← Chapters

ရှောင်ဖန် မင်း ဘယ်လိုရောက်နေတာလဲ

Vol. 8 Ch. 115

ရှောင်ဖန် မင်း ဘယ်လိုရောက်နေတာလဲ

Vol. 8 Ch. 115

ရှန်မို ဦးဆောင်သော အဖွဲ့မှာ အခြားလမ်းမှ ဆက်၍ သွားကြ၏။

ထိုလမ်းမှာ အလွန်ကျဉ်းမြောင်း မှောင်မိုက်၍ အလင်းရောင် လုံးဝ မမြင်ရပေ။

ချင်းဖုန်မှ အန္တရာယ်ကြီးသော အကာအကွယ်ရှိသည်ဟု ဆိုခဲ့သော်လည်း ရှန်မို့စကားအတိုင်း အကာအကွယ်မှာ ပျက်စီးပြီး ဖြစ်၏။

အစက မူယုံးယွဲ့၏ အခွင့်အရေးဖြစ်ပြီး ရှန်မိုမှ ကြိုတွေ့ထားသောကြောင့် ထိုလမ်းကို ရွေးလိုက်ခြင်း ဖြစ်သည်။

စုန်းချောင်ဖုန်၊ အကြီးအကဲလီနှင့်အဖွဲ့မှာ သူ့နောက်မှ ယုံကြည်ချက်ရှိရှိ လိုက်လာကြ၏။

ချင်းဖုန်လည်း ရှန်မို့အပေါ် အမြင်ပြောင်းသွားသည်။

အသက်ငယ်လွန်းသော်လည်း အတွေ့အကြုံနှင့် ဗဟုသုတမှာ မယှဉ်နိုင်အောင် ဖြစ်သည်။

အဆိပ်နွယ်ဂိုဏ်းမှ သူ့အကြောင်း ပြောခဲ့ဖူးသည်များ ရှိသော်လည်း ချင်းဖုန် အထင်သေးခဲ့မိပါသည်။

ယခုတော့ သူ့အတွေးများ ပြောင်းလဲ၍ ရှန်မို့နောက်လိုက်ခြင်းမှာ မမှားကြောင်း သိသွား၏။

မကြာမီ ကောင်းကင်အလွှာ အခန်း (၃) အရှေ့ ရောက်လာကြသည်။

သူ ကျောက်တုံးတစ်တုံး ပစ်လိုက်သောအခါ ရွှေဓားများစွာ ရုတ်တရက် ပေါ်လာပြီး ကျောက်တုံးကြီးအား အပိုင်းပိုင်း ဖြတ်ပစ်လိုက်၏။

စုန်းချောင်ဖုန်တို့အားလုံး အံ့ဩမှင်တက်နေကြသည်။

ဒီအကာအကွယ်အင်အားက ပြင်းထန်လိုက်တာ။

အားလုံး ရှန်မို့ကို လှမ်းကြည့်မိကြသည်။

သို့သော် ရှန်မိုမှာ လှုပ်ရှားမှုမရှိ ငြိမ်သက်၍ မျက်လုံးမှိတ်ကာ စောင့်ဆိုင်းနေသည်။

ထို့ကြောင့် စုန်းချောင်ဖုန်တို့လည်း တိတ်တဆိတ် စောင့်နေရ၏။

ချင်းဖုန်မှာတော့ ရှန်မို့အတွေးကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။

မကြာမီ အပေါ်ဘက်မှ တစ်ခုခု ပြုတ်ကျလာသည့်အသံ ကြားရသည်။

အသံလာရာဘက်သို့ လှမ်းကြည့်မိကြ၏။

ရှန်မို တစ်ယောက်တည်း တွေးနေမိသည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ”

ထို့နောက် လူတစ်ယောက် မြေပေါ်ကျလာသည်ကို တွေ့ရပြီး ရှန်မိုမှလွဲ၍ အားလုံး အံ့ဩနေကြ၏။

“ရှောင်ဖန် ဒီကို ဘယ်လိုရောက်လာတာလဲ”

စုန်းချောင်ဖုန်မှ မေးလိုက်၏။

ရှောင်ဖန်လည်း နားမလည်နိုင် ဖြစ်နေသည်။

မြုတေဖွဲ့စည်းခြင်းအဆင့်တွေ စောင့်နေကြတာလား။

ထို့နောက် သူ ဝင်ပေါက်တစ်ခုထဲရောက်ရင်း မတော်တဆ ဖြစ်ပျက်ခဲ့ပုံကို အသေးစိတ် ပြောပြလိုက်သည်။

ထိုနေရာတွင် အဖိုးတန်ရတနာများစွာ ရှိလေ၏။

ရှောင်ဖန့်ကံကြမ္မာမှာ အလွန်စွမ်းလွန်းသည်။

ရှန်မို တည်ငြိမ်စွာဖြင့်

“အဂ္ဂိရက်ပညာရှင်ကြီးရဲ့ လိုဏ်ဂူက အရမ်းအန္တရာယ်များတယ်။ ငါတို့နားမှာပဲနေ”

ရှောင်ဖန် စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲမိလေသည်။ မြုတေဖွဲ့စည်းခြင်းအဆင့်များနှင့်သွားလျှင် အဖိုးတန်ရတနာကို သူရနိုင်တော့မည် မဟုတ်ချေ။

သို့သော် ပြန်မပြောရဲပေ။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်”

ထို့နောက် အရှေ့ဘက်မှ အက်ကွဲသံကြီးကို ကြားလိုက်ရသည်။

ကျောက်တုံးအက်ကွဲသံနှင့် တူ၏။

ရှန်မို ခဏစဉ်းစား၍ ကျောက်တုံးတစ်တုံး ထပ်ပစ်ကြည့်လိုက်သည်။

ထိုအချိန်တွင်တော့ ရွှေဓားတစ်ခုသာ ပေါ်လာတော့၏။ ထို့အပြင် အားလည်းလျော့နည်းသွားသည်။

စုန်းချောင်ဖုန်တို့မှာ သူတို့မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေသည်။

ချင်းဖုန်မှ

“ဒါက ဖြစ်နိုင်လို့လား”

“ဒီအကာအကွယ်အဆင့်လောက်တော့ ရှင်းနိုင်ပါတယ်”

ရှန်မို ခပ်အေးအေး ပြန်ပြော၏။

ထို့နောက် အခန်း (၃) ထဲသို့ ယုံကြည်ချက်အပြည့်ဖြင့် ဝင်သွားသည်။

ရွှေဓားများ ပေါ်လာပြန်ကာ ရှန်မို့ထံ ပြေးဝင်လာသည်။

သူ လက်တစ်ဖက်ဖြင့် ကာလိုက်ပြီး ကြေးတံခါးကြီးမှာ စိတ်ဝိညာဉ်စွမ်းအင်များ အပြည့်ဖြင့် သူ့ဘေးတွင် ကာပေးနေ၏။

ချွမ်!

ရွှေဓားများ တံခါးတွင်စိုက်ကာ ပျောက်ကွယ်သွားကြသည်။

ဤသည်မှာ သူ ခုနက ရတနာအစွမ်းကြောင့် ဖြစ်လေသည်။

ဤသို့ဖြင့် အခန်း (၃) ထဲ ဝင်လာကြ၏။

အခန်းမှာ အတော်လေးကျယ်ဝန်းပြီး ကျောက်စင်များ ရှိသည်။

ထိုစင်များပေါ်၌ ဆေးအမျိုးမျိုးကို တွေ့ရသည်။

“လက်ထောက်ခေါင်းဆောင်ချင်း ဒီရတနာတွေကို ကျွန်တော်ပဲ ခဏသိမ်းထားပြီး အပြင်ရောက်မှ ခွဲယူကြမလား”

ရှန်မိုမှ ပြော၏။

ချင််းဖုန် မငြင်းဆန်ရဲဘဲ ချက်ချင်း ခေါင်းငြိမ့်ကာ

“ဟုတ်ကဲ့ လက်ခံပါတယ်”

ရှန်မိုလည်း ကျေနပ်စွာ ခေါင်းငြိမ့်ပြ၏။

ထို့နောက် သိုလှောင်လက်စွပ်ထဲ သိမ်းထားလိုက်သည်။

သူ အခန်းထဲ ထပ်ကြည့်ရင်း စင်တစ်ခုအနောက်၌ ခရမ်းရင့်ရောင် အမွှေးတိုင်ကြီးများကို တွေ့ရ၏။

မီးမညှိထားသော်လည်း တည်ငြိမ်သော အနံ့သင်းသင်းလေးကို ရနေသည်။

ရှန်မို ချက်ချင်းသိမ်းပြီးနောက်

“နောက်တစ်ခန်းကို ဆက်သွားကြတာပေါ့”

အခန်း (၄) ၌ အကာအကွယ်ဟူ၍ မရှိပေ။

အထဲတွင်ရှိသော ရတနာများမှာတော့ လက်နက်များ ဖြစ်၏။

အခန်းထဲ၌ စိတ်ဝိညာဉ်လက်နက်ပေါင်း (၂၅) ခုရှိပြီး တစ်ဝက်ခန့်မှာ သိမ်မွေ့နက်နဲခြင်းအဆင့် ဖြစ်လေသည်။

ရှန်မို လှမ်းကြည့်ကာ ခေါင်းယမ်းမိသည်။

သူ့တွင်ရှိသော လက်နက်များမှာ ထိုပစ္စည်းများထက် အဆင့်မြင့်၍ စိတ်မဝင်စားလှပေ။

သို့သော် စိတ်မဝင်စား၍ ထားခဲ့မည်တော့ မဟုတ်။

ရှန်မို အားလုံးကို သိမ်းထားလိုက်၏။

ထို့နောက် အကာအကွယ်ရတနာကို ထပ်ရှာရသည်။

တစ္ဆေ (၅) ကောင် အသက်ခိုး အကာအကွယ်မှာ သူ ကြိုမသိထားလျှင် ရှာရန်မလွယ်လောက်အောင် ဖြစ်၏။

သို့သော် ကံကြမ္မာစနစ်မှ တွေ့ထား၍ အလွယ်တကူ ရှာနိုင်ခဲ့သည်။

စုန်းချောင်ဖုန်တို့မှာ အံ့ဩတကြီး ကြည့်နေကြလေသည်။

“ခေါင်းဆောင်ငယ်က အမြင်စူးရှလိုက်တာ။ သူသာ မရှိရင် ကျွန်တော်တို့လည်း ရှာတွေ့မှာ မဟုတ်ဘူး”

စုန်းချောင်ဖုန် မှတ်ချက်ပြု၏။

အကြီးအကဲလီလည်း ခေါင်းငြိမ့်ပြကာ

“အမှန်ပဲ ခေါင်းဆောင်ငယ်ကြောင့်သာ မဟုတ်ရင် အကုန် လွတ်ကုန်မှာ”

ရှောင်ဖန်မှာတော့ မကျေမနပ် ဖြစ်နေ၏။

သူလည်း အမှန်တော့ ထိုပစ္စည်းများကို တွေ့ပါသည်။ မပြောနိုင်ခဲ့ခြင်းသာ ဖြစ်၏။

“နောက်အခန်းတွေ ဆက်သွားကြတာပေါ့”

ရှန်မို လက်ပြ၍ ပြောလိုက်သည်။

ထို့နောက် မှောင်မိုက်သော လမ်းငယ်လေးကို ဆက်၍ ဖြတ်လာကြ၏။

မကြာမီ ခြောက်ကပ်နေသော အလောင်းကောင်အား တွေ့ရလေသည်။

အသွေးအသားဟူ၍ မရှိဘဲ ကြောက်စရာကောင်းလှ၏။

ရှန်မိုတစ်ယောက် ရှောင်ဖန် ညာဘက်သို့ လှည့်ကြည့်လိုက်သည်ကို မြင်လိုက်၏။

သူ တစ်ခုခုကို အာရုံခံမိပါသည်။

All Chapters