းကို သိနေခဲ့သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီဖြစ်ပြီး သူမအတွက် ပစ္စည်းများစွာကို ရွေးချယ်ပေးခဲ့ကြောင်း သိလိုက်ရပြီးနောက် တစ်ဖက်မှ သူမ၏ချွေးမလောက်အတွက် ဤပစ္စည်းများကို ပြင်ဆင်ပေးခဲ့သည်ဟု တွေးလိုက်မိလျှင် လင်းရန်တစ်ယောက် အလွန်အမင်းရှက်ရွံ့သွားခဲ့ရသည်။

အကယ်၍ သူတို့သာ အနာဂတ်တွင် တွေ့ဆုံမည်ဆိုပါက သူမအနေဖြင့် အမေစုန့်ကို မည်သည့်မျက်နှာမျိုးနှင့် ရင်ဆိုင်သင့်သည်ကိုပင် မသိတော့ပေ။

“သူတို့တွေ ပြင်ဆင်ထားတယ်ဆိုတာကို ဘာလို့ ကျွန်မကို စောစော မပြောခဲ့တာလဲ၊ ခဏလေး! ရှင့်အမေအပြင် နောက်ထပ် တခြားဘယ်သူတွေ သိသေးလဲ”

လင်းရန်က စုန့်ရှီးယန်၏ “သူတို့” ဟု သုံးနှုန်းခဲ့သည်ကို အတော်လေးကြာမှ သဘောပေါက်ခဲ့ရသည်။

သို့ဆိုပါက အမေစုန့်အပြင် တခြားတစ်စုံတစ်ယောက်ကလည်း ဤအကြောင်းများကို သိနေသေးသည်လား။

စုန့်ရှီးယန်အနေဖြင့် သူမ၏တုံ့ပြန်မှုက အဘယ်ကြောင့် ဤမျှကြီးမားနေကြောင်းကို မသိသောကြောင့် ခဏလောက် တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင်တော့ ရိုးသားစွာဖြင့်သာ ပြောလိုက်လေသည်။

“ပြီးတော့ ကိုယ့်ရဲ့အန်တီ...”

ဒါဆို စုန့်မိသားစုမှာ ဘယ်သူက သူမရဲ့အကြောင်း မသိသေးဘဲ ကျန်နေသေးလို့လဲ!

စုန့်ရှီးယန်ရဲ့ အဖေတစ်ယောက်ပဲ ကျန်တော့တာတောင် ဖြစ်နိုင်တယ်။

လင်းရန်အနေဖြင့် ဤအချိန်တွင် ပြောစရာစကာများပါ ကင်းမဲ့သွားခဲ့ရသည်။

“ဘယ်အန်တီလဲ”

ထိုသို့သော တိတ်ဆိတ်နေသောအချိန်တွင် မေးခွန်းတစ်ခုက ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လင်းရန်သည်ကား စိတ်ခံစားချက်ပြင်းထန်နေသောကြောင့် ထိုစကားသံကို သေသေချာချာနားမထောင်ခဲ့ဘဲ စကားပြောသူက စုန့်ရှီးယန်ဟု မသိစိတ်က တွေးခဲ့သောကြောင့် မစဉ်းစားဘဲ ပြန်ဖြေလိုက်လေသည်။

“ရှင် ခုနက ပြောလိုက်တဲ့ အန်တီပဲ မဟုတ်ဘူးလား”

လင်းရန် စုန့်ရှီးယန်ကို ဒေါသထွက်စွာဖြင့် မေးလိုက်ပြီး ခဏစောင့်ခဲ့သော်လည်း စုန့်ရှီးယန်၏အသံကို မကြားခဲ့ရပေ။

သူမ အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ဒီလူက သူမ ပြောဆိုလိုက်တာကို ကြောက်ရွံ့သွားလို့ ပြန်ထွက်ပြေးသွားတာလား?

ထို့ကြောင့် သူမ အမြန်လှည့်လိုက်ပြီး စုန့်ရှီးယန် မတ်တပ်ရပ်နေသောနေရာကို ကြည့်လိုက်သည်။

ရလဒ်အာဖြင့် စုန့်ရှီးယန်က ထိုနေရာတွင် မတ်တပ်ရပ်နေဆဲသာ ဖြစ်လေ၏။

ဒါဆို သူ ဘာလို့ စကားမပြောတာလဲ?

ပြီးတော့ သူ့ရဲ့မျက်နှာအမူအရာက ဘာလို့နည်းနည်းလောက် ထူးဆန်းနေတာလဲ?

ပိုပြီးတိတိကျကျ ဖော်ပြရရင် _ စိတ်ပျက်အားငယ်နေတာလား?

“ဘာဖြစ်နေတာလဲ”

သူမက အါဒီလောက် ကြောက်စရာမကောင်းလောက်ပါဘူး။ နောက်ပြီး သူမအနေနဲ့ ခုနတုန်းက စုန့်ရှီးယန်ကို အဲဒီလောက် ကြိမ်းမောင်းပြောဆိုခဲ့တာ မဟုတ်ဘူးလေ။

သူမအနေနှင့် နည်းနည်းလောက် စိတ်အနှောင့်အယှက်ဖြစ်ပြီး မဆိုစလောက် ဒေါသထွက်နေရုံပဲ။

“စုန့်ရှီးယန်၊ ရှင့ ဘာကိုဆိုလိုတာလဲ၊ ကျွန်မ ရှင့်ကို စကားနည်းနည်းပဲ ပြောရသေးတာကို ရှင်က သည်းမခံနိုင်တော့ဘူးလား၊ ရှင်သာ ဒီလိုမျိုးလုပ်နေမယ်ဆိုရင် ကျွန်မတို့ အနာဂတ်မှာ အတူတူရှိနေရင် ပြဿနာတွေ ပိုများလာမှာကို စိုးရိမ်ရတယ်...”

လင်းရန်၏ စကားမဆုံးသေးသော်လည်း စုန့်ရှီးယန်တစ်ယောက် ပြီးဆုံးသည်အထိ နားမထောင်နိုင်တော့ပေ။

သူ၏နှုတ်ခမ်းများက အနည်းငယ်လှုပ်ရှားသွားပြီး လင်းရန်၏ အနောက်မှ လူကို အားနည်းစွာ ကြည့်လိုက်ပြီး သေဆုံးတော့မည့်လူကဲ့သို့ အော်ခေါ်လိုက်သည်။

“ဦးလေးလင်း...”

လင်းရန်: “ဟင် ”

All Chapters