← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

သို့သော်လည်းပဲ ထိုအချိန်တွင် ကြီးမားသော အနုတ်လက္ခဏာကြီးတစ်ခုက ဖန်သားပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး ပဲပိစပ်ဈေးကို နှစ်ရာခိုင်နှုန်း ကျဆင်းစေခဲ့သည်။

တစ်ယောက်မှ မတုံ့ပြန်နိုင်ခင်မှာပင် နောက်ထပ်ကြီးမားသော အနုတ်လက္ခဏာကြီးတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ပဲပိစပ်ဈေးကို နောက်ထပ်နှစ်ရာခိုင်နှုန်း ထပ်ကျဆင်းစေခဲ့သည်။

လူတိုင်းက စိတ်ရှုပ်သွားကြသည်။

ပဲပိစပ်ဈေးက အရှိန်အဟုန်ကောင်းကောင်းနဲ့ တက်နေတာလေ ၊ဘယ်လိုလုပ်ပြီး ရုတ်တရက် ရပ်သွားရတာလဲ …?

မျက်စိတစ်မှိတ်အတွင်းမှာတင် ပဲပိစပ်ဈေးနှုန်းက ၄ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ သိသိသာသာကျဆင်းမှုကို ဖြစ်ပေါ်ရန်အတွက် ရန်ပုံငွေဘီလီယံပေါင်းများစွာ လိုအပ်သည်။

အထူးသဖြင့် လက်ရှိဈေးကွက်တစ်ခုလုံးသည် လှုပ်လှုပ်ဖြစ်နေပြီး အရောင်းအဝယ်ပမာဏကလည်း တက်နေတာကြောင့် ပဲပိစပ်ဈေးနှုန်းများ မြှင့်တက်မှုကို ရပ်တန့်ရန် ရန်ပုံငွေဘီလီယံနဲ့ချီ မရှိပဲနဲ့ မဖြစ်နိုင်ပေ။

ဒါဆို ၊ဘာဖြစ်သွားလို့လဲ…. ?။

ဒီလို ကောင်းတဲ့အလုပ်မျိုးကို ဘယ်သူက လုပ်ခဲ့တာလဲ …?။

လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ရောင်းဝယ်ရေးခန်းထဲတွင် ဝူကောသည် ပဟေဠိဖြစ်စွာဖြင့် လင်ပေ့ဖန်ကို ကြည့်နေခဲ့သည်။

ဒါက သူမဟုတ်ဘူး……!

အစကနေ အဆုံးထိလင်ပေ့ဖန်က ဘာမှမလုပ်ပဲနဲ့ ဒီအတိုင်း မတ်တပ်ရပ်နေခဲ့တာလေ……။

ဒါဆို ဘယ်လိုလုပ်ပြီးတော့ ပဲပိစပ်ဈေးက ကျသွားရတာလဲ…?

…….............

လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည်လည်း မျက်မှောင်ကြုတ်ပြီး မေးခဲ့သည်။

" ဘာဖြစ်သွားတာလဲ ?။ တတိယအဖွဲ့အစည်းတစ်ခုရဲ့ ရန်ပုံငွေတွေရှိလို့လား ?။ ဒါမှမဟုတ် လင်ပေ့ဖန်ကဘဲ ပဲပိစပ်ဈေးကျမယ့်ဘက်ကို နောက်ထပ် အော်ဒါတွေ ထပ်မှာခဲ့လို့လား ? "

" နဂါးဘုရင် ၊ လက်ရှိတော့ ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ " ဟု အနက်ရောင်ဝတ်လူတစ်ယောက်က ပြန်ဖြေခဲ့သည်။

ကျိုရှင်းသည် စိတ်မရှည်စွာဖြင့် ပြန်ပြောခဲ့သည်။

" အမြန်ရှာ ပြီးတော့ မြန်မြန်လုပ်စမ်း။ ငါ့ကို ဘယ်သူမှ တားလို့မရနိုင်ဘူး။ "

ခဏအကြာတွင် ပဲပိစပ်ဈေးနှုန်းက နောက်ထပ် နှစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြန်သည်။

ဆိုလိုတာကတော့ မကြာသေးမီက အမြတ်ရခဲ့တဲ့ ပဲပိစပ်ဈေးနှုန်း ၆ရာခိုင်နှုန်းသည် ပလုံသွားခဲ့ပြီး ပြောင်းပြန်ပြန်ဖြစ်သွား၍ ဘာမှမကျန်တော့တာကို ဆိုလိုခြင်း ဖြစ်သည်။ထို့ပြင် ပဲပိစပ်ဈေးနှုန်းများကလည်း လျင်မြန်စွာဖြင့် ကျဆင်းနေခဲ့ပြီး မျှော်လင့်ချက်များကို လုံဝ သွေဖီနေခဲ့သည်။

၎င်းကအစကနေ အဆုံးထိ တစ်မိနစ်ပင် မပြည့်ခဲ့ပေ။

လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။

ဘာဖြစ်သွားတာလဲ ……? ။

ဈေးကွက်ကို တစ်ယောက်ယောက်က ခြယ်လှယ်နေပုံရတယ်…။

နဂါးဘုရင်ကျိုရှင်းသည် သူ့ရင်ထဲတွင် ဆိုးရွားသောခံစားချက်တစ်ခုကို ခံစားနေရတာကြောင့် ဒေါသတကြီးဖြင့် ပြောခဲ့သည်။

" ပြော ၊ဘာအကြောင်းပြချက်ကြောင့်လဲ ? "

" နဂါးဘုရင် ၊ ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ။ " ဟု အနက်ရောင်ဝတ်လူတစ်ယောက်က အကြောင်းပြန်ခဲ့သည်။

" ငါ့ကို အခုပြ။ " ဟု ပြောပြီးနောက် ကျိုရှင်းသည် သူ့ရှေ့က ကွန်ပျူတာကို အမြန်နှိပ်ခဲ့သည်။

ထိုအရာက ဗျူးတီးနိုင်ငံ၏ တရားဝင်စိုက်ပျိုးရေး ဝဘ်ဆိုဒ်ဘဲဖြစ်သည်။သူသည် ထိုဝက်ဆိုက်တွင် နောက်ထပ်သတင်းသစ်များကို မြင်ခဲ့ရသည်။

ရန်နိုင်ငံသည် စိုက်ပျိုရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ဗျူးတီးနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ဗျူးတီးနိုင်ငံမှ ပဲပိစပ်အမြောက်အမြားကို တင်သွင်းလိမ့်မည်ဖြစ်သည်။

ထိုပဲပိစပ်များသည် အရည်အသွေးပိုင်းတွင် ပိုကောင်းရုံသာမကပဲနဲ့ စက်မှုပစ္စည်းများဖြင့် ထုတ်လုပ်မှုကြောင့် ပြည်တွင်းပဲပိစပ်ဈေးကွက်ရဲ့ ဈေးနှုန်းထက် ထက်ဝက်ခန့် ပိုပြီးတော့ ဈေးသက်သာသည်။

ထိုသတင်းကို မြင်ပြီး နဂါးဘုရင်ကျိုရှင်းသည် နားလည်သွားခဲ့သည်။

နှစ်နိုင်ငံ ပဲပိစပ်ရောင်းဝယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာကြောင့် ဗျူးတီးနိုင်ငံမှ အရည်အသွေးပိုကောင်းမွန်ပြီးတော့ ဈေးသက်သာတဲ့ ပဲပိစပ်များက ပြည်တွင်းပဲပိစပ်ဈေးကွက်ကို ကျိန်းသေပေါက် အကျိုးသက်ရောက်မည်မှာ အသေအချာပဲဖြစ်သည်။

ထို့ကြောင့် အနာဂတ်ပဲပိစပ်ဈေးကွက်က ချက်ချင်းဘဲ တုံ့ပြန်ပြီး ပဲပိစပ်ဈေးနှုန်းကို ကျဆင်းစေခဲ့သည်။ ထို့ပြင်မဝေးသောအနာဂတ်တွင် ပဲပိစပ်ဈေးကွက်သည် bear market (ဝက်ဝံဈေးကွက် ဆိုရင် မကောင်းမှာဆိုးလို့ပါဗျ) တစ်ခုသို့ ဝင်ရောက်လိမ့်မည်ဖြစ်တာကြောင့် ၎င်းတို့၏ ပဲပိစပ် ဈေးနှုန်းက ထက်ဝက်ခန့် ကျဆင်းသွားနိုင်သည်။

ထိုသတင်းများက ပဲပိစပ်ကြိုရောင်းဈေးကွက်အတွက်တော့ အဆိုးရွားဆုံး သတင်းဆိုးများဖြစ်သည်။

ထိုသတင်းကို ဖတ်ပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် စိတ်ပျက်သွားခဲ့သည်။

သူသည် ရန်ပုံငွေယွမ်၁၀ဘီလီယံနီးပါးရှိသည် ပဲပိစပ်ယူနစ်၁.၅သန်းကို ပဲပိစပ်ဈေးတက်မည့်ဘက်သို့ စာချုပ်ချုပ်ထားခဲ့သည်။

အကယ်၍ ဈေးနှုန်းသာ ဆက်ပြီး ကျနေပါက သူသည် ကြီးကြီးမားမားဆုံးရှုံးမှုနှင့် ကြုံရမည်ဖြစ်သည်။ ၁ရာခိုင်နှုန်း ကျခဲ့ရင်တောင် သူသည် ယွမ်၁ဘီလီယံဆုံးရှုံးလိမ့်မည်ဖြစ်သည်။

အခုချိန်တွင် ပဲပိစပ်ဈေးနှုန်းသည် ကျဆင်းလျက်ရှိပြီး ပြန်တက်ရန် မဖြစ်နိုင်ပေ။ထို့ကြောင့်သူသည် ဆုံးရှုံးမှုတွေကို လျော့ချဖို့အတွက် သူကစားထားတဲ့ဘက်ကို အမြန်ပိတ်ရမည်ဖြစ်သည်။

ထို့နောက် ကျိုရှင်းသည် အသံကျယ်ကျယ်ဖြင့် အော်ပြောခဲ့သည်။

" ငါကစားထားတဲ့ဘက်ကို ချက်ချင်းပိတ်လိုက်။ မြန်မြန်ပိတ်…။ "

သူ့ကဲ့ တုန့်ပြန်မှုက မြန်သော်လည်း တစ်ခြားသူများက ပိုပြီးတော့တောင်မှ မြန်နေခဲ့သည်။

ရုတ်တရက် ပဲပိစပ်ဈေးနှုန်းသည် နောက်ထပ်နှစ်ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး အဖွင့်ဈေးနှုန်းအောက် နှစ်ရာခိုင်နှုန်းအမှတ် လျော့ကျသွားခဲ့သည်။နဂါးဘုရင်၏ ပဲပိစပ်အကောင့်တွင်လည်း ဆုံးရှုံးမှုက ၂ဘီယီယံခန့် ရှိနေခဲ့ပြီဖြစ်သည်။

နဂါးဘုရင်ကျိုရှင်း၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

" မြန်မြန်ပိတ်ပါဟ…"

အနက်ရောင်ဝတ်လူသည် ခါးခါးသီးသီးပြုံး၍ ပြောလိုက်သည်။

" နဂါးဘုရင် ၊ ကျွန်တော်တို့ အော်ဒါတွေ အကုန်လုံးကို ဖျက်သိမ်းခဲ့ပြီးပါပြီ။ ဒါပေမဲ့ လက်ရှိမှာ လူတိုင်းက ပဲပိစပ်ဈေးကျမယ့်ဘက်ကိုပဲ အော်ဒါမှာနေကြပါတယ်။ ကျွန်တော်တို့ရဲ့ အော်ဒါမှာတဲ့ပမာဏက အရမ်းကြီးတော့ ဘယ်သူမှ မယူချင်ကြပါဘူး။ "

" ဒါဆိုရင် ဈေးလျော့ရောင်းလိုက် "

ထိုအချိန်တွင် ဖန်သားပြင်ကြီးသည် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး ပဲပိစပ်ဈေးနှုန်းကို နောက်ထပ်၂ရာခိုင်နှုန်း ကျဆင်းစေခဲ့သည်။

ဆိုလိုတာကတော့ ကျိုရှင်းသည် အခုချိန်တွင် ယွမ်၄ဘီလီယံခန့် ဆုံးရှုံးနေပြီ ဖြစ်သည်။

အချိန်တိုလေးအတွင်းမှာပဲ သူသည် ၄ဘီလီယံခန့် ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် နဂါးဘုရင်ကျိုရှင်းသည် ကြောက်ရွံ့မှုကြောင့် သူ့ရဲ့မျက်နှာသည်စာရွက်တစ်ရွက်လို အဖြူရောင်သို့ ပြောင်းလဲသွားခဲ့ပြီး သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

" ပြီးသွားပြီ "

….....

ဆန့်ကျင်ဘက်အနေဖြင့် လင်ပေ့ဖန်တို့ဘက်တွင်တော့ ရယ်မောသံများဖြင့် ပြည့်နေခဲ့သည်။

လူတိုင်းသည် စိတ်လှုပ်ရှားနေခဲ့သည်။

" ဝါး ! ငါတို့ ရှုံးလိမ့်မယ်လို့ ငါက ထင်နေတာ။ ဒါပေမဲ့ ဒီလောက်ထိ အံ့ဩစရာကောင်းတဲ့ သတင်းမျိုး ထွက်ပေါ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ "

" နှစ်နိုင်ငံကြား သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ ပြည်တွင်းပဲပိစပ်ဈေးနှုန်းက သေချာပေါက် ပြန်ကျသွားမှာပဲ။ မဝေးတော့တဲ့အနာဂတ်မှာ ပဲပိစပ်ကြိုရောင်းဈေးကွက်က bear marketကို ဝင်ရောက်လာရင် ပဲပိစပ်ဈေးနှုန်းက အနည်းဆုံးထက်ဝက်ခန့် လျော့ကျသွားလိမ့်မယ်။ "

" ကံကောင်းချင်တော့ ငါတို့ကစားထားတဲ့ဘက်ကို မပိတ်ခဲ့မိဘူး။ မဟုတ်ရင်တော့ ငါတို့ ဆုံးရှုံးမှုကြီးမားလိမ့်မယ်။ "

" မစ္စတာလင်က ဉာဏ်ကြီးရှင်တစ်ယောက်လို့ ငါထင်တယ်။သူက ဒီလိုမျိုးဖြစ်လာမှာကို အစောကြီးကတည်းကြိုသိနေလို့ ငါတို့ကို ပဲပိစပ်ဈေးကျမယ့်ဘက် အော်ဒါမှာခိုင်းခဲ့တာပဲ။ "

" မစ္စတာလင်က ဉာဏ်ကြီးရှင်ပဲ "

" မစ္စတာလင်က အတော်ဆုံးပဲ "

တစ်ခန်းလုံးတွင် မြှောက်ပင့်သံများဖြင့် ပြည့်နေတာက လင်ပေ့ဖန်ကို အတော်လေးသက်တောင့်သက်သာရှိအောင် ပြုလုပ်ပေးနေခဲ့သည်။

ထို့နောက် လင်ပေ့ဖန်သည် မနေနိုင်ပဲနဲ့ သွားကြီးသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ဖြီး၍ ဂုဏ်ယူစွာဖြင့် ရယ်မောပြီး ပြောခဲ့သည်။

" လူတိုင်း ငါ့ကို အရမ်းမချီးကျူးနဲ့။ ဒီလိုမျိုးပြောင်းလဲသွားလိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားခဲ့ဘူး။ ဒါတွေအားလုံးက မမျှောင့်လင့်ထားတဲ့ တိုက်ဆိုင်မှုတွေ ၊တိုက်ဆိုင်မှုတွေကြောင့်ပါဘဲ……။ ဟား…ဟား…."

သို့သော်လည်းပဲ လူတိုင်းက သူပြောတာကို လုံးဝ မယုံကြည်ခဲ့ကြပေ။လူတိုင်းရဲ့ ချီးကျူးမြှောက်ပင့်သံများက ဆက်လက်၍ ထွက်ပေါ်လာခဲ့သည်။

ထိုလူတွေထဲတွင် ဝူကောတစ်ယောက်သာလျှင် အသံမထွက်တဲ့လူ ဖြစ်သည်။

သူသည် ဖန်သားပြင်ကြီးကို စိတ်ရှုပ်ထွေးစွာဖြင့် မတ်တပ်ရပ်ပြီး ကြည့်၍ ကြက်သေသေနေခဲ့သည်။

ဈေးနှုန်းတက်တာ အရမ်းမြန်တဲ့ဟာကို ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုး ရုတ်တရက် ကျသွားရတာလဲ …?

လင်ပေ့ဖန်တောင် သူ့ကစားထားတဲ့ဘက်ကို ပိတ်ပြီးတော့ ဘီလီအနည်းငယ်လောက် ဆုံးရှုံးဖို့ကို ပြင်ဆင်နေပြီလေ…။ ဒါကို ဘာလို့ ဒီလိုဖြစ်သွားရတာလဲ…? ။

အို နတ်ဘုရားတွေ ၊ ငါလေးက လင်ပေ့ဖန်ကို ပိုက်ဆံနည်းနည်းပဲ ဆုံးရှုံးစေချင်တာလေ….။

ငါလေးရဲ့ ဆုတောင်းသေးသေးလေးကိုတောင် မဖြည့်စီးပေးနိုင်ဘူးလား …?။

ကောင်းကင်ဘုံကတောင် ငါလေးကို ဆန့်ကျင်နေတာလား …?။

ထိုအချိန်တွင် သူ့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုမျိုး လင်ပေ့ဖန်၏ အောင်ပွဲခံနေတဲ့ ရယ်မောသံကြီးက ထွက်ပေါ်လာခဲ့သည်။

ဝူကော၏ စိတ်က လုံးဝ ပြိုလဲသွားခဲ့သည်။သူသည် သူ့ရင်ထဲက ခံစားချက်တွေကို ဖွင့်ထုတ်ဖို့အတွက် နေရာတစ်ခုရှာပြီး အော်ငိုချင်ခဲ့သည်။

ထိုအချိန်တွင် လူတစ်ယောက်က သူ့ရဲ့ပုခုံးကို ပုတ်ခဲ့သည်။

သူသည် လှည့်လိုက်ချိန်တွင် စိုးရိမ်သောအမူအရာဖြင့် သူ့ကို ကြည့်နေတဲ့ လင်ပေ့ဖန်ကို မြင်ခဲ့ရသည်။

" အစ်ကိုဝူ ၊မင်းဘာဖြစ်နေတာလဲ ?။ ဘာလို့ မင်းရဲ့မျက်နှာ ဖြူဖျော့နေတာလဲ ? "

" ငါ….ငါ ဈေးကွက်ကို ကြည့်နေတာ။ ပဲပိစပ်ဈေးတွေက အရမ်းတက်လာပြီးတော့ ရုတ်တရက် ထိုးကျသွားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ဒါက အရမ်း စိတ်လှုပ်ရှားစရာကောင်းပြီးေတာ့ အရမ်းလည်း ထိတ်လန့်စရာကောင်းတယ်။ ငါ ဒီလိုအဖြစ်အပျက်ကို မကိုင်တွယ်နိုင်ဘူး။အာ……" ဟု ပြောပြီးနောက် ဝူကောသည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ခဲ့သည်။

သူသည် သူ့ရဲ့စိတ်ထဲတွင်လည်း တကယ်ပဲ ထိတ်လန့်နေခဲ့သည်။

သူ့ရဲ့ရန်သူတော်ကြီးက ရန်ပုံငွေဘီလီယံနဲ့ချီပြီး ရရှိမည်ကို တွေးမိတိုင်း သူ့နှလုံးသားလေးက ထပ်မံပြီး နာကျင်လာခဲ့သည်။

အာ……အရမ်းနာကျင်တယ်……

ငါ့နှလုံးသားလေးက အရမ်းနာကျင်လို့ ငါလေး အသက်တောင် မရှုနိုင်တော့ဘူး…။

အထူးသဖြင့် သူကိုယ်တိုင်လုပ်ေဆာင်ခဲ့သည်ကို တွေးမိတိုင်း ၎င်းက ပိုပြီးတော့တောင်မှ နာကျင်ခဲ့ရသည်။

" ဒါက မင်းကို အရမ်းထိတ်လန့်သွားစေတာလား ?။ကြည့်ရတာ မင်းရဲ့စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အားနည်းပုံရတယ်။ မင်းလေ့ကျင့်ဖို့ လိုအပ်တယ်။ "

ဟု လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" ကျွန်တော်ရဲ့ စိတ်အခြေအနေက တကယ့်ကို အားနည်းတယ်။ အခု ကျွန်တော်ရဲ့ နှလုံးတောင် ခုန်နေတုန်းပဲ။ ဘော့စ်လင် ၊ ကျွန်တော်နေလို့သိပ်မကောင်းဘူး။ ဒါကြောင့် ကျွန်တော်မင်းဆီကနေ ခွင့်အနည်းငယ်လောက်တောင်းချင်တယ်။ မင်း ခွင့်ပြုပေးမယ်လို့ ငါမျှော်လင့်ပါတယ်။ " ဟု ဝူကောက ပြောခဲ့သည်။

သူသည် ဒီလိုဝမ်းနည်းစရာကောင်းတဲ့ နေရာမျိုးမှာ မနေချင်တော့ပေ။ သူသည် အိမ်ပြန်ပြီး အနားယူ၍ ထိုဒဏ်ရာကို ကုစားချင်ခဲ့သည်။

လင်ပေ့ဖန်သည် သူ့၏ လက်ဖြင့် ဝူကော၏ပုခုံးကို ဖိပြီး ပြောလိုက်သည်။

" ထွက်ပြေးဖို့ပဲ မတွေးနေနဲ့။အကယ်၍ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာက အားနည်းနေရင် မင်းဒီမှာပဲ နေရမယ်။ပြီးရင်၊ မင်းရဲ့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေရမယ်။ မင်း ပိုပြီးတော့ မြင်လေလေ ၊ မင်း ပိုပြီးတော့ လိုက်လျောညီထွေဖြစ်လာလိမ့်မယ်။ "

" ဒါပေမဲ့ ၊ဘော့စ်လင် …ငါ……"

" အစ်ကိုဝူ ၊ငါပြောတာကို နားထောင်ပါ "

ထိုအချိန်တွင် ပဲပိစပ်ဈေးနှုန်းသည် နောက်ထပ်၂ရာခိုင်နှုန်း ထပ်ကျသွားခဲ့သည်။

လင်ပေ့ဖန်သည် အောင်ပွဲခံစွာဖြင့် ရယ်မောခဲ့သည်။

" ငါ နောက်ထပ် ၂ဘီလီယံ ရရှိခဲ့ပြန်ပြီ ။ ဟား…ဟား."

ဝူကော၏ မျက်ခွံများသည် တဖျပ်ဖျပ်လှုပ်ပြီး သူသည် မေ့လဲလုနီးပါးဖြစ်ခဲ့သည်။

All Chapters