နောက်ကျောဓားထိုးခံရခြင်း
Vol. 8 Ch. 112
ဘုံး!
လေးလံသော ကျောက်တံခါးကြီး ပိတ်သွား၏။
ဂိုဏ်းအဖွဲများအားလုံး လိုဏ်ဂူထဲ ဝင်သွားကြလေပြီ။
သူတို့ရှေ့၌ အလွန်နက်၍ မတ်စောက် ရှုပ်ထွေးသော လှေကားတစ်ခု ရှိသည်။ ထိုလှေကားကို ကြည့်ရင်း ခေါင်းပင်မူးလာနိုင်၏။ အဆုံးသတ်ကို မတွေ့ရဘဲ သားကောင်ကြီးတစ်ကောင်၏ ဝမ်းဗိုက်သဖွယ် ထင်ရသည်။
ရှန်မို ခုန်ချကြည့်ရန် ကြိုးစားသော်လည်း အကာအကွယ်တစ်ခုကြောင့် စိတ်ဝိညာဉ်စွမ်းအင်များ အပိတ်ခံထားရ၏။
ထိုအခြေအနေကြောင့် အားလုံး မျက်မှောင်ကြုတ်မိလေသည်။
“ကျွန်တော်တို့ အရင်သွားလိုက်မယ်”
ဖန်လုံရှန်မှ လှမ်းပြောသည်။ ထို့နောက် နှင်းပျံအဖွဲ့ကို ခေါ်ကာ လှေကားအောက်သို့ ဆင်းသွားသည်။
ရှန်မို နှင်းပျံဂိုဏ်းသားများ၏ ကံကြမ္မာများကို ကြည့်ကာ မျက်လုံရအရောင်လက်သွား၏။
ဖန်လုံရှနမတွင် အခွင့်အလမ်းများ ရှိသော်လည်း အချို့တပည့်များမှာတော့ အနည်းငယ်သာ ဖြစ်သည်။ အချို့မှာ အကာအကွယ်ထိခိုက််ကာ သေဆုံးရဦးမည်။
ရှန်မို ထိုနေရာများကို တစ်ခါတည်း မှတ်ထားလိုက်၏။
ချင်းရွှမ်ဂိုဏ်းနှင့် အခြားဂိုဏ်းများလည်း အနောက်မှ ဆက်လိုက်လာကြသည်။ သို့သော် မကြာမီ တစ်ခုခု ထူးဆန်းသလို ခံစားရလေသည်။
“ခြေရာတွေရော။ လှေကားမှာ ဖုန်တွေနဲ့ကို။ နှင်းပျံဂိုဏ်းက ခြေရာတွေ ဘယ်ရောက်သွားလဲ”
မူယုံးယွဲ့ ခပ်တိုးတိုး ရေရွတ်၏။
စုန်းချောင်ဖုန် အထိတ်တလန့်ဖြင့်
“ခေါင်းဆောင် တခြားဂိုဏ်းတွေလည်း ပျောက်သွားပါပြီ”
ရှန်မို ဘေးဘီကို လှည့်ကြည့်လိုက်သောအခါ မှောင်မိုက်သော ပတ်ဝန်းကျင်မှလွဲ၍ ဘာမှမရှိပေ။
ရှန်မို ကျောက်စိမ်းပြားကိုထုတ်ကာ အကာအကွယ် ဖျက်ဆီးရန် ပြင်လိုက်သည်။
သူ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်လိုက်သောအခါ ရွှေရောင်အလင်းများ ထွက်၍ (၃) မီတာပတ်လည်အထိ ရောက်သွားသည်။ တဖြည်းဖြည်း အလင်းရောင်မှာ အနီအဖြစ်သို့ ပြောင်းသွား၏။
အားလုံး လန့်သွားကြသည်။
အကာအကွယ် မချိုးဖောက်နိုင်လျှင် ထိုကဲ့သို့ အနီရောင် ပြောင်းသွားတတ်သည်။
ရှန်မို မျက်မှောင်ကြုတ်ကာ နံရံအနီးသို့ ဆက်လျှောက်သွားသည်။
အရောင်မှာ မပြောင်းလဲပေ။
“နည်းနည်း ရှေ့ဆက်တိုးပြီး စမ်းကြည့်တာပေါ့”
(၁၀) မီတာခန့် ရှေ့တိုးသော်လည်း မထူးခြားသေးပေ။
“ဘာဖြစ်တာလဲ”
စုန်းချောင်ဖုန် နားမလည်နိုင်စွာ မေး၏။
“တစ်လမ်းလုံး အကာအကွယ်တွေ ပြည့်နေတဲ့သဘောပေါ့”
ရှန်မို့စကားကြောင့် အားလုံး မှင်တက်သွားကြသည်။
“တခြားဂိုဏ်းတွေက လမ်းကြောင်းမတူအောင် သွားကြတာထင်တယ်။ အဲ့ဒါကြောင့် ပျောက်ကုန်တာ”
စုန်းချောင်ဖုန် မျက်မှောင်ကြုတ်ကာ
“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင်”
ရှန်မို ပြန်မဖြေမီ မြေကြီးမှာ ရုတ်တရက် တုန်ခါလာပြီး ပြိုကျသွား၏။
ဘုံး! ဒုန်း!
ရှန်မို မျက်လုံးပြန်ဖွင့်ကြည့်လိုက်သောအခါ အရာအားလုံး ပိန်းပိတ်အောင် မှောင်လျက် အသံတစ်စုံတစ်ရာလည်း မကြားရပေ။
သူ ချက်ချင်း ကံကြမ္မာကို စစ်ဆေးကြည့်လိုက်သည်။
[လတ်တလောအခွင့်အရေး:မြေပြိုကျသောအခါ ချင်းရွှမ်ဂိုဏ်းသားများ ပျောက်သွားကြမည်။ သင်သည် အခန်း (၁၆) သို့ ကျရောက်ကာ ယွမ်အားဖြည့်ဆေးနှင့် အခြေခံအားကောင်းဆေးများ ရှာတွေ့မည်]
[လတ်တလော အလှည့်အပြောင်း: အခန်း (၁၆) မှ ထွက်ပြီးနောက် စိတ်ဝိညာဉ်သားကောင် ဂိုဏ်းသား (၂) ဦးနှင့် တွေ့ဆုံကာ တိုက်ခိုက်ရင်း ရင်ဘက်ကို ဓားထိမည်]
ဒီတစ်ခေါက် သူ ကံမကောင်းသေးပေ။
အလင်းရောင် မှိန်ဖျဖျဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်။
နောက်ဆုံးတော့ စနစ်ကံကြမ္မာတွင်ပါသော ဆေးများ တွေ့သွားလေ၏။
ထို့နောက် အပြင်သို့ စွတ်မထွက်ဘဲ ထောင့်နားတွင် ပုန်းကာ အသံကိုနားစွင့်နေသည်။
ထင်သည့်အတိုင်း မကြာမီ အပြင်ဘက်မှ ခြေသံနှင့် စကားသံများကို ကြားရသည်။
“တကယ်ပါပဲ ငါတို့ (၂) ယောက်တည်း ကျန်ခဲ့တာလား”
“ဟုတ်ပါ့ လိုဏ်ဂူက ရှုပ်လိုက်တာ။ အရင် (၂) ခုတုန်းက အဲ့လိုမဟုတ်ပါဘူးလို့ ကြားတာပဲ”
“ရတနာပဲ အရင်ရှာကြည့်ကြမလား”
“ကောင်းပြီလေ။ ဒီမှာ ရတနာအရင်ရှာပြီး အပြင်ရောက်မှ ရှန်မို့ကို ဖမ်းတာပေါ့။ နတ်ရေစင်ဂိုဏ်းက ဆုကြေးက မနည်းဘူးနော်”
ခြေသံများမှာ ပိုကျယ်လာ၏။
ထို့နောက် သူတို့ကျော်သွားမှ ရှန်မို ထွက်လာပြီး အောက်သို့ ဆက်ဆင်းသွား၏။
သူ ဆင်းလာသည့်နေရာမှာ လူသားအလွှာဖြစ်ပြီး ဒုတိယအလွှာမှာ မြေအလွှာဖြစ်သည်။
ရှန်မိုသွားရင်း အမျိုးသမီးတစ်ဦးအသံကြား၍ မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် ဓားခုတ်သံများနှင့်အတူ သွေးအိုင်ငယ်ကိုလည်း တွေ့လေသည်။
ဖန်ကျီယွီဖြစ်၏။
ရှန်မို သူ့ကံကြမ္မာကို အပေါ်တွင် ဖတ်ထား၏။
သူ ဒဏ်ရာရနေစဉ် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းမှ လာကယ်ရမည် ဖြစ်သော်လည်း လတ်တလော သူသာ အရင်ရောက်လာသည်။
ရှန်မို တောအုပ်ဓားသိုင်းကို သုံး၍ စာလုံးများ ရေးသားလိုက်သည်။
ထိုဓားအလင်းရောင်မှာ ချက်ချင်း ဖန်ကျီယွီကျောကို ထိခိုက်မိ၏။
ဖန်ကျီယွီမှာ မည်သူတိုက်ခိုက်မှန်းပင် မသိဘဲ ခံလိုက်ရသည်။
ရှန်မိုမှာတော့ တည်ငြိမ်စွာဖြင့် ဆက်လျှောက်သွား၏။
ဖန်ကျီယွီကို ရှင်းလိုက်ရခြင်းအား အလွန် ကျေနပ်ပါသည်။ ရတနာများ သေချာ စရှာရတော့မည်။