← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနက ပဲပိစပ်ဈေးကွက်တွင် ထွက်ပေါ်နေတဲ့ ကောလဟာလများကို တုံ့ပြန်ခဲ့သည်။

ထို့ပြင်စိုက်ပျိုးရေးဝန်ကြီးဌာနသည် နှစ်နိုင်ငံကြားစေ့စပ်ညှိနှိုင်းမှုတွင် ထိုကဏ္ဍကို အမှန်တကယ်စိတ်ဝင်စားကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။

သို့ရာတွင် အခြေခံစိုက်ပျိုးရေးထွက်ကုန်တစ်ခုအနေဖြင့် ပဲပိစပ်များက လူတိုင်း၏ စားနပ်ရိက္ခာဖူလှုံရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှုရှိတာကြောင့် ပြည်ပကေန ပဲပိစပ်တင်သွင်းရန် ဆုံးဖြတ်ချက်က ဂရုတစိုက်စဉ်းစားရန် လိုအပ်သည်။

ထို့ကြောင့် ထိုသတင်းက အခြေအမြစ်မရှိသော သတင်းဖြစ်ပြီး လုံးဝယုံကြည့်လို့ မရသော သတင်းတစ်ပုဒ်ဖြစ်သည်။

ထို့ပြင် ဗျူးတီးနိုင်ငံမှ တာဝန်ရှိသူတွေက ထိုသတင်းကို ဘာကြောင့် တရားဝင်ဖော်ပြရလဲဆိုတာကိုတော့ သူတို့လည်း မသိရှိရသေးပါဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုအချိန်တွင် ဗျူးတီးနိုင်ငံမှ တုံ့ပြန်ကြေညာခဲ့သည်။သူတို့၏ တရားဝင်ဝဘ်ဆိုဒ်သည် ဟက်ခံခဲ့ရပြီး ဟက်ကာက ထိုသတင်းကို သူတို့၏ တရားဝင်

ဝဘ်ဆိုဒ်တွင် မှားတင်ခဲ့မိကြောင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

အခုတော့ ဟက်ကာကို ဖမ်းမိပြီး သူတို့၏ တရားဝင်ဝဘ်ဆိုဒ်က ပုံမှန်ပြန်ဖြစ်နေပြီဟု ဗျူးတီးနိုင်ငံဘက်မှ ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုသတင်းများက အတုများဖြစ်ပြီး လူတိုင်း မယုံကြည်သင့်ကြောင်းကိုလည်း ဗျူတီးနိုင်ငံဘက်မှ တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ပဲပိစပ်ဈေးကျမယ့်ဘက်သို့ အော်ဒါမှာထားတဲ့ သူများသည် ထိုသတင်းကို ကြည့်ပြီး ရုတ်တရက်ထိတ်လန့်သွားခဲ့ကြသည်။

မမျှော်လင့်ဘဲနဲ့ ပဲပိစပ်ဈေးကြိုရောင်းဈေးကွက်တွင် ကမောက်ကမဖြစ်စေခဲ့သော နှစ်နိုင်ငံကြား ပဲပိစပ်စာချုပ်ချုပ်ဆိုတဲ့ သတင်းက သတင်းအမှားကြီးတစ်ခုဖြစ်လာခဲ့သည်။

ထို့ပြင် ထိုအမှားကြီးကို ဖြစ်စေခဲ့သည့် တရားခံကဟက်ကာတစ်ဦးပဲဖြစ်သည်။

ထို့ကြောင့် ရုတ်တရက် ပဲပိစပ်ကြိုရောင်းဈေးကွက်တစ်ခုလုံးသည် နေရာတိုင်းတွင် ဆူညံသံများဖြင့်ကမောက်ကမဖြစ်သွားခဲ့သည်။

" သေစမ်းပါကွာ "

" ငါက ပဲပိစပ်ဈေးတက်မယ့်ဘက်ကို စာချုပ်တစ်ဒါဇင်လောက် ဝယ်ထားခဲ့တာ ၊ အခုတော့ အကုန်လုံးကို ရောင်းလိုက်ပြီ "

" ငါက ပဲပိစပ်ဈေးကျမယ့်ဘက်ကို အော်ဒါမှာထားတာ၊ သေစမ်း အခုတော့သွားပြီ "

" မြန်မြန် ငါ ကစားထားတဲ့ဘက်ကို ပိတ်လိုက် ၊ အခုမပိတ်ရင် နောက်ကျသွားလိမ့်မယ်။ "

" ငါလေး အများကြီးဆုံးရှုံးသွားပြီ ။ဒီတစ်ကြိမ်တော့ ငါလေး အရာအားလုံးကို တကယ်ဆုံးရှုံးပြီ။ ငါလေးဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရှာခဲ့ရတဲ့ အရာတွေအကုန်လုံး ဆုံးရှုံးသွားခဲ့ရပြီ။ "

" မအေမွေဟက်ကာ ၊ငါ မင်းကို မဖမ်းမိစေနဲ့ "

ပဲပိစပ်ဈေးနှုန်းများက အောက်ခြေထိ ကျဆင်းနေရာမှ ပြန်တက်လာခဲ့သည်။

ထို့ပြင် ပဲပိစပ်ဈေးနှုန်းများသည် အစတုန်းက ကျဆင်းတဲ့အမြန်နှုန်းထက် ပြန်တက်လာတဲ့ အမြန်နှုန်းက ပိုပြီးတော့ လျင်မြန်နေခဲ့သည်။

၎င်းက အတော်လေးကို လျင်မြန်တဲ့ အလှည့်အပြောင်းတစ်ခုပဲဖြစ်သည်။

…......

ထိုစဉ် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်း နှင့် အနက်ရောင်ဝတ်လူများသည် ထိုသတင်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

ထို့နောက် မြင်ကွင်းက အတော်လေးကို တိတ်ဆိတ်လာခဲ့သည်။

အချိန်အတော်လေးကြာပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် နောက်ဆုံးမှာတော့ တုံ့ဆိုင်းစွာဖြင့် စကားပြောခဲ့သည်။

" ဒါဆိုရင် ဒီသတင်းတွေက အမှားတွေလား ? "

အနက်ရောင်ဝတ်လူသည် သွားကြိတ်ပြီး အကြောင်းပြန်ခဲ့သည်။

" ဟုတ်ပါတယ် ၊နဂါးဘုရင် "

နဂါးဘုရင်ကျိုရှင်းသည် ဆက်လက်ပြီး မေးမြန်းခဲ့သည်။

" ဒါက ဟက်ကာတစ်ယောက်ရဲ့ စနောက်မှုမလား? "

အနက်ရောင်ဝတ်လူသည် ဆက်လက်ပြီး အားတင်း၍ ပြောလိုက်သည်။

" ဟုတ်ပါတယ် နဂါးဘုရင် "

နဂါးဘုရင်ကျိုရှင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။

" ဒါဆိုရင် ငါတို့နောက်တစ်ကြိမ် ပိုက်ဆံဆုံးရှုံးပြန်ပြီလို့ ဆိုလိုချင်တာလား ?။ "

အနက်ရောင်ဝတ်လူသည် ဆက်လက်ပြီး အားတင်း၍ ပြောလိုက်ပြန်သည်။

" သီအိုရီအရတော့ ဟုတ်ပါတယ် "

နဂါးဘုရင်ကျိုရှင်း၏ မျက်လုံးများသည် လက်သွားခဲ့သည်။

" တကယ်လား ? "

" တကယ်တော့ ၊ဒါက….."

နဂါးဘုရင်ကျိုရှင်းသည် ရုတ်တရက် သွေးတစ်ပွက်အန်ထုတ်ခဲ့သည်။

" အဟွတ်……"

အနက်ရောင်ဝတ်လူတိုင်းသည် နဂါးဘုရင်ရဲ့ ဒေါသကို သွားစွမိမှာ ကြောက်တာကြောင့် အသက်တောင်ကောင်းကောင်းမရှုရဲခဲ့ကြပေ။

အချိန်တော်တော်ကြာပြီးနောက်…

အာ…....

ပထမဆုံး စကေားပြောတဲ့ လူကတော့ နဂါးဘုရင်ကျိုရှင်းပဲဖြစ်သည်။

သူသည် သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၍ သူ့ရဲ့မျက်နှာကလည်း ဖြူဖျော့နေခဲ့သည်။ထို့ပြင်သူသည် မောပန်းပြီး နာကျင်မှုကြောင့် ညည်းညူနေခဲ့သည်။

" အာ…အာ…"

သူ့သက်ပြင်းချလိုက်သော အသံများက အဆုံးမဲ့ဝမ်းနည်းမှုတွေဖြင့် ပြည့်နှက်နေခဲ့သည်။

အဆုံးမဲ့ နာကျင်မှု !

အဆုံးမဲ့ စိတ်ပျက်အားငယ်မှု !

ထိုအရာက သေလုမြောပါးနေမကောင်းဖြစ်တာနဲ့ တူနေခဲ့သည်။

အနက်ရောင်ဝတ်လူတိုင်းသည် စိုးရိမ်သွားခဲ့သည်။

" နဂါးဘုရင် ၊ မင်း ဘာဖြစ်လို့လဲ ?။"

" ဘာမှမဖြစ်ပါဘူး၊ငါ အနည်းငယ် ခေါင်းကိုက်ပြီး၊ အနည်းငယ် အေးပြီးတော့ အနည်းငယ် သက်တောင့်သက်သာ မရှိရုံပါဘဲ။ "ဟု နဂါးဘုရင်ကျိုရှင်းက ပြန်ဖြေခဲ့သည်။

အနက်ရောင်ဝတ်လူများသည် ပိုပြီးတော့တောင်မှ စိုးရိမ်လာခဲ့သည်။

" နဂါးဘုရင် ၊တောင့်ထားပါဦး "

နဂါးဘုရင်ကျိုရှင်းသည် လက်သီးဆုပ်ပြီး ပြတ်သားသောအမူအရာဖြင့် ပြောလိုက်သည်။

" မစိုးရိမ်နဲ့ ၊ ငါ ဒါကို သည်းခံနိုင်တယ်။ သေးငယ်တဲ့ အခက်အခဲလေးတစ်ခုက ငါ့ကို အနိုင်မယူနိုင်ပါဘူး။ ငါက ပင်လယ်ပြင်ကို အုပ်စိုးတဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ နဂါးဘုရင်ပဲ။ "

" နဂါးဘုရင်က လေးစားစရာကောင်းပါတယ်။" ဟု အနက်ရောင်ဝတ်လူများက သူ့ကို ရူးမိုက်စွာ ကိုးကွယ်ခဲ့ကြသည်။

" မှန်တယ် ၊ငါ နည်းနည်းအေးနေသလို ခံစားနေရတယ်။ ငါ့အတွက် ရေနွေးအိတ်တစ်အိတ်ယူလာပေးစမ်း။ "ဟု နဂါးဘုရင်ကျိုရှင်းက ပြောလိုက်သည်။

အနက်ရောင်ဝတ်လူများ : ......

" တစ်အိတ်ထဲနဲ့ မလုံလောက်ဘူး။ ငါ့အတွက် နှစ်အိတ်လောက်ယူလာခဲ့စမ်း။ "

အနက်ရောင်ဝတ်လူများ : …....

" ကောင်းပြီ ၊ ရှိသမျှရေနွေးအိတ်အကုန်လုံးကို ယူလာခဲ့ပါ။ "

အနက်ရောင်ဝတ်လူများ : );…...

နောက်ဆုံးမှာတော့ နဂါးဘုရင်ကျိုရှင်းသည် ရေနွေးအိတ်ဆယ်အိတ်ကို ကိုင်ပြီး အခုမှဘဲ

ဒီနေသာတဲ့ နေ့လည်ခင်းက အနည်းငယ် နွေးထွေးသွားသလိုခံစားခဲ့ရသည်။

ထို့နောက်သူသည် အားနည်းစွာဖြင့် ပြောလိုက်သည်။

" ကောင်းပြီ ၊မင်းတို့အလုပ်ကို မင်းတို့လုပ်ကြ။ငါ့ကို မစိုးရိမ်ကြနဲ့။ "

အနက်ရောင်ဝတ်လူများသည် စိုးရိမ်နေကြသေးသည်။

" ဒါပေမဲ့ နဂါးဘုရင် .…..."

" ငါ့ကို မနှောင့်ယှက်နဲ့ ၊ငါ တစ်ယောက်ထဲ နေချင်တယ်။ " ဟု ပြောပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် ရေနွေးအိတ်တွေကို လက်ဖြင့်ကိုင်ပြီး သူသည် မတ်တပ်ရပ်၍ လှေကားစီသို့ တရွေ့ရွေ့လျှောက်သွားခဲ့သည်။

အနက်ရောင်လူတစ်ယောက်က ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

" နဂါးဘုရင်က တစ်ယောက်ထဲနေချင်တယ်တဲ့ ၊ဘယ်သူက အလုံးလဲ (alone ) ? "

သူတို့ထဲက အနက်ရောင်ဝတ်လူတစ်ယောက်က အားနည်းစွာဖြင့် လက်မြှောက်ပြီး ပြောလိုက်သည်။

" ကျွန်တော့်နာမည်က အလုံးပါ ။ "

" နဂါးဘုရင်က မင်းကို သတိရနေတယ်။ သွားပြီးတော့ သူ့ကို နှစ်သိမ့်လိုက် "(ပေါက်ကရ လက်အောက်ငယ်သားတွေပါကွာ )

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် နဂါးဘုရင်ကျိုရှင်းသည် ရုတ်တရက်လဲကျသွားခဲ့သည်။

ဒီနေရာက လေထုနှင့် နှိုင်းယှဉ်ပါက လင်ပေ့ဖန်ဘေးနားတွင်တော့ ရီမောပျော်ရွှင်သံများဖြင့် ပြည့်နေခဲ့သည်။

" ဝါး ! ဒါက သတင်းအမှားတစ်ခုလို့ ငါ မယုံကြည်နိုင်ဘူး။ဒီအမှားအယွင်းကြီးက ဟက်ကာတစ်ယောက်ကြောင့် ဖြစ်ပေါ်ခဲ့တာပေါ့လေ"

" အကယ်၍ ငါတို့ ကစားထားတဲ့ဘက်ကို ငါတို့မပိတ်ခဲ့ရင်တော့ ၊ငါတို့ ဆုံးရှုံးမှုကြီးမားလိမ့်မယ်။ "

" နီးနီးလေးပဲ ၊ဒါက တကယ့်ကို နီးနီးလေးပဲ။ "

" ဥက္ကဌလင်က ဉာဏ်ကြီးရှင်ပဲ။ သူက ထင်ယောင်ထင်မှားကို ကြိုမြင်ပြီးေတာ့ ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို ကယ်တယ်ပေးခဲ့တယ်။ သူက ငါတို့ကိုလည်း ကံကောင်းအောင် ပြုလုပ်ပေးခဲ့တယ်။ "

" ဒီအချိန်က နည်းပညာနဲ့ သက်ဆိုင်တဲ့ ပြင်ဆင်မှုတစ်ခုဖြစ်တာကြောင့် ပဲပိစပ်ဈေးနှုန်းက အရင် အနေအထားအတိုင်း ပြန်တက်လာမှာ အသေအချာဘဲ။အခု ငါတို့က ပဲပိစပ်ဈေးတက်မယ့်ဘက်ကို စာချုပ်၂သန်းချုပ်ထားတာရှိတယ်။ဒါကြောင့် ခန့်မှန်းခြေအရ ငါတို့ ယွမ်၁၀ဘီလီယံလောက်တော့ ရရှိနိုင်တယ်။ ဒါက ရူးသွပ်ချင်စရာကောင်းတယ်။ "

" ငါတို့ ယခင်က ရရှိထားတဲ့ ယွမ်၇ဘီလီယံနဲ့ပါ ပေါင်းလိုက်ရင် ဒီနေ့ရရှိတဲ့ ဝင်ငွေက ၁၇ဘီလီယံဖြစ်သွားလိမ့်မယ်။ ဒါက မယုံနိုင်စရာကောင်းတယ်။ "

" ဥက္ကဌလင်က အံ့ဩစရာကောင်းတယ်။ "

" ဥက္ကဌလင်က အံ့ဩစရာကောင်းတယ်။ "

တစ်ခန်းလုံးတွင် လက်ခုပ်တီးသံများနှင့် မြှောက်ပင့်သံများဖြင့် ပြည့်နေခဲ့သည်။

လင်ပေ့ဖန်သည် လူတိုင်း၏ ချီးကျူးသံများကြောင့် မနေနိုင်ဘဲနဲ့ အောင်ပွဲခံစွာဖြင့် ရယ်မောခဲ့သည်။

" ဟားဟားဟား ...."

ထို့နောက် ရောင်းဝယ်ရေးခန်းတစ်ခုလုံးတွင် ရယ်မောသံများဖြင့် ပြည့်သွားခဲ့သည်။

ထိုအချိန်တွင် ဝူကောသည် သူ့ရဲ့ ပတ်ပတ်လည်က ရယ်မောသံများကြောင့် လုံးဝ ပြိုလဲသွားခဲ့သည်။

ဘယ်လိုလုပ်ပြီးတော့ ဒီလိုထပ်ဖြစ်ခဲ့ရပြန်တာလဲ…..?

ငါလေးက လင်ပေ့ဖန်ကို ရူးသွပ်အောင် လုပ်လုနီးပါးဖြစ်နေကာမှ ၊ မင်းက ငါ့ကို အမှားတစ်ခုလို့ ပြောတာလား ?။အခုမှ ဒါက သတင်းမှားလို့ မင်းက ငါ့ကို ပြောတာလား ?….....

ဒါက ဟက်ကာတစ်ယောက်ရဲ့ နောက်ပြောင်မှုလား…?

ဒါက လူတွေကို သက်သက်အနိုင်ကျင့်တာ မဟုတ်ဘူးလား ….?

သေစမ်း ၊ငါလေး မကစားတော့ဘူး…...

ဒီလိုကစားပွဲမျိုးကို ဘယ်သူ့မှ ကစားမှာမဟုတ်ဘူး……

ငါလေး အိမ်ပြန်ချင်တယ်…..

ငါလေး ဒီမှာ ဆက်မနေချင်တော့ဘူး……

ငါလေး မင်းတို့နဲ့ အတူတူနေရတာထက် ကျုံဇီလေးတွေနဲ့ နေရတာ ပိုနှစ်သက်တယ်…။

ကျုံဇီလေးတွေက စိတ်တိုစရာကောင်းတယ်။ဒါပေမဲ့ မင်းတို့ကောင်တွေက စိတ်တိုစရာကောင်းတဲ့အပြင် ငါလေးရဲ့ နှလုံးသာလေးကိုလည်း နာကျင်စေတယ်….

ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့ကို အရှေ့သို့ တွန်းပို့ခဲ့သည်။

" ဥက္ကဌလင် ၊ ဘာဖြစ်လို့လဲ ? " ဟု ဝူကောသည် စိတ်ရှုပ်စွာဖြင့် ပြောခဲ့သည်။

" အစ်ကိုဝူ ၊ငါ့အတွက် မတ်တပ်ရပ်ပေးပါ။ နောက်လာမယ့်အချိန်အခါက မင်းရဲ့ တောက်ပမယ့်အချိန်ခါပဲ။ "

" လူတိုင်းပဲ နားထောင်ပေးကြပါ "

ထို့နောက် လင်ပေ့ဖန်သည် လက်ခုပ်တီးပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

" ငါဒီနေ့အောင်မြင်မှုရရတဲ့ အကြောင်းပြချက်ကတော့ ငါ့အစ်ကိုဝူရဲ့ ကျေးဇူးတွေကြောင့်ဘဲ။ "

လင်ပေ့ဖန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" အခုလေးတင် ဒီသတင်းက မယုံကြည်ရဘူးဆိုတာကို အစ်ကိုဝူကသာ ငါ့ကို သတိမပေးခဲ့ဘူးဆိုရင် ၊ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို ကယ်တင်ဖို့အတွက် ပဲပိစပ်ဈေးကျမယ့်ဘက် ငါကစားထားတဲ့ဟာ အကုန်လုံးကို စွန့်လွှတ်ခဲ့မှာ မဟုတ်လောက်ဘူး။ "

" ဇွက် …"

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် သူ့နှလုံးသားထဲသို့ ဓားတစ်ချောင်းထိုးစိုက်သွားသလိုခံစားခဲ့ရသည်။

" အခုလေးတင် အစ်ကိုဝူက ငါ့ဘေးနားမှာ အခိုင်အမာရပ်တည်ပြီးတော့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို အော်ဒါမှာရာမှာ ကြိုးကြိုးစားစားနဲ့ ကူညီပြီး မလုပ်ဆောင်ခဲ့ဘူးဆိုရင် ငါတို့ ပဲပိစပ်ဈေးတက်မယ့်ဘက်ကို အော်ဒါအများကြီး မမှာယူနိုင်လောက်ဘူး။ဒါဆိုရင် ငါတို့လည်း ပိုက်ဆံအများကြီး ရှာနိုင်ခဲ့မှာမဟုတ်ဘူး။ "

" ဇွက် "

ဝူကောသည် သူ့နှလုံးသားထဲသို့ နောက်ထပ်ဓားတစ်ချောင်း ထပ်စိုက်သွားသလို ခံစားခဲ့ရသည်။

" သူက ကျွန်တော်တို့ကို ဒီဖိအားဒဏ် ခံနိုင်ရည်ရှိအောင် ကူညီပေးခဲ့တယ်။ သူက အရေးကြီးတဲ့အခိုက်အတန့်မှာ ပြောင်းလဲပြီးတော့ ဒီအောင်ပွဲကို ကျွန်တော်တို့လက်ထဲကို ထိုးထည့်ပေးခဲ့တယ်။ ကျွန်တော်တို့ ရေသောက်တဲ့အချိန်မှာ ရေတွင်းတူးခဲ့တဲ့ လူကို မေ့လို့မရဘူး။ဒါကြောင့် ကိုယ့်ကျိုးမကြည့်ပဲနဲ့ အပ်နှံခဲ့တဲ့အတွက် အစ်ကိုဝူကို ငါတို့ ကျေးဇူးတင်ရမယ်။ "

"ဇွက် …"

ဝူကောသည် သူ့နှလုံးသားထဲသို့ နောက်ထပ်ဓားတစ်ချောင်းထပ်စိုက်သွားသလို ခံစားခဲ့ရသည်။

လင်ပေ့ဖန်၏ စကားများကို ကြားပြီးနောက် လူတိုင်းက အတော်လေးကို စိတ်လှုပ်ရှားခဲ့ကြသည်။

" ဥက္ကဌလင် ပြောတာ မှန်တယ်။ ငါတို့ ရှောင်ဝူကို ကျေးဇူးတင်ဖို့ လိုအပ်တယ်။ အကယ်၍ သူသာ ငါတို့ကို အသိမပေးခဲ့ဘူးဆိုရင် ငါတို့ရဲ့ ပိုက်ဆံတွေကို ဆုံးရှုံးခဲ့ရလိမ့်မယ်။ "

" သူက ဒီလိုမျိုး အရေးကြီးတဲ့ အခိုက်အတန့်မှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်တာက အမှန်တကယ်ကို အံ့ဩစရာကောင်းတယ်။ "

" ဝူကော ၊ ငါ မင်းကို အစောပိုင်းတုန်းက နားလည်မှုလွဲခဲ့တယ်။ ဝူကော မင်းက အံ့ဩစရာကောင်းတယ်။"

လင်ပေ့ဖန်သည် အတော်လေးကို စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" အခု မင်းတို့ အကုန်လုံးကို ငါ မေးခွန်းတစ်ခုမေးချင်တယ်။ လက်ခုပ်သံတွေက ဘယ်မှာလဲ ? ။ ဂုဏ်ပြုသံတွေက ဘယ်မှာလဲ ? "

လက်ခုပ်သံများက ချက်ချင်းပဲ ထွက်ပေါ်လာခဲ့သည်။

" Clap, clap, clap "

ထိုအသံများကြောင့် ဝူကောသည် သူ့နှလုံးသားလေးကို ဓားဖြင့် ထပ်ခါထပ်ခါ ထိုးစိုက်သွားသလို ခံစားခဲ့ရသည်။

ထိုဓားများက အစစ်မဟုတ်ပေမဲ့လည်း ၎င်းတို့က သူ့နှလုံးသားတစ်ခုလုံးကို ပြင်းပြင်းထန်ထန်ထိုးစိုက်သွားခဲ့သည်။

ထို့ပြင်သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယဉ်ပြီး သူ့နှလုံးသားလေးလည်း စကာပေါက်တွေ ဖြစ်သွားတာကြောင့် သူသည် နောက်ထပ်ဆက်မချစ်နိုင်တော့သလို ခံစားခဲ့ရသည်။

All Chapters