အခန်း (၁၀၇)
Vol. 8 Ch. 107
တစ်ခြားတစ်ဖက်တွင်လည်း နဂါးဘုရင်ကျိုရှင်းသည် မေ့လဲလုနီးပါးဖြစ်နေခဲ့သည်။
ပဲပိစပ်ဈေးနှုန်း နှစ်ရာခိုင်နှုန်းကျဆင်းသွားခြင်းက သူသည် နောက်ထပ် ယွမ် နှစ်ဘီလီယံဆုံးရှုံးသွားတာကို ဆိုလိုခြင်းဖြစ်သည်။
ရန်ပုံငွေနှစ်ဘီလီယံသည် နည်းပါးတဲ့ ပမဏတစ်ခုမဟုတ်ခဲ့ပေ။ထိုငွေပမာဏက နှစ်အနည်းငယ်အတွက် ခရိုင်ငယ်လေးတစ်ခု၏ ဘဏ္ဍာရေးဝင်ငွေနှင့် ညီမျှသည်။
အချမ်းသာဆုံးလူတစ်ယောက်အတွက်တော့ ထိုငွေပမာဏက အတန်အသင့်ပဲဖြစ်သည်။
ထို့ပြင် ၎င်းပမာဏက မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပြီး တကယ့်ကို မျက်စိတစ်မှိတ်အတွင်းမှာပဲ ပဲပိစပ်ဈေးနှုန်းက ထိုးကျသွားခဲ့ခြင်းဖြစ်သည်။
ဘရွတ်တစ်ခုဖြင့် ပွတ်တိုက်လိုက်သလိုမျိုး ရန်ပုံငွေ၂ဘီလီယံကျော်က ပျောက်ဆုံးသွားခဲ့သည်။
ထို့ပြင် သူ အစောပိုင်းက ဆုံးရှုံးခဲ့တဲ့ ငွေတွေပါပေါင်းလိုက်ရင်တော့……....။
ထိုအကြောင်းကို စဉ်းစားမိပြီး နဂါးဘုရင်ကျိုရှင်းသည် အတော်လေးကို မူးဝေသွားခဲ့သည်။ထို့ပြင် သူသည် အလွန်များပြားသော ဆုံးရှုံးမှုကြောင့် ကွန်ပျူတာဖန်သားပြင်ကို ကြည့်ရမှာတောင် ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။
ထို့ကြောင့် သူသည် ဟောက်နိုင်ရုံမျှသာဟောက်နိုင်ခဲ့သည်။
" အကုန်လုံးကို ငါ့အတွက် အမြန်ရောင်းပေးစမ်း "
အနက်ရောင်ဝတ်လူသည် ခါးခါးသီးပြုံးပြီး ပြန်ပြောခဲ့သည်။
" နဂါးဘုရင်ကို တင်ပြပါတယ်၊ ကျွန်တော်တို့ ရောင်းနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အော်ဒါတွေကို ဘယ်သူ့ကမှ မဝယ်ယူကြပါဘူး။ "
ကျိုရှင်းသည် အတော်လေးကို ဒေါသထွက်သွားခဲ့သည်။
" ငါ ဂရုမစိုက်ဘူး ။ ဈေးလျော့ပြီးတော့ရောင်းရရင်ေတာင် ဒီနေ့ ငါတို့ရဲ့ အော်ဒါတွေအကုန်လုံး ရောင်းကုန်ရမယ်။ ဒါမှမဟုတ်ရင် ငါတို့ ဒီထက်ပိုပြီးတော့ ဆုံးရှုံးရလိမ့်မယ်။ ငါ လိုချင်တာ ရလဒ်ပဲ ၊ဖြစ်စဉ်မဟုတ်ဘူး။ "
" ဟုတ်ကဲ့ နဂါးဘုရင် "
သူတို့လုပ်ဆောင်နေစဉ်အတွင်းမှာပဲ ပဲပိစပ်ဈေးနှုန်းက လျင်မြန်စွာဖြင့် နောက်ထပ်၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ဈေးကွက်က အတော်လေးကို ကသောင်းကနင်းဖြစ်နေခဲ့သည်။
နဂါးဘုရင်ကျိုရှင်း၏ မျက်နှာသည် ပိုပြီးတော့တောင်မှ မည်းမှောင်လာခဲ့သည်။
………
တစ်ခြားတစ်ဖက်တွင် ဝူကော၏မျက်နှာသည်လည်း မည်းမှောင်နေခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ရန်သူတော်ကြီး လင်ပေ့ဖန်သည် နောက်ထပ်ယွမ်၂ဘီလီယံခန့်ကို သူ့ရဲ့ မျက်စိရှေ့အောက်မှာတင် ရရှိခဲ့သောကြောင့်ဖြစ်သည်။
သူက ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ …?
ထို့ပြင် အလားအလာကို ကြည့်လိုက်ရင်လည်း သူ့ရဲ့ရန်သူတော်ကြီးသည် လာမယ့်ရက်အနည်းငယ်အတွင်းမှာ အမြတ်ငွေဘီလီယံနဲ့ချီကို ထပ်ရရှိလိမ့်ဦးမည်ဖြစ်သည်။
ဝူကောသည် သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့ချိန်တွင် သူ့နှလုံးက တဒုန်းဒုန်းခုန်နေခဲ့သည်။
သူ့ရဲ့မျက်နှာပေါ်တွင်လည်း ရှုံ့မဲ့သောအမူအရာတစ်ခုကို ဖော်ပြနေခဲ့သည်။
မင်းရဲ့ရန်သူ ပျော်ရွှင်နေတာကို ကြည့်ရတာထက် ပိုနာကျင်စရာကောင်းတဲ့ အရာမျိုးရှိသေးလား…?
" အာ !ငါ မတော်တဆ နောက်ထပ်ယွမ်၂ဘီလီယံ ရရှိခဲ့ပြန်ပြီ။ ဒါက အရမ်းမြန်တယ်။ ငါတောင် မတုန့်ပြန်နိုင်ဘူး။ "
လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့သည်။
" ဂုဏ်ပြုပါတယ် ဥက္ကဌလင် ၊ဂုဏ်ပြုပါတယ် ဥက္ကဌလင်။ " လူတိုင်းက တညီတည်း ဂုဏ်ပြုခဲ့ကြသည်။
" အတူတူပျော်ရွှင်ကြရအောင် ၊ဟားဟား……"
ထို့နောက် ရောင်းဝယ်ရေးခန်းထဲတွင် လင်ပေ့ဖန်၏ ရယ်မောသံများဖြင့် ပြည့်နှက်သွားခဲ့သည်။
ထိုရယ်မောသံများက နတ်ဆိုးတေးသွားတစ်ခုလိုမျိုး ဝူကောကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့သည်။
မဟုတ်ဘူး ၊ ငါ သူ့ကို ဒီထက်ပိုပြီး ပိုက်ဆံထပ်ရှာစေလို့ မဖြစ်ဘူး။ ငါ သူ့ကို ရပ်တန့်ဖို့ နည်းလမ်းတစ်ခုကို ရှာရမယ်……။
ဝူကောသည် သူ့ရဲ့ စိတ်ထဲတွင် လျင်လျင်မြန်မြန်တွေးတောခဲ့သည်။
ဇာတ်လိုက်တစ်ယောက်သည် မျှော်လင့်ထားတဲ့အတိုင်းပဲ သူ့ရဲ့ တိမ်မြုပ်နေတဲ့ ဘဏ္ဍာရေးအသိပညာများဖြင့် သူသည် ဖြေရှင်းချက်တစ်ခုကို စဉ်းစားနိုင်ခဲ့သည်။
ထို့နောက် သူသည် အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။
" ဥက္ကဌလင် ၊ ဒီအချိန်က ကျွန်တော်တို့ကစားထားတဲ့ဘက်ကို ပိတ်ရမယ့်အချိန်လို့ ကျွန်တော်ထင်ပါတယ်။"
ထိုအသံသည် မိုးခြိမ်းသံလိုမျိုး ပျော်ရွှင်ဖွယ်ကောင်းတဲ့ လေထုကို ဖြိုခွဲပစ်ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်စေခဲ့သည်။
" ဒီလိုအခြေအနေမျိုးမှာ ငါတို့ကစားထားတဲ့ဘက်ကို ဘယ်လိုလုပ် ပိတ်နိုင်မှာလဲ ?။ အခြေအနေက အရမ်းကောင်းနေတယ်။ "
" ငါ့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီး ပြောရရင် ဒီကျဆင်းမှုအလားအလာက အနည်းဆုံး နောက်ထပ်ရက်အနည်းငယ်လောက် ကျဆင်းဦးမယ်လို့ ငါ ယုံကြည်တယ်။ ဒါက ၂၀ရာခိုင်နှုန်းကျဆင်းပြီးတဲ့အခါကျရင်တည်ငြိမ်သွားလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်စဉ်အတွင်းမှာ ငါတို့ ပုံမှန် အမြတ်ငွေတွေကို ရရှိနိုင်တယ်။ ဘာလို့ ငါတို့ကစားထားတဲ့ဘက်ကို အခုမှ ပိတ်ချင်ရတာလဲ ? "
" အကယ်၍ ငါတို့ကစားထားတဲ့ဘက်ကို အခုပိတ်လိုက်ရင် ငါတို့ ပိုက်ဆံဘယ်လောက်တောင် ဆုံးရှုံးသွားလိမ့်မလဲ ? "
" ရှောင်ပိုင်က အမြဲတမ်း ရှောင်ပိုင်ပဲ ဖြစ်နေလိမ့်မယ်။ "
ဝူကောသည် လူတိုင်း၏ အကြည့်များကြောင့် အရမ်းရှက်သွားခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ဒီအချိန်တွင် ထိုကဲ့သို့ အကြံပေးခြင်းက ရူးမိုက်သည်ကို သူလည်း သိသည်။ဒါပေမဲ့လည်း သူ ကြိုးစားကြည့်ရမည်ဖြစ်သည်။
သူသည် လင်ပေ့ဖန်ကို တိုက်ရိုက်ကြည့်ပြီး သူ့ရဲ့အဖြေကို စောင့်နေခဲ့သည်။
လင်ပေ့ဖန်သည် မျက်တောင်ခတ်ပြီး မေးလိုက်သည်။
" အစ်ကိုဝူ ၊ မင်းရဲ့ အတွေးကို ငါ့ကို ပြောပြပါဦး။ "
" ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံနဲ့ ဗျူးတီးနိုင်ငံက ပဲပိစပ်သဘောတူညီမှုစာချုပ်ကို ဘယ်တော့မှ လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တာ ကြောင့်ပဲ။ " ဟု ဝူကောက ပြောခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။
" ဘာလို့လဲ ?။ ဗျူးတီးနိုင်ငံရဲ့ ပဲပိစပ်တွေက ဈေးပေါပြီးတော့ အရည်အသွေးကောင်းတယ်လေ။ ဒါက ငါတို့နိုင်ငံအတွက် ကောင်းတာ မဟုတ်ဘူးလား ? "
" အကယ်၍ ကျွန်တော်သာ ဆိုရင် အရည်အသွေးကောင်းပြီးတော့ ဈေးသက်သာတဲ့ ပဲပိစပ်တွေကို သေချာပေါက် ရွေးမှာဘဲ ။ "
" ပြီးတော့ ဒီသတင်းကို သူတို့ရဲ့ တရားဝင် ဝဘ်ဆိုဒ်မှာ ကြေညာပြီးသားကြီးလေ။ ဒါက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ ? "
" တရားဝင်ဝဘ်ဆိုဒ်ပေါ်မှာ တင်ထားတဲ့ အရာတွေက အတုတွေ မဟုတ်ဘူး။ "
လူအများစုက ငြင်းဆိုခဲ့ကြသည်။
ဝူကောသည် ထပ်ဖိပြီး ပြောခဲ့သည်။
" မင်းတို့ ပြောတဲ့ စကားတွေ အကုန်လုံးက အမှန်တွေပါဘဲ။ ဒါပေမဲ့ နိုင်ငံတကာ ကုန်သွယ်ရေးမှာတော့ ငါတို့ စီးပွားရေး အကျိုးအမြတ်တွေကိုပဲ ကြည့်လို့ မရနိုင်ဘူး။ ငါတို့ လေးနက်တဲ့ အကြောင်းပြချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုသေးတယ်။ "
" စဉ်းစားကြည့်လိုက် ၊အကယ်၍ ဈေးပေါတဲ့ ပဲပိစပ်တွေသာ ငါတို့ရဲ့ ဈေးကွက်ထဲကို ဝင်လာမယ်ဆိုရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မလဲ ? "
" ပထမဆုံး ပဲပိစပ်ဈေးကွက်ကို ထိခိုက်ပြီးတော့ ပဲပိစပ်ဈေးတွေ သေချာပေါက် ထိုးကျသွားလိမ့်မယ်။"
" ပြီးတော့ ပဲပိစပ်တွေက အခြေခံစိုက်ပျိုးရေး ထွက်ကုန်ဖြစ်တယ်။ အကယ်၍ ပဲပိစပ်ဈေးတွေသာ ကျမယ်ဆိုရင် တစ်ခြားပြည်တွင်းစိုက်ပျိုးေရးထွက်ကုန်တွေကိုလည်း မသက်ရောက်နိုင်ဘူးလား?။"
" သေချာပေါက် မဟုတ်ဘူးပေါ့။ အဲ့ဒီထွက်ကုန်တွေလည်း ပမာဏ အနည်းနဲ့ အများတော့ သက်ရောက်မှုရှိမှာ အမှန်ဘဲ။"
" ဒါကြောင့် ငါတို့နိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေက အတိုင်းအတာတစ်ခုအထိတော့ ဈေးနှုန်းလျော့ကျသွားလိမ့်မယ်။ "
" စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ ဈေးတွေသာ ကျဆင်းသွရင် ဘယ်သူက အနစ်နာဆုံး ဖြစ်လိမ့်မလဲ ? "
" လယ်သမားတွေပဲ အနစ်နာဆုံးဖြစ်လိမ့်မယ်။ "
" ငါတို့နိုင်ငံရဲ့ လူဦးရေ သန်း၉၀၀ကျော်လောက်က တောင်သူလယ်သမားတွေပဲ။ "
ဝူကောသည် အသံကျယ်ကျယ်ပြောလေလေ သူသည် ပိုပြီးတော့ ယုံကြည်မှု ရှိလာလေလေဖြစ်သည်။
" အကယ်၍ စိုက်ပျိုးရေးထွက်ကုန်တွေသာ ဈေးကျသွားခဲ့ရင် လယ်သမားတွေရဲ့ ဝင်ငွေတွေလည်း သေချာပေါက် ထိခိုက်မှာပဲ။ ပြီးရင် သူတို့ရဲ့ ဘဝတွေက ခက်ခဲလာပြီးတော့ ဆင်းရဲတွင်းထဲကိုတောင် ပြန်ကျသွားနိုင်တယ်။ဒါ့အပြင် ငါတို့နိုင်ငံက ငါတို့ရဲ့လယ်သမားတွေနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို အလေးထားတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်တယ်။ ဒါကြောင့် ငါတို့နိုင်ငံက အဲ့လို စာချုပ်ချုပ်လိမ့်မယ်လို့ မင်းထင်လား ? ။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လူတိုင်းသည် လေးလေးနက်နက်တွေးတောခဲ့ကြပြီး ဆန့်ကျင်တဲ့ အသံတွေက နည်းလာခဲ့သည်။
" မင်းပြောတာက အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ဒီသတင်းကို တရားဝင်ကြေညာပြီးသွားပြီလေ။ ဒါက အတုဖြစ်နိုင်ပါ့မလား ? ။ "
" ဟုတ်တယ် ၊ သူတို့ ဒီလိုအရာမျိုးကိုတော့ ဟာသလုပ်မှာ မဟုတ်လောက်ဘူး။ "
" ဒီပူးပေါင်းဆောင်ရွက်မှုကို ကြေညာပြီးသွားပြီ။ ဒါပေမဲ့ အသေးစိတ်အချက်အလက်အများကြီးကိုတော့ မရှင်းပြ ထားသေးဘူး ။ ငါတို့နိုင်ငံက နောက်ဆက်တွဲဖြစ်လာမဲ့ အခက်အခဲတွေကို အကဲဖြတ်နေတာဖြစ်ရမယ်။ "
" အခုချိန်မှာ ကြိုရောင်းဈေးကွက်ရဲ့ တုံ့ပြန်မှုက လွန်ကဲပြီးတော့ ဈေးနှုန်းတွေက မလွဲမသွေ ကျဆင်းလိမ့်မယ်။ "
" ဒါကြောင့် ငါတို့ကစားထားတဲ့ဘက်ကို မပိတ်သင့်သေးဘူး။ "
လူတိုင်းရဲ့ ထင်မြင်ယူဆချက်တွေကို ကြည့်ပြီး ဝူကောသည် အရမ်းစိုးရိမ်သွားခဲ့သည်။ထို့နောက်သူသည် လင်ပေ့ဖန်ကိုသာ မျှော်လင့်ချက်ဖြင့် ကြည့်နိုင်ခဲ့သည်။
လင်ပေ့ဖန်သည် အေးဆေးတည်ငြိမ်သောအမူအရာဖြင့် ဆက်ရှိနေခဲ့သည်။ဒါပေမဲ့လည်း သူ့ရဲ့ စိတ်ထဲမှာတော့ အလျင်အမြန်တွေးတောနေခဲ့သည်။
အဲ့ဒီ အမြတ်ရမယ့် အမြတ်ငွေနှစ်ဆက ဘယ်ကလာမှာလဲ …?
သူသည် သူ့ရဲ့အမြတ်ငွေကို နှစ်ဆရရှိရန်အတွက် စနစ်ဆီကနေ ဆုတောင်းထားခဲ့သည်။
ဇာတ်လိုက်ရဲ့ အမြတ်ငွေကလည်း သူ့ထက် နှစ်ဆဖြစ်သွားလိမ့်မည်ဖြစ်သည်။
အကယ်၍ ဒီနေ့ ဈေးကျတာက ဈေးကွက်ရဲ့ တစ်နေ့တာကန့်သတ်ချက်ကို ရောက်သွားရင်တောင်မှ အမြတ်ငွေက နှစ်ဆရရှိလိမ့်ဦးမည်ဖြစ်သည်။
ထိုအကြောင်းကို တွေးပြီး လင်ပေ့ဖန်သည် ခေါင်းညိတ်၍ ဝူကောကို လေးလေးနက်နက်စိုက်
ကြည့်ပြီး ပြောခဲ့သည်။
" အစ်ကိုဝူပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ ငါ ထင်တယ်။ ပြီးတော့ ငါတို့နိုင်ငံက စာချုပ်မှာ လက်မှတ်မထိုးနိုင်ဘူးလို့လည်း ငါယုံကြည်တယ်။ ဒါကြောင့် ငါတို့ကစားထားတဲ့ဘက်ကို ပိတ်ပြီးတော့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို ပြောင်းပြီးတော့ ပဲပိစပ်တွေကိုဝယ်လိုက်ပါ။ "
လူတိုင်းသည် ထိတ်လန့်သွားခဲ့ကြပြီး သူ့ကို ဖျောင်းဖျရန် ကြိုးစားခဲ့ကြသည်။
" ဥက္ကဌလင် ၊ အကယ်၍ ကျွန်တော်တို့ အခုပိတ်လိုက်ရင် ကျွန်တော်တို့ ပိုက်ဆံအများကြီး ဆုံးရှုံးရလိမ့်မယ်။ "
" ကျွန်တော်တို့ ကစားထားတဲ့ဘက်ကို ပိတ်တာတော့ ကောင်းပါတယ်။ဒါပေမဲ့ ဘာလို့ တက်မယ့်ဘက်ကို ပြောင်းခိုင်းရတာလဲ ? "
" ဒါက ကျွန်တော်ရထားခဲ့တဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားလိမ့်မယ်။ "
" ဥက္ကဌလင် ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။ "
" နောက်ထပ် ထပ်ပြောစရာမလိုဘူး။ ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ။ " ဟု လင်ပေ့ဖန်က သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
" ဥက္ကဌလင် ၊ကျွန်တော် မင်းကို ကူညီပေးမယ်။ "
ဝူကောသည် အတော်လေးကို ပျော်ရွှင်သွားခဲ့သည်။ သူသည် လင်ပေ့ဖန်က သူ့ရဲ့ အကြံအဉာဏ်ကို သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ထို့နောက်သူသည် သူ့ရဲ့အကူအညီကို စိတ်အားထက်သန်စွာဖြင့် ကမ်းလှမ်းခဲ့သည်။
" အစ်ကိုဝူ ၊ မင်းငါ့ကို ကူညီပြီးငွေရှာပေးဖို့အတွက် အရမ်းကို ကြိုးစားခဲ့ရပြီ။ ဒါက တကယ့်ကို ခက်ခဲမှာပဲ။ "
" မခက်ခဲပါဘူး ၊ ဒါတွေအားလုံးက မခက်ခဲပါဘူး။"ဟု ဝူကောက ရယ်မောပြီး ပြောခဲ့သည်။
အခုချိန်တွင် ပဲပိစပ်ဈေးနှုန်းက ၉ရာခိုင်နှုန်း ကျဆင်းနေခဲ့ပြီး ၎င်းက ဘယ်အချိန်တွင် မဆို ကန့်သတ်ချက်ကို ရောက်သွားနိုင်သည်။
ဈေးကွက်ထဲတွင် ကမောက်ကမဖြစ်၍ နေရာတိုင်းတွင်လည်း တန်ဖိုးမဲ့အော်ဒါများဖြင့် ပြည့်နေခဲ့ပြီး လူတိုင်းက သူတို့ရဲ့ ဆုံးရှုံးမှုများကို အမြန်ရပ်တန့်ချင်နေခဲ့သည်။
ပဲပိစပ်ေစျးကျမယ့်ဘက်သို့ လင်ပေ့ဖန်ကစားထားတဲ့ ပမာဏသည် များပြားသော်လည်း အမြန် ပိတ်ပစ်နိုင်ခဲ့သည်။
….......
လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင် အနက်ရောင်ဝတ်လူသည် စိတ်လှုပ်ရှားစွာဖြင့် တင်ပြခဲ့သည်။
" နဂါးဘုရင်ကို တင်ပြပါတယ် ၊ကျွန်တော်တို့ကစားထားတဲ့ဘက် အကုန်လုံးကို ပိတ်ပြီးတော့ ဆုံးရှုံးမှုတွေကို ရပ်တန့်နိုင်ခဲ့ပါပြီ။ "
" အကုန်လုံး ပိတ်ပြီးသွားပြီလား ?။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ကြမ်းပြင် ပေါ်တွင် လှဲကျနေတဲ့ နဂါးဘုရင်ကျိုရှင်းသည် ကြမ်းပြင်ပေါ်ကနေ ချက်ချင်းဘဲ ပြန်ထလာခဲ့သည်။
" ဟားဟား…။ဒါက မယုံနိုင်စရာဘဲ။ ကြည့်ရတာ ငါ လေးက တကယ်ဘဲ ကံကောင်းခြင်းသားတော်တစ်ပါးဖြစ်ပုံရတယ်။ "
" နဂါးဘုရင်ကိုဂုဏ်ပြုပါတယ် ၊နဂါးဘုရင်ကိုဂုဏ်ပြုပါတယ် " ဟု အနက်ရောင်ဝတ်လူများက သံပြိုင်ဂုဏ်ပြုခဲ့ကြသည်။
" ငါတို့ရဲ့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို ကစားထားတဲ့ဟာက အရမ်းများတယ်လေ ၊ဒါကို ဘယ်သူက ကူညီပေးခဲ့တာလဲ …? "ဟု ကျိုရှင်းက မေးခဲ့သည်။
အနက်ရောင်ဝတ်လူသည် သူ့၏ ဦးခေါင်းကို ခါလိုက်သည်။
" ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာဘဲ တစ်ခြားသူက ကျွန်တော်တို့ရဲ့ အော်ဒါတွေကို ယူသွားတာပါ။ "
" လူမိုက်တစ်ယောက်ပေါ်လာပြီးတော့ ငါတို့ရဲ့ အော်ဒါတွေအားလုံးကို ယူထုတ်သွားတာဖြစ်ရမယ်။ "
နဂါးဘုရင်ကျိုရှင်းသည် ရှန်ပိန်ခွက်တစ်ခွက်ကို လက်ထဲတွင်ကိုင်ပြီး သူ့ရဲ့နှုတ်ခမ်းပေါ်တွင် ဘဝင်ခိုက်နေတဲ့ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
" သူ ဘယ်သူလဲဆိုတာ ရှာကြစမ်း ။အနာဂတ်မှာ ငါ သူ့နဲ့ တွေ့ဆုံတဲ့ အချိန်ကျရင် ငါ သူ့နဲ့ တစ်ခွက်လောက်သောက်ရမယ်။ "
" ဟုတ်ကဲ့ နဂါးဘုရင် “