ရှန်မိုနှင့်မတော်သော ဝတ်စုံ
Vol. 8 Ch. 106
ဝတ်ရုံဖြူကျင့်ကြံသူ၏ ရွှေအမြုတေကို ရှန်မို ဆွဲထုတ်ကာ အသေခံတိုက်ခိုက်ခြင်းကို တားလိုက်၏။
ထိုလူမှာ မယုံနိုင်စွာဖြင့် သွေးများအန်ရင်း အရှေ့သို့ လဲကျသွားလေသည်။
ရှန်မိုသည် ဖန်ကျီယွီအား လှည့်ကြည့်ကာ ပြုံး၍
“အခု မင်းပဲကျန်တော့တယ်”
ဖန်ကျီယွီ ထိုအပြုံးအား နတ်ဆိုးကို တွေ့ရသကဲ့သို့ ကြက်သီးထသွားသည်။
သူ့တွက်ချက်မှုအားလုံး မှားသွားလေပြီ။
ရှန်မိုသည် ရွှေအမြုတေ ရထားပြီးဖြစ်ကာ အလွန် အင်အားကြီးနေ၏။
ထို့အပြင် ရှားပါးမီးတောက်တစ်မျိုးပါ ပိုင်ဆိုင်ထားသည်ကို သိလိုက်ရသည်။
မြုတေဖွဲ့စည်းခြင်းအဆင့်၏ ရွှေအမြုတေဖြင့် အသေခံတိုက်ခိုက်ခြင်းသည် တစ်ဖက်လူကို အပြင်းအထန် ထိခိုက်စေ၍ ရှန်မို့အပေါ်လည်း သေစေနိုင်လောက်၏။
သို့သော် ရှန်မိုမှာ ပိုမိုလျင်မြန်စွာ လှုပ်ရှားနိုင်၏။
ဖန်ကျီယွီ တွေးရင်း လီထက်အား ဒေါသတကြီး လှမ်းကြည့်မိသည်။
ဒီလူ သစ္စာဖောက်ပြီး ရှန်မို့ဘက်က နေတာလား။
“ဝူလန့်လိုမျိုး ရှင့်လက်ထဲ အဖမ်းခံရတာထက်စာရင် သေတာမှ ကောင်းဦးမယ်”
ဖန်ကျီယွီ လှမ်းအော်၍ ရုတ်တရက် ဓားတိုတစ်ချောင်းထုတ်ကာ သူ့လည်ပင်းအား လှီးလိုက်လေသည်။
ရှန်မိုမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။
သူ လက်ဖျောက်တီးလိုက်သည်နှင့် စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ကာ ဖန်ကျီယွီ၏ ညာဘက်လက်ကို ဖြတ်မိပြီးသား ဖြစ်သွားသည်။
ပြင်းထန်လွန်းသော နာကျင်မှုကြောင့် ဖန်ကျီယွီတစ်ယောက် ဓားပင် ဆက်မကိုင်နိုင်ဘဲ နေ၏။
“သူ့ကို ကြိုးတုပ်ထားလိုက်။ ထပ်ပြီး သေကြောင်းမကြံစေနဲ့”
ရှန်မို အမိန့်ပေးလိုက်၏။
အကြီးအကဲလီ တက်ကြွစွာဖြင့်
“ဟုတ်ကဲ့ပါ”
သူ ချက်ချင်း ဖန်ကျီယွီအား တင်းတင်းကြပ်ကြပ် ကြိုးတုပ်၍ လျှာကိုက် သတ်သေခြင်း မပြုနိုင်ရန် ပါးစပ်ကိုပါ အဝတ်စို့ထားလိုက်သည်။
ရှန်မို ခေါင်းငြိမ့်ပြ၏။
ဖန်ကျီယွီမှာ ဂုဏ်ရှိ၍ ဉာဏ်ကောင်းသူတစ်ဦးဖြစ်ပြီး ထိုပုဂ္ဂိုလ်များကို ထိန်းချုပ်ထားပြီးလေပြီ။
သို့သော် ရှန်မို သူ့ကို သတ်ရန် စိတ်ကူးမရှိပေ။
အနည်းဆုံး သူ့ထံမှ အကျိုးအမြတ်များသာ ယူရန် တွေးထားသည်။
ထို့အပြင် ချင်းရွှမ်ဂိုဏ်း၏ ပျမ်းမျှအင်အားမှာ နှင်းပျံဂိုဏ်းကို မမှီသေးချေ။
ဖန်ကျီယွီကို သတ်လိုက်ခြင်းမှာ စစ်ကြေညာသကဲ့သို့ ဖြစ်သွားနိုင်၏။
နှစ်ဖက်အင်အားမျှလျှင်ပင် ရှန်မို စစ်မဖြစ်ချင်ပါ။
ထင်ရှားသော အောင်မြင်မှုကိုသု လိုချင်သည်။
“ခေါင်းဆောင်ငယ် ဒီသစ္စာဖောက် (၂) ယောက်ကိုရော ဘယ်လိုလုပ်ကြမလဲ”
အကြီးအကဲလီမှ ဝင်ပေါက်ရှိ လီထက်တို့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“သူတို့ကိုတော့ လူအများရှေ့မှာပဲ ရှင်းလိုက်ပါ”
“ဟုတ်ကဲ့ပါ”
အဆောင်ရှေ့မှ အရှုပ်အထွေးမှာ ထိုသို့ ပြီးဆုံးသွားလေသည်။
သို့သော် လူအများပါးစပ်ဖျားတွင် ပြောစမှတ်တွင်စရာ ဖြစ်နေဆဲပင်။
“ခေါင်းဆောင်ငယ်က အခု ဘယ်အဆင့် ရောက်ပြီလဲ။ ဒီလို မြုတေဖွဲ့စည်းခြင်းအဆင့်တွေကိုတောင် နိုင်တယ်ဆိုတော့”
“ကြည့်ရတာ ခေါင်းဆောင်ငယ်လည်း ရွှေအမြုတေ ရထားတာ ကြာပြီဖြစ်မယ်။ တမင် ဖွက်ထားတာပဲ”
“တကယ် ထူးခြားတာပဲ”
“ဟေ့ ရွှမ်ကျန်းရဲ့ ကျန်တဲ့ သခင်လေးတွေတောင် အဆင့်မတက်နိုင်သေးတာကို ငါတို့ ခေါင်းဆောင်ငယ်က ပထမဆုံး ရသွားတာပဲ။ ငါတို့အတွက် ဂုဏ်ယူစရာပဲ”
“ဟုတ်တယ်။ ချင်းရွှမ်က ပထမအဆင့်ဂိုဏ်းရဲ့ စံနှုန်းတွေနဲ့ ညီလာပြီ။ ခေါင်းဆောင်ငယ်လို ထူးချွန်တဲ့သူရှိတာ ဂိုဏ်းအနာဂတ်အတွက် အရမ်းကောင်းတာပဲ”
ရှန်မိုမှာတော့ မနားနိုင်သေးပေ။
အခွင့်အရေးတစ်ခု အရယူရန် ထွက်လာခဲ့သည်။
သူ ဖန်ကျီယွီကို မဖမ်းမီ သူ့လတ်တလောအခွင့်အရေး (၂) ခု တွေ့လိုက်၏။
[လတ်တလောအခွင့်အရေး (၁): ယနေ့ည ရှန်မို့ကို ဖမ်း၍ နှင်းပျံဂိုဏ်းသို့အပြန်တွင် အဆင့် (၄) နှင်းစပါးအုံးမြွေ တိုက်ခိုက်ခြင်းခံရမည်။ မြွေကို သတ်ပြီးနောက် အဆင့်နိမ့် မြေဓာတ်ဆေးပင်များကို အနီးတွင် ရှာတွေ့မည်]
[လတ်တလောအခွင့်အရေး (၂): (၁၀) ရက်အကြာတွင် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းခေါင်းဆောင်နှင့် ပိုင်ဟီတောင်အနီး တွေ့ဆုံစဉ် ရွှေတူးကြွက်နှင့် တွေ့မည်။ သို့သော် မဖမ်းနိုင်ဘဲ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၅) ခုသာ ရရှိမည်]
ရှန်မို ထိုလမ်းကြောင်းအတိုင်း သွားရင်း မကြာမီ စပါးအုံးမြွေစိမ်းကြီးကို တွေ့၏။
ပြင်းထန်သော တိုက်ပွဲပြီးနောက် ရှန်မို ဆေးပင်များပါ တွေ့လေသည်။
သစ်မူရုံးမှာ အဆင့်နိမ့်မြေဓာတ် ဆေးပင်မျိုးဖြစ်ပြီး အလွန်ရှားပါး၏။
ရှန်မို ပိုင်ဟီတောင်သို့ တန်းသွား၏။
ထိုတောင်မှာ ချင်းကန်တောင်တစ်လျှောက်တွင် အပါအဝင် ဖြစ်သောကြောင့် မကြာမီ ရောက်ရှိသွားတော့သည်။
သို့သော် သူ ရွှေတူးကြွက်ကိုတော့ တွေ့ရမည် မဟုတ်ချေ။ အခွင့်အရေးတွင် ပြောထားပုံအရ နောက် (၁၀) ရက်မှ ပေါ်လာမည် ဖြစ်၏။
ထို့ကြောင့် သူကိုယ်တိုင် လိုက်ရှာရလေသည်။
အရုဏ်တက်ချိန်မျှတွင် နောက်ဆုံးတော့ ရွှေတူးကြွက်ကြီးကို တွေ့သွားတော့၏။
အကောင်မှာ အတော်ကြီးပြီး (၃) မီတာဝန်းကျင်ရှိသည်။
အရှိန်မှာလည်း အလွန်မြန်၍ ရှန်မိုကိုတွေ့သည်နှင့် ကြောက်လန့်တကြား ပြေးလေသည်။
ပုံမှန် မြုတေဖွဲ့စည်းခြင်းအဆင့်မှာ ဖမ်းရန် ခက်သော်လည်း ရှန်မို့တွင် အရပ် (၈) မျက်နှာမိုးကြိုးသိုင်းရှိနေ၍ အလွယ်တကူ ဖမ်းနိုင်၏။
သူ မသတ်ပစ်ဘဲ သားကောင်တွင်ရှိနေသော ရတနာများသာ ယူလိုက်သည်။
အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၈၀) နှင့် နတ်ဆိုးဝတ်စုံပါ ရှိနေသည်။
“ပြန်တော့ ငါ မင်းကို မသတ်ပါဘူး”
ရှန်မို လက်ယမ်းပြရင်း ပြောသည်။
ထို့နောက် တိတ်ဆိတ်သောနေရာသို့သွားကာ ပစ္စည်းများကို စစ်ဆေးကြည့်၏။
နတ်ဆိုးဝတ်ရုံသည် အရှိန်အဝါတစ်ခုထွက်နေပြီး ခရမ်းရင့်ရောင် လင်းနေသည်။
“ဒီနတ်ဆိုးဝတ်စုံ (၂) ခုက ပေါင်းလို့ရမလား မသိဘူး”
ရှန်မို တွေးမိ၏။
ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ သံချပ်ကာကိုထုတ်လိုက်သောအခါ ဝတ်စုံ (၂) ခုသည် သံလိုက်ဖြင့် ဆွဲသကဲ့သို့ ချက်ချင်း ရောနှောသွားလေသည်။
ခရမ်းရင့်ရောင်အလင်းများလည်း ပိုတောက်လာ၏။
သို့သော် အရွယ်အစား အလွန်ကြီး၍ ရှန်မိုနှင့် မတော်ပေ။