← Chapters

အခန်း (၁၀၈)

Vol. 8 Ch. 108

အခန်း (၁၀၈)

Vol. 8 Ch. 108

ဒါပေမဲ့လည်း ဆုံးရှုံးခဲ့တဲ့ ပိုက်ဆံပမာဏ ယွမ်၈ဘီလီယံကျော်ကို တွေးကြည့်မိတိုင်း သူ့နှလုံးသားက နာကျင်လာခဲ့သည်။

ထိုငွေပမာက အတော်လေးကို များပြားတဲ့ ပမာဏတစ်ခုပဲဖြစ်သည်။

ထိုငွေပမာဏဖြင့် ဘယ်မြို့မှာမဆို မြေကွက် ဝယ်ယူပြီး အဆောက်အဦးအချို့ကိုလည်း တည်ဆောက်နိုင်သည်။

ချမ်းသာပြီးဩဇာညောင်းတဲ့ ကျိုမိသားစုအတွက်တောင် ယွမ်၈ဘီလီယံကျော်ဆိုသည့် ပမာဏက သေးငယ်တဲ့ ပမာတစ်ခုမဟုတ်ခဲ့ပေ။

ရလဒ်အနေနဲ့ သူသည် ထိုငွေအကုန်လုံးကို ဆုံးရှုံးစေခဲ့သည်။

ထို့ပြင် ဒီအကျပ်အတည်းအပြီးတွင် လင်ပေ့ဖန်သည် ပိုက်ဆံ မဆုံးရှုံးတဲ့အပြင် အကျိုးမြတ်ပါ ရသွားကြောင်းကို တွေးမိတိုင်း သူနှလုံးသားလေးက ပိုပြီးတော့တောင်မှ နာကျင်လာခဲ့သည်။

ယူနစ်၁.၂သန်းက ရန်ပုံငွေ ၇ဘီလီယံနီးပါးရှိသည်။ထို့ပြင် ထိုငွေပမာဏ 7ဘီလီယံသည် သူ့ရင်းနှီးမြှုပ်နှံမှုရဲ့ နှစ်ဆနီးပါးရှိသည်။

လူတစ်ယောက်က ၈ဘီလီယံကျော်ဆုံးရှုံးခဲ့ချိန်တွင် အခြားတစ်ယောက်က ၇ဘီလီယံကျော် ရရှိခဲ့သည်။

ထိုအရာက တစ်ခြားလူရဲ့ ဆုံးရှုံးမှုအတွက် သူသည် သူ့ရဲ့ ကိုယ်ပိုင်ဝင်ငွေကို အသုံးပြုခဲ့သလိုမျိုး ဖြစ်နေခဲ့သည်။ထို့ပြင် လာမယ့်ရက်တွေမှာလည်း တစ်ခြားလူက ပိုက်ဆံကို ဘီလီယံနဲ့ ချီပြီး ရရှိနိုင်သည်။(တစ်ခြားလူဆိုတာက လင်ပေ့ဖန်ပါဗျ )

နဂါးဘုရင်ကျိုရှင်းသည် ထိုအကြောင်းကို ပိုပြီးတော့တွေးလေလေ သူသည် ပိုပြီးတော့ ဒေါသေထွက်လာလေလေဖြစ်သည်။

သူသည် သူ့ကိုယ်ကိုယ်ကိုသူ နှစ်သိမ့်ပြီး ပြောလိုက်သည်။

"လင်ပေ့ဖန် ဒါက ငါမလုပ်နိုင်လို့မဟုတ်ဘူး ။ကောင်းကင်ဘုံက ငါ့ဘေးမှာ မရှိလို့ပဲ။ပြီးတော့ ဒီဘေးအန္တရာယ်ကနေလည်း ကောင်းကင်ဘုံက မင်းကို လွတ်မြောက်ဖို့ ခွင့်ပြုခဲ့လို့ပဲ။ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ငါ မင်းကို ဒီလိုအခွင့်အရေးမျိုး ပေးမှာမဟုတ်ဘူး။ "

ထို့နောက် သူသည် ခဏကြာစဉ်းစားပြီးသည့်နောက်တွင် အော်ပြောခဲ့သည်။

" ဝင်လာခဲ့စမ်း "

" နဂါးဘုရင် ၊ ဘာအမိန့်ပေးမလို့လဲ? "ဟု အနက်ရောင်ဝတ်လူက လေးစားစွာဖြင့် မေးမြန်းခဲ့သည်။

" လင်ပေ့ဖန် ပိုက်ဆံဘယ်လောက်ရှာနိုင်ခဲ့လဲဆိုတာကို ဝူကောကို မေးလိုက် "

သူသည် လင်ပေ့ဖန်ပိုက်ဆံဘယ်လောက်ရှာနိုင်လဲဆိုတဲ့ အကြောင်းကို မကြားချင်သော်လည်း လင်ပေ့ဖန်က သူ့ရဲ့ရန်သူဖြစ်တာကြောင့် သူ့ရန်သူရဲ့ လုပ်ဆောင်မှုတွေကို အချိန်နှင့် တပြေးညီ သိဖို့ လိုအပ်သေးသည်။

" ဟုတ်ကဲ့ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူက ပြန်ဖြေခဲ့သည်။

မကြာခင်မှာပဲ သူသည် ဝူကောစီကနေ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

ဝူကော : လင်ပေ့ဖန်ကို ပဲပိစပ်ဈေး ကျမယ့်ဘက်ကို ပိတ်ခိုင်းပြီးတော့ ပဲပိစပ်ကြိုရောင်းဈေးကွက်မှာ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို ဝယ်ဖို့အတွက် ငါသူ့ကို ဆွဲဆောင်ခဲ့တယ်။

" လင်ပေ့ဖန်က ပဲပိစပ်ဈေးကျမယ့်ဘက်ကို သူကစားထားတဲ့ဟာ အကုန်လုံးကို ပိတ်ပြီးတော့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို တကယ်ဘဲ ပြောင်းကစားခဲ့တာလား ?။ ဟားဟား….။ ဒီကောင်က ပိုက်ဆံလေးနည်းနည်းရှာနိုင်တာနဲ့ မာနကြီးလာတာလား ?။ သူ့စိတ်ထင် သူလိုချင်တဲ့ဟာ ဘယ်အရာကိုမဆို သူရရှိနိုင်တယ်လို့ ထင်နေတာလား ?။ "

နဂါးဘုရင်ကျိုရှင်းသည် စိတ်လှုပ်ရှားလာခဲ့သည်။

သူ့ရဲ့စိတ်ထဲမှာတော့ လင်ပေ့ဖန်က မှားယွင်းတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

ယေဘုယျအားဖြင့် ဈေးကွက်ကျဆင်းနေချိန်မှာ ပဲပိစပ်ဈေးကျမယ့်ဘက်ကို ဆက်ကစားပြီးတော့ အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်သည်။ထို့ပြင် ပဲပိစပ်ဈေးအတက်အကျကို လိုက်၍ အကျိုးအမြတ်များကို ချဲ့ထွင်သင့်သည်။

သို့သော်လည်းပဲ လင်ပေ့ဖန်သည် ပဲပိစပ်ဈေးကျမယ့်ဘက်သို့ သူကစားထားတဲ့ဘက် အကုန်လုံးကို ပိတ်ပြီး ပဲပိစပ်ဈေးတက်မယ့်ဘက်သို့ ပြောင်းကစားခဲ့သည်။

မင်းက သေတဲ့ ဆိုတဲ့ စကားလုံးကိုတောင် မသိသေးဘူးထင်တယ်…… ။

မကြာသေးခင်က သူ့ရဲ့အော်ဒါတွေကို ယူခဲ့တဲ့ လူက လင်ပေ့ဖန်သာ ဖြစ်နိုင်သည်ဟု သူလည်း တွေးမိခဲ့သည်။လင်ပေ့ဖန်တစ်ယောက်သာလျှင် ထိုကဲ့သို့ လုပ်နိုင်တဲ့ စွမ်းရည်မျိုး ရှိသည်။

" သူက ဒီလိုအချိန်မျိုးမှာမှ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို ကစားတာလား ? ။ ဟမ် "

နဂါးဘုရင်ကျိုရှင်း၏ စိတ်သည် နောက်တစ်ဖန်တက်ကြွလာခဲ့ပြန်သည်။

မကြာသေးခင်က ထုတ်ဖော်ခဲ့တဲ့ နှစ်နိုင်ငံကြား ပဲပိစပ်စာချုပ်ကြောင့် ပဲပိစပ်ဈေးနှုန်းက မလွဲမသွေ ဆက်လက်၍ ကျဆင်းလိမ့်မည်ဖြစ်သည်။

အကယ်၍ ပဲပိစပ်ဈေးနှုန်းက ရက်အနည်းငယ်ထပ်၍ မကျဘဲနဲ့ တည်ငြိမ်သွားရင်တောင်မှ အမြတ်အစွန်း အနည်းငယ်ကတော့ ကျန်ရှိနေတုန်းပဲဖြစ်သည်။

သူသည် ဒီအခွင့်အရေးကို အသုံးပြု၍ သူ့ရဲ့ ရန်သူ့

လင်ပေ့ဖန်ကို တစ်ချက်ထဲ အလဲထိုးနိုင်သည်။

" ဝင်လာခဲ့ "

" နဂါးဘုရင် ၊ ဘာအမိန့်များ ပေးစရာရှိလို့ပါသလဲ?"

" ငါ့အတွက် ပဲပိစပ်ဈေးကျမယ့်ဘက်ကို အော်ဒါမှာပေးစမ်း " ဟု နဂါးဘုရင်ကျိုရှင်းက အသံကျယ်ကျယ်ဖြင့် အော်ပြောခဲ့သည်။

" ဟုတ်ကဲ့ နဂါးဘုရင် "

ထို့သို့ဖြင့် နဂါးဘုရင်၏ရန်ပုံငွေများသည် ဈေးကွက်ထဲသို့တဖန် ဝင်လာခဲ့သည်။ဝင်လာတာနဲ့ သူသည် ပဲပိစပ်ယူနစ်လေးသိန်းကို အော်ဒါမှာခဲ့တာကြောင့် ပဲပိစပ်ဈေးနှုန်းများကို ကျဆင်းစေခဲ့သည်။

….....

လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ရောင်းဝယ်ရေးခန်းထဲတွင် လင်ပေ့ဖန်သည် အခုမှ ပြန်လာတဲ့ ဝူကောကို ကြည့်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" အစ်ကိုဝူ ၊ ခုနက မင်းဘယ်ကို သွားနေတာလဲ ? "

ဝူကော၏ မျက်နှာအမူအရာက နဂိုအတိုင်းပဲ ဆက်ရှိနေခဲ့သည်။

" အမ် ၊ ကျွန်တော် ခုနတုန်းက အနည်းငယ်ကြောက်ရွံ့နေလို့ ၊မတောင့်ခံနိုင်ဘဲနဲ့ သန့်စင်ခန်းကို သွားလိုက်တာပါ။ "

ထို့နောက် သူသည် ကွန်ပျူတာဘေးသို့ လာ၍ လင်ပေ့ဖန်ကို ကြည့်ပြီး မေးမြန်းခဲ့သည်။

" ဥက္ကဌလင် ၊ ကျွန်တော်တို့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကိုပဲ ဆက်ပြီးတော့ ကစားသင့်လား ? "

လင်ပေ့ဖန်က ပြုံးပြီး ပြန်ဖြေခဲ့သည်။

" သေချာတာပေါ့ ၊ ခုနတုန်းက မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးတဲ့နောက်မှာ မင်းပြောတာက အရမ်းကျိုးကြောင်းဆီလျော်တယ်လို့ ငါ ထင်ခဲ့တယ်။ အခုချိန်က လျော့ဈေးနဲ့ ဝယ်ရတဲ့အချိန်မို့လို့ မင်း လိုချင်သလောက် ဝယ်ယူနိုင်တယ်။ "

ထိုစကားကို ကြားလိုက်ရကြားလိုက်ရသောအချိန်တွင် ဝူကော၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

" ဥက္ကဌလင် ၊ငါ မင်းကို ကူညီပေးမယ်။ "

" အစ်ကိုဝူ ၊ မင်းက အမှန်တကယ်ကို တက်ကြွနေတာပဲ။ ဒါကြောင့်ပဲ မင်းက ငါရွေးချယ်ထားတဲ့ လူတစ်ယောက်ဖြစ်နေတာ။ " ဟု ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်သည် ဝူကော၏ ပုခုံးကို ပုတ်ပြီး ကွန်ပျူတာရှေ့မှာ သူ့ကို ထိုင်ခိုင်းခဲ့သည်။

" လာ ၊မင်းရဲ့ ဖျော်ဖြေမှုကို စတင်လိုက်ကြရအောင် "

" ဥက္ကဌလင် ၊ ကြည့်နေပါ ။ ငါ မင်းကို စိတ်မပျက်စေရဘူး။ " ဝူကောသည် သူ့လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်ပြီး ရည်မှန်းချက်ကြီးစွာဖြင့် ပြောခဲ့သည်။

နောက်တစ်ခုကတော့ ဝူကော၏ ဖျော်ဖြေမှုအချိန်ပဲဖြစ်သည်။

ထို့နောက်သူသည် ကီးဘုတ်နှင့် မောက်စ်ကို လျင်လျင်မြန်မြန် နဲ့ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သော ရောင်းဝယ်ရေးဉာဏ်ကြီးရှင် တစ်ယောက်လိုမျိုး ပြောင်းလဲသွားခဲ့သည်။

ဈေးကွက်က သူ့ကို ပဲပိစပ်ဈေးကျမယ့်ဘက်သို့ ဘယ်လောက်ပဲထားပါစေ သူသည် အကုန်လုံးကို ယူပြီး ကန့်သတ်ချက်ကို ဘယ်တော့မှ ချိုးဖောက်ခွင့်မပေးခဲ့ပေ။(ဒီနား နည်းနည်းရှုပ်ရင်တောင်းပန်ပါတယ်ဗျ )

သူသည် သူတစ်ယောက်ထဲနဲ့ လူအများကြီးကို ဆန့်ကျင်ပြီး အလုပ်လုပ်နေခဲ့သည်။

ထို့ပြင်သူသည် သူ့၏ ထူးခြားသော ရောင်းဝယ်ရေးကျွမ်းကျင်မှုတွေကိုပါ ပြသခဲ့သည်။

လင်ပေ့ဖန်သည် မနေနိုင်ပဲနဲ့ အံ့အားသင့်သွားခဲ့သည်။

" အစ်ကိုဝူ ၊ မင်းက ဒီနယ်ပယ်မှာ အမှန်တကယ်ကို အရည်အချင်းရှိတယ်။ ဒါကို မင်း သင်ယူခဲ့တာ သုံးရက်ပဲ ရှိသေးတယ်။ မင်းက အရမ်းကို ချောချောမွေ့မွေ့နဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်နေပြီ။ဝါရင့် ကုန်သည်အများကြီးတောင် မင်းနဲ့ မနှိုင်းယှဉ်နိုင်သေးဘူး။ မင်းကို ခိုင်းနှိုင်းစရာ စကားတစ်ခွန်းပဲရှိတယ်။ ဒါက အရမ်းကို ထူးချွန်းလွန်တယ်။ "

" ဒါတွေအားလုံးရဲ့ကျေးဇူးက မင်းရဲ့ ထူးကဲတဲ့ လမ်းညွှန်မှုတွေကြောင့်ပါဘဲ "

ဝူကောသည် အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။ထို့နောက်သူသည် အော်ဒါတစ်ခုလက်လွှတ်လိုက်ရမှာကိုတောင် ကြောက်တာကြောင့် သူ့၏လက်များဖြင့် ဆက်လက်၍ လုပ်ဆောင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့ရဲ့စိတ်ထဲ၌ ကောက်ကျစ်စွာဖြင့် တွေးတောနေခဲ့သည်။

လာစမ်းပါ ၊ အဲ့ဒါတွေ အကုန်လုံးကို ငါ့ကို ပစ်လိုက်။ ဘယ်လောက်များများလာပါစေ ကိစ္စမရှိဘူး။ငါ့အကုန်လုံးကို ယူပစ်မယ်။ အခုချိန်မှာ ငါလေး အော်ဒါတစ်ခုပိုယူလေ ၊ လင်ပေ့ဖန် ပိုပြီးတော့ ဆုံးရှုံးလိမ့်မယ်……။

ဟားဟားဟား……

ရလဒ်အနေနဲ့ အချိန်ခဏလေးအတွင်းမှာပဲ ပဲပိစပ်ဈေးကျမယ့်ဘက်သို့ မှာထားတဲ့ လင်ပေ့ဖန်၏ အော်ဒါများက ယူနစ်၈၀၀၀၀၀ရောက်ရှိသွားခဲ့သည်။

"ဥက္ကဌလင် ၊ ကျွန်တော်တို့အော်ဒါမှာတာ စာချုပ်၈၀၀၀၀၀ရှိနေပါပြီ။ ကျွန်တော်တို့ ဆက်မှာသင့်ပါသလား ? "ဟု ဝူကောက မေးလိုက်သည်။

" သေချာတာပေါ့ ၊ဆက်မှာ "

ခဏအကြာတွင်…..

" ဥက္ကဌလင် ၊စာချုပ် တစ်သန်းရှိနေပါပြီ။ ကျွန်တော်တို့ ဆက်သွားသင့်ပါသလား ? "

" ဆက်သွား ၊မရပ်နဲ့ "

ခဏအကြာတွင်.....

"ဥက္ကဌလင် ၊စာချုပ်၁.၂သန်းရှိနေပါပြီ "

" ဆက်သွား "

လင်ပေ့ဖန်သည် ဈေးကွက်တစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် စိန်ခေါ်လုနီးပါးဖြစ်နေခဲ့သည်။

အဆုံးမှာတော့ သူသည် ၁၀ဘီလီယံနီးပါး သုံးစွဲပြီးကာမှ ဈေးကွက်ထဲရှိ ပဲပိစပ်ဈေးကျမယ့်ဘက်သို့ မှာထားတဲ့ အော်ဒါများအားလုံးရဲ့ တိုက်ခိုက်မှုေတွကို ခံနိုင်ရည်ရှိခဲ့ပြီး အော်ဒါများအားလုံးကို ယူနိုင်ခဲ့သည်။

ဝူကောသည် အတော်လေး ဝမ်းသာနေခဲ့သည်။

၁၀ဘီလီယံ !! ဟမ် ၊မင်းဒေဝါလီခံရနိုင်မလားဆိုတာကို ကြည့်ကြသေးတာပေါ့ကွာ…....

လင်ပေ့ဖန်သည်လည်း အတော်လေးကို ပျော်ရွှင်နေခဲ့သည်။

၁၀ဘီလီယံ ! ငါမင်းကို သေတဲ့အထိ အမြတ်ထုတ်ပစ်မယ်…..

ထို့နောက် သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ကြပြီး မနေနိုင်ဘဲနဲ့ အော်ဟစ်ရယ်မောခဲ့ကြသည်။

"အစ်ကိုဝူ ၊ မင်း အခုအရမ်းအလုပ်ကြိုးစားနေတယ် "

" ဥက္ကဌ လင် ၊ဒါက ကျွန်တော်လုပ်သင့်တဲ့အလုပ်ပါဘဲ။"

ထို့နောက်သူတို့နှစ်ယောက်သည် အရမ်းပျော်ရွှင်စွာနဲ့ အပြစ်ကင်းစွာဖြင့် ရယ်မောခဲ့ကြသည်။

…....

တစ်ခြားတစ်ဖက်မှာတော့ နဂါးဘုရင်ကျိုရှင်းသည်လည်း အားရပါးရရယ်မောနေခဲ့သည်။

အခုလေးတင် သူသည် ပဲပိစပ်ဈေးကျမယ့်ဘက်သို့ ယွမ်၃ဘီလီယံကျော် တန်ကြေးရှိတဲ့ ပဲပိစပ်ယူနစ်၆၀၀၀၀၀ကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။

သူသည် အမြတ်အများကြီး ရှာနိုင်ရုံနဲ့ မကျေနပ်သေးပေ။သူသည် လင်ပေ့ဖန်ကိုပါ ဖိအားအချို့ပေးချင်နေခဲ့သည်။

ထို့နောက်သူသည် ရှန်ပိန်ခွက်တစ်ခွက်ကို ကိုင်ပြီး

ရှန်ပိန်အရသာကို ဖြည်းဖြည်းချင်း မြည်းစမ်းပြီး ပြောလိုက်သည်။

" အခု အဲ့ဒီ မူဝါဒတွေထွက်လာတော့ ပဲပိစပ်ဈေးတွေက ကျနေတယ်။ဒါတောင် မင်းက ပိစပ်ဈေးတက်မယ့်လမ်းကြောင်းကို ပြောင်းရဲသေးတယ်လား?။ ဒီတစ်ကြိမ်တော့ ငါ နိုင်ပြီဆိုတာ အသေအချာပဲ။ ဟားဟား…."

ဘဏ္ဍာရေးနယ်ပယ်မှာတော့ လူတိုင်းက မူဝါဒတွေရဲ့ နောက်ကိုလိုက်ရမည်ဖြစ်သည်…။

ထို့ပြင်မူဝါဒတွေကို ဆန့်ကျင်ပြီး ငွေရှာနိုင်တဲ့သူ ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ…။

ထို့ကြောင့် သူသည် ဒီတစ်ကြိမ်တော့ နိုင်ပွဲကသေချာပေါက် သူ့အပိုင်ဟု ယုံကြည်နေခဲ့သည်။

" နဂါးဘုရင်ကို ဂုဏ်ပြုပါတယ် ၊နဂါးဘုရင်ကို ဂုဏ်ပြုပါတယ်"ဟု အနက်ရောင်ဝတ်လူများက တညီတည်း ဂုဏ်ပြုခဲ့ကြသည်။

နဂါးဘုရင်ကျိုရှင်းသည် အရမ်းပျော်ရွှင်တာကြောင့် သူ့၏ နှုတ်ခမ်းထောင့်များ၄၅ဒီဂရီလောက် ကော့တက်သွားခဲ့သည်။

" ငါသိမ်းထားတဲ့ ၁၉၈၂ခုနှစ်ထုတ် ရှန်ပိန်ပုလင်းကို ယူထုတ်လာခဲ့စမ်း။ ဒီလိုမျိုးရှားပါးတဲ့ နိုင်ပွဲကို ငါ လူတိုင်းနဲ့ ဆင်နွှဲချင်တယ်။ "

" ကျေးဇူးတင်ပါတယ် နဂါးဘုရင် "ဟု အနက်ရောင်ဝတ်လူများက သံပြိုင်ပြောဆိုခဲ့ကြသည်။

သို့သော်လည်းပဲ ထိုအချိန်တွင် သတင်းတစ်ခုကို ထုတ်လွှတ်နေတဲ့ ကွန်ပျူတာဖန်သားပြင်ကြီးပေါ်တွင် "တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန" မှ ထုတ်ပြန်ကြေညာတဲ့ အရေးပေါ်သတင်းတစ်ခု ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

All Chapters