← Chapters

အခန်း (၂၀၅)

Vol. 21 Ch. 205

အခန်း (၂၀၅)

Vol. 21 Ch. 205

တစ်နေ့ညတွင် လင်းကွမ်းချင်းက အိပ်ယာဝင်ချိန်အထိ စောင့်ဆိုင်းကာ စုန့်ရှီးယန်နှင့်အတူ အဓိပ္ပာယ်ရှိသော ညဘကာ စကားဝိုင်းကို စတင်ရန် ပြုလုပ်ခဲ့သည်။

“အစ်ကိုစုန့်”

လင်းမိသားစုတွင် ရှိနေခဲ့စဥ်ကာလအတွင်း စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့က အခန်းတစ်ခုထဲတွင် ထဲတွင်အတူတကွနေထိုင်ခဲ့ကြသည်။

ကံကောင်းစွာဖြင့် နွေရာသီတွင် ရာသီဥတု ပူနေသောကြောင့် စောင်များ၊ အိပ်ရာခင်းများမလိုအပ်ပေ။

ကျေးလက်ဒေသရှိဝါးကုတင်များသည်လည်း ကြီးမားသောကြောင့် သူတို့နှစ်ယောက်က တစ်ဖက်တစ်ချက်စီတွင် အိပ်ခဲ့ကြလျှင်ပင် အလယ်တွင်တော့ နေရာလွတ်တစ်ခုက အကွာအဝေးကျယ်ပြန့်စွာ ရှိနေနိုင်သေးသည်။

စုန့်ရှီးယန်က သူ၏လက်များပေါ်တွင် ခေါင်းအုံးထားပြီး ပြတင်းပေါက်အပြင်ဘက်ရှိ လင်းလက်တောက်ပနေသော လကိုကြည့်ကာ တစ်စုံတစ်ခုကိုစဉ်းစားနေစဉ် လင်းကွမ်းချင်းမှ သူ့ကိုခေါ်လာသည့်အသံကို ရုတ်တရက်ကြားလိုက်ရသောကြောင့် ပြနာထူးလိုက်လေ၏။

“အမ်”

တစ်ဖက်လူက အိပ်မပျော်သေးကြောင်း သိလိုက်ရပြီးနောက်တွင် လင်းကွမ်းချင်းလည်း ခဏတာလောက် တုံ့ဆိုင်းပြီးနောက် အဆုံးတွင်တော့ စိတ်ကို ဆုံးဖြတ်၍ ပြောလိုက်လေ၏။

“အမ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အစ်ကိုစုန့်နဲ့ ကျွန်တော့်ရဲ့ဒုတိယဦးလေးကြားထဲမှာ ပြသနာတစ်ခုခုရှိခဲ့ကြသေးတာလား၊ မဟုတ်ဘူး..မဟုတ်ဘူး.. မဟုတ်ဘူး နားလည်မှုလွဲမှားတာမျိုး တစ်ခုခုရှိခဲ့တာလား

အစ်ကိုစုန့်လည်း ကျွန်တော့်ရဲ့ဒုတိယဦးလေးက လူကောင်းတစ်ယောက်ဆိုတာ သိလောက်မှာပါ

ပြီးတော့ အစ်ကိုစုန့်.. ကျွန်တော် ခင်ဗျားရဲ့အကြောင်းကိုတော့ များများစားစား ထပ်မပြောတော့ပါဘူး၊

ဒီလောက်နှစ်တွေအကြာကြီး ရှိခဲ့ပြီးတဲ့နောက်မှာ ကျွန်တော် အစ်ကိုစုန့်ကို ကျွန်တော့်ရဲ့အစ်ကိုလိုမျိုး သဘောထားခဲ့ပါတာ...”

လင်းကွမ်းချင်းတစ်ယောက် စုန့်ရှီးယန်အား စိတ်ရင်းအပြည့်ပါသော စကားများကို ဆက်ပြောရန်အတွက် ကြို့စားနေစဥ်မှာပင် စုန့်ရှီးယန်မှ သူ့၏စကားများကို ကြားဖြတ်ပြောလာသည်ကို ရုတ်တရက်ကြားလိုက်ရသည်။

“ဘယ်သူက မင်းရဲ့အစ်ကိုလဲ”

လင်းကွမ်းချင်း: “?”

သူ အမှောင်ထဲမှာရှိနေသော စုန့်ရှီးယန်၏နောက်ကျောကို ပြူးကျယ်သောမျက်လုံးများနှင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး သူ၏နှလုံးသားသည်လည်း ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့၏ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် သူငယ်ချင်းဆက်ဆံရေးတွင် သူ တစ်ဦးတည်းကသာ စိတ်ခံစားချက်များပါဝင်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

လင်းကွမ်းချင်းတစ်ယောက် သူ၏နှလုံးသားနာကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။

ကံကောင်းစွာဖြင့် သူ ငိုချင်လုနီးပါးဖြစ်နေချိန်တွင် သူ၏ဘေးဘက်တွင်ရှိသော စုန့်ရှီးယန်ထံမှ နောက်ထပ် စကားတစ်ခွန်းကိုကြားလိုက်ရလေ၏။

“ငါတို့က ညီအစ်ကိုတွေပဲ၊ ငါတို့က ညီအစ်ကိုတွေပဲလေ၊ ငါတို့ကြားမှာ ဘယ်သူက အစ်ကိုလဲ၊ ဘယ်သူက ညီလဲဆိုတာကို ခွဲခြားလို့မရဘူး”

ကောင်းပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့လင်းရန်ရဲ့ လက်ရှိဆက်ဆံရေးအရ သူ့အနေနဲ့ လင်းရန်ရဲ့ဆွေမျိုးတော်စပ်ပုံနောက်ကိုလိုက်ပြီး လင်းရန်ခေါ်သလိုခေါ်ရမယ်ဆိုရင် လင်းကွမ်းချင်းက သူ့ရဲ့အစ်ကိုဖြစ်လာမှာပဲ။ ဟုတ်တယ်မလား?

ဒီဆက်ဆံရေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရှုပ်ထွေးသွားရတာလဲ!

ဒီတော့ လောလောဆယ် “ညီအစ်ကို” ဆိုတဲ့စကားလုံးကိုပဲ ယေဘုယအသုံးပြုလိုက်ကြတာပေါ့။

စုန့်ရှီးယန်၏စကားများက လင်းကွမ်းချင်း၏ ကွဲကြေနေသောနှလုံးသားကို စက္ကန့်ပိုင်းအတွင်း အောင်မြင်စွာ ပြန်လည်ဆက်ပေးခဲ့သည်။

သူက အလွန် စိတ်သက်သာရာရသွားပြီး စိတ်လှုပ်ရှားခဲ့ရလေ၏။

အစ်ကိုစုန့်၏ နှလုံးသားတွင် သူက တစ်ဖက်လူနှင့် တန်းတူရပ်တည်နိုင်သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်လာခဲ့ပေပြီ။ သူ၏ညီလေးတစ်ယောက်အဖြစ်သာ မဟုတ်တော့ပေ!

“အစ်ကိုစုန့်၊ အစ်ကိုပြောတာမှန်တယ်၊ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့တွေက ညီအစ်ကိုတွေပဲ”

သူ၏စိတ်လှုပ်ရှားဖွယ်လေသံကိုနားထောင်ရင်းဖြင့် စုန့်ရှီးယန်တစ်ယောက် အနည်းငယ်လောက် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။

အနာဂတ်တွင် လင်းကွမ်းချင်းမှ အမှန်တရားကို သိလာပြီးနောက် သူ့ကို အစ်ကိုစုန့်ဟု ဆင်လက်ခေါ်နိုင်မည်ဟုသာ မျှော်လင့်ရပေတော့မည်။

သို့သော်လည်း လင်းကွမ်းချင်း မတိုင်ခင်က ပြောခဲ့သည့်စကားများကိုပြန်တွေးလိုက်မိလျှင် စုန့်ရှီးယန်တစ်ယောက် ခေါင်းကိုက်လာခဲ့ရပြန်သည်။

သူက လင်းကွမ်းချင်း၏ နောက်ဆက်တွဲစကားများကို ချက်ချင်း တားဆီးလိုက်လေသည်။

“ကောင်းပြီ၊ မင်း ဘာပြောချင်လဲဆိုတာ ငါသိပါတယ်၊ တိုတိုပြောရရင် ငါနဲ့ မင်းရဲ့ဒုတိယဦးလေးကြားက ကိစ္စတွေက မင်းထင်နေသလိုမဟုတ်ဘူး

ငါတို့ရဲ့ကြားမှာ ပြသနာတွေလည်းမရှိဘူး ၊ နားလည်မှုလွဲမှားမှုလည်း မရှိဘူး၊ ကိစ္စနည်းနည်းလောက်အတွက် သဘောထားမတိုက်ဆိုင်ဖြစ်နေရုံလောက်ပါပဲ

ပြဿနာကြီးကြီးမားမားလည်း မဟုတ်ပါဘူး၊ သိပ်မကြာခင်အဆင်ပြေလာပါလိမ့်မယ်”

လင်းရန်၏ စစ်ဆေးမှုပြီးဆုံးသွားပြီးသည့်နောက်တွင် အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်။

စုန့်ရှီးယန်အနေဖြင့် နာကျင်နေသည့် ခံစားချက်များနှင့်အတူ ချွမ်ဖန်းတပ်မဟာမှ ထွက်ခွာရမည်လား သို့မဟုတ် သူတို့၏လင်းမိသားစုနှင့်တိုက်ရိုက်ပူးပေါင်းနိုင်မည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိရှိလာရလိမ်လိမ်မည်။

စုန့်ရှီးယန်၏ စကားကိုကြားပြီးနောက် လင်းကွမ်းချင်းက ဤ “အသေးအဖွဲကိစ္စ” ဟုခေါ်သည့်အရာက မည်သည့်အရာဖြစ်ကြောင်းကို အနည်းငယ် စိတ်ဝင်စားနေခဲ့သော်လည်း စုန့်ရှီးယန်က နောက်ထပ်ေက်မပြောတော့သည့်အတွက် သူသည်လည်း ဆက်မမေးတော့ပေ။

“ကောင်းပါပြီ၊ အစ်ကိုစုန့်

တကယ်လို့ ကိစ္စတစ်ခုခုဖြစ်လာခဲ့ရင် ကျွန်တော့်ကို ပြောပြဖို့ သတိရနော်၊

ကျွန်တော် ကူညီနိုင်မယ်ဆိုရင် သေချာပေါက် ကူညီပေးမယ်”

စုန့်ရှီးယန်လည်း ထိုစကားကိာကြားလျှင် ရုတ်တရက် အဓိပ္ပာယ်အပြည့်ပါဝင်သော မေးခွန်းကို မေးလိုက်လေသည်။

“မင်း တကယ်ပြောတာလား”

လင်းကွမ်းချင်း အနည်းငယ် ပူပန်သွားရသည်။

အစ်ကိုစုန့်က သူ့ရဲ့ အကျင့်စရိုက်ကို ဘယ်လိုလုပ်ပြီး သံသယဝင်နိုင်ရတာလဲ?

“အစ်ကိုစုန့် ကျွန်တော်က ကတိတည်တဲ့လူပဲ၊ ခင်ဗျားသာ အကူအညီလိုရင် ကျွန်တော့်ကို ချက်ချင်းပြောလိုက်၊ ကျွန်တော် တုံ့ဆိုင်းမနေဘဲ ချက်ချင်းလုပ်ပေးမှာ”

စုန့်ရှီးယန်လည်း ရုတ်တရက်စိတ်သက်သာရာရသွားခဲ့ပြီးနောက် လင်းကွမ်းချင်း၏ပခုံးကိုပုတ်လိုက်သည်။

“အခု မင်းပြောတာကို မှတ်ထားလိုက်”

“သေသေချာချာမှတ်ထားပါတယ်!”

သို့သော်လည်း ဤသို့ပြောပြီးနောက်တွင် လင်းကွမ်းချင်းတစ်ယောက် မည်သည့်အကြောင်းကြောင့်မှန်းမသိပါဘဲ သူ ပင်လယ်ဓားပြသင်္ဘောပေါ်သို့ ရောက်ရှိသွားကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။

သူ၏ထိုးထွင်းသိမြင်မှုသည်က အလွန်တိကျကြောင်းကို လက်တွေ့ဖြစ်ရပ်များက သက်သေပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နောက်နေ့မနက်စောစောတွင် စုန့်ရှီးယန်မှ သူ့ကို တာဝန်တစ်ခုပေးလာခဲ့လေသည်။

“အာ? ကျွန်တော့်ကို ခင်ဗျားကိုယ်စား စာတစ်စောင် သွားပို့ခိုင်းတာလား”

သို့သော်လည်း သူ့အနေနှင့် အလုပ်သို့သွားရပေဦးမည်။

ထို့အပြင် စာပို့သည့်ကိစ္စဆိုသည်က အတော်လေး ပုဂ္ဂိုလ်ရေးဆန်သည့် ကိစ္စမဟုတ်ပါလား။ စုန့်ရှီးယန်အနေဖြင့် များသောအားဖြင့် စာတိုက်ကို ကိုယ်တိုင်သွားလေ့ရှိသည်

ဒီနေ့ကျမှ ဘာလို့ ရုတ်တရက်ကြီး သူ့ကို စာတိုက်ကို သွားခိုင်းနေရတာလဲ။

လင်းကွမ်းချင်းအနေဖြင့် စုန့်ရှီးယန်၏တောင်းဆိုမှုက ထူးဆန်းသည်ဟု ခံစားခဲ့ရသော်လည်း သေသေချာချာ စဉ်းစားပြီးနောက်တွင်ပင် အကြောင်းပြချက်တစ်ခုကို မစဉ်းစားနိုင်ခဲ့ပေ။

စုန့်ရှီးယန်၏ရှင်းပြချက်ကတော့ ဤသို့သာ ဖြစ်ပေသည်။

“ငါ ဒီရက်ပိုင်း နည်းနည်းလောက်ပင်ပန်းနေလို့၊ မြို့အထိ လမ်းမလျှောက်မချင်ဘူး၊ ဒါကြောင့် မင်းငါ့အတွက်ပို့ပေးပါလား ၊ မင်း မနေ့ညတုန်းက ငါ့ကိုကူညီပေးချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား

အခု မင်းအလုပ်များနေလို့လား၊ ဒါမှမဟုတ် ဒီအကူအညီလေးကိုတောင် မင်း မလုပ်ချင်ဘူးလား”

လင်းကွမ်းချင်းက ချက်ချင်းခေါင်းခါရမ်းပြီး ငြင်းဆိုလိုက်သည်။

“မလုပ်ချင်တာ မဟုတ်ပါဘူး. ဒါပေမဲ့ ...”

“မြန်မြန်လုပဖို့ မလိုဘူး၊ မင်း မနက်စာစားပြီးမှ ဖြည်းဖြည်းချင်းသွားလို့ရတယ်၊ ငွေနဲ့စာအိတ်ကို ငါ အိမ်ထဲမှာ ထားခဲ့တယ်၊ မင်း ဒီအတိုင်း ယူသွားလို့ရတယ်

မင်းအလုပ်အတွက်လည်း စိတ်မပူနဲ့၊ ငါ မင်းအတွက် သွားလုပ်ပေးမယ်”

ထိုသို့ပြောပြီးနောက် စုန့်ရှီးယန်က ကျန်ရှိသော လင်းမိသားစုဝင်များနှင့် အတူ အလုပ်သို့ တိုက်ရိုက်လိုက်သွားခဲ့ပြီး မကြာမီပင် ပျောက်ကွယ်သွားခဲ့လေသည်။

လင်းကွမ်းချင်းကတော့ စုန့်ရှီးယန်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မျက်လုံးများပင် ဝိုင်းစက်လာခဲ့ရသည်။

“မင်း ဒီရက်ပိုင်း နည်းနည်းလောက်ပင်ပန်းနေတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဒါကို ဘယ်လိုလုပ်ပြီး လယ်ကွင်းထဲကိုသွားပြီး အလုပ်သွားလုပ်နိုင်သေးတာလဲ”

ဒီတော့ အစ်ကိုစုန့်က ပင်ပန်းနေတာလား၊ မပင်ပန်းတာလား။

စုန့်ရှီးယန်ကတော့ နောက်ဆုံးတွင် လင်းကွမ်းချင်းကို ပ,ထုတ်လိုက်ပြီး လင်းမိသားစုကို ကူညီလုပ်ကိုင်သည့်အပေါ်တွင် ချောချော့မွေ့မွေ့ပါဝင်နိုင်ခဲ့သောကြောင့် အလွန်ပင်ပျော်ရွှင်နေခဲ့လေ၏။

ဤကာလအတွင်း သူ့အနေဖြင့် လင်းမိသားစုတွင်နေခဲ့သော်လည်း ဧည့်သည်တစ်ယောက် ဖြစ်နေသည်ဆိုသော အကြောင်းပြချက်ကြောင့် လင်းမိသားစုမှ မည်သည့်အလုပ်ကိုမှ မလုပ်စေခဲ့ပါချေ။

လင်းကျန်းအန်း၏အလုပ်အတွက် အလွန်လိုအပ်သောအချိန်မျိုးတွင်သာ တစ်ဖက်လူနှင့်အတူ တောင်ပေါ်သို့သွားရန် အကူအညီကို တောင်းခံခဲ့သည်။

ဆိုရလျှင် လင်းမိသားစုက သူ့ကို ဤနေရာတွင်သာ ထိုင်ခိုင်းထားချင်ခဲ့ပြီး မည်သည့်အရာကိုမှ မလုပ်စေလိုခဲ့ပေ။

စုန့်ရှီးယန်အနေဖြင့် သူသည်လည်းကူညီချင်ကြောင်းကို အကြိမ်များစွာ ဖော်ပြခဲ့သော်လည်း အလွန်စိတ်အားထက်သန်သော လင်းမိသားစုက အမြဲပင် ငြင်းပယ်ခဲ့သည်။

နောက်ပိုင်းတွင် လင်းမိသားစု၏ စိတ်နေစိတ်ထားကို သိရှိလာခဲ့သောကြောင့် သူသည်လည်း ထပ်မံ၍ အတင်းအကျပ်မလုပ်တော့ပေ။

သို့သော် ယခုအခြေအနေကတော့ ကွဲပြားပြီဖြစ်ကာ ဤအတိုင်း ဆက်သွား၍မရနိုင်တော့ပေ။

သူသည် လင်းမိသားစု၊ အထူးသဖြင့် ဖခင်လင်းနှင့် လင်းရန်တို့ သူ၏ဆုံးဖြတ်ချက်ကို မြင်နိုင်စေရန်အတွက် အခွင့်အရေးတိုင်းကို အမိအရဖမ်းဆုပ်ရလိမ့်မည်။

သူသည်က စစ်မြေပြင်သို့သွားနိုင်သကဲ့သို့ လယ်ကွင်းတွင်လည်း အလုပ်လုပ်နိုင်သော လူတစ်ဦးဖြစ်ကြောင်း ၎င်းတို့ကို သိစေရလိမ့်မည်ဖြစ်သည်။

ယာယီအားဖြင့် သူထံတွင် သင့်တော်သောအကူအညီများ မရှိပါချေ။ သို့သော်လည်း အကူအညီမရှိပါက သူကိုယ်တိုင် အကူအညီများကိုဖန်တီးနိုင်သည်။

ယခုကဲ့သို့ လင်းကွမ်းချင်းထံမှအလုပ်ကို ယူသွားခြင်းသည်လည်း ထိုအတွက်သာ မဟုတ်ပါလား။

ထို့အပြင် သူ့အနေဖြင့် ဤသို့လုပ်ရန် နောက်ထပ်အကြောင်းပြချက်တစ်ခုရှိနေသေးသည်။ ၎င်းမှာ “ကောက်ကွေ့သောနည်းလမ်းများဖြင့် နိုင်ငံကိုကယ်တင်ရန်” ဖြစ်ပေသည်။

လင်းကျန်းအန်းက သူ့ကို တချို့သောထင်မြင်ချက်များကြောင့် ဆန့်ကျင်နေသော်လည်း ကျန်ရှိသည့် လင်းမိသားစုကသာ သူ့အပေါ် အကောင်းမြင်မည်ဆိုပါက အနာဂတ်တွင် သူ့ဘက်မှ ကောင်းမွန်သည့်စကားများကို ကူညီပြောဆိုလိမ့်ပေးမည်။

လင်းကျန်းအန်း၏သဘောထား မည်မျှပင်ခိုင်မာသည်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ သူ၏ မိသားစုဝင်များက သူ(စုန့်ရှီးယန်)၏ကြင်နာမှုကို မကြာခဏ ပြောနေမည်ဆိုပါက သူသည် သေချာပေါက်လှုပ်ခတ်လာလိမ့်မည်။

ထို့ကြောင့် သူ့အနေဖြင့် ဤအလုပ်ကိုလုပ်ရန်လိုအပ်ပြီး ရလဒ်ကောင်းများ ထွက်စေရန်လည်း လုပ်ရလိမ့်မည်ဖြစ်သည်။

All Chapters