ကုဆန်းချိုး၏ မှင်စာများ
Vol. 8 Ch. 116
“ရှောင်ဖန် ဘာကို သတိထားမိလို့လဲ”
ရှန်မို လှမ်းမေးလိုက်၏။
ရှောင်ဖန် မဖုံးကွယ်ရဲဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။
“ခေါင်းဆောင်ငယ် ကျ… ကျွန်တော် ခံစားမိတာတော့ ညာဘက်ခြမ်း လမ်းအဆုံးမှာ တိုက်ပွဲရှိနေတယ် ထင်ပါတယ်”
ချင်းဖုန် မျက်မှောင်ကြုတ်ကာ နားထောင်ရင်း ခေါင်းယမ်း၍
“ကျွန်တော်တော့ ဘာမှမကြားပါဘူး”
စုန်းချောင်ဖုန်နှင့် အကြီးအကဲလီလည်း ခေါင်းငြိမ့်ထောက်ခံ၏။
“ကျွန်တော်တို့လည်း ဘာမှမကြားပါဘူး”
ရှောင်ဖန် နေရခက်စွာဖြင့်
“ကျွန်တော်လည်း ဘာမှတော့ မကြားပါဘူး။ ဒီအတိုင်း ခံစားမိရုံပါ”
ချင်းဖုန် နှာခေါင်းရှုံ့၍
“ခံစားမိတာ ဟုတ်လား။ ခံစားချက်က ဘာလုပ်ရမှာလဲ။ ငါလည်း လွန်ခဲ့တဲ့ (၅) နှစ်တည်းက ခြေတည်ဝိညာဉ်အဆင့်ရောက်ပြီလို့ ခံစားမိတာပဲ”
ရှန်မို မျက်ခုံးပင့်လျက်
“တစ်ခါတစ်လေ ခံစားချက်ကလည်း အသုံးဝင်နိုင်ပါတယ်”
ရှောင်ဖန် လန့်သွားပြီး
“ခေါင်းဆောင်ငယ် တကယ် ခံစားမိရုံပါ။ မှားနေတာလည်း ဖြစ်နိုင်ပါတယ်”
ရှန်မို ခေါင်းယမ်းကာ
“ညာဘက်ကို သွားကြတာပေါ့”
သူ ရှေ့ဆုံးမှ ဦးဆောင်၍ သွားလေသည်။
စုန်းချောင်ဖုန်တို့လည်း ခေါင်းကုတ်လျက် မတတ်သာဘဲ လိုက်သွားရ၏။
ရှောင်ဖန်လည်း ထိုသို့ပင် အတူပါလာသည်။
ကုဆန်းချိုးနှင့်တွေ့လျှင် အားလုံး သေကြရမည် ဖြစ်သော်လည်း ရှောင်ဖန်မှာတော့ ကံကောင်း၍ ရှောင်နိုင်စွမ်းရှိသည်။
ရှန်မို တွေးထားသည့်အတိုင်း သူတို့ ရောက်သွားချိန်တွင် မူယုံးယွဲ့နှင့် ဖန်လုံရှန်တို့အား ကုဆန်းချိုးမှ အပြင်းအထန် တိုက်ခိုက်နေသည်။
မူယုံးယွဲ့မှာ မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးဖြစ်ပြီး ဖန်လုံရှန်မှာ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သော်လည်း နှစ်ဦးစလုံးအတော်လေး ရုန်းကန်ခုခံနေရ၏။
ဖန်လုံရှန်၏ ညာဘက်လက်နှင့် ဘယ်ဘက်ပါးတို့ ဒဏ်ရာရကာ အရိုးအထိပင် ဖောက်ထွင်းမြင်နေရသည်။
ထို့ကြောင့် သွေးစက်များလည်း တတောက်တောက် ကျနေ၏။
မူယုံးယွဲ့မှာ ကံကောင်း၍ ဒဏ်ရာအနည်းငယ်သာ ရပြီး သွေးထွက်သည်အထိ မရှိပေ။
မူယုံးယွဲ့ ခပ်လှမ်းလှမ်းတွင် လာနေသော ရှန်မိုကို လှမ်းတွေ့ကာ လန့်သွားပြီး
“ရှန် အခုချက်ချင်း ထွက်သွား။ ငါတို့ သူ့ကို မယှဉ်နိုင်ဘူး”
ကုဆန်းချိုး ရှန်မိုတို့အဖွဲ့ကိုတွေ့ကာ အေးစက်စက် ရယ်မော၍
“ဪ လူတွေအများကြီး တစ်ပြိုင်တည်း ရောက်လာတာလား။ အချိန်ကိုက်ပဲပေါ့။ အခုပဲ အစာကြေသွားတာ။ အကုန် တစ်ခါတည်း ဖျက်ဆီးပစ်မှပဲ”
သူ ပြောပြောဆိုဆိုနှင့် ဖနောင့်တစ်ချက် ပေါက်လိုက်ရာ ရွှေအမြုတေ ထွက်လာသည်။
ထို့နောက် မှင်စာငယ် (၃၀) ကျော် ပေါ်လာပြီး ရှန်မိုတို့ထံ ပြေးဝင်လာ၏။
ဟီးဟီး ဟားဟား!
မှင်စာလေးများမှာ တဟားဟား ရယ်ရင်း ထိခိုက်စေရန် ဖျက်ဆီးနေကြသည်။
ရှန်မို နားအမြန်ပိတ်ကာ စူးရှသော ထိုအသံများကို ကာကွယ်လိုက်ရ၏။
အားလုံး ရှုပ်ထွေးနေချိန်တွင် မှင်စာလေးများမှာ ကျင့်ကြံသူများ၏ အသားကို ကိုက်ဖြတ်ရန် ပြင်ကြသည်။
“တကယ်ပါပဲ ဘာကောင်တွေလဲ”
စုန်းချောင်ဖုန် နာကျင်စွာဖြင့် ကျိန်ဆဲအော်ဟစ်နေသည်။
“ရွှေအမြုတေကနေ ထွက်တဲ့ လျှို့ဝှက်ကျင့်စဉ်ဖြစ်မယ်”
ချင်းဖုန် ဓားဖြင့်ယမ်းရင်း ပြန်ဖြေ၏။
ဓားမှ အလင်းရောင်ဖြင့် ထိတွေ့သောအခါ မှင်စာများ အော်ဟစ်၍ ပေါက်ကွဲကုန်လေသည်။
မကြာမီ ပြန်ပေါ်လာသော်လည်း လှုပ်ရှားမှု နှေးကွေးသွား၏။
ချင်းဖုန် အမြန်လှမ်းအော်သည်။
“လျှပ်စီးနဲ့ အလုပ်ဖြစ်တယ်ဟေ့”
ဘုံး!
အကြီးအကဲလီ မီးတောက်များ ဖန်တီးကာ အဆက်မပြတ် ပစ်နေသည်။
“မီးတောက်နဲ့လည်း နိုင်တယ်”
ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် နေမင်း (၉) သွယ် နတ်ဇာမဏီသိုင်းနှင့် နေမီးတောက်တို့ကို သုံး၍ တိုက်ပွဲထဲ ဝင်လာ၏။
ထို့နောက် နေရာတစ်ခုပြောင်းတိုင်း အကာအကွယ်များ ချထားသည်။
ထိုအကာအကွယ်မှာ တစ္ဆေ (၅) ကောင် အသက်ခိုး အကာအကွယ်ဖြစ်ပြီး (၅) ခုသာ သုံးနိုင်သည်။
ကုဆန်းချိုးမှာ မူယုံးယွဲ့နှင့် ဖန်လုံရှန်အား တိုက်ခိုက်နေရသောကြောင့် ရှန်မို့လှုပ်ရှားမှုအား သတိမပြုမိပေ။
ထို့ကြောင့် ရှန်မိုတစ်ယောက် အကာအကွယ်များ လွယ်ကူစွာ ချနိုင်ခဲ့သည်။
တစ်ဖက်တွင် မှင်စာများနှင့်လည်း တိုက်ခိုက်ရသေး၏။
အားလုံး ရှုပ်ထွေး၍ အသည်းအသန် ခုခံတိုက်ခိုက်နေကြပြီး မူယုံးယွဲ့တို့လည်း အပါအဝင် ဖြစ်၏။
ဖန်လုံရှန်မှာ အတော်လေး ထိခိုက်ထားပြီး လဲကျနေလေပြီ။
သို့သော် ထိုအချိန်တွင် လုံးဝ ထိခိုက်ဒဏ်ရာ မရှိသည်မှာ ရှန်မို ဖြစ်၏။
ကျင့်ကြံမှုမမြင့်သော်လည်း အလွန် ကံကောင်းသောကြောင့် မှင်စာများသည် သူ့ကို တိုက်ခိုက်ရန် ကျော်သွားကြလေသည်။
ထိုစဉ် ကုဆန်းချိုး တစ်ခုခုကို သတိထားမိ၏။
ရှန်မို၏ မီးတောက်သိုင်းမှာ အလွန်အင်အားကြီးလွန်းသည်။
သူတစ်ချက် တိုက်ခိုက်တိုင်း မှင်စာများ အားလျော့ကုန်၏။
ထိုအတိုင်း ဆက်သွားလျှင် သူ့အတွက် အကျိုးနည်းတော့မည်။
“ဒီကောင်လေးရဲ့ မီးတောက်စွမ်းအင်က အရမ်း ပြင်းထန်တယ်။ သူ့ကို အရင်သတ်ကြ”
ထိုအခါ မှင်စာများအားလုံး ရှန်မို့ထံ ပြေးဝင်လာကြသည်။
“ရှန်”
မူယုံးယွဲ့ စိုးရိမ်စွာ လှမ်းအော်၏။
ရှန်မိုမှာ ကြိုသိနေသကဲ့သို့ တည်ငြိမ်စွာ ရှိလေသည်။
ထို့နောက် ကြာနီမီးတောက်အား စတင်လိုက်၏။
ဂျစ် ဂျစ်!
မီးတောက်များသည် လှိုင်းကဲ့သို့ တောက်လျက် မှင်စာ (၇) ကောင်အား ဖုံးလွှမ်း လောင်မြိုက်သွားသည်။
အပူရှိန်မှာ အလွန်ကြောက်စရာကောင်း၏။
သို့သော် ကုဆန်းချိုး ရယ်မော၍
“ဪ ကြာနီမီးတောက်လား။ စိတ်ဝင်စားစရာပဲ။ ရွှမ်ကျန်းဒေသမှာ ဒီလိုလူရှိနေမယ်လို့ မထင်ထားမိဘူး”
“မင်းကို အရင်သတ်ရမှာပေါ့”
သူ ရှန်မို့ထံ ပြေးလာသည်။
ရှန်မိုလည်း စိတ်ကိုတည်ငြိမ်အောငိ ထိန်း၍ နတ်ဇာမဏီသိုင်းကို ဆက်သုံးသည်။
ဇာမဏီငှက်၏ အော်သံဖြင့် မှင်စာများ အလွန် တုန်လှုပ်သွား၏။
“မပြေးကြနဲ့။ ရှေ့တိုးပြီး ဆက်တိုက်လေ။ သူက မြုတေဖွဲ့စည်းခြင်း အလယ်အဆင့်ပဲ ရှိသေးတယ်။ ငါ့ကိုတောင် မမှီဘူး”
ကုဆန်းချိုး မယုံနိုင်စွာဖြင့် ဒေါသတကြီး အော်ဟစ်နေသည်။
သို့သော် ဇာမဏီမီးတောက်မှာ မှင်စာအားလုံးကို အပြီးတိုင် လောင်ကျွမ်းသွားတော့၏။
ဘုံး!