← Chapters

အခန်း (၅၁၃)

Vol. 35 Ch. 513

အခန်း (၅၁၃)

Vol. 35 Ch. 513

“အိုး အိုး။ နတ်သမီးလေးက တခြားတစ်ယောက်ကို သစ္စာဆိုတော့မယ်။ ငါ့နှလုံးသား အရမ်းမွန်းကြပ်နေပြီ။ ကယ်ကြပါဦး”

ဟမ်။

ဘယ်ကောင်ရှုံးသမားက ဒီစာကို တင်ထားတာလဲ။

တစ်စုံတစ်ယောက်က ဒါကို နှိပ်ပြီး ကြည့်လိုက်သည်... ဖတ်ပြီးနောက် သူ ကြက်သေသေသွားခဲ့သည်။

ထို့ကြောင့် ဆယ်မိနစ်ကျော် တိတ်ဆိတ်သွားပြီးနောက် ဒီသာမန်ဟုထင်ရသော ပို့စ်သည် ကြယ်တာရာကြားဖြတ်ယာဉ်တစ်စီးကဲ့သို့ပင်။ ဒါသည် လူတိုင်း၏အမြင်ထဲသို့ လျှပ်စီးလက်သည့်အရှိန်ဖြင့် ဝင်ရောက်လာပြီး ရေပန်းအစားဆုံး ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးနေရာကိုပင် တစ်ချက်တည်းဖြင့် ရယူကာ အမြင့်ဆုံးနေရာသို့ အဝေးမှ ရောက်ရှိသွားသည်။

အစပိုင်းတွင် ဒီစာကို မထီမဲ့မြင်ပြုသူများ ရှိနေသေးသည်။ ဤသည်မှာ ခေါင်းကြီးပိုင်းတစ်ခု ဖြစ်နိုင်ခြေများသည်။ သို့သော် သူတို့ ဖွင့်ကြည့်လိုက်သောအခါ သူတို့၏ မူလက ဂရုမစိုက်သော အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့၏ မျက်လုံးများသည် ရုတ်တရက် စူးစိုက်သွားပြီး ဤပို့စ်တိုလေးကို အထပ်ထပ်အခါခါ ဖတ်ကာ ဂရုတစိုက် အရသာခံနေကြသည်...

'ဘုရားရေ။ ငါ မျက်စိမှားနေတာလား။'

'သစ္စာဆိုတဲ့ ဒီနတ်သမီးလေးက မော့ချူးလား။'

'ဘယ်သူနဲ့လဲ။'

'ပြောနေစရာမလိုပါဘူး။ မာရှယ် နျဉ်ပဲ ဖြစ်ရမယ်။'

လူအများအပြားသည် အချိန်အတော်ကြာ ကြက်သေသေသွားပြီးမှ မော့ချူးနှင့် မာရှယ် နျဉ်တို့ ယနေ့ သစ္စာဆိုကြသည်ကို သဘောပေါက်သွားကြသည်။

ထို့ကြောင့် တစ်ဝက်တစ်ပျက်နှင့် ရဟန်းဖြစ်သွားသော ဤသတင်းသည် ဖက်ဒရေးရှင်းတစ်ခုလုံးတွင် လျင်မြန်စွာ ရူးသွပ်မှုတစ်ခု ဖြစ်လာခဲ့သည်။ ကြယ်တာရာကွန်ရက်သည် ပို၍ပင် ဆူပွက်နေတော့သည်။

"ဘုရားရေ၊ ကံကောင်းခြင်း ကြယ်ပွင့်လေးက သစ္စာဆိုတော့မှာလား။ အိုး အိုး။ ချက်ချင်းပဲ ငါ့ကလေး ကြီးပြင်းလာပြီဆိုတဲ့ ခံစားချက်မျိုး ရသွားတယ်။ ဘာဖြစ်တာလဲ"

"ငါ ပြောချင်တာက မာရှယ် နျဉ်က အရမ်းမြန်လွန်းတယ်ဟေ့။ သူ ဖွင့်ပြောတာက ခဏလေးပဲ ရှိသေးတယ်၊ အခု သူ သစ္စာဆိုပြီးသွားပြီ။ သူ ငါ့ရဲ့ ဂျူနီယာလေး အရွယ်ရောက်ပြီး လက်ထပ်ဖို့ကို စောင့်မှာမဟုတ်ဘူး ဟုတ်တယ်မလား။ စစ်သားတစ်ယောက်ပီသစွာပဲ၊ သူ့ရဲ့လုပ်ရပ်တွေက လျင်မြန်ပြီး ပြတ်သားတယ်"

"ခရိုင် ၃ မှာ ဘယ်သူရှိလဲ။ သွားကြစို့၊ သစ္စာဆိုရေကန်ကို ပြင်ဆင်ပြီးပြီ။ ငါတို့ အမြန်သွားပြီး တိုက်ရိုက်ကြည့်ကြရအောင်"

"ဒီမှာ၊ ငါ့ကိုပါ ထည့်"

"ငါလည်း စာရင်းပေးချင်တယ်"

ဤစကားများ ပြောသည်နှင့်တစ်ပြိုင်နက် ခရိုင် ၃ မှ ပရိသတ်များသည် ဆူညံပွက်လောရိုက်လာကြသည်။ သူတို့ လမ်းကြောင်းစီစဉ်ရမည်၊ လက်ဆောင်များ ပြင်ဆင်ရမည်။ ဒါသည် အခြားခရိုင်များမှ ကွန်ရက်သုံးစွဲသူများကို မနာလိုဖြစ်စေပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုယိုလာကြသည်။

ခရိုင်များကြား အကွာအဝေးသည် မသေးငယ်ကြောင်း သိထားရမည်။ အမြန်ဆုံးယာဉ်ကို စီးလျှင်ပင် ရောက်ရှိရန် အနည်းဆုံး တစ်ရက် သို့မဟုတ် နှစ်ရက် ကြာမြင့်မည်ဖြစ်သည်။ သူတို့ ရောက်ရှိချိန်တွင် နောက်ကျသွားနိုင်ဖွယ်ရှိသည်။

"တိုက်ရိုက်ထုတ်လွှင့် ပေးဖို့အတွက် တောင်းဆိုပါတယ်"

"ကြည်ကြည်‌လေး လွှင့်ပေးဖို့ အတွက် တောင်းဆိုပါတယ်၊ လှပတဲ့မျက်နှာလေးပါဖို့အတွက် တောင်းဆိုပါတယ်"

...

သစ္စာဆိုရေကန်၌။

အဖွဲ့ချုပ်တွင် နှစ်တစ်ရာကြာအောင် မည်သူမျှ သစ္စာမဆိုခဲ့သောကြောင့် ခရိုင်အသီးသီးရှိ 'သစ္စာဆိုရေကန်' များသည် လက်တွေ့တွင် အလှဆင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ အဖွဲ့ချုပ်က လစဉ် ဤနေရာရှိ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လူများ စေလွှတ်သော်လည်း ထိုသည်က အထီးကျန်ခြင်း ခံစားမှုကို ဖော်ပြနေဆဲဖြစ်သည်။

သို့သော် ယနေ့တွင် အထူးထိန်းသိမ်းထားသော သစ္စာဆိုရေကန်၏ အသွင်အပြင် လုံးဝ ပြောင်းလဲသွားခဲ့သည်။

မြေပြင်ပေါ်ရှိ အစိမ်းရင့်ရောင် စကျင်ကျောက်ပြားများကို သန့်ရှင်းစင်ကြယ်အောင် သန့်စင်ထားပြီး ဖုန်မှုန့် လုံးဝမရှိသလောက်ပင်။ ထိုပေါ်သို့ နင်းလိုက်လျှင် လေးလံသော သမိုင်းအထပ်ထပ်နှင့် မသေနိုင်သော အမှတ်တရများကို ခံစားနိုင်သည်။

အတွင်းသို့ လျှောက်သွားလျှင် ကျောက်တိုင်မုခ်တစ်ခု ရှိသည်။ ထိုကျောက်တိုင်မုခ်ကို ပွဲလမ်းသဘင်နှင့်လိုက်ဖက်သော အနီရောင်ဖဲကြိုးဖြင့် ချည်နှောင်ထားပြီး လေထဲတွင် တလွင့်လွင့် ရှိနေသည်။ ဒါသည် ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်ဖြင့် ပတ်ဝန်းကျင်ကို အလှဆင်ပေးသည်။ လူများသည် မျက်နှာတွင် အပြုံးများဖြင့် တံခါးမှ ဝင်ထွက်သွားလာနေကြပြီး သစ္စာဆိုရေကန်သို့ သက်ဝင်လှုပ်ရှားမှုကိုပင် အနည်းငယ် ထပ်လောင်းပေးသည်။

အကြီးအကဲ နျဉ်သည် လူအုပ်အလယ်တွင် အပြာရင့်ရောင် အဝတ်အစားများ ဝတ်ဆင်ကာ ရပ်နေပြီး သူသည် အထူးသဖြင့် တက်ကြွနေကာ အသက်များစွာ ငယ်ရွယ်နေပုံရသည်။ သို့သော် ဤအခိုက်အတန့်တွင် သူ မျက်မှောင်ကြုတ်ကာ ခလုတ်ခုံ ပေါ်မှ အချိန်ကို အဆက်မပြတ် ကြည့်နေသည်။

"ဟေ့။ ဒီကောင်လေး၊ ဘာလို့ သူ ခုထိ မရောက်သေးတာလဲ"

အကြီးအကဲ ချင်သည်လည်း ယနေ့ ပျော်ပွဲရွှင်ပွဲသို့ လာရောက်ခဲ့သည်။ ဤသည်ကို ကြားသောအခါ သူ သူငယ်ချင်းဟောင်း၏ ပခုံးကို မပုတ်ဘဲ မနေနိုင်တော့ပေ။

"မင်း ဘာကို အလျင်လိုနေတာလဲ"

"အဲ့ဒီ နျဉ်ယွိယွမ်ဆိုတဲ့ ကောင်လေးက အချိန်ဆွဲနေနိုင်ဦးမှာလား။ သူ့ရဲ့ဘွဲ့ကို အမြန်ဆုံး အတည်ပြုဖို့ သူ မစောင့်နိုင်လောက်အောင် ဖြစ်နေမှာကို ငါ စိုးရိမ်တယ်။ အိုး၊ သူ ရောက်လာပြီ မဟုတ်လား"

ထိုအသံကို ကြားသောအခါ အကြီးအကဲ နျဉ် လျင်မြန်စွာ မော့ကြည့်လိုက်သည်။ မလှမ်းမကမ်းတွင် ယာဉ်တစ်စီး ရပ်တန့်သွားသည်။

ရှေ့ခုံတံခါးကို ပထမဆုံးဖွင့်သူမှာ နျဉ်ယွိယွမ် ဖြစ်သည်။ သူ ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ပျော်ရွှင်မှု အရိပ်အမြွက်ဖြင့် နျဉ်ယွိယွမ်၏ ချောမောသော မျက်နှာကို ဖော်ပြနေသည်။ ထိုမျက်နှာသည် ယခင်ကကဲ့သို့ အေးစက်မနေတော့ပေ။ နျဉ်ယွိယွမ်၏ ပတ်ပတ်လည်တွင် နွေးထွေးမှု အငွေ့အသက်တစ်ခု ပျံ့လွင့်နေသည်။ သူ ပျော်ရွှင်နေသည်ကို မည်သူမဆို သိနိုင်သည်။

သူ၏ နောက်ရှိ မော့ချူးသည် တံခါးကို ဖွင့်ကာစပင် ရှိသေးသည်။ သူမ၏ ခြေထောက်များ မြေပြင်ကို မထိမီ နျဉ်ယွိယွမ်သည် ကိုင်းညွှတ်ကာ သူ၏ လက်ကို ဆန့်လိုက်သည်။ သူသည် သူမကို မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီကာ တည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့သို့ လျှောက်လှမ်းသွားသော်လည်း သူ၏ ခြေလှမ်းများတွင် ရှားရှားပါးပါး စိုးရိမ်ပူပန်မှု အရိပ်အမြွက်တစ်ခု ရှိနေသည်။

"ယို၊ ဒီလူငယ်လေးက သိပ်ကို ရိုမန်တစ်ဆန်တာပဲ" ဤမြင်ကွင်းကို မြင်သောအခါ အကြီးအကဲ ချင်နှင့် အခြားသူများ မပြုံးဘဲ မနေနိုင်တော့ပေ။

သို့သော် သူတို့နောက်မှ အခြားသူကောင်းမျိုးနွယ် မိသားစုများမှ လူများသည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်နေကြသည်။

အမှန်အတိုင်းပြောရလျှင် သူတို့ ယခုအချိန်အထိ မယုံနိုင်သေးပေ။ နျဉ်ယွိယွမ်... သူ မော့ချူးနှင့် တကယ် သစ္စာဆိုတော့မည်လား။

နျဉ် မိသားစုက ဤအကြောင်းကို ယခင်က ထုတ်ဖော်ပြောကြားခဲ့သော်လည်း လူအများစုက တိတ်တဆိတ် အလေးအနက် မထားခဲ့ကြပေ။

မော့ချူးသည် အလွန် ထူးချွန်သည်မှာ အမှန်ပင်။

စိတ်ဝိညာဉ်အစားအစာ၊ ကျင့်ကြံခြင်း သို့မဟုတ် အထူးစွမ်းရည်များတွင်ဖြစ်စေ ဤမိန်းကလေးတွင် ထူးချွန်သော အချက်များနှင့် အဆုံးမဲ့သော အလားအလာများ ရှိသည်။ သို့သော် သူမ ထူးချွန်ခြင်းမှာ တစ်ခုဖြစ်ပြီး မိသားစု၏ သခင်မဖြစ်လာနိုင်ခြင်းမှာ အခြားတစ်ခု ဖြစ်သည်။

အထူးသဖြင့် နျဉ် မိသားစုအတွက် ဖြစ်သည်။ သူတို့သည် သားသမီးနည်းပါးခြင်းဖြင့် ကျော်ကြားပြီး သူတို့၏ မျိုးဆက်တွင် လက်တွေ့အားဖြင့် တစ်ဦးတည်းသာ ရှိသည်။

ထို့ကြောင့် နျဉ်ယွိယွမ်၏ ဇနီးနေရာသည် အလွန်အရေးကြီးသည်။

ယခင်က သူတို့အားလုံး တိတ်တဆိတ် ခန့်မှန်းခဲ့ကြသည်မှာ မျိုးဗီဇအဆင့်နှင့် အထက်ရှိသူများသာ ဒီနေရာကို ရရှိရန် အရည်အချင်းရှိသည်ဟု ဖြစ်သည်။ ဒါပေမယ့် မော့ချူးကရော?

သူမသည် ယခုနှစ်ကုန်လျှင် အသက် ၂၀ သာ ရှိသေးသည်။ သူမ၏ မျိုးဗီဇအဆင့်ကို စမ်းသပ်ရန် ဆယ်နှစ်တောင် ကျန်သေးသည်။

ထို့အပြင် မော့ချူး၏ မျိုးဗီဇအဆင့်သည် သူမကဲ့သို့ ထူးချွန်မည်ဟု မည်သူ အာမခံနိုင်မည်နည်း။ B အဆင့် မျိုးဗီဇရှိသော အမျိုးသမီးများ၏ ရာခိုင်နှုန်းသည် တစ်သောင်းတွင် တစ်ယောက်ဖြစ်ကြောင်း သိထားရမည်။ မော့ချူးသည် သူတို့ထဲမှ တစ်ယောက်ဖြစ်သည်ဟု မည်သူ သေချာနိုင်မည်နည်း။

လူတိုင်းသိသည့်အတိုင်း မိသားစုတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်လိုလျှင် အရေးကြီးဆုံးအရာမှာ အဘယ်နည်း။

အရေးကြီးဆုံးမှာ ကောင်းမွန်သော မျိုးဗီဇများ ဖြစ်သည်။

ကောင်းမွန်သော မျိုးဗီဇများ ရှိမှသာ ထူးချွန်သော ဆက်ခံသူတစ်ဦး ရှိနိုင်မည်။

မဟုတ်လျှင် ချမ်းသာကြွယ်ဝသော သူကောင်းမျိုးနွယ်မိသားစုတစ်ခုကို သာမန်အရည်အချင်းရှိသူ တစ်ဦး၏ လက်ထဲသို့ ထားလျှင်ပင် ၎င်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်။ နောက်ဆုံးတော့ သာမန်မျိုးဆက်တစ်ဦးသည် မည်မျှ ကောင်းနိုင်မည်နည်း။ သူ၏ မျိုးဆက်များတွင် အရည်အချင်းရှိသော ကလေးများ ရှိလျှင်ပင် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။ မည်သူက အန္တရာယ်ကို ခံနိုင်မည်နည်း။

အစပိုင်းတွင် သူတို့က နျဉ် မိသားစုသည် မော့ချူး၏ အလားအလာနှင့် တန်ဖိုးကို နှစ်သက်သည်ဟု ထင်ခဲ့ကြသည်။ ဤမိန်းကလေး အရွယ်ရောက်ပြီး သူမ၏ မျိုးဗီဇအဆင့်ကို စမ်းသပ်နိုင်သောအခါ သူတို့ နောက်ထပ် ဆုံးဖြတ်ချက်တစ်ခု ချကာ သူမကို နျဉ်ယွိယွမ်နှင့် လက်ထပ်ခွင့်ပြုသင့်မသင့် ကြည့်ရှုလိမ့်မည်ဟု ထင်ခဲ့ကြသည်။ အကယ်၍ ရှိနေသူအများစုသာဆိုလျှင် သူတို့လည်း တူညီသော အတွေးမျိုး ရှိကြပေလိမ့်မည်။

ဤအချက်ကြောင့်ပင် နျဉ် မိသားစုမှ ပေးပို့သော မင်္ဂလာဖိတ်စာကို လက်ခံရရှိသောအခါ သူတို့ ကြက်သေသေသွားရခြင်း ဖြစ်သည်။

သူတို့နှစ်ဦး အောင်မြင်စွာ သစ္စာဆိုပြီးသည်နှင့် သူတို့၏ ဆက်ဆံရေးသည် ဥပဒေအရ ကန့်သတ်ခံရမည်ကို သိထားရမည်။ မော့ချူးက အစောင့်အရှောက်၏ ဆက်ဆံရေးကို အစပြု၍ ဖယ်ရှားခြင်းမပြုလျှင် သူမသည် နျဉ် မိသားစု၏ သခင်မနေရာကို သေချာပေါက် ရယူနိုင်လိမ့်မည်။

နျဉ်ယွိယွမ်သည် ဤသစ္စာဆိုပွဲအတွက် ပြင်ဆင်မှုများ အပြည့်အစုံ ပြုလုပ်ထားခဲ့သည်။

သူသည် ပထမတန်းစား သူကောင်းမျိုးနွယ်မိသားစုများ၏ အကြီးအကဲအားလုံးနီးပါးကို ဖိတ်ကြားခဲ့သည်။

သူသည် ဤအခွင့်အရေးကို အသုံးချကာ မော့ချူးသည် သူ အလွန်ချစ်မြတ်နိုးပြီး အခြားသူများ ရိုင်းစိုင်းခွင့်မပြုနိုင်သောသူ ဖြစ်ကြောင်း လူတိုင်းကို ပြောပြလိုသည်။

နျဉ်ယွိယွမ်သည် ကျောက်တိုင်မုခ်တံတားကို ဖြတ်ကျော်လျှောက်လှမ်းသွားခဲ့ပြီ။ သူတို့နှစ်ဦး၏ ပေါ်ထွက်လာမှုသည် သက်ဝင်လှုပ်ရှားနေသော သစ္စာဆိုရေကန်ကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။ လူတိုင်းသည် သူတို့၏ အကြည့်များကို သူတို့နှစ်ဦးထံမှ မလွှဲနိုင်ဘဲ ဖြစ်နေကြသည်။

သူမပေါ်သို့ တောက်လောင်နေသော အကြည့်များ ကျရောက်လာသောအခါ မော့ချူး၏ မျက်နှာငယ်လေးသည် အနည်းငယ် နီရဲသွားသည်။ သူမ နျဉ်ယွိယွမ်ကို မတွန်းဘဲ မနေနိုင်တော့ပေ။ သူမ၏ အသံသည် ယင်ကောင်တစ်ကောင် အသံကဲ့သို့ တိုးဝင်နေသည်။

"ဟို... ရှင့်ကျွန်မကို ချပေးသင့်ပြီ။ ကျွန်မ ကိုယ့်ဘာသာကိုယ် သွားမယ်"

လူအများကြီး ကြည့်နေသောကြောင့် သူမ တကယ် မ နေနိုင်တော့ပေ။

"မဖြစ်ဘူး၊ လဲကျမှာ စိုးရိမ်လို့"

နျဉ်ယွိယွမ် ခေါင်းငုံ့ကာ ညင်သာစွာ ပြောလိုက်သည်

"ကိုယ် မင်းကို ပွေ့သွားမယ်"

နျဉ်ယွိယွမ်၏ အသံသည် မကျယ်လောင်သော်လည်း သူ မတတ်နိုင်ခဲ့ပေ။ သစ္စာဆိုရေကန်သည် ရုတ်တရက် တိတ်ဆိတ်သွားသောကြောင့် ဤလှုပ်ရှားမှုကို အခြားသူများအားလုံး ကြားလိုက်ရသည်။

နျဉ်ယွိယွမ်၏ ရေခဲတမျှအေးစက်သော နှလုံးသားထဲတွင် ဤကဲ့သို့ နူးညံ့သော ဘက်တစ်ဖက် ဝှက်ထားသည်ကို မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ သံမဏိသွေးသားပိုင်ရှင်သည် နူးညံ့နွေးထွေးသော အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားခြင်းသည် များသောအားဖြင့် သာမန်စွဲဆောင်မှုထက် ပို၍ ဆွဲဆောင်မှုရှိသည်။ ဤအချက်ကြောင့်ပင် သူကောင်းမျိုးနွယ်မိသားစုများမှ မိန်းကလေး အများအပြားသည် နျဉ်ယွိယွမ်ကို မော့ကြည့်မိကြသည်။

နျဉ်ယွိယွမ်၏ အကြည့်များ ကျရောက်လာသောအခါ သူတို့ မသိစိတ်ဖြင့် သူတို့၏ အကောင်းဆုံးဘက်ကို ဖော်ပြကြသည်။ မှိန်ဖျော့သော အပြုံး သို့မဟုတ် ခေါင်းငုံ့ခြင်း... အမျိုးမျိုးသော ဟန်ပန်များပြလိုက်ကြပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင်အရသာ ရှိကြသည်။

ကံမကောင်းစွာဖြင့် သူတို့ တွေ့ဆုံလိုက်ရသည်မှာ နျဉ်ယွိယွမ်၏ ရေခဲတမျှအေးစက်သော အကြည့် ဖြစ်သည်။ ထိုအေးစက်ပုံရသော အကြည့်သည် သူတို့ကို ဤအတိုင်းပင် ကျော်ဖြတ်သွားပြီး သူတို့ကို လုံးဝမမြင်သကဲ့သို့ပင်၊ မူလက သူတို့၏ နှလုံးသားထဲတွင် နူးညံ့မှုတစ်ချက် ခံစားခဲ့ရသော သူကောင်းမျိုးနွယ်မိသားစုများမှ မိန်းကလေးများသည် ထိုနေရာ၌ပင် ကြက်သေသေသွားကြသည်။

နျဉ်ယွိယွမ်သည် သူတို့ကို လုံးဝ ဂရုမစိုက်ပေ။ သူသည် မော့ချူးကို ပွေ့ချီကာ ရှေ့မှ သစ္စာဆိုရေကန်ဆီသို့ လျှောက်သွားခဲ့သည်။

သူတို့ နီးကပ်လာလေလေ သစ္စာဆိုရေကန်နှင့် နီးကပ်လာလေလေ ဖြစ်သည်။ နျဉ်ယွိယွမ် ရပ်တန့်ကာ ချူးလေးကို ချပေးလိုက်သည်။

"ဒါ... သစ္စာဆိုရေကန်လား"

မော့ချူးသည် သူမရှေ့မှ ရေကန်ကို ကြည့်လိုက်သည်။ ၎င်းသည် မကြီးမားလှဘဲ ၂၀ မှ ၃၀ စတုရန်းမီတာခန့် ရှိသည်။ သို့သော် ရေသည် အလွန် ကြည်လင်လှသည်။ သူ ခေါင်းငုံ့လိုက်လျှင် သူမ၏ ကိုယ်ပိုင်အရိပ်ကို မြင်နိုင်သည်။

"ဟုတ်တယ်"

နျဉ်ယွိယွမ် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ လှည့်ကာ မော့ချူးကို မျက်နှာမူလိုက်သည်။ သူသည် လေးနက်တည်ကြည်သော အမူအရာဖြင့် လက်သီးကို ဆန့်တန်းလိုက်သည်။ သူသည် သူ၏ လက်သီးကို မြှောက်ကာ သူ၏ ရင်ဘတ်ကို သုံးကြိမ် ထုလိုက်ရာ တိုးညှင်းသော အသံများ ထွက်ပေါ်လာသည်။

ဤသည်မှာ သစ္စာဆိုပွဲ၏ တိတ်ဆိတ်သော သစ္စာများ ဖြစ်သည်- ကျွန်တော့်နှလုံးသားပေါ် သုံးချက်ထုခြင်း။

ကျွန်တော့်နှလုံးသားပေါ် ပထမတစ်ချက်ထုခြင်း။ ကျွန်တော့်၏ တစ်ကိုယ်လုံးကို သင့်ထံ ပေးအပ်ပါမည်။ ကျွန်တော့်တစ်သက်တာလုံး သင့်ကို ဘယ်တော့မှ သစ္စာမဖောက်ပါ။

ကျွန်တော့်နှလုံးသားပေါ် ဒုတိယတစ်ချက်ထုခြင်း။ သင့်၏ လုံခြုံမှုနှင့် ပျော်ရွှင်မှုကို အသက်နှင့်လဲ၍ ကာကွယ်ပါမည်။

ကျွန်တော့်နှလုံးသားပေါ် တတိယတစ်ချက်ထုခြင်း။ သင်သည် ကျွန်တော့်အတွက် အရာအားလုံး ဖြစ်လာလိမ့်မည်။ ကျွန်တော် သင့်ကို ချစ်မြတ်နိုးပြီး ကျွန်တော့်ဘဝတွင် နောင်တရမည် မဟုတ်ပါ။

နျဉ်ယွိယွမ်၏ လုပ်ရပ်များနှင့်အတူ သစ္စာဆိုရေကန်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

သူ၏ မျက်နှာပေါ်မှ လေးနက်သော အမူအရာကြောင့် လွှမ်းမိုးခံရသကဲ့သို့ပင်။ လူတိုင်းနီးပါးသည် မသိစိတ်ဖြင့် အသက်ရှူအောင့်ထားကြပြီး စကားကို ကျယ်လောင်စွာ မပြောရဲဘဲ အငွေ့အသက်ကို ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။

All Chapters