အခန်း (၅၁၈)
Vol. 35 Ch. 518
ဤသို့နှင့် မော့ချူး မူးဝေစွာဖြင့် နိုးထလာသောအခါ ဘေးခန်းရှိ မှန်အမည်းပေါ်တွင် ရေချိုးခန်းမှထွက်လာသော ချောမောသည့် အမျိုးသားတစ်ဦးကို ချက်ချင်းမြင်လိုက်ရသည်။
ထိုမြင်ကွင်းသည် ဝေဝါးနေသော်လည်း ထိုဝေဝါးနေသည့်ကြားမှပင် ကျဉ်းမြောင်းသောခါးနှင့် တင်ပါးများ၊ သန်မာပြီး အားကောင်းသော ခြေတံရှည်များကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။ နျဥ်ယွိယွမ်၏ မော့ထားသောလည်တိုင်မှ အောက်သို့စီးကျလာသော ရေစက်ရေပေါက်လေးများ…
ဖာ့ခ်!
မော့ချူး၏ မူလက မူးဝေနေသော အိပ်ချင်စိတ်သည် ချက်ချင်းဆိုသလို လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဖာ့ခ်! ထိုသည်က ပေါ်တင်သွေးဆောင်ဖြားယောင်းနေခြင်းပင် ဖြစ်သည်။ အရွယ်မရောက်သေးသူကို သွေးဆောင်ဖြားယောင်းခြင်းသည် ကိုယ်ကျင့်တရားနှင့်မညီကြောင်း သူ မသိဘူးလား။
သူမ၏နှလုံးသားထဲတွင် နျဥ်ယွိယွမ်ကို အဆက်မပြတ် ကြိမ်းမောင်းနေသော်လည်း မော့ချူး၏ အကြည့်တို့ကမူ ထိုမှန်အမည်းပေါ်မှ ခွာဖယ်သွားရန် ဆန္ဒမရှိခဲ့ချေ။
ဝေါင်း ဝေါင်း!
ထိုလူ၏ခန္ဓာကိုယ်က ဤမျှတောင့်တင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားများဖြင့် ဖုံးလွှမ်းနေသည်မှာ…
ပထမဆုံးအကြိမ်အဖြစ် မော့ချူးသည် 'ကိုယ်ကာယနှင့် သွေးဆောင်မှု' ဟူသော အသုံးအနှုန်းကို အမျိုးသားတစ်ဦးအပေါ်တွင်လည်း သုံးနိုင်ပြီး လုံးဝနေရာမလွဲဟု ခံစားမိလိုက်သည်။
တံခါးသည် ‘ကလစ်’ ဟူသော အသံနှင့်အတူ ပွင့်သွားခဲ့သည်။
အတွေးများထဲတွင် နစ်မြောနေသော မော့ချူးသည် မသိစိတ်ဖြင့် ခေါင်းမော့လိုက်ရာ… နျဥ်ယွိယွမ်၏ အကြည့်များနှင့် မတော်တဆ ဆုံသွားခဲ့သည်။
မျက်လုံးချင်းဆုံမိသည့် စက္ကန့်အနည်းငယ်အတွင်းမှာပင် နျဥ်ယွိယွမ်၏ အကြည့်များသည် အစပိုင်းက အံ့အားသင့်မှုမှ နားလည်သဘောပေါက်သွားဟန်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူ၏မျက်လုံးများထဲ၌ လှောင်ပြောင်သည့် အကြည့်များဖြင့် ပြည့်နှက်နေခဲ့သည်။
အား–
သူမဘာလုပ်ခဲ့မိသည်ကို မော့ချူး ယခုမှသာ သဘောပေါက်သွားတော့သည်။
သူမ၏ မျက်နှာလေးသည် နီရဲတက်လာခဲ့သည်။ နျဥ်ယွိယွမ် စကားပြောသည်ကို မစောင့်ဘဲ သူမသည် ဝှစ်ခနဲ လှည့်လိုက်ပြီး သူမနားထဲက ခေါင်းလောင်းကို ခိုးဖို့ကြိုးစားနေသကဲ့သို့ စောင်ဖြင့် မျက်နှာတစ်ခြမ်းကို ဖုံးကွယ်ထားလိုက်သည်။ သူမသည် တအွန်းအွန်း အသံအနည်းငယ်ပြုလိုက်သည်။
"အင်း… ကျွန်မ အရမ်းအိပ်ချင်နေပြီ။ ခဏလောက် ထပ်အိပ်လိုက်ဦးမယ်။"
နျဥ်ယွိယွမ်သည် ရေချိုးပြီးခါစဖြစ်သောကြောင့် ယခုအချိန်တွင် သူသည် သဘက်တစ်ထည်သာ ပတ်ထားသည်။ သူ၏ တစ်ဝက်တစ်ပျက်စိုနေသော ဆံပင်တို့သည် သူ့နဖူးထောင့်စွန်းတွင် တွဲကျနေသည်။ သူ၏ ထင်ရှားပေါ်လွင်သော ချောမောသည့်မျက်နှာသည် ပို၍ပင် ဆွဲဆောင်မှုရှိနေပြီး သူ၏ယောက်ျားပီသသော ဟော်မုန်းဓာတ်များမှာ လျှံကျနေသကဲ့သို့ပင်။
မော့ချူး၏ အပြုအမူကို မြင်သောအခါ သူ၏ နက်ရှိုင်းသော မျက်လုံးများသည် မနေနိုင်ဘဲ ကျဉ်းမြောင်းသွားသည်။ ဤကောင်မလေး…
သူ့နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားခဲ့သည်။ နျဥ်ယွိယွမ်သည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တက်လာပြီး ခုတင်ဘေးသို့ တန်းတန်း လျှောက်လာခဲ့သည်။
အမှန်အတိုင်းပြောရလျှင် နျဥ်ယွိယွမ်သည် ဤကောင်မလေး စောစောနိုးလာလိမ့်မည်ဟု တကယ်မထင်ထားခဲ့ပေ။
ပုံမှန်အားဖြင့် ချူးလေး၏ တစ်ရေးအိပ်ချိန်သည် တစ်နာရီခန့်ဖြစ်သည်။ ယခုတစ်ကြိမ်မှာမူ မိနစ် ၃၀ ခန့်သာရှိသေးသည်။ ယုတ္တိနည်းအရဆိုလျှင် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်သေးသည်။
ရေချိုးခန်းသည် ဘေးတွင်ရှိသော်လည်း အသံလုံသောကြောင့် ချူးလေးကို လုံးဝအနှောင့်အယှက်ပေးမည်မဟုတ်ပေ။ ဤအချက်ကြောင့်ပင် နျဥ်ယွိယွမ် သည် ဘေးခန်းတွင် စိတ်အေးလက်အေး ရေချိုးနေခဲ့ခြင်းဖြစ်သည်။ သူ အပြင်ထွက်လာသည်နှင့် ချူးလေး၏ တလက်လက်တောက်ပနေသော မျက်လုံးများနှင့် ဆုံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချူးလေး၏ ဖန်ကောင်မလေးတစ်ယောက်ကဲ့သို့ အမူအရာသည် နျဥ်ယွိယွမ်၏ ယောက်ျားမာနကို ချက်ချင်းဆိုသလို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်ဟု ဆိုရပေမည်။
အထူးသဖြင့် ဤကောင်မလေး၏ 'ရှင်းရှင်းလင်းလင်း မြင်နေသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေသည့်' အမူအရာသည် သူ့နှလုံးသားကို ပို၍ပင် နူးညံ့ပျော့ပျောင်းသွားစေပြီး အရည်ပျော်သွားစေခဲ့သည်။
"အိပ်နေတာလား။" နျဥ်ယွိယွမ်က မော့ချူး၏ မျက်နှာအနီးသို့ ပိုတိုးကပ်လိုက်ပြီး သူမမျက်နှာပေါ်သို့ လေနွေးနွေးကို တမင်သက်သက် မှုတ်ထုတ်လိုက်သည်။
မော့ချူးသည် ဒီလူကို လျစ်လျူရှုထားပြီး သူမ၏ 'အိပ်ချင်ယောင်ဆောင်ခြင်း' အစီအစဉ်ကို ဆက်လုပ်ဆောင်ရန် ပြင်လိုက်သည်။
သူမ မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ပေ။ သူမသည် အိပ်မောကျနေချိန်ကဲ့သို့ ရှည်လျားပြီး ညီညာသော အသက်ရှူသံမျိုးဖြစ်အောင် အသက်ရှူမှုကိုပင် တမင်သက်သက် ထိန်းချုပ်ထားခဲ့သည်။
သို့သော် ဤကဲ့သို့သော သေးငယ်သည့် လှည့်ကွက်လေးသည် နျဥ်ယွိယွမ်ကို မည်သို့လှည့်စားနိုင်မည်နည်း။
ဤလူသည် မျက်စိမှိတ်ထားလျှင်ပင် အခြေအနေကို ပိုင်းဖြတ်နိုင်သော ကျွမ်းကျင်သည့် အကြီးစား ဘော့စ်တစ်ဦးဖြစ်သည်။ မော့ချူး၏နည်းလမ်းမှာ အလွန် အတွေ့အကြုံနည်းနေသေးသည်။
သို့သော်လည်း ဤကောင်မလေးက ဆော့ကစားချင်နေသောကြောင့် နျဥ်ယွိယွမ်သည်လည်း အလိုက်သင့် ကစားပေးရန် ဆန္ဒရှိခဲ့သည်။ သူ့မျက်လုံးများထဲရှိ စနောက်ချင်သော အကြည့်များသည် ပိုပြင်းထန်လာခဲ့သည်။ သူ သူမအနားသို့ တိုးသွားလိုက်သည်။
သူ၏ချောမောသော မျက်နှာသည် မော့ချူးနှင့် တစ်လက်မ သို့မဟုတ် နှစ်လက်မခန့်သာ ကွာဝေးတော့သည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ နှာခေါင်းထိပ်ဖျားများသည် ထိတွေ့နိုင်ပေသည်။
"တကယ် အိပ်နေတာပဲလား။"
ဖာ့ခ်!
ကျွန်မ အိပ်နေတာလား မအိပ်နေတာလားဆိုတာ ရှင် မသိဘူးလား။ ဘာလို့ ဒီမှာ ဝံပုလွေလိုတွေ လာလုပ်နေသေးတာလဲ??
စိတ်အနှောင့်အယှက် ဖြစ်လာသောကြောင့် မော့ချူး၏ အသက်ရှူသံသည် မထိန်းနိုင်ဘဲ ပိုပြင်းလာခဲ့သည်။ သူမသည် နျဥ်ယွိယွမ် အပေါ်သို့ ခုန်အုပ်ပြီး ကိုက်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ ဒီအရှက်မရှိတဲ့ လူယုတ်မာ။
"တကယ်အိပ်ပျော်နေပုံပဲ။ ဒီအခွင့်အရေးကို အသုံးချပြီးတော့… အရင်ဆုံး နမ်းလိုက်ရင် ကောင်းမလား။"
နျဥ်ယွိယွမ်၏ စကားများထဲတွင် ပါဝင်သော ရယ်သံသည် မည်သို့မှ ဖုံးကွယ်ထား၍မရအောင် သိသာလွန်းလှသည်။ နားမကြားသူတစ်ဦးပင်လျှင် နားလည်နိုင်လောက်ပေသည်။
ရေချိုးပြီးစ ရနံ့သင်းသင်းနှင့်အတူ နျဥ်ယွိယွမ်၏ ချောမောသောမျက်နှာသည် တဖြည်းဖြည်းနှင့် ပို၍ နီးကပ်လာခဲ့သည်…
..."နေဦး။"
မော့ချူးသည် ရုတ်တရက် မျက်လုံးများဖွင့်ကာ နျဥ်ယွိယွမ်ကို စိုက်ကြည့်လိုက်သည်။ ကောင်းပြီ၊ ရှင့်သဘော။
မော့ချူး၏ မကျေမနပ်ဖြစ်နေပုံကို မြင်သောအခါ နျဥ်ယွိယွမ်၏ နှုတ်ခမ်းထောင့်များသည်လည်း ကွေးတက်သွားခဲ့သည်။ သူ့မျက်နှာအမူအရာသည် ထင်ရှားပေါ်လွင်ပြီး သူ၏မျက်လုံးများသည် တောက်ပနေကာ မယုံနိုင်လောက်အောင်ပင် ချောမောခန့်ညားနေသည်။
"နိုးပြီလား။ အတော်ပဲ။"
"ဟုတ်…"
မော့ချူး မတုံ့ပြန်နိုင်ခင်မှာပင် နျဥ်ယွိယွမ်သည် သူမလက်များကို ဆွဲကိုင်ကာ နမ်းလိုက်သည်။
သူ့နှုတ်ခမ်းသည် သူမနှုတ်ခမ်းပေါ်သို့ ဖိကပ်လိုက်သည်။ ပထမဆုံး သူသည် ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ့အပြုအမူများက ချစ်ခင်ကြင်နာမှုများဖြင့် နူးညံ့နေခဲ့သည်။
မော့ချူး၏ နှုတ်ခမ်းနီနီလေးများ အနည်းငယ်ပွင့်ဟသွားပြီး သူမ၏မျက်လုံးများ အနည်းငယ်မှေးစင်းသွားချိန်တွင် နျဥ်ယွိယွမ်၏ မျက်လုံးများသည် မထိန်းနိုင်ဘဲ နက်မှောင်သွားခဲ့သည်။ သူ့အပြုအမူများသည် ရုတ်တရက်ဆိုသလို အငမ်းမရဖြစ်လာပြီး ပြင်းထန်လာကာ မော့ချူးကို တစ်ကိုယ်လုံး မျိုချပစ်ချင်နေသကဲ့သို့ပင်။
"အင်း… ဟင်း…"
ဒီကိစ္စတွင် သူတို့နှစ်ဦးလုံးသည် အသစ်အဆန်းဖြစ်နေသော်လည်း အချစ်ရေးတွင် အမျိုးသားများသည် အမျိုးသမီးများထက် များစွာသာလွန်ကြောင်း ထင်ရှားပေသည်။
တခါနမ်းရုံဖြင့်ပင် မော့ချူးသည် မူးဝေသွားသည်အထိ နမ်းရှိုက်ခံလိုက်ရသည်။
သူမ၏ မူလက ရှင်းလင်းနေသော စိတ်သည် ရှုပ်ထွေးသွားခဲ့သည်။ စိုစွတ်သော ကော်ရည်များဖြင့် ပြည့်နှက်နေပြီး ဘာကိုမျှ မစဉ်းစားနိုင်တော့ပေ။
သူတို့၏ ပြင်းထန်သော အသက်ရှူသံများသည် အခန်း၏ ထောင့်တိုင်းတွင် ပဲ့တင်ထပ်ကာ ယှက်နွယ်နေခဲ့သည်။
"ကိုယ့်ရဲ့ အရူးမလေး။"
အချိန်မည်မျှကြာသွားသည် မသိလိုက်ပေ။ နျဥ်ယွိယွမ်၏ အက်ရှသော အသံထွက်ပေါ်လာပြီးနောက် မော့ချူး၏ ကျန်ရှိနေသေးသော ဆင်ခြင်တုံတရားအချို့ကို ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။
သူမ အောက်သို့ငုံ့ကြည့်လိုက်သောအခါ မော့ချူးသည် သူမ၏ ညဝတ်အင်္ကျီခါးပတ်သည် လက်ကောက်ဝတ်အလယ်သို့ တွန်းပို့ခံထားရပြီး သူမရင်ဘတ်ပေါ်ရှိ အမို့အမောက် နေရာနှစ်ခု၏ တစ်ဝက်ကျော်မှာ ပေါ်ထွက်နေကာ သူမ၏နူးညံ့သော အသားအရေပေါ်တွင် နီရဲသော အစင်းရာအချို့ပင် ရှိနေသည်ကို သဘောပေါက်သွားသည်။ အကယ်၍ နျဥ်ယွိယွမ်သာ အချိန်မီ မရပ်တန့်ခဲ့ပါက အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ပေသည်။
ကျစ်၊ အခြေအနေတွေက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ။
မော့ချူး ကြောင်တောင်တောင်ဖြစ်သွားသည်။ အစက သူမ တစ်ရေးအိပ်ချင်ခဲ့သည် မဟုတ်ပါလား။
သူ့လက်မောင်းထဲရှိ ကောင်မလေး၏ တုံးအသောအကြည့်ကို ကြည့်ရင်း နျဥ်ယွိယွမ် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ သူသည် တုန်ယင်နေသော လက်များဖြင့် သူမ၏ ညဝတ်အင်္ကျီကို ဆွဲတင်ပေးပြီး သူမကို စောင်ဖြင့် တင်းတင်းကျပ်ကျပ် ထုပ်ပိုးလိုက်သည်။ ထို့နောက်မှသာ သူသည် သူမကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။ သူသည် သူမကို သူ့လက်မောင်းများထဲသို့ ပွေ့ဖက်လိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခံရသလိုနှင့် ကျေနပ်သလိုဖြစ်နေသော သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်သည်။
"ချူးလေး… မင်း ဘယ်တော့မှ အရွယ်ရောက်မှာလဲ။"
ပိုးတုံးလုံးတစ်ကောင်ကဲ့သို့ ထုပ်ပိုးခံထားရသော မော့ချူးသည် ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
'ကိုယ့်ဒုက္ခကိုယ်ရှာသည်' ဟူသော အဓိပ္ပာယ်ကို နျဥ်ယွိယွမ် ယခုမှသာ နားလည်သဘောပေါက်သွားသည်။ နာရီဝက်အတွင်းမှာပင် သူ ခုနကမှချိုးခဲ့သော ရေအေးသည် အလဟဿဖြစ်သွားပြန်ပြီ။
"ပူလိုက်တာ။"
အချိန်အတော်ကြာပြီးနောက် မော့ချူးသည် နောက်ဆုံးတွင် စကားတစ်ခွန်းပြောထွက်လာသည်။
သူမ၏ ခန္ဓာကိုယ်သည် လှုပ်လှုပ်ရွရွဖြစ်နေဆဲပင်။
နျဥ်ယွိယွမ်သည် အပူဓာတ်၏ ရင်းမြစ်တစ်ခုဖြစ်နေသည်။ စောင်အလွှာများနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် ယခုအချိန်တွင် ရေနွေးငွေ့ချွေးထုတ်ခန်းထဲ ရောက်နေသည်နှင့် ဘာမှမခြားတော့ပေ။ သူမ ကျောပြင်ပေါ်မှ ချွေးများသည် ကျောရိုးတစ်လျှောက် စီးကျလုနီးပါးဖြစ်နေသည်။
"ကိုယ်က မင်းထက်တောင် ပိုပူသေးတယ်လား။" နျဥ်ယွိယွမ် အံကြိတ်ကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။
သို့သော် သူ့လက်သည် အလိုအလျောက်ပင် အခန်း၏ အပူချိန်ထိန်းကိရိယာကို လှမ်းယူလိုက်ပြီး အခန်းအပူချိန်ကို ဒီဂရီအနည်းငယ် လျှော့ချလိုက်သည်။
အေးမြသောလေပြေတစ်ချက် တိုက်ခတ်လာသောအခါ မော့ချူး ချက်ချင်း များစွာသက်သာသွားသည်ဟု ခံစားလိုက်ရသည်။
သူမ သက်သာသွားပြီးနောက်တွင်မှ သူမ၏နောက်ကျောရှိ နျဥ်ယွိယွမ်၏ ခန္ဓာကိုယ်အပူချိန်သည် အမြဲတမ်းမြင့်မားနေခဲ့သည်ကို သူမ သတိပြုမိလိုက်သည်။ သူသည် အဆက်မပြတ် အပူထုတ်လွှတ်နေသော ပူပြင်းသည့်မီးလုံးကြီးတစ်လုံးနှင့် တူနေသည်။
"ရှင် အဆင်ပြေရဲ့လား။"
မော့ချူး၏ အသံသည် ယင်ကောင်တစ်ကောင်၏ အသံကဲ့သို့ တိုးနေသည်။
နျဥ်ယွိယွမ် လက်လှမ်းကာ မော့ချူးကို ဖွဖွပုတ်ပေးလိုက်သည်။ "ပြေတယ်။ ပြေတယ်။ မင်း ခဏလောက် ထပ်အိပ်လိုက်။ ဒီမှာ… ကိုယ် ခဏနေရင် အဆင်ပြေသွားမှာပါ။"
သူသည် အကြိမ်ပေါင်းများစွာ သည်းခံခဲ့ရသောကြောင့် အတွေ့အကြုံအချို့ ရှိနေပြီဖြစ်သည်။ ချူးလေး အရွယ်ရောက်လာသောအခါ သူ ဒီကောင်မလေးထံမှ အတိုးချကာ ပြန်လည်ရယူရန် နည်းလမ်းတစ်ခုခုကို မဖြစ်မနေ ရှာဖွေပေလိမ့်မည်။
"အင်း။" မော့ချူးသည် ပြန်ဖြေပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။
မူလက သူမ ဆက်အိပ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် နျဥ်ယွိယွမ်၏ မူးယစ်ဖွယ်ရာ ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် သူမမျက်လုံးများရှေ့တွင် အဆက်မပြတ် ပေါ်လာနေခဲ့သည်။ ပြင်းထန်သော အသက်ရှူသံများသည် သူမ၏ နားထဲတွင် စွဲထင်နေဆဲဖြစ်ပုံရသည်… အား! သူမ ရူးသွားတော့မယ်။
ဒီလိုနှင့် သူမသည် အိပ်မပျော်နိုင်တော့ပေ။
နျဥ်ယွိယွမ်သည်လည်း ကောင်မလေး၏ ဂနာမငြိမ်ဖြစ်နေမှုကို ခံစားမိပုံရသော်လည်း သူသည် သူမကို ထပ်မစနောက်ရဲတော့ပေ။ သို့မဟုတ်လျှင် သူသည် ပထမဆုံး မခံနိုင်ဖြစ်မည့်သူ ဖြစ်ပေလိမ့်မည်။
နျဥ်ယွိယွမ်သည် မော့ချူး၏ ဆံပင်ရှည်များကို ညင်သာစွာပွတ်သပ်ပေးရင်း တဖြည်းဖြည်းနှင့် စိတ်တည်ငြိမ်လာခဲ့သည်။ သူ အခြေအနေကို မော့ချူးအား ဂရုတစိုက် ရှင်းပြလိုက်သည်။
"ဒီတွေ့ဆုံပွဲက လွယ်ကူမှာမဟုတ်ဘူး။ ပါဝင်တဲ့သူတွေက အခြေခံအားဖြင့် ဂလက်ဆီအနှံ့က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေချည်းပဲ။ သူတို့အများစုက နာမည်ကြီးတာကြာပြီ။ မင်း ရောက်လာတာကို သူတို့တော်တော်လေး မလိုမုန်းထားဖြစ်ကြမယ်လို့ ကိုယ်ထင်တယ်။"
ဤစကားကိုကြားသောအခါ မော့ချူးသည် စောင်အောက်မှ လှည့်လိုက်ရာ နျဥ်ယွိယွမ်၏ နက်ရှိုင်းပြီး နွေးထွေးသော မျက်လုံးများနှင့် ဆုံသွားခဲ့သည်။ သူမ နှလုံးသားသည် မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။