← Chapters

ရှန်မိုအား လှည့်ဖျားခြင်

Vol. 8 Ch. 108

ရှန်မိုအား လှည့်ဖျားခြင်

Vol. 8 Ch. 108

း

နှင်းပျံဂိုဏ်း၊ အစည်းအဝေးခန်း။

ဖန်လုံရှန်မှာ ထိပ်ဆုံးဘက်တွင်ထိုင်ကာ မျက်နှာပျက်နေသည်။

သူ့တစ်ဖက်ခြမ်းတွင်မူ မြုတေဖွဲ့စည်းခြင်းအဆင့် (၁၀) ယောက်ရှိ၏။

ဖန်လုံရှန်ဘေးမှလူမှာ ဆံဖြူ၊ မုတ်ဆိတ်ဖြူလျက် ပျင်းရိပျင်းတွဲ အမူအရာဖြစ်နေသည်။

“ဘာလို့ ဘယ်သူမှ ဘာမှမပြောကြတာလဲ။ အားလုံး အကုန်ကြပြီလား”

ဖန်လုံရှန်မှ ဟောက်၏။

ဘယ်ဘက်အခြမ်းထိပ်တွင် ထိုင်နေသော လက်ထောက်ခေါင်းဆောင်မှ

“ခေါင်းဆောင်ငယ် သူကိုယ်တိုင် လှုပ်ရှားရင်း ချင်းရွှမ်ဂိုဏ်း ထောင်ချောက်ထဲ ကျသွားပါတယ်။ အားလုံး ကြိုစိုးရိမ်နေကြတဲ့ ကိစ္စပါပဲ”

အကြီးအကဲချုပ်မှ ခေါင်းငြိမ့်ပြ၍

“ဒါပေမဲ့ ခေါင်းဆောင် စိတ်ထိန်းပါ။ ချင်းရွှမ်ဂိုဏ်းကို အခုတော့ သွားတိုက်ခိုက်လို့ မဖြစ်ပါဘူး”

ဒုအကြီးအကဲချုပ်မှ

“မိုးမုန်တိုင်းဂိုဏ်းကလူတွေ အခုထိ ဆူးတောထဲမှာ ရှိသေးတယ်။ သူတို့ စိတ်ရင်းအမှန်ကို သိဖို့က မလွယ်ဘူး။ လိုဏ်ဂူကိစ္စရော သိတာလား မသိတာလား မပြောတတ်သေးဘူး”

ဖန်လုံရှန် ဒေါသကိုထိန်း၍

“ဒါဆို ဘာဆက်လုပ်ကြမလဲ”

လက်ထောက်ဂိုဏ်းခေါင်းဆောင်မှ

“လောလောဆယ်တော့ ကျွန်တော်တို့ဘက်ကို အမြင်ကြည်အောင် သူတို့ဆီက ဖမ်းထားတဲ့သူတွေ လွှတ်ပေးလိုက်တာ ကောင်းမယ်။ ပြီးမှ ထပ်ညှိနှိုင်းရမှာပေါ့”

အကြီးအကဲချုပ်မှလည်း အကြံပေး၏။

“ခေါင်းဆောင် ဒါက အချိန်ဆွဲထားတဲ့သဘောပါပဲ”

သူ ခေါင်းဖြူလူကို လှမ်းကြည့်၍

“ဆရာရှူနဲ့အတူ အကာအကွယ် ဖျက်ဆီးနိုင်ရင် အထဲက ရတနာတွေရပြီး ဂိုဏ်းအင်အားလည်း တိုးလာပြီ”

“အဲ့အခါ နတ်ရေစင်ဂိုဏ်းရဲ့ အကူအညီလည်း ရနိုင်ပြီး ချင်းရွှမ်နဲ့ မိုးမုန်တိုင်းဂိုဏ်းတွေကို တစ်ခါတည်း ရှင်းနိုင်ပြီ”

ဖန်လုံရှန် သက်ပြင်းချမိ၏။

သူ့သမီးအတွက် ရုတ်တရက် ဒေါသထွက်မိသော်လည်း အကောင်းဆုံးအဖြေကို စိတ်လျှော့၍ ရှာနိုင်ခဲ့သည်။

“ကောင်းပြီလေ အချိန်ဆွဲကြတာပေါ့… ဒါပေမဲ့ ကျီယွီ ဘေးကင်းဖို့တော့ အရေးကြီးတယ်နော်”

“နားလည်ပါပြီ။ ကျွန်တော် ညှိနှိုင်းလိုက်ပါမယ်”

အကြီးအကဲချုပ်မှ တာဝန်ယူလိုက်၏။

ဖန်လုံရှန်မှ ဆက်၍

“နောက်ကိစ္စတစ်ခု ရှိသေးတယ်။ လက်နက်ကြီး အဆောင်မှာ သူလျှိုထည့်ထားတဲ့လူတွေက မနေ့ညကိစ္စ ပြန်ပြောပြတယ်”

အားလုံး စိတ်ဝင်စားသွား၏။

“ကျီယွီ ခန့်မှန်းတာ မှန်တယ်။ လက်နက်ကြီးအဆောင်မှာ မြုတေဖွဲ့စည်းခြင်း တစ်ယောက်ပဲ ကျန်ပေမဲ့ ရှန်မို့ကို ထည့်မတွေးလိုက်မိဘူး”

လက်ထောက်ခေါင်းဆောင် မှင်တက်လျက်

“သူကလည်း အဆင့်တက်သွားပြီလို့ ပြောချင်တာလား”

“မဖြစ်နိုင်တာ။ လုံးဝ အဓိပ္ပာယ် မရှိဘူး”

အားလုံး ဝိုင်းငြင်းကြ၏။

“ဘယ်လိုပဲ ခေါင်းဆောင်ငယ်ဆိုပေမဲ့ မြန်လွန်းတယ်လေ”

ဖန်လုံရှန် သက်ပြင်းချကာ

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလေ”

“ကျီယွီခေါ်သွားတဲ့ မြုတေဖွဲ့စည်းခြင်း (၃) ယောက်စလုံးကို ရှန်မို သတ်လိုက်တာတဲ့။ သူ့အတွက် ဆင်ထားတဲ့ ထောင်ချောက်လည်း ဘာမှမထူးဘူး”

“နောက်ဆုံး ကျီယွီပါ အဖမ်းခံလိုက်ရတာပဲ”

ပြောရရင် တိုက်ခိုက်မှု အစအဆုံး သူ တစ်ယောက်တည်း ကိုင်တွယ်သွားတာ”

ထိုပုံစံအတိုင်းဆိုလျှင် ရှန်မို့ရွှေအမြုတေမှာ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်လေသည်။

ကြောက်စရာပဲ။

“နတ်ရေစင်ဂိုဏ်းကို ဒီသတင်းတော့ ပြောထားလိုက်ပြီ။ ခေါင်းဆောင်ကျန်းကိုယ်တိုင် စကားလာပြောသေးတယ်”

သူ့စကားကြောင့် အားလုံး ပို၍ လေးနက်လာ၏။

ကျန်းမို ဘာပြောပြော နားထောင်းလိမ့်မည်။

ဖန်လုံရှန်က

“ခေါင်းဆောင်ကျန်းကတော့ သတ်ခိုင်းထားတယ်ဆိုတော့ အခွင့်အရေး ရတာနဲ့ ရှင်းပစ်ရမယ်”

အကြီးအကဲများ လန့်သွားကြသည်။

နတ်ရေစင်ဂိုဏ်းအနေဖြင့်လည်း ဂုဏ်သိက္ခာနှင့်ရင်း၍ အရှက်ကွဲထားရ၏။ ထိုအမိန့် ထွက်လာသည်မှာ မဆန်းပေ။

လက်ထောက်ခေါင်းဆောင်မှ

“ဒီလိုအရည်အချင်းနဲ့ ရှန်မိုကို သတ်သင့်ပေမဲ့ မူယုံးယွဲ့က အားကုန်သုံးပြီး ကာကွယ်ပေးထားမှာနော်”

ထိုစဉ် တစ်လျှောက်လုံး ငြိမ်နေခဲ့သော ခေါင်းဖြူလူမှ

“သူ့ကို သတ်ချင်တာများ လွယ်လွယ်လေး လိုဏ်ဂူဆီကို ဆွဲဆောင်ပြီး ခေါ်လိုက်ပေါ့”

ဖန်လုံရှန် မှင်တက်၍

“ဆရာရှူ ဘာပြောလိုက်တယ်”

ထိုလူမှ တည်ငြိမ်စွာဖြင့်

“အဲ့လိုဏ်ဂူထဲမှာ သတ်ဖြတ်နိုင်တဲ့ အကာအကွယ်တွေလည်း ရှိသေးတယ်”

ဖန်လုံရှန် သဘောပေါက်ကာ မျက်လုံးအရောင် လက်သွားသည်။

“ဟုတ်တယ် ဒီနည်းကောင်းတယ်”

လက်ထောက်ခေါင်းဆောင်မှ ထောက်ခံ၏။

အကြီးအကဲချုပ် ခေါင်းငြိမ့်ပြ၍

“ဒါပေမဲ့ ဟန်ဆောင်တော့ ကောင်းရမယ်နော်။ အတူတူတော့ ဝင်ပြရမယ်။ မဟုတ်ရင် သဲသယတန်းဝင်မှာ”

“ဟုတ်တယ်”

အားလုံး အကြီအကဲရှုကို ဦးညွှတ်၍

“ကျေးဇူးတင်ပါတယ် ဆရာကို ဖိတ်မိတာ အမှန်ဆုံး ရွေးချယ်မှုပဲ”

အကြီးအကဲရှူမှ ပြုံး၍

“ကျွန်တော်လည်း အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ရုံပါ။ မလိုပါဘူး”

“နောက်ပြီး အကာအကွယ်တွေ ချိုးဖောက်ရတာကို ဝါသနာပါတာလေ”

“အားလုံး စလှုပ်ရှားတော့။ မကြာစေနဲ့”

ဖန်လုံရှန် အမိန့်ပေးလိုက်လေ၏။

All Chapters