← Chapters

အခန်း (၂၀၆)

Vol. 21 Ch. 206

အခန်း (၂၀၆)

Vol. 21 Ch. 206

စုန့်ရှီးယန်တစ်ယောက် သူ၏အလုပ်လုပ်နိုင်စွမ်းကို လင်းမိသားစု၏ရှေ့တွင် ပြသနိုင်ရန် အခွင့်အရေးရလာခဲ့ပြီဖြစ်သောကြောင့်

ကြက်သွေးထိုးခံထားရသကဲ့သို့ အလွန်အမင်း တက်ကြွစွာဖြင့် အလုပ်လုပ်နေခဲ့လေ၏။

သို့နှင့် အနီးအနားရှိ တခြားသောအဖွဲ့ဝင်များမှာလည်း လင်းမိသားစုဘက်ကို မနာလိုသောမျက်လုံးများဖြင့် ကြည့်လာခဲ့ကြလေသည်။

မူလကတည်းက လင်းကွမ်းချင်းက လင်းမိသားစုအတွက် အလုပ်ကိုအလွန်ကောင်းမွန်စွာလုပ်နိုင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် လင်းကွမ်းချင်းထက်ပင် ပိုမို လုပ်ကိုင်နိုင်စွမ်းရှိသော လူတစ်ယောက်က ရောက်ရှိလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပါချေ။

လင်းမိသားစုက ဘာလို့ ဒီလောက်တောင်မှ ကံကောင်းနေရတာလဲ။

လင်းမိသားစုကတော့ ထိုအကြောင်းကို စဉ်းစားနေရန်အတွက် အချိန်မရှိခဲ့ပါချေ။ သူတို့က စုန့်ရှီးယန်တစ်ယောက် ဤအလုပ်မှင့် အသားကျနိုင်မည်လားဆိုသည်ကိုသာ စိုးရိမ်ခဲ့ကြရသည်။

တစ်ချိန်တည်းမှာပင် သူတို့အနေဖြင့် ရှောင်စုန့်တစ်ယောက် အဘယ်ကြောင့် ကောင်းစွာ အနားယူခြင်းမရှိဘဲ ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန်အတွက် အတင်းအကျပ်လုပ်ကိုင်နေသနည်းဆိုသည့် မေးခွန်းကို စိတ်ထဲတွင် တွေးတောနေခဲ့ကြသည်။

တစ်ဖက်လူက သူ့ တွင်လုပ်စရာတစ်ခုခုရှိသောကြောင့် လင်းကွမ်းချင်းကို သူ့အတွက် ခိုင်းစေခဲ့သည့်အတွက် တစ်ဖက်လူ၏ အလုပ်ကို အစားတာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောလာခဲ့သည်။

သို့သော် အဓိကအချက်က သူတို့၏မိသားစုထဲမှ လင်းကွမ်းချင်းမရှိလျှင်ပင် တစ်ဖက်လူက လင်းကွမ်းချင်းအတွက် အလုပ်လုပ်ပေးရန် အမှန်တကယ် လိုအပ်နေသည်လား?

လင်းမိသားစုမှာ အကြောင်းပြချက်များကို တွေးတော၍ မရနိုင်လောက်အောင် ရှိနေကြသဖြင့် နောက်ဆုံးတွင်တော့ ထိုကိစ္စကို ခေါင့းထဲမှ ထုတ်လိုက်ကြတော့သည်။

သူတို့က စုန့်ရှီးယန် ပင်ပန်းနွမ်းနယ်သည့်အရိပ်အယောင်ပြလာသည်နှင့် သူ့ကို အနားပေးရန် စီစဉ်ထားခဲ့ကြပြီး စုန့်ရှီးယန်ဘက်ကို မကြာခဏ ကြည့်ရှုနေခဲ့ကြသည်။

သို့သော်လည်း မနက်ခင်းမှ အလုပ်ပြီးဆုံးခါနီး နေ့လယ်စာစားချိန်အထိ စုန့်ရှီးယန်မှ ရပ်နားခြင်းမရှိခဲ့သကဲ့သို့ ပင်ပန်းသည်ဟုလည်း အော်ဟစ်ညည်းငြူလာသည်ကိုလည်း မကြားခဲ့ရပေ။

လင်းမိသားစုဝင်များ: “......”

နောင်တစ်ချိန်တွင် စုန့်ရှီးယန်တစ်ယောက် စစ်တပ်တွင် အလုပ်မလုပ်နိုင်တော့လျှင်ပင် ကျေးလက်ဒေသသို့လာကာ ကြီးကျယ်သော အောင်မြင်မှုများကို ရရှိနိုင်ဖွယ်ရှိသည်။

နေ့လယ်စာစားချိန်သို့ရောက်လျှင် လူတိုင်းလည်းအလုပ်ရပ်နားသွားပြီဖြစ်သည့်အတွက် လင်းကျန်းဖင်းက စုန့်ရှီးယန်ကို ဘေးနားရှိ လယ်ကွင်းဆီသို့ ခေါ်သွားခဲ့ပြီး တစ်ဖက်လူ၏ လက်နှင့်ခြေထောက်ကို ဆေးကြောခိုင်းရင်း သူ့အား ချီးမွမ်းစကားများကို မပြောဆိုဘဲ မနေနိုင်ခဲ့ပေ။

“ရှောင်စုန့်၊ မင်းရဲ့ ခွန်အားက တကယ့်ကို အံ့သြစရာပဲ၊ ဒီမနက်ခင်းတစ်လျှောက်လုံး အလုပ်လုပ်ခဲ့တာတောင် အခုချိန်ထိ အရမ်း တက်ကြွနေသေးတယ်၊ ပြီးတော့ ဒါက မင်း လယ်ကွင်းထဲကို ပထမဆုံးအကြိမ် လာခဲ့တာမလား၊ ဒါတောင် အခုလိုမျိုး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်!”

စုန့်ရှီးယန်ကတော့ နှိမ့်ချသော အမူအရာဖြင့် လက်ဝှေ့ရမ်းပြကာ ပြန်လည်ပြောခဲ့လေ၏။

“မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ လုပ်ဆောင်မှုက ဦးလေးတို့လောက်တော့ မကောင်းသေးပါဘူး၊ ဘာပဲဖြစ်ဖြစ်၊ ဒီနယ်ပယ်မှာ ဦးလေးတို့က ကျွမ်းကျင်သူတွေပဲလေ၊

ကျွန်တော့်ကိုတော့ တပည့်တစ်ယောက်အဆင့်လောက်ပဲ သတ်မှတ်လို့ရပါတယ်”

“ငါတို့က သာမန်လယ်သမားတွေသက်သက်ပါ၊ ဘယ်လိုလုပ်ပြီး ကျွမ်းကျင်သူလို့ ခေါ်နိုင်မှာလဲ၊ ဟားဟား!”

လင်းကျန်းဖင်းက ထိုသို့ ငြင်းဆန်နေခဲ့သော်လည်း စုန့်ရှီးယန်ကဲ့သို့ စစပ်တပ်၏အရာရှိတစ်ဦးဖြစ်သူထံမှ ချီးကျူးစကားကို ရရှိသောကြောင့် စိတ်မလှုပ်ရှားဘဲ မနေခဲ့ပါချေ။

“ရှောင်စုန့်၊ မင်း ငါတို့မိသားစုကို ဒီလောက်ဆောင် ကူညီပေးနေတာ ငါတို့တွေ ဘယ်လိုမျိုး ကျေးဇူးဆပ်ရမလဲ မသိတော့ဘူး”

စုန့်ရှီးယန်က လက်ကို အလျှင်အမြန်ဝှေ့ရမ်းလိုက်လေ၏။

“အကြီးဆုံးဦးလေး.. ဒီလိုမျိုး မပြောပါနဲ့.. ကျွန်တော် ဘာတစ်ခုမှ မကူညီလိုက်ရပါဘူး”

“ဟားဟား.. ကူညီတာ ဟုတ်မဟုတ်ဆိုတာက ငါတို့ဘက်က ဆုံးဖြတ်ရမှာလေ!”

သူတို့နှစ်ယောက် စကားပြောရင်းဖြင့် လင်းမိသားစုအိမ်သို့ လျှောက်လာခဲ့ကြသည်။

သူတို့အနီးအနားရှိ လယ်ကွင်းတစ်ခုကို ဖြတ်ကျော်လာချိန်တွင် သူတို့၏ စကားပြောသံများက လယ်ကွင်းထဲတွင် အလုပ်လုပ်နေဆဲဖြစ်သော ချန်ကျားယွမ်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

စုန့်ရှီးယန်နှင့် လင်းမိသားစု၏ အကြီးအကဲက အတူတကွ လမ်းလျှောက်လာကြပြီး ရယ်မော၍ စကားပြောနေကြသည်ကို မြင်လျှင် ချန်ကျားယွမ် လှောင်ပြောင်ပြုံးလိုက်မိသည်။

စုန့်ရှီးယန်ဆိုတဲ့ကောင်က သူ့မှာ တီလောက်တောင် ကောင်းမွန်တဲ့ စွမ်းရည်တွေရှိနေတာတောင် သက်ကြီးရွယ်အို လယ်သမားတစ်ဦးကို မျက်နှာသာပေးပြီး လယ်ကွင်းထဲမှာ အလုပ်လာလုပ်ဖို့ဆန္ဒရှိနေသေးတာလား။

သူက ဦးနှောက်ချို့ယွင်းနေတဲ့လူပဲ ဖြစ်လိမ့်မယ်။

သို့သော်လည်း စုန့်ရှီးယန်နှင့် လင်းကျန်းဖင်းတို့ကို ကြည့်ရင်း ချန်ကျားယွမ်တစ်ယောက် ရုတ်တရက် ဒေါသထွက်လာရပြန်သည်။

သူ လင်းရန်ကို သတိရသွားသောကြောင့်ပင်ဖြစ်ပေ၏။

သူက မြို့ပေါ်မှ ပစ္စည်းတချို့ ဝယ်ယူရန်အတွက် ငွေကြေးပမာဏကြီးတစ်ခုကို သုံးစွဲခဲ့ပြီး ထိုပစ္စည်းများကို လင်းရန်ဆီသို့ ပေးရန် စီစဉ်ထားခဲ့သည်။

ပြီးလျှင် သူ၏ အိပ်မက်ထဲမှဇနီးသည်ဖြစ်သူ စုန့်စစ်ယွီနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို လင်းရန်ထံမှ သတင်းနှိပ်ယူရန် ကြိုးစားခဲ့သည်။

သို့သော်လည်း လင်းရန်က သူ့ကို သူခိုးတစ်ယောက်ကို သတိအနေအထားနှင့် အလွန်အမင်း ကာကွယ်နေမည်ဟု မည်သူသိပါမည်နည်း။

သူ လင်းရန်၏အနီးသို့ ချည်းကပာသွားသည်နှင့် တပြိုင်နက် သူမက တဟုန်ထိုး ပြေးသွားတတ်ပြီး သူ အနောက်မှ လိုက်ရန်အတွက် မဝံ့ရဲလောက်အောင်အထိ လျင်မြန်စွာ ပြေးသွားခဲ့တတ်သည်။

ထိုကိစ္စကြောင့် သူ အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။

သူသည်ကား ယခင်က လင်းရန်ထံမှ စုန့်စစ်ယွီနှင့် ပတ်သက်သော အချက်အလက်များနှင့် အဆက်အသွယ် လိပ်စာကိုပါ တောင်းယူပြီးနောက်၊ စုန့်စစ်ယွီကို စတင်လိုက်ပြီး သူမကို လက်ထပ်မည်ဟု တွေးထားခဲ့သည်။

ပြီးလျှင် စုန့်စစ်ယွီ၏ အနာဂတ်တွင်ဖြစ်လာမည့် ကောင်းမွန်သော ဘဝအခြေအနေကို မှီခိုအားထားမည်ဟု စဉ်းစားထားခဲ့သည်။

သို့သော်လည်း သူ၏စိတ်ကူးတို့က လင်းရန်ဆီတွင်ပင် ရပ်တန့်နေရလိမ့်မည်ကို မည်သူ ထင်ထားပါမည်နည်း။

စုန့်စစ်ယွီ၏ နှစ်သက်သဘောကျသော အရာများနှင့် ဆက်သွယ်ရမည့် လိပ်စာကို မသိရသောကြောင့် သူ၏ နောက်ဆက်တွဲ အစီအစဉ်အားလုံးသည်လည်း ဆက်လက် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဤအကြောင်းကို တွေးတောနေရသော်လည်း ချန်ကျားယွမ်ကတော့ သူ၏အတွေးကို လက်လျှော့ရန် စိတ်ကူးမရှိသေးပေ။

လင်းရန်၏ဘက်တွင် တိုးတက်မှု မရှိသေးသော်လည်း သူ့အနေဖြင့် တခြားသော ရှုထောင့်များမှ စတင်ရန်အတွကာ စဉ်းစားနိုင်သေးသည်။

ဥပမာအားဖြင့် ကျောက်ရှီလဲ့နှင့် လင်းရန်တို့က တစ်နေရာတည်းမှ လာကြသည် မဟုတ်ပါလား။

သူမသည်လည်း လင်းရန်၏ မြို့ပေါ်ရှိ အိမ်၊ တစ်နည်းအားဖြင့် စုန့်မိသားစု၏အကြောင်းကို သိရှိသင့်သည် မဟုတ်ပါလား။

အမှန်တကယ်တမ်းတွင် စုန့်စစ်ယွီသာ ယခုအချိန် မြို့ပေါ်တွင် ရှိနေခြင်း ဟုတ်၊မဟုတ်ကို သေချာသိရပြီးသည်နှင့် ချန်ကျစ်ချင်းထံ၌သူမကို လိုက်ရန် နည်းလမ်းရှိနေပေသည်။

ဤအကြောင်းကို စဉ်းစားမိပြီးနောက် ချန်ကျားယွမ် အဝေးမှ ကျောက်ရှီလဲ့ကို လှမ်းကြည့်လိုက်သည်။

သို့သော်လည်း ဤကျောက်ရှီလဲ့သည်က လင်းရန်၏ ဆက်ဆံရေးကြောင့် သူ့ကို သတိထားနေပုံရပြီး ပညာတတ်လူငယ်နေရပ်တွင်လည်း သူ့ကို အချိန်အများစု၌ လျစ်လျူရှုထားလေ့ရှိသည်။

သူမထံမှ တစ်စုံတစ်ရာကို ရယူရန်မှာ လွယ်ကူမည် မဟုတ်ပေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့ကို သဘောမကျသော ကျောက်ရှီလဲ့မှလွဲ၍ ကျန်ရှိသော ပညာတတ်လူငယ်နေရပ်မှ လူတိုင်းသည် သူ့ကို သဘောကျလေးစားနေကြသည်။

ထို့ကြောင့် သူ နည်းလမ်းတစ်ခုကို လျင်မြန်စွာ စဉ်းစားမိခဲ့သည်။

ပညာတတ်လူငယ် နေရပ်သို့ ပြန်ရောက်ပြီးနောက်တွင် ချန်ကျားယွမ်က ကျောက်ရှီလဲ့နှင့် ဆက်ဆံရေး ကောင်းမွန်သော အမျိုးသမီး ပညာတတ်လူငယ်တစ်ဦးကို သာမန်ကာလျှံကာ အမူအရာဖြင့် ရှာဖွေခဲ့သည်။

သူက သူမနှင့် ပေါ့ပေါ့ပါးပါး စကားပြောသကဲ့သို့ ဟန်ဆောင်ပြီးနောက် စကားပြောနေသည့်အကြောင်းအရာကို လင်းရန်နှင့် သူမ၏ ပထွေး၊ ဝမ်းကွဲအစ်မတို့ထံသို့ ဆွဲခေါ်သွားခဲ့သည်။

စူးစမ်းသိလိုစိတ်သည်က လူသားများ၏ ပင်ကိုဗီဇထဲတွင် ရှိနေပေသည်။ ထိုအမျိုးသမီး ပညာတတ်လူငယ်သည်လည်း ယခင်က လင်းရန်နှင့် ပတ်သက်သော ကောလာဟလများကို တပ်မဟာထဲ၌ ကြားဖူးခဲ့သော်လည်း လင်းရန်က သူတို့နှင့်အတူ နေထိုင်ခြင်းမရှိသဖြင့် သေသေချာချာ စုံစမ်းမေးမြန်းခဲ့ခြင်း မရှိပေ။

သို့သော် ယခု ချန်ကျစ်ချင်းမှ ပြန်လည်ပြောပြလာသည်ကို ကြားရပြီးနောက်တွင် သူမက ပိုမို စိတ်ဝင်စားလာခဲ့သည်

သို့သော် သူတို့အနေဖြင့် မည်မျှပင် သိချင်စိတ် ပြင်းပြနေစေကာမူ လင်းမိသားစုအိမ်သို့ တိုက်ရိုက်သွား၍ မေးမြန်းရန် မဖြစ်နိုင်ပေ။

ထိုအမျိုးသမီး ပညာတတ်လူငယ်သည်က သူ မျှားထားသည့် ချိတ်တွင်မိတော့မည့် အခြေအနေသို့ ရောက်ရှိလာသည်ကို မြင်လျှင် ချန်ကျစ်ချင်းက အခြေအနေကို မေးမြန်းရန်အတွက် ကျောက်ရှီလဲ့ကို သွားရှာသင့်ကြောင်း သူမကို လမ်းညွှန်ပေးခဲ့သည်။

ထိုအမျိုးသမီး ပညာတတ်လူငယ်သည်လည်း လျင်မြန်စွာ တုံ့ပြန်ခဲ့လေသည်။ သူက ချန်ကျားယွမ်၏စကားများက အမှန်ဖြစ်ကြောင်းကို ကြားသည်နှင့် တစ်ပြိုင်နက် ကျောက်ရှီလဲ့ဆီသို့ သွားရောက် ရှာဖွေ မေးမြန်းခဲ့သည်။

ကျောက်ရှီလဲ့က ထူးဆန်းသည်ဟု ခံစားရသော်လည်း ဆက်တိုက်မေးမြန်းနေသော အမျိုးသမီး ပညာတတ်လူငယ်ကို နှင်မထုတ်နိုင်သဖြင့် စိတ်တိုစွာဖြင့် ပြောရတော့သည်။

“ဘာပဲဖြစ်ဖြစ်၊ စုန့်မျိုးရိုးနာမည်ရှိတဲ့ အဖေနဲ့သမီးက လူကောင်းတွေ မဟုတ်ဘူးဆိုတာကို နင် သိထားသင့်တယ်၊ စုန့်မျိုးရိုးတွေက လင်းရန်ရဲ့အထက်မှာ အစ်မတစ်ယောက်ရှိနေပေမဲ့ ညီမဖြစ်တဲ့ လင်းရန်ကို ကျေးလက်ဒေသကို သွားခိုင်းရုံတင်မကဘူး၊

လင်းရန်နှင့် ကြင်ဖက်တွေ့ပေးဖို့ စီစဉ်ထားတဲ့လူကိုလည်း သူ့သမီးနှင့် ကြင်ဖက်တွေ့ဖို့ မိတ်ဆက်ပေးခဲ့သေးတယ်၊ အဲဒီအဖေနဲ့သမီးက တကယ်ကို အရေထူပြီး မရှက်တတ်တဲ့လူတွေပဲ!”

ထိုအမျိုးသမီးပညာတတ်လူငယ်သည်လည်း ထိုကဲ့သို့သော သတင်းကို ကြားလိုက်ရချိန်တွင် အလွန် စိတ်လှုပ်ရှားသွားရပြီး ကျောက်ရှီလဲ့နှင့်အတူ ပူးပေါင်းကာ စုန့်မိသားစု၏ အဖေနှင့်သမီးကို ဆဲဆိုပြစ်တင်ခဲ့သည်။

သူတို့နှစ်ယောက်လုံးမှာ ဘေးနားတွင် ပုန်းအောင်းနေသော ချန်ကျားယွမ်ကို သတိမထားမိကြပါချေ။

စုန့်စစ်ယွီထံတွင် ကြင်ဖက်အသစ်တစ်ယောက် ရှိနေပြီဖြစ်ကြောင်းကို ကြားလိုက်ရချိန်တွင် ချန်ကျားယွမ်တစ်ယောက် မည်မျှ တုန်လှုပ်သွားသည်ကိုလည်း သူတို့ မမြင်ခဲ့ကြပေ။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!

All Chapters